ကဆုန်လပြည့်


ကဆုန်လပြည့်၊ မင်္ဂလဝိဟာရကျောင်း၊ တရုတ်၊ သီဟိုဠ်၊ မြန်မာ၊ စပ်ထည်။
ဘုရားဆွမ်းကပ်။
နေ့လယ်စာ ကျွေး။
ဓမ္မသင်တန်း ပရိုမိုးရှင်းလုပ်ကြ။(နံက် ၉ မှ နေ့လယ် ၃ နာရီ။
ရတဲ့အလှူငွေ ပရဟိတ ၃၂ ဖွဲ့ကို ခွဲလှူ။






ကိုရင့်အဖြေ


ဆရာတော်။ ။ ကိုရင်၊ အိန္ဒိယကနေ ဗုဒ္ဓဘာသာကွယ်သွားရတာ ဘာကြောင့်လဲ။
ကိုရင်     ။ ။ "စိမ်းစိုသော မြက်သစ်ပင်ရှိရာအရပ်၌ ကျဉ်ကြီးကျဉ်ငယ်မစွန့်ရ (အခင်းကြီး အခင်းငယ်မသွားရ)၊ တံတွေးမထွေးရ" ဆိုတဲ့ သေခိယကြောင့်ပါဘုရား။ ဒါကို သူတို့ (၉၉ ရာခိုင်နှုန်း)က လုံးဝ သဘောမတူကြဘူးလို့ သိရပါတယ်ဘုရား။


(ဆရာတော်က "ဟေ" လို့ မမိန့်ပါ။ သူဖတ်နေသည့် စာအုပ်ထူထူကြီးတွေ ထဲက ပညာရှင်တွေသုံးသပ်ပုံနှင့်မတူသည့် ကိုရင့်အဖြေကို မဆိုးဘူးဟု ကွမ်းမြုံ့ရင်းသာ ပြုံးနေလေသတည်း။)

တိုက်မြင့်မြင့်တွေဆီကထွက်လာမယ့် ...


လယ် တစ်ဧကခွဲကို တရုတ်က သိန်းနှစ်ထောင်ကျာ်ပေးဝယ်တော့ လယ် သမားကရောင်းလိုက်တယ်။
ရောင်းရမှာပေါ့၊ သူလည်း လယ်စိုက်၊ ပျိုးနှုတ်ဖို့လူကခေါ်လို့မရတော့ဘူး။ အလုပ်သမားတွေက လစာပိုကောင်းတဲ့ ရသန့်ဗူးစက်ရုံနဲ့ အခြားနေရာတွေ မှာ သွား အလုပ်လုပ်ကြတယ်။
ဒီအထိက အိုကေတယ်။ စက်မှုစီးပွားစတင်ချိန် မလွှဲမသွေကြုံရမယ့် ပြသနာ။

ဒီထက် ကြီးတဲ့ ပြသနာက သိန်းထောင်ချီရသွားတဲ့ လယ်သမားက ပါဂျဲရိုး၊ ပါရာဒို ဝယ် စီးတယ်။ ဆင်၊ မြင်းတွေငှား၊ ဝက်စတူးကျွေးပြီး အလှူပေးတယ်၊ ညနေပိုင်း ခေါင်းငိုက်ငိုက်နဲ့ အိမ်ပြန်တယ်။
လာမယ့် ဆယ်နှစ်မှာတော့ ပါဂျဲရိုးတွေ ပါရာဒိုတွေက ဖွတ်ဖွတ် ညက် ညက်ကျေပြီး လယ်ကွက်ထဲရှိ တိုက်မြင့်မြင့်တွေဆီကထွက်လာမယ့် ကိုယ် နားမလည်တဲ့ ဘာသာစကားတွေ။
မန္တလေးက ဆရာသမားယူလာတဲ့ မန္တလေး(ပုသိမ်ကြီးဝန်းကျင်)က သတင်းပါ။

တရုတ်လူဦးရေက ရှရှားတောင် အသေအလဲ ကြောက်နေရတာ။ မတည် မငြိမ် ဥပဒေ၊ ခရိုနီ လက်ခမောင်း ထတဲ့ခေတ်၊ အကျင့်ပျက် အရာရှိတွေ နဲ့ မြန်မာကတော့ ပြောမနေနဲ့တော့။
ကြားကောင်းတဲ့
အိုပင်းမားကက်
ဒီမိုကရက်တိုက်ဇေးရှင်း
မော်ဒန်နိုက်ဇေးရှင်းတွေရဲ့ဒဏ်ကို အစိုးရော လူထုပါ ပညာပါမှ သက်သာမယ်။
ဒါက အထူးအဆန်းကြီးလည်း မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတိုင်း ဒီဖြစ်စဉ် ကို ဖြတ်သန်းရတယ်။ ရှောလို့ မရဘူး။
ဘယ်လိုဖြတ်သလဲဆိုတာကသာ အရေးကြီးတာပါ။
photo source

(ဟဲ ဟဲ)


ဆရာမကိုလည်း မချစ်နဲ့၊ အနာဝကိုလည်း မညှစ်နဲ့။
ဆရာမကိုချစ်က ဩဇာပြတတ်သည်၊ အနာဝကိုညှစ်က ရောဂါထတတ်သည်။(ရှေးစာဆို)

ဆုံးရှုံးလို့လည်း မလန့်နဲ့၊ ဘုန်းဘုန်းပို့စ်လည်း မမန့်နဲ့။
ဆုံးရှုံးလို့လန့်က အောင်မြင်မှုနဲ့ဝေးတတ်သည်၊
ဘုန်းဘုန်းပို့စ်မန့်က ဘာကောင်ထင်လဲ မေးတတ်သည်။ (ဟဲ ဟဲ)

အာကျယ်သူနဲ့ အငြင်းမများနဲ့၊ လာလယ်သူနဲ့ အတင်းမပွားနဲ့။
အာကျယ်သူနဲ့ အငြင်းများက မှန်သော်လည်း အရှုံးပေးရတတ်သည်။
လာလယ်သူနဲ့ အတင်းပွားက မပြန်သမို့ ထမင်းကျွေးရတတ်သည်။ (နယူးမော်ဒီဖိုင်း)


ဧည့်သည်


နေ့ခင်းပိုင်း မိုးသည်းထန်စွာရွာပြီးနောက် ကျောင်းဝင်းအတွင်း လမ်းလျှောက် ကြည့်မိစဉ်မပျံသန်းနိုင်သည့် ဤ ငှက်ငယ်ကို တွေ့လိုက် ရပါသည်။
သူလား၊ သူမလား ခွဲခြားမသိပါ။ သူ့မိဘတွေကရောဘယ်သူတွေလဲ။ မသိပါ။
သိတာ တစ်ခုတော့ရှိသည်။ ဤနေရာမှာ ကြောင်များအလွန်ပေါသည်။
ကြောင်စာကို လုယူခြင်းလား၊ ဖတဆိုး မိတဆိုးလေးကို ကယ်တင်ခြင်းလား မရေရာပါ။ ရေရာစရာလည်း မလိုပါ။
သူ(သို့)သူမသည် ကျွန်ုပ်အခန်းထဲက သတင်းစာပေါ်မှာ ဒီ တစ်ည တည်းခိုပါ လိမ့်မည်။ (အပြင်မှာ ကြောင် စိတ်မချရ)
သူ(သို့)သူမက ဘာကို စားသလဲမေးကြည့်ရာ မြန်မာတွေက ထမင်းစေ့ လို့ပြောပြီး တရုတ်တွေက ပေါင်မုန့်လို့ ပြောကြသည်။
ဘာကိုယုံရမှန်း မသိသဖြင့် နှစ်မျိုးစလုံးကျွေးကြည့်ရာ မြန်မာရော တရုတ်ပါ လွဲသွားပါသည်။ သူ(သို့)သူမက ဘာကိုမှ မစားပါ။
ရေအနည်းအငယ်သာ သောက်ပါသည်။ ဝမ်းနည်းနေသောကြောင့် ထင်ပါသည်။
သူ(သို့)သူမရိုနေသဖြင့် အိပ်စက်ချိန် အနည်းငယ် နောက်ကျသွားနိုင်ပါသည်။
မည်သို့ဆိုစေ ခိုကိုးရာမဲ့ အသက်တစ်ချောင်း ကျွန်ုပ် ကုဋင်အောက်မှာ လဲလျောင်းနေသဖြင့် ပီတိဖြစ်ရပါသည်။