သာရေး နာရေး၊ လွမ်းတာနဲ့ ဝမ်းစာ


မနေ့က အဖွားကြီးတစ်ယောက်ရဲ့ ဈာပန ကို သွားခဲ့ရသည်၊ ရေစက်ချလို့ အပြီး ယူလော်ဂျီတွေ ပြောကြတဲ့ အထဲမှာ သွားလေသူရဲ့ မြေးမကလေးနဲ့ သူမကို အနီးကပ် စောင့်ရှောက်ခဲ့ရတဲ့ အိမ်ဖော်မလေးလည်း ပါဝင်ခဲ့တယ်။
ထူးဆန်းသည်က မြေးမလေးက မျက်ရည်လည်း မကျ၊ ဘာမှလည်း ထူး ထူးခြားခြား မခံစားရသလို ပြောသွားခဲ့ပေမယ့် အိမ်ဖော်မလေးကတော့ ဝမ်းနဲ တကြီးငိုနေတာနဲ့ ယူလော်ဂျီတောင် ကောင်းကောင်း အဆုံးမသပ်နိုင်ခဲ့ပေ ဘူး။
ဘာမှမဟုတ်ပေမယ့် စဉ်းစားစရာတွေတော့ အများကြီးပဲရှိနေသည်။ မြေး မလေးက အမှန်တကယ် တည်ငြိမ်တာလား၊ အိမ်ဖော်မလေးက အဖြစ် သည်းတာလား။ မဆုံးခင်မှာ သွားလေသူနဲ့ အနီးဆုံးမှာ ရှိနေခဲ့တာ၊ သူ့ ဒုက္ခကို နားလည်နိုင်တာက မြေးမလေးလား၊ အိမ်ဖော်မလေး လား။

"ဒီ လူနာဆုံးသွားရင် ကျမလည်း အလုပ်ပြုတ်သွားပြန်ပြီ"လို့ တစ်ခါက အိမ်ဖော်မလေးတစ်ယောက် ပြောခဲ့တာက မဆီမဆိုင် ခေါင်းထဲ ဝင် လာသေးသည်။
အရင်က ရှုပ်ပြီးသား ဘဝထဲ ခေတ်သစ် လူနေမှုစနစ်ဖြစ်တဲ့ အချိန်ပါးလျမှု၊ မနေမနား ရုန်းကန်နေရမှု ထည့်လိုက်တော့ သံယောဇဉ် အထူအပါးနဲ့ နေရာ အထားအသိုတွေလည်း လွဲသွားနိုင်တာပဲ မဟုတ်လား။
ရေးတတ်ရင် ဝတ္ထု တစ်ပုဒ်ပါပဲ။ နေရေး သေရေး။ သာရေး နာရေး။ လွမ်းတာနဲ့ ဝမ်းစာ။ ဘဝ ထိုထိုတို့သည် .....................(ပို့စ် အဟောင်း)

ဒီနေ့ မိမိအတွက် အစစအရာရာကို အကူအညီပေးနေသူ ဒေါက်တာ ဂျွန် လီ၏ ဖခင်ဈာပနကိုသွားခဲ့ရသည်။
မရဏဿတိနဲ့အတူ ၂၀၀၃ ခုနှစ်ကနဲ့စာလျင် မြန်မာအိမ်ဖော်တွေ ဒီနေ့ ပိုများလာနေပါလားဆိုသည့် သတိပါ မဆီမဆိုင်ရလိုက်မိသည်။
မစ္စတာ စီနီယာလီ သုဂတိရောက်ပါစေ
ပျော်လို့လာသူမရှိ၊ အိမ်ရှင်ကောင်းနဲ့ တွေ့ကြပါစေ

လူ့ယဉ်ကျေးမှုပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း (၅)


(ဆင်မြူယယ် ဖီးလစ် ဟန်တင်တန်)

(အချုပ်။ ။ ကမ္ဘာ့နိုင်ငံရေးကို (၁)ယူနီဗာဆယ် စတိတ်စ်၊ (၂) နှစ်ခြမ်းသော ကမ္ဘာ၊ (၃) ၁၈၄နိုင်ငံ၊ (၄) ကမောက်ကမကမ္ဘာ ဆိုတဲ့ ပါရာဒိုင်းလေးခုစလုံး ရဲ့ ကောက်ချက်တွေကို ငြင်းပယ်လိုက်ပြီး "စီဗီလိုက်ဇေးရှင်းပါရာဒိုင်း" အသစ်ကို ဟန်တင်တန် ဆွဲကြည့်လိုက်ပုံပါ။ ကမ္ဘာ့နိုင်ငံရေးကိုစိတ်ဝင်စားရင် ဒီနေ့ ယူကရိန်းနဲ့ ရုရှားကြားက ခရိုင်းမီးယား(ခရီးမီးယားလို့လည်း အသံ ထွက်တယ်) ပြဿနာနဲ့ ဟန်တင်တန်ရဲ့ ကောက်ချက်ကို နှိုင်းယှဉ်ကြည့်နိုင် ကြဖို့ ကျော်ခွပြီး တင်ပေးလိုက်ပါတယ်။)

ဒီ ပါရာဒိုင်းတွေကိုကြည့်ရှုပြီး အနာဂတ်ခန့်မှန်းချက်တွေကိုလည်း ထုတ် ကြည့်နိုင်ပါတယ်။ ဘယ်ကိစ္စအတွက် ဘယ်ပါရာဒိုင်းကို အသုံးပြုမယ်ဆိုတာ
သိရင် ပိုပြီးတိကျတဲ့အဖြေကိုရရှိနိုင်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံတော်များ ပါရာဒိုင်း ကိုကြည့်ပြီး ဂျွန် မီယာရှေးမာ (John Mearsheimer)က ဒီလို သုံးသပ်ခဲ့ပါတယ်။
"နိုင်ငံတော်များပါရာဒိုင်း"က ညွှန်ပြနေတာကိုကြည့်ရင် ရှုရှားနဲ့ယူကရိန်းကြား မှာ လုံခြုံရေးနဲ့ပတ်သက်လို့ ပြဿနာအကြီးအကျယ် ဖြစ်တော့မလိုရှိနေပါ
တယ်။ နယ်မြေချင်းဆက်စပ်၊ အဆီးအတားလည်းမရှိတဲ့ ရုရှားနဲ့ယူကရိန်းလို ပါဝါကြီးနိုင်ငံတွေကြားမှာ လုံခြုံရေးအတွက် အစိုးရိမ်လွန်ပြီး စစ်တပ်အင်အား ပြိုင်ဆိုင်တပ်ဆင်လာမှုတွေ ရှိလာနိုင်ပါတယ်။ သူတို့နှစ်နိုင်ငံလုံးဟာ ဒီအ ကြပ်အတည်းကို ကျော်လွှားပြီးအတူတကွ ညီညီညွတ်ညွတ်နဲ့ ဘယ်လိုနေ ထိုင်ရမယ်ဆိုတာကိုလည်း သဘောပေါက်ကောင်း ပေါက်လာနိုင်ပါတယ်။ သူတို့သဘောပေါက်လာမယ်ဆိုရင်တောင် ဒါဟာ အထူးအဆန်း တစ်ခုေ တာ့ ဖြစ်နေပါလိမ့်မယ်" Note-16

စီမီလိုက်ဇေးရှင်းကို အခြေခံပြီးချဉ်းကပ်ကြည့်တဲ့ အမြင်က သူတို့အကြား ရင်းရင်းနှီးနှီးရှိတဲ့ ယဉ်ကျေးမှု၊ လူမှုရေးနဲ့(အပြန်အလှန်လက်ထပ်မှု စသည်) သမိုင်းကြောင်းဆိုင်ရာအချက်အလက်တွေကို ကြည့်သလို ယူကရိန်း အရှေ့ ပိုင်းက အော်သိုဒေါက်(စ်)တွေနဲ့ ယူကရိန်းအနောက်ပိုင်းက ယူနီယိတ်တွေ (Uniate) ရဲ့ ယဉ်ကျေးမှု ကွဲပြားနေတာကိုလည်း ရှုမြင်ပါတယ်။ "နိုင်ငံတော် များပါရာဒိုင်း"ရဲ့ အဓိကအချက်က နိုင်ငံတော် "စည်းလုံးညီညွတ်ရေးနဲ့ ကိုယ် ပိုင်ဝိသေသလက္ခဏာ" ရရှိပိုင်ဆိုင်ရေးဖြစ်ပါတယ်။ ဒါတွေရရှိဖို့ကလည်း နိုင်ငံတိုင်းအတွက် သမိုင်းတစ်လျှောက်လုံး အရေးကြီး တဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒီအချက်ကို John Mearsheimer က လျစ်လျူရှုခဲ့တယ်။

"နိုင်ငံတော်များပါရာဒိုင်း"ကိုအခြေခံကြည့်တဲ့အမြင်ကရုရှားနဲ့ယူကရိန်းကြားမှာ စစ်ပွဲဖြစ်နိုင်တယ်လို့မီးမောင်းထိုးပြနေချိန်မှာ စီမီလိုက်ဇေးရှင်းကို အခြေ ခံပြီးကြည့်တဲ့အမြင်ကတော့ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်ဖို့ထက် ယဉ်ကျေးမှုကို အခြေခံပြီး ယူကရိန်းနှစ်ခြမ်းကွဲထွက်သွားမယ်လို့ ပိုပြီးညွှန်ပြနေပါတယ်။ အဲသလိုနှစ်ခြမ်းကွဲသွားမယ်ဆိုရင် ချက်ကိုစလိုဗေးကီးယားမှာဖြစ်ပွားခဲ့တာ ထက် အကြမ်းဖက်မှုပိုများပြီး ယူဂိုစလားဗီးယားလောက်တော့ သွေးထွက် သံယိုမှု ရှိမှာမဟုတ်ဘူးလို့ခန့်မှန်းပြနေပါတယ်။
မတူညီတဲ့ခန့်မှန်းမှုတွေကြောင့် မတူညီတဲ့ပေါ်လစီတွေ ပေါ်ပေါက်လာစရာ လည်း ရှိနေနိုင်ပြန်ပါတယ်။ မီယာရှေးမားရဲ့ "နိုင်ငံတော်များပါရာဒိုင်း"အခြေ ခံ ခန့်မှန်းမှုအရ ရုရှားနဲ့ယူကရိန်းအကြားစစ်မက်ဖြစ်ပွားဖို့ရှိပြီး ရုရှားက ယူက ရိန်းကို နိုင်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်၊ သူ့ရဲ့ဒီခန့်မှန်းချက်က အနုမြူ လက် နက်ပိုင်ဆိုင်လာအောင်အားထုတ်ဖို့ ယူကရိန်းကိုလည်း အားပေးနေပြန်ပါတယ်။

စီမီလိုက်ဇေးရှင်းအခြေခံရှုမြင်သုံးသပ်မှုက ရုရှားနဲ့ယူကရိန်းတို့ရဲ့ ညီညွတ်ရေးကိုတွန်းအားပေးတယ်။ အနုမြူလက်နက်ပိုင်ဆိုင်ဖို့အစီအစဉ်ကို လက်လျှော့ပြီး ယူကရိန်းရဲ့ စည်းလုံးညီညွှတ်ရေးနဲ့လွတ်လပ်ရေးကို အထောက် အ ကူဖြစ်စေမယ့် စီးပွားရေးတိုးတက်မှုကို အဓိကထားဆောင်ရွက်ဖို့ ယူကရိန်း ကို တိုက်တွန်းနေပါတယ်။ နောက်ပြီးယူကရိန်းနှစ်ခြမ်းကွဲထွက်မသွားအောင် အရေးပေါ်အစီအမံတွေ ချမှတ်လုပ်ဆောင်ဖို့ လမ်းညွှန်ပြနေပြန်ပါတယ်။

စစ်အေးလွန်ကာလမှာဖြစ်ပွားခဲ့တဲ့ အရေးတကြီးကိစ္စတွေဟာစီမီလိုက်ဇေးရှင်း အခြေခံအမြင်နဲ့ သဟဇာတဖြစ်ပြီး ဒီအမြင်ကိုအခြေခံပြီး ကြိုတင် ခန့်မှန်းချက်တွေကိုလည်းထုတ်ယူနိုင်ပါတယ်။ ခန့်မှန်းသုံးသပ်မှုတွေထဲမှာ ဒါတွေပါဝင်ပါတယ်။

ဆက်ရန်

ထိုင်း - အောက်ခြေလူတန်းစား တစ်ခေတ်ဆန်းခြင်း (အမေးအဖြေ)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(အခန်း ၅၊ အရှေ့တောင်အာရှ)

"ထိုင်းလူမျိုးတွေရဲ့ သမိုင်းကို သိထားမှ ရမယ်။...ဘယ်သူက နိုင်ခြေ ရှိသ လဲ၊ ဘယ်သူက ပိုပြီးအားကောင်းသလဲ၊ ထိုင်း ကတော့အဲဒီလူနဲ့ ပေါင်းမှာပဲ" (လီကွမ်းယု)

မေး။ ။ သက်ဆင် နိုင်ငံရေးလောကထဲ ရောက်လာပြီးတဲ့နောက် ဖြစ်ပေါ် လာတဲ့ အပြောင်းအလဲတွေအပေါ် ဝေဖန်သုံးသပ်သူတချို့ကတော့ အေ ကာင်း မမြင်ကြဘူး။ ၁၉၉၀ ခုနှစ်တွေတုံးက ဆိုရင် ၀န်ကြီးချုပ်ဟာ ထိုင်းနိုင် ငံရဲ့ ရေရှည် စီးပွားရေး တိုးတက်လာအောင် ဘယ်လို လုပ်ဆောင်နိုင်ခဲ့ တယ်၊ ၂၀၀၁ခုနှစ် သက်ဆင် အာဏာရပြီးတဲ့နောက် သူ့ကို လူကြိုက်များေ အာင် ရေတို စီမံကိန်းတွေပဲလုပ်၊ ဆင်းရဲသား တွေကို အကူအညီပေး စတဲ့ ရေတို စီးပွားရေးပဲ ဖြစ်နေခဲ့တယ် တဲ့။
ဖြေ။ ။ မဟုတ်ပါဘူး။ ဒါက တစ်ဖက်သပ်အမြင်ပါ။ တကယ်က သူ့ကို ဝေ ဖန် နေသူတွေထက် ကောက်ချက်ချရာမှာ သက်ဆင်က ပိုတော်သလို အစွမ်း အစလည်း ပိုရှိတယ်။ ဒါကြောင့်လည်း သူက ထိုင်း အရှေ့ မြောက်ပိုင်း မှာ ခြေကုတ်ယူပြီး အတိုက်အခံတွေကို ကျော်လွှားခဲ့တာ။

မေး။ ။ ကျေးလက်လူထုရဲ့ ထောက်ခံမဲတွေ များနိုင်သမျှများအောင် အားပြိုင်မှုတစ်ခု ဖြစ်မယ်ဆိုတဲ့ စိုးရိမ်မှု လည်း ရှိနေတယ်။
ဖြေ။ ။ ဒါဆို ဆင်းရဲသားတွေကို ထောက်ပံ့ဖို့ ငွေ ဘယ်ကရမှာလဲ။

မေး။ ။ ဟုတ်တယ်။ အဲဒါက ပြဿနာပဲ။
ဖြေ။ ။ မင်းပြောတာ မဟုတ်ဘူး။ ဆင်းရဲသားတွေကို ထောက်ပံ့ဖို့ အရံသင့် ရံပုံငွေ ရှိနေပြီးသား ဖြစ်ရမယ်။ မရှိဘဲ သူတို့ကို ထပ်ပေးရင် ဘတ်ဂျက်က ကွက်တိ ဖြစ်သွားပြီ(အပို မရှိတော့ဘူး)။ ဒါဆိုရင် အခွန်ကို တိုးကောက် ရတယ်။

မေး။ ။ ဒါမှ မဟုတ် ချေးငှားပြီးတော့ရော။
ဖြေ။ ။ ပြန်ရနိုင်ခြေ မရှိဘဲနဲ့ ဘယ်သူက ချေးမှာလဲ။

မေး။ ။ လူကြိုက်များတဲ့ ပေါ်လစီကို ကျင့်သုံးရင်း ရေရှည်မှာ သက်ဆင် ရဲ့ ပေါ်လစီ အကျပ်တွေ့မယ်လို့ မစ္စတာလီက မထင်ဘူးပေါ့။
ဖြေ။ ။ မထင်ပါဘူး။ ၀င်လာနိုင်တဲ့ ဘတ်ဂျက်ထက် ပိုသုံးမယ်လို့ ငါ မထင် ဘူး။

မေး။ ။ သက်ဆင်အပေါ် မစ္စတာလီ ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အကျိုးသက်ရောက်မှု မြန်မြန် ရရှိအောင် လက်တွေ့ကျ၊ အလုပ်ကြိုး စားတဲ့ ခေါင်းဆောင်တစ် ယောက်လို့ မြင်တယ်။ သူ့ စီးပွားရေးလောက အတွေ့အကြုံတွေကို သူ ယုံကြည်တယ်။ စီးပွားရေး သီအိုရီတွေထက် သူ့ ပင် ကိုယ် ဖြတ်ထိုးဉာဏ်ကို အားကိုးတယ်။ သူ ဘန်ကောက်ကနေ စင်္ကာပူကို ကားတွေနဲ့ လာတုံး ငါနဲ့တွေ့တော့ သူက စင်္ကာပူ ဘယ်နည်းနဲ့ အလုပ်ဖြစ်နေ တယ်ဆိုတာကို သဘောပေါက်တယ်။ အဲဒီ ခရီးစဉ်တုံးက ပညာရေး၊ အရည် အချင်း၊ လေ့ကျင့်သင်ကြားပေးခြင်း စတာတွေ အားလုံး လူတန်းစား အလွှာစုံ ခံစားခွင့်ရှိတယ် ဆိုတဲ့ စင်္ကာပူရဲ့ ပေါ်လစီကို သူ တွေ့သွား၊ မသွားတော့ ငါလည်း မသေချာဘူး။ ထိုင်း အရှေ့မြောက်ပိုင်း လူဦးရေမှာ ထိုင်းလူမျိုး ထက် လာအိုလူမျိုး တွေ ပိုများတယ်ဆိုတာ မေ့ထားလို့ မရဘူး။

မေး။ ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်တုံးက ထိုင်းဟာ စင်္ကာပူကို ခရီးလမ်းပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံခြားသားတွေရဲ့ ကျန်းမာရေး ကို စောင့်ရှောက်မှုတွေမှာ အားပြိုင်လာနိုင်စရာ ရှိတယ်လို့ ပြောဆိုခဲ့ကြဖူး တယ်။ အခုရော ဒီလို ထင်နေကြဆဲပဲလား။
ဖြေ။ ။ သူတို့ ပထ၀ီ အနေအထားကိုလည်း ကြည့်လေ။ သင်္ဘောနဲ့ ဘန်ကောက်ကို ကွင်းသွားလို့ရတယ်။ စင်္ကာပူကို ကွင်းသွားလို့ မရဘူး။

မေး။ ။ လေကြောင်းက ဆိုရင်ရော။
ဖြေ။ ။ သူတို့ အရည်အချင်းနဲ့ ပညာရေးက ဘယ်လောက် အဆင့်မြင့်နေ လို့လဲ။ တို့ထက် ပိုတော်နေမှ ရမှာ လေ။
မေး။ ။ သူတို့က ကျွန်တော်တို့ထက် ပိုသာလာစရာ ရှိသလား။
ဖြေ။ ။ တစ်-ငါတို့က အင်္ဂလိပ်စာ တစ်ပမ်းသာတယ်။ နှစ်-ပိုလီတို့၊ ITF တို့ လို အဆင့်မြှင့်တင် ပညာရေး အဆောက်အဦတွေ ရှိတယ်။ ဒီကျောင်းတွေက ထွက်ရင် လုံးဝ အရည်အချင်းမရှိတဲ့လူ မဖြစ်နိုင် တော့ဘူး။ ဒီလို စနစ်ကျတဲ့ ပညာရေးကို သန်း (၆၀) ရှိတဲ့ ကျေးလက်က လူတွေအထိ ပေးနိုင်လိမ့်မယ် လို့ ထင်လို့လား။

မေး။ ။ ပထ၀ီ နိုင်ငံရေးဘက်ကို လှည့်ကြဦးစို့လား။ ဗီယက်နမ် စစ်ပွဲအတွင်း မှာ ထိုင်းကို သူ့တို့ဌာနခွဲ အနေနဲ့ အမေရိကန်တွေက မဟာမိတ်ဖွဲ့ပြီး အသုံးပြု ခဲ့ကြတယ်။ သူတို့ နှစ်နိုင်ငံ မဟာမိတ်အဖြစ် ဆက်ရှိနေ ဦးမလား။
ဖြေ။ ။ ဒါကြောင့်တော့ ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ဒီမှာ မေးခွန်းက သူတို့ချင်း စိတ်ဝင်စားမှု တူညီသလား ဆိုတာပါ။ ဦးတည်ချက်ချင်း ကိုက်ညီနေမှ တစ်ဦးနဲ့ တစ်ဦး အကျိုးရှိ နိုင်တာပါ။ ဥပမာ နေတိုး (Nato) အဖွဲ့ လိုပေါ့။ ဆိုဗီယက်ကြီး မပျိုကွဲခင်က သူတို့အားလုံး ညီညွတ်နေကြ တာပဲ။ ဆိုဗီယက်ပြိုကွဲသွားတဲ့နောက် နေတိုးလည်း အကျိုးသက်ရောက်မှု သိပ်မရှိတော့ ဘူးလေ။

မေး။ ။ ၁၉၉၇ ခု၊ အာရှမှာ စီးပွားရေး အကျပ်ရိုက်တော့ အပြောင်းအလဲ တစ်ခု ဖြစ်သွားခဲ့တယ်။ တော်တော် များများက ထိုင်းကို အမေရိကန်တွေက လာပြီး အကူအညီပေး (ကယ်ထုတ်) လိမ့်မယ်လို့ ထင်ထားခဲ့ တာ။ တကယ်တော့ အမေရိကန်က ရောက်မလာခဲ့ဘူး။ အဲဒီနောက် ထိုင်းက တရုတ်ကိုပိုပြီး အားကိုး ရမယ့်အနေအထား ရှိမယ်လို့ သုံးသပ်ခဲ့ကြတယ်။
ဖြေ။ ။ ဒါက ဒီလိုလေ၊ ဗီယက်နမ် စစ်ပွဲပြီးသွားတော့ အမေရိကန်တွေ အတွက် ထိုင်းရဲ့တန်ဖိုး (အသုံးဝင်မှု) ကလည်း ကျသွားပြီလေ။

မေး။ ။ ဒီ ဒေသတွင်းမှာ သြဇာလွှမ်းမိုးမှု ကြီးကြီးလာတဲ့ တရုတ်ကို ထိုင်းက ဘယ်လို တုန့်ပြန်မယ်လို့ ထင်မိပါသလဲ။
ဖြေ။ ။ ထိုင်းလူမျိုးတွေရဲ့ သမိုင်းကို သိထားမှ ရမယ်။ ဂျပန်တွေ အားကောင်းစဉ် အရှေ့တောင်အာရှကို ၀င်တိုက်မယ်လုပ်တော့ ဂျပန်စစ် သားတွေကို သူတို့ နိုင်ငံထဲ ၀င်ခွင့်ပြုခဲ့တယ်။ ဒါက ဂျပန်စစ် သားတွေအ တွက် မလေးရှားနဲ့ စင်္ကာပူထဲဝင်ဖို့ ပိုလွယ်ကူသွားစေတယ်။ ဒီတော့ ဘယ်သူ က နိုင်ခြေ ရှိသလဲ၊ ဘယ်သူက ပိုပြီး အားကောင်းသလဲ၊ ထိုင်းကတော့ အဲဒီလူနဲ့ ပေါင်းမှာပဲ။

ထိုင်း အမေး၊ အဖြေ ပြီး 

God


ထာဝရဘုရားသခင်က လူတိုင်းကို မတူအောင်ဖန်ဆင်းပေးခဲ့တယ်။
တရုတ်ပြည်ရောက်တော့မှ
ဘုရားသခင်လည်း ခြေကုန်လက်ပမ်းကျသွားတော့တယ်။
(ဒါ့ကြောင့် ခွဲလို့မရအောင်တူနေတာတွေ အများကြီးဖြစ်သွားရော)

ကျနော် ကြားရတာ စိတ်ကုန်နေပြီ (အဆက်)

အပိုင်း (၁)

Bill Cosby "I'm 83 and Tired" 
ကျနော် ကြားရတာ စိတ်ကုန်နေပြီ
ဆေးစွဲသူက ရောဂါရ၊ သူ့ကိုဆေးကုသဖို့ ကျနော်က ကူညီရမတဲ့
ပိုက်ခေါင်းထဲက အငွေ့တွေရှူ
အဖြူရောင်အမှုန့်တွေ နှာခေါင်းနဲ့ ရှိုက်
ဆေးထိုးအပ်နဲ့ လက်မောင်းထဲ ထိုး
ဖြတ်ဖို့ရော ကြိုးစားကြသလား။

ကျနော် ကြားရတာ စိတ်ကုန်နေပြီ
လူချမ်းသာ အကစားသမားတွေ၊ အနုပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့
အပြစ်မရှိတဲ့ အမှား၊ ရူးနှမ်းတဲ့အမှား၊ ငယ်သူမို့ အမှားဆိုတာတွေ
ကျနော်တို့ သိတော့မှ
အမှားဆိုတာ လူမိမှသာ အမှားဖြစ်တာလို့ ခံယူကြ။
ဆင်းရဲချမ်းသာ လူတန်းစားခွဲခြားလိုစိတ်ကို ငြီးငွေ့တယ်။

ကျနော် ကြားရတာ တကယ် စိတ်ကုန်နေပြီ
သူ့ဘဝ၊ သူ့အပြုအမူကို တာဝန်မယူတဲ့လူတွေအကြောင်း
ပြီးရင် အစိုးရကို အပြစ်ဖွဲ့၊ လူတန်းစားခွဲခြားတယ်လို့ အပြစ်ဖွဲ့
သူတို့အမှားတွေအတွက် ကြီးကြီးကျယ်ကျယ်တွေ ရမယ်ရှာအပြစ်ဖွဲ့။

ကျနော်မြင်ရတာ စိတ်ကုန်နေပြီ
ဆက်ကျော်သက်နဲ့ နှစ်ဆယ်စွန်းစွန်း လူငယ်တွေ
ထိုးကွင်းမှင်ကြောင်တွေ ဟိုနေရာထိုး ဒီ နေရာထိုး
အလုပ်ရှာမရတော့
အစိုးရဆီက ထောက်ပံ့ကြေးယူကြ။

ကျနော် စိတ်ကုန်နေပြီ
ကံကောင်းတာက ကျနော့်အသက် ၈၃
ဒီလူတွေနဲ့ ဒီကမ္ဘာ အကြာကြီးမြင်ရမှာ မဟုတ်တော့ဘူး
မြေးမလေးနဲ့ မြစ်တွေအတွက်သာ စိတ်မကောင်းဖြစ်မိ
ကျေးဇူးပါ ဘုရားသခင်
ကျနော်က ထွက်သွားတော့မယ့်လူ
အသစ်ဝင်လာသူ မဟုတ်။

တစ်ယောက်ကိုတစ်ယောက် မမျှဝေရင်
ဒီစာမျိုးကိုကို ဘယ်သူကမှ ပုံနှိပ်ဖြန့်ဝေမှာ မဟုတ်
အပြောင်းအလဲ ဖြစ်လိုဖြစ်ငြား ကြိုးစားဖြန့်ဝေကြည့်ပါလား။

ပြီး