အစၥလာမ္ဘာသာ နိုးထခြင်း(၂)


လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ငါး၊ ကောက်နှုတ်ချက်

အစ္စလာမ်ဘာသာ နိုးထခြင်း(၂)

ဂျော်ဒန်နိုင်ငံက မွတ်စလင် ညီရင်းအကို (Muslim Brotherhood) အဖွဲ့က လည်း ၁၉၉၀ ခုနှစ် ဦးပိုင်းတွေမှာ အစ္စလာမ်နိုင်ငံတွေအတွင်း လူမှုရေးနဲ့ ယဉ်ကျေှးု အခြေခံတွေ ဖွံ့ဖြိုးရေး ပေါ်လစီကို ကိုင်ဆွဲပြီး ကြိုးစားလာ ခဲ့ကြ တယ်။ လူဦးရေ လေးသန်းသာရှိတဲ့ နိုင်ငံလေးထဲမှာ ဆေးရုံကြီး ၁ ခု ၊ စာ သင်ကျောင်း (၁၂၀) ဖွင့်ပြီး လည်ပတ်နိုင်ခဲ့ကြတယ်။ သူတို့နဲ့ ဘေးချင်း ကပ် လျက် အနောက်ဂါဇာ ကမ်းခြေမှာလည်း အစ္စလာမ်မစ်အဖွဲ့အစည်းတွေ က" ကျောင်းသား သမဂ္ဂ" "လူငယ်အစည်းအရုံး" ဘာသာရေး၊ လူမှုရေးနဲ့ ပညာရေး၊ အဖွဲ့အစည်းတွေ ဖွဲ့ ဖွဲ့ပြီးလည်ပတ်နိုင်ခဲ့ကြတယ်။ ကျောင်း တွေ ဆိုရင် မူကြိုကနေ အစ္စလာမ်မစ် တက္ကသိုလ်အထိ၊ ဆေးခန်းတွေ၊ မိဘ မဲ့ဂေဟာတွေ၊ လူကြိးဂေဟာတွေ တည်ထောင် ခဲ့ကြတယ်။ အစ္စလာမမ်စ် တရားသူကြီး ခုံသမာဓိတွေကို အစ္စလာမ်မူအတိုင်း ဖွဲ့စည်းလာကြတယ်။

၁၉၇၀ ခု နှင့် ၁၉၈၀ ခုနှစ်တွေအကြား အစ္စလာမ်မစ်အဖွဲ့အစည်းတွေနဲ သူတို့ရဲ့ လှုပ်ရှားမှုတွေ အင်ဒိုနီးရှား တစ်နိုင်ငံလုံးမှာ ပျံနှံ့ခဲ့တယ်။ ၁၉၈၀ ခုနှစ်တွေမှာ အကြီးဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မူဟာမက်ဒီဂျာ (Muhhamat dijah) အဖွဲ့ မှာအဖွဲ့ဝင်ပေါင်း ၆ သန်းတောင် ရှိခဲ့တယ်။ “ဘက်မလိုက်နိုင်ငံထဲကဘာသာရေး စောင့်ရှောက်မှုနိုင်ငံ”ကို တည် ထောင် ပြီး နိုင်ငံနှင့်အ၀ှမ်း ကူညီစောင့်ရှောက်မှုတွေ ပေးခဲ့ကြတယ်။ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ တက္ကသိုလ် အဆင့်၊ ပညာရေးတွေ အချင်း ချင်းချိတ်ဆက်ပြီးအလုပ်လုပ်ခဲ့ကြတယ်။ နိုင်ငံရေးမလုပ်ရလို့ တားမြစ်ခံထား ရတဲ့ ဒီမွတ်စလင်အဖွဲ့တွေရဲ့ ၂၀ ရာစုဦးပိုင်း လူမျိုးရေး အကူအညီတွေ ပေး ပုံတွေဟာ အမေရိကန်မှာ (ပရိုတက်စတင့်တွေက) အကူအညီ ပေးခဲ့ တာတွေနဲ့ အလားတူပါပဲ။(Note 21)

အစ္စလာမ်လှုပ်ရှားမှုရဲ့ နိုင်ငံရေးသရုပ်သကန်က လူမှုရေးနဲ့ ယဉ်ကျေး မှုလောက်အထိတော့ ပျံ့နှံ့စီးဝင်မှု မရှိပါဘူး။ ဒါပေမဲ့ ၂၀ ရာစုရဲ့ နောက်ဆုံး ၂၅ နှစ်တာကာလထဲမှာတေ့ ဒီလှုပ်ရှားမှုဟာ မွတ်စလင်နိုင်ငံတွေအတွင်း အရေးအကြီးဆုံးနဲ့ နိုင်ငံရေးအမြင် ဖွံဖြိုးလာစေဖို့ အဓိကလှုပ်ရှားမှုကြီး တစ် ခု ဖြစ်ခဲ့ပါတယ်။ အစ္စလာမ်နိုင်ငံရေးလှုပ်ရှားမှု ရုပ်လုံးပေါ်လာဖို့ အတွက် ပေးကြတဲ့ လူတွေရဲ့ ထောက်ခံအားပေးမှုတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချွတ်စွပ် မတူညီပေမဲ့ အတိုင်းအတာ တစ်ခုအထိ တော့ တူညီမှု ရှိကြတယ်။
ကျေးလက်မှာရှိကြတဲ့ အဆင့်မြင့်လူတန်းစားတွေ၊ လယ်သမားတွေနဲ့ သက် ကြီး ရွယ်အိုတွေဆီက ထောက်ခံအားပေးမှုကိုတော့ မရရှိကြဘူး။ အခြား ဘာသာတွေထဲက စာအုပ်ကြီးသမားတွေလိုပါပဲ အစ္စလာမ် စာအုပ်ကြီး သ မားတွေကလည်း ခေတ်မှီအောင်ကြိုးစားခြင်းလမ်းစဉ်မှာ အလုံးအရင်းနဲ့ ပါဝင်ခဲ့ကြပြီး အင်အား တစ်ရပ်လည်း ဖြစ်လာခဲ့ကြတယ်။ သူတို့ဟာ လူ့အဖွဲ့ အစည်းကြီး သုံးဖွဲ့ထဲကနေ ပေါ်ထွက်လာတဲ့ လှုပ်ရှားတက် ကြွပြီး၊ ခေတ်မှီ တဲ့သူငယ်တွေပဲ ဖြစ်ကြပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုအများစုမှာ အဓိကပါဝင်နေသူတွေက ကျောင်း သားတွေနဲ့ ပညာရှင်တွေဖြစ်ကြပါတယ်။ နိုင်ငံအများစုမှာ ဘာသာရေး စာ အုပ်ကြီးသမားတွေအတွက် ကျောင်းသားသမဂ္ဂတွေနဲ့ အလားတူ အဖွဲ့ အ စည်းတွေအပေါ် အောင်မြင်မှုရလိုက်ခြင်းဟာ နိုင်ငံရေးအရ အစ္စလာမ်ဘာ သာ သွတ်သွင်းရေးရည်ရွယ်ချက် ရဲ့ ပထမအဆင့် ဖြစ်ပါတယ်။ ၁၉၇၀ ခု နှစ်တွေမှာ အီဂျစ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နုင်ငံတွေမှာ တက္ကသိုလ် အဆင့်အထိ အောင်မြင်မှု ရလိုက်ပြီး နောက်ပိုင်း အခြားမွတ်စလင်နိုင်ငံတွေ ဆီပါ ပျံ့နှံ့သွားတယ်။
ကျောင်းသားတွေထဲမှာကိုပဲ အစ္စလာမ်မစ် ခေါင်းဆောင်တွေ လိုချင်တာက အဆင့်မြင့်နည်းပညာအင်စတီကျုတွေမှာ သင်ကြားနေကြတဲ့ အင်ဂျင်နီယာ နဲ့သိပ္ပံ ကျောင်း သားမျိုးတွေ ကိုပါ။ ၁၉၉၀ ခုနှစ်တွေရောက်တော့ ဆော်ဒီ အာရေးဗျ၊ အယ်(လ်) ဂျီးရီးယားနဲ့ အခြား နိုင်ငံတွေမှာ “ယဉ်ကျေးမှုကိုယ် ပိုင်ပြုခြင်း၊ ဒုတိယမျိုးဆက်” ပေါ်ထွက်လာခဲ့ပါတော့တယ်။ ဒီ တက္ကသိုလ်ေ ကျာင်းသားတွေဟာ ပြည်တွင်းက တက္ကသိုလ် တွေမှာ အများစုက မိခင်ရင်း ဘာသာစကားတွေနဲ့ ပညာသင်ကြားခွင့် ရလာကြပါတယ်။ ဒါကြောင့် အစ္စ လာမ်ဘာသာ လွှမ်မိုးမှုကလည်း တဟုန်ထိုး အားကောင်းလာခဲ့တယ်။(Note 22)

အစ္စလာမ်မစ် လှုပ်ရှားမှုဟာ အမျိုးသမီးထုကိုလည်း စည်းရုံးနိုင်ခဲ့ပါတယ်။ တူရကီမှာဆိုရင် ယဉ်ကျေးမှု မျိုးဆက်ကွာဟမှု ပြဿနာ ကြုံတွေ့လိုက်ရတယ်။ အသက်ကြီးတဲ့ မိခင်၊ အဖွားတွေက ဘာသာရေး ဘက်မလိုက်ဝါဒ၊ သမီးမြေးမလေးတွေက အစ္စလာမ် ဘာသာအသည်းစွဲ ဆိုတာ မျိုးတွေပါ။ (Note 23)

အီဂျစ် အစ္စလာမ် အစွန်းရောက် စစ်သွေးကြွအဖွဲ့ကို သုတေသနပြုထားတဲ့ မှတ်တမ်းရ အစ္စ လာမ်စစ်စစ် နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေမှာ တူညီနေတဲ့ အဓိကအချက် ၅ ချက်တွေ့ရတယ်လို့ ဆိုပါတယ်။ အစ္စလာမ်မစ် အဖွဲ့ ၀င်တွေဟာ ငယ်ရွယ် သူတွေ အများအားဖြင့် ၂၀ နဲ့ ၃၀ ကြားတွေဖြစ်ကြ တယ်။ သူတို့အထဲက ၈ ရာခိုင်နှုန်းဟာ တက္ကသိုလ်ဘွဲ့ရနဲ့ တက္ကသိုလ်ေ ကျာင်းသားတွေဖြစ်ကြတယ်။ တစ်ဝက်ကျော်ကျော်က နာမည်ကြီး ကော လိပ်ဆင်းတွေ(သို့မဟုတ်) အသိ ဥာဏ်ပိုပြီး လိုအပ်တဲ့ ဆေး အင်ဂျင်နီယာ စတဲ့ ဘာသာရပ်တွေကို သင်ကြားတတ်မြောက်ထားသူတွေ ဖြစ်ကြတယ်။ ၇၀ ရာခိုင်နှုန်းကျော်ကတော့ အောက်ခြေလူလတ်တန်းစားတွေပါ။ “မချမ်းသာပေမဲ့ ဆင်းရဲတဲ့ အသိုင်းအ၀ိုင်း” ထဲက မဟုတ်ကြပါဘူး။ နောက်ပြီး သူတို့ဟာ သူတို့မိသားစုထဲမှာ ပထမဆုံး အဆင့်မြင့် ပညာရေးကို သင်ယူခွင့် ရရှိကြသူတေ လည်းဖြစ်တယ်။ သူတို့ ငယ်ဘ၀ကို မြို့ငယ်လေးတွေ (သို့မဟုတ်) ကျေး လက်တွေမှာ နေထိုင်ခဲ့ရပြီး၊ အရွယ်ရောက်လာမှ မြို့ပြကို တက် လာကြသူတွေ ဖြစ်ကြတယ်။ (Note 24)

ကျောင်းသားတွေနဲ့ ပညာရှင်တွေက ကေဒါအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း လိုက်တော့ အစ္စလာမ်မစ် လှုပ်ရှားမှု အဖွဲ့တွေတောင် တုန်လှုပ်သွားခဲ့ရပြီး မြို့ပေါ်ရှိ လူလတ်တန်းစားတွေ အုံနဲ့ကျင်းနဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ကြတယ်။ ဒီလူတွေဟာ အများအားဖြင့် “မိရိုးဖလာ” အလယ်အလတ် တန်းစားတွေ ထဲကပါ။ ကုန်သည်ပွဲစားတွေ၊ အသေးစားစီးပွား ရေးလုပ်ငန်းရှင် (ဘာဇာရီ - Bazaaris) တွေ ပါဝင်ပါတယ်။ အီရန်နိုင်ငံတော်လှန်ရေးမှာ သူတို့ဟာ အဓိက အခန်း ကပါဝင်ပြီး အယ်(လ်)ဂျီးရီးယား၊ တူရကီ၊ အင်ဒိုနီးရှား နိုင်ငံတွေရဲ့ ဘာသာရေး လှုပ်ရှားမှုထဲမှာ တစ်တပ်တအား ပါဝင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး အရေးပါတဲ့အချက်က ဘာသာရေး စာအုပ်ကြီးသမားတွေဟာ အလယ်အလတ် လူတန်းစားထဲမှာကိုပဲ“ခေတ်မှီ”တဲ့ အုပ်စုဝင်တွေဖြစ်နေ ကြခြင်းပါ။ အစ္စလာမ်မစ် လှုပ်ရှားသူတွေထဲမှာ ယုံရခက်လောက် အောင် ပညာရေး အဆင့်အမြင့်ဆုံး၊ အသိဥာဏ်အရှိဆုံး လူငယ်တွေအများစု ပါ ၀င်နေခြင်းပါ။ သူတို့ထဲမှာ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေ၊ ကျောင်းဆရာတွေ၊ ပြည်သူ့ ၀န်ထမ်းတွေ ပါပါတယ်။ (Note 25)

အစ္စလာမ်မစ် ဖွဲ့စည်းပုံမှာ တွေ့ရတဲ့ တတိယအချက် ကတော့ ကျေးလက် ကလူတွေ မြို့ ကြီးတွေပေါ် ရွှေ့ပြောင်း နေထိုင်လာကြခြင်းပါ။ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေ တလျောက်လုံး မြို့ ကြီးတွေပေါ်ရွှေ့ပြောင်းနေထိုင် လာ တဲ့နှုန်းက ရုတ်တရက်ကြီး မြင့်တက်လာနေခဲ့တယ်။ မြို့စွန်မြို့ဖျားတွေမှာ သူတို့နဲ့ပြည့်သိမ်နေပြီး သူတို့လို အပ်ချက်တွေကို အစ္စလာမ်မစ်အဖွဲ့တွေက ကူညီပံ့ပိုးပေးကြတယ်။ အန်းနက်ဂဲ(လ်)နား(Ernest Gellner)က ဒီလိုထောက်ပြတယ်။
“အစ္စလာမ်က ခိုကိုးရာမဲ့ဖြစ်နေ တဲ့လူထုကြီးကို ဂုဏ်ထူးဆောင် အမှတ် အသား (အိုင်ဒင်တတီ) ပေးလိုက်တယ်။”
အစ္စတန် ဘူ၊ အန်ကရက၊ ကိုင်ရိုနဲ့ အာစရွတ်တွေမှာ၊ အယ်ဂီးယားနဲ့ ဖက် (စ်)မြို့တွေမှာ နောက်ပြီး ဂါဇာကမ်းခြေတလျောက်လုံးမှာ အစ္စလာမ်မစ် အဖွဲ့တွေက အောင်အောင်မြင်မြင်စည်းရုံးလိုက်နိုင်ပြီး အဖိနှိပ်ခံ၊ ခိုကိုးရာမဲ့ သူတွေအတွက် ရှေ့ကနေ မားမား မတ်မတ်ရပ်ပြီး အခွင့်အရေးတွေ တောင်း ဆိုပေးခဲ့ကြတယ်။“
အိုလီဗာရွိုင်း (Oliver Roy) ကလည်း "အစ္စလာမ်တော်လှန်ရေးကြီးဟာ ခေတ်သစ်လူ့အဖွဲ့အစည်းကမွေး ထုတ်ပေး လိုက်တဲ့ တော်လှန်ရေးတစ်ခုပါ။ မြို့ကြီးတွေပေါ် အသစ်ရောက်လာသူတွေ၊ သန်းချီတဲ့ လယ်သမားတွေက လူဦးရေသုံးဆ တက်လာတဲ့ အရောင်အသွေး စုံ မွတ်စလင်မြို့တော်ကြီး တွေကို ဖြစ်လာစေတာပါပဲ။” (Note 26)

၁၉၉၀ ခုနှစ်တွေရဲ့ အလယ်ပိုင်းလောက်မှာ အစ္စလာမ်ဘာသာဝင် အစိုးရ ဆိုလို့ အီရန်နဲ့ ဆူဒန်နိုင်ငံမှာပဲ ရှိခဲ့ပါတယ်။ မွတ်စလင်နိုင်ငံတွေထဲက တူရကီ၊ ပါကစ္စတန်လို နိုင်ငံအနည်းစုက အစိုးရတွေဟာ ဒီမိုကရေစီ အစိုးရတွေလို့ တရားဝင် သတ်မှတ်လို့ရပါတယ်။ ဒီနှစ်အုပ်စုက လွဲတဲ့နိုင်ငံအစိုးရတွေ ကတော့ ဒီမိုကရေစီနဲ့ လုံးဝမဆိုင်ပါဘူး။ ဘုရင်တွေ၊ တစ်ပါတီအာဏာ ရှင်တွေ၊ စစ်အာဏာရှင်တွေ၊ တစ်ယောက်တည်းအာဏာရှင်၊ စုပေါင်း အာ ဏာရှင်တွေ အထူးသဖြင့် မိသားစု အစဉ်အဆက်၊ လူမျိုးစုံအစဉ်အဆက် အစိုးရတွေသာ ဖြစ်ကြပါတယ်။ မော်ရိုကို နဲ့ ဆော်ဒီအာရေဗျက အစိုး ရ တွေဆိုရင် အစ္စလာမ်မစ်ဥပဒေ တရားဝင်ဖြစ်ဖို့တောင် ကြိုးစားခဲ့ကြ ပါသေးတယ်။
ဒါပေမဲ့ အခြားအစိုးရတွေကတော့ အစ္စလာမ်မစ် အစိုးရလို့ရော၊ ဒီမိုကရက် တစ်အစိုးရလို့ပါ သတ်မှတ်ဖို့ ခက်ပါတယ်။ အမျိုးသားရေးဝါဒကို တန်ဖိုး ထားခြင်း လည်းမရှိကြပါဘူး။ ကလီးဗင့်ဟယ်ရီမိုး(ရဲ) (Clement Herry More) ကတော့ “သူတို့ဟာ ဘန်ကာအစိုးရ” တွေဖြစ်ကြ တယ်လို့ဆိုတယ်။ သူတို့ဟာ ဖိနှိပ်တယ်၊ တရားပျက်တယ်၊ လူထုရဲ့လိုအပ်ချက်နဲ့ အကျိုးစီးပွားကို ဂရုမစိုက်ကြဘူး။ အချိန် အတိုင်းအတာ တစ်ခုအထိ ဒီလိုအစိုးရတွေ ရပ် တည်နိုင်ကောင်း ရပ်တည်နိုင်မယ်။ ရုတ်တရက်ကြီး ပြိုလဲကျသွားမယ် မဟုတ်ပါဘူး။ ဒါပေမဲ့ ခေတ်သစ်ကမ္ဘာကြီးထဲမှာတော့ သူတို့ပြောင်းလဲရမယ်။ ဒါမှမဟုတ်ရင် ပြိုလဲကျသွားနိုင်ခြေက သိပ် မြင့်မားတယ်။

၁၉၉၀ ခုနှစ်တွေ အလယ်ပိုင်းရောက်လာတော့ သူတို့နဲ့ ဆက်စပ်ပြီး တွေေ တာစရာ တစ်ခု ရှိလာခဲ့တယ်။ ဒါက သူတို့ကို ဆက်ခံသူက ဘယ်သူတွေဖြစ် ပြီး သူတို့ကျင့် သုံးမယ့်မူတွေက ဘယ်မူတွေ ဖြစ်လာနိုင်မလဲဆိုတာပါ။ အဲဒီ နှစ်တွေအတွင်း နိုင်ငံတိုင်းက အစိုးရတွေရဲ့ အရိုက်အရာကို ဆက်ခံ လာနိုင်စရာ ရှိသူတွေကတော့ အစ္စလာမ်မစ် အစိုးရတွေ ဖြစ်ဖို့ပဲ ပိုများပါ တယ်။
၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေအတွင်း ကမ္ဘာမှာ ဒါဇင်ပေါင်းများစွာသော နိုင် ငံတွေဟာ ဒီမိုကရေစီစနစ်ကိုလက်ခံ ကျင့်သုံးလာခဲ့ကြတယ်။ ဒီမိုကရေစီ လှိုင်းက မွတ်စလင်နိုင်ငံတွေကို ထိရိုက်မှု ရှိခဲ့ပေမဲ့ အတိုင်းအတာ တစ် ခုလောက် အထိသာပါ။ ဒီမိုကရေစီလှုပ်ရှားမှု အားကောင်းလာပြီး ဥရော ပတောင်ပိုင်း၊ လက်တင်အမေရိက၊ နေရာပြောက်ကြား အာရှနဲ့ ဥရောပ အလယ်ပိုင်းမှာ အရှိန်အဟုန်ကောင်းလာချိန် အစ္စလာမ်လှုပ်ရှားမှုကလည်း မွတ်စလင်နိုင်ငံတွေကြားမှာ အားကောင်းလာနေတယ်။ ခရစ်ယန်ဘာသာဝင် နိုင်ငံတွေထဲမှာ ဒီမိုကရေစီကို အာဏာရှင်စနစ်နဲ့ အစား ထိုးသလို အစ္စလာမ်ဘာသာ သွတ်သွင်းခြင်းဟာ အတိုက်အခံဒီမိုကရေစီကို အစားထိုးဖို့ စနစ်တကျဖန်တီးထားတဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ အများအားဖြင့် တော်တော်ဆင်နေပါတယ်။ လူမှုရေး သက်ဝင် လှုပ်ရှားမှု၊ အာဏာရှင် အစိုးရတွေ ထိန်းချုပ်နိုင်အား နည်းသွားမှု ၊ တရား ဥပဒေတွေ ထိရောက်ခြင်းမရှိတော့မှု နိုင်ငံတကာဆက်ဆံရေး ၀န်းကျင် ပြောင်းလဲမှု၊ ရေ နံဈေး နှုန်းတွေ မြင့်တက်မှု၊ မွတ်စလင်ကမ္ဘာထဲမှ ဒီမိုကရေစီ လမ်းစဉ်ထက် အစ္စလာမ်ဗစ်ဝါဒကိုအားပေးမှု စတာတွေဖြစ် ပါတယ်။
ဘုန်းတော်ကြီးတွေ၊ တရားဟောဆရာတွေ၊ လူပုဂ္ဂိုလ်ဘာသာရေးအဖွဲ့တွေက ခရစ်ယန် လူ့အဖွဲ့အစည်းတွေထဲမှာရှိတဲ့ အာဏာရှင်အစိုးရတွေကို ဆန့်ကျင် ရာမှာ အဓိကအခန်းက ပါဝင်ခဲ့ကြသလို မွတ်စလင် အခြေစိုက်အဖွဲ့တွေ၊ အစ္စ လာမ်မစ်အဇွဲ့တွေကလည်း မွတ်စလင်နိုင်ငံတွေမှာ အလားတူပဲ လှုပ်ရှား ပါ ၀င်ခဲ့ကြတယ်။
ပိုလန်နိုင်ငံရဲ့ ကွန်မြူနစ်အစိုးရပြုတ်ကျဖို့ ပုတ်ရဟန်းမင်းကြီးက အဓိကနေ ရာမှာ ရှိခဲ့သလို အီရန်က ရှားဘုရင်ကို အယာတိုလာက နန်း ပုလ္လင် ပေါ် ကနေဆွဲချခဲ့တယ်။

(အမှာ၊ အရင်ပို့စ်မှာ အခန်း ငါး အစားအခန်း လေးလို့ မှားယွင်းဖော်ပြခဲ့ ပါတယ်။)
ဆက်ရန်

Rosa Parks Day


၁၉၅၅ ခု၊ ဒီဇင်ဘာ ၁ ရက်နေ့

မောင့်ဂိုမာရီ အလာဘားမားမှာ (Montgomery Alabama) အာဖရိကန် အမေရိကန် လူမည်းအမျိုးသမီး ရိုစာ ပါ့က် “Rosa Parks Day” ဟာ ဘတ်စ် ကားစီးလာခဲ့တယ်။ လမ်းရောက်တော့ ကားပေါ်တက်လာတဲ့ လူဖြူ အတွက် သူမရဲ့ထိုင်ခုံကနေဖယ်ပေးဖို့ ကားဆရာက အမိန့်ပေးခဲ့ပြန်တယ်။ ဒါကို သူမက ရဲရဲဝန့်ဝန့် ငြင်းဆန်ခဲ့ပါတယ်။
ဒီလို သာမန်ငြင်းဆန်မှုလေးဟာ အမေရိကရဲ့ မြို့ပြအခွင့်အရေးလှုပ်ရှားမှုမှာ အထင်ကရအဖြစ်ဆုံးဖြစ်ရပ်တစ်ခုအထိ ဖြစ်ခဲ့ရတယ်။ အမေရိကန် ကွန် ဂရက်က သူမကို "မြို့ပြအခွင့်အရေးလှုပ်ရှားမှုရဲ့ ဦးဆောင်အမျိုးသမီး" "လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ မိခင်" လို့ ညွှန်းဆိုတတ်ကြတယ်။



ကာလီဖိုးနီးယားနဲ့ အိုဟိုင်ယိုပြည်နယ်တွေမှာဆိုရင် ဒီဇင်ဘာ ၁ ရက်နေ့ကို ရိုစာ ပါ့က်နေ့ “Rosa Parks Day” လို့ သတ်မှတ်ဂုဏ်ပြုထားကြတယ်။

ရိုစာ ပါ့က်ဟာ အသက် ၉၂ နှစ်အရွယ်၊ သူမ မသေဆုံးမီ ၂၀၀၅ ခုနှစ်မှာ ဗုဒ္ဓဘာသာအဖြစ်ခံယူသွားခဲ့ပါတယ်။ လူတန်းစားခွဲခြားမှုကို ဆန့်ကျင်ခဲ့တဲ့ အမျိုးသမီး အိုက်ကွန်းကြီးတစ်ယောက် ဖိအားမပါ၊ မြှူဆွယ်မှုမလုပ်တတ်တဲ့ ဗုဒ္ဓဘာသာအဖြစ်ခံယူသွားမှုဟာ လူတန်းစားခွဲခြားမှုကို လက်မခံတဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမကြောင့်လို့ ကောက်ချက်ဆွဲမယ်ဆိုရင် မှားနိုင်ခြေ သိပ်ရှိမယ်မဟုတ်ပါဘူး။

မှန်ပါတယ်လို့သက်သေပြဖို့ သာဓက


American leaders allege that the Muslims involved in the quasi war are a small minority whose use of violence is rejected by the great majority of moderate Muslims. This may be true, but evidence to support it is lacking. Protects against anti-Western violence have been totally absent in Muslim countries.
(The Clash. Chap 9. P 217)

အမေရိကန်ခေါင်းဆောင်တွေက အရပ်သားစစ်ပွဲအကြမ်းဖက်မှုတွေထဲ ပါ ဝင်နေသူတွေဟာ မွတ်စလင်လူနည်းစုလေးသာဖြစ်ပြီး သူတို့ရဲ့ အကြမ်းဖက် မှုတွေကို သမာသမတ်ကျတဲ့ မွတ်စလင်လူအများကြီးက ကန့်ကွက်တယ် လို့ပြောဆိုတတ်ကြတယ်။ ဒီအဆိုက မှန်ကောင်းမှန်ပါလိမ့်မယ်၊ ဒါပေမဲ့ ဒီအဆိုကို မှန်ပါတယ်လို့သက်သေပြဖို့ သာဓကတော့မရှိပါဘူး။ အနောက် ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေကို(သဘောမတူလို့)ကန့်ကွက်ဆန္ဒပြမှုတွေ မွတ်စလင်နိုင်ငံတွေထဲမှာ လုံးဝကို မရှိခဲ့ဘူး။

အစ္စလာမ်ဘာသာ နိုးထခြင်း


လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ငါး၊ ကောက်နှုတ်ချက်

အစ္စလာမ်ဘာသာ နိုးထခြင်း
********************

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် အာရှရဲ့ယုံကြည်မှု ပြင်းပြခိုင်မာလာနေ သလို အရေအတွက် များပြားလွန်းလှတဲ့ မွတ်စလင် လူဦးရေကလည်း အစ္စ လာမ်ဘာသာရဲ့ အိုင်ဒင်တတီ (အမှတ်အသားလက္ခဏာ)၊ အဓိပ္ပါယ်၊ တည်ငြိမ်မှု၊ တရားဝင်မှု၊ ဖွံ့ဖြိုးမှု၊ ပါဝါနဲ့ မျှော်လင့်ချက် အားကောင်းလာဖို့ အတွက် အကြောင်းတစ်ရပ် ဖြစ်လာနေပါတယ်။
မျှော်လင့်ချက်ဆိုရမှာ သူတို့ရဲ့ ဆောင်ပုဒ်ကကို ပဲ“အစ္စလာမ်ဟာ ပြသနာရဲ့ အဖြေ Islam is the solution)”ဖြစ်နေပါတယ်။ အစ္စလာမ်ဘာသာ နိုးထလာခြင်းရဲ့ ပမာဏနဲ့ အရှိန်အဟုန်က အနောက်တိုင်း စီဗီလိုက်ဇေးရှင်းကို လှမ်းပြီးအားပြိုင်လိုက်တဲ့ နောက်ဆုံး အပြောင်းအလဲ တစ်ခု၊ ပြဿနာရဲ့အဖြေကို အနောက်တိုင်း အိုင်ဒီယော်လော်ဂျီနဲ့ အညီ ရှာမှာ မဟုတ်။ အစ္စလာမ် အဆုံး အမနဲ့အညီ ရှာဖွေယူမယ်ဆိုတဲ့ အားထုတ်မှု တစ်ခုပါ။
အစ္စလာမ်က ခေတ်မီခြင်းကိုလက်ခံတယ်။ အနောက်တိုင်း ယဉ်ကျေးမှု ကို ငြင်းဆန်တယ်။ ခေတ်သစ်ကမ္ဘာကြီးထဲမှာ နေထိုင်နိုင်ဖို့ အစ္စလာမ် ဘာသာဟာ လမ်းညွှန်ချက်ဖြစ်တယ်။ ဆော်ဒီဲရဲ့ ထိပ်တန်း အရာရှိ တစ်ယောက် ၁၉၉၄ ခုနှစ်က ရှင်းပြသလိုဆိုရင် “နိုင်ငံခြား သွင်းကုန်တွေ ဟာ ကောင်းတယ်၊ တောက် တောက်ပပရှိတယ်(သို့မဟုတ်)နည်းပညာ အဆင့်မြင့်တဲ့ ရုပ်ဝတ္ထုတွေသာဖြစ်တယ်။ ဒါပေမဲ့ ကိုင်တွယ်ထိတွေ့လို့ မရတဲ့(သိမ်မွေ့တဲ့) လူမှုရေးနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေထဲမှာတော့ နိုင် ငံခြားပို့ကုန် (ယဉ်ကျေးမှု) တွေဟာ သေလုမြော ပါး အန္တရာယ်ကြီးလွန်းလှ ပါတယ်.....အီရန်က ရှား(ဘုရင်)ကို မေးကြည့်ပါ … ကျွန်တော်တို့အတွက် အစ္စလာမ်ဘာသာဟာ ဘာသာရေးတင် မဟုတ်ပါဘူး ဘ၀လမ်းညွှန် လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆော်ဒီတွေလည်း ခေတ်မှီလိုကြပါတယ်။ ဒါပေမဲ့ အနောက် တိုင်းဟန်နဲ့ ခေတ်မှီစရာတော့ မလိုအပ်လှပါဘူး။” (Note 17)

အစ္စလာမ်ဘာသာ နိုးထလာခြင်းဟာ ဒီရည်ရွယ်ချက် အထမြောက်လာစေဖို့ မွတ်စလင်တွေရဲ့ အားထုတ်မှုပါ။ ဒါဟာ အစ္စလာမ်ကမ္ဘာ အနှံ့အပြား ပျံ့နှံ့စေ တဲ့ပညာရပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ဆိုင်ရာ၊ လူမှုရေးရာနဲ့ နိုင်ငံရေးရာ လှုပ် ရှားမှုကြီးပါပဲ။ အစ္စလာမ်ဘာသာရေးစာအုပ်ကြီးဝါဒကို ယေဘုယျအားဖြင့်"အစ္စလာမ် နိုင်ငံရေး" အနေနဲ့ သဘောပေါက် ထားလို့ရပါတယ်။ အစ္စလာမ် အတွေးအခေါ်တွေ၊ အလေ့အကျင့်တွေ ပြန်လည်ရှင်သန်လာရေးအတွက် မွတ်စလင်တွေက အစ္စလာမ်ဘာသာကို ပေးဆပ်မှုတွေထဲမှာ ဒီလှုပ်ရှားမှုဟာ တစိတ် တပိုင်းလေး တစ်ပိုင်းမျှသာ ဖြစ်ပါတယ်။ အစ္စလာမ် ဘာသာ နိုးထလာခြင်းက ပင်မရေစီးကြောင်းဖြစ်ပြီး အစွန်းရောက်ဝါဒီ မဟုတ်ပါဘူး။ နေရာအနှံ့ ပျံ့နှံ့နေပြီး တသီးတသန့် ရှိနေတာလည်း မဟုတ်ပါဘူး။
ဒီလှုပ်ရှားမှုက နိုင်ငံတိုင်းမှာရှိတဲ့ မွတ်စလင်တွေကိုရိုက်ခတ်စေပြီး ဒါဟာ လူ့အဖွဲ့အစည်းတွေအတွက် လမ်းညွှန် ချက်၊ မွတ်စလင်နိုင်ငံ အများစု အတွက် နိုင်ငံရေးလည်းဖြစ်တယ်။ ဂျွန်အယ်(လ်) အက်(စ်)ပိုစီတို (John L.S Posito) “တစ်ဦးချင်း ဘ၀တွေအတွက် နိုးထလာတဲ့ အစ္စလာမ် လက်စွဲကျမ်း” မှာ ဒီလိုရေးထားတယ်။
"လမ်းညွှန်ချက်တွေ အများအပြားရှိပါတယ်။ ဘာသာရေး ကိုင်းရှိုင်းဖို့အတွက် အာရုံစိုက်ခြင်း (ဗလီတက်ခြင်း၊ ဆု တောင်းဝတ်ပြုခြင်း၊ ဥပုသ်စောင့်ခြင်း) ဘာသာရေး အစီအစဉ်တွေဖြန့်ဝေခြင်း၊ ဘာသာရေးဆိုင်ရာ ကျမ်းစာတွေ ပုံနှိပ် ဖြန့်ဝေခြင်း၊ အစ္စလာမ်ထုံးတမ်းစဉ်လာအတိုင်း ဝတ်စားဆင်ယင်ခြင်း နဲ့ အစ္စလာမ်တန်ဖိုးကို အလေး ထားခြင်း၊ စူဖီဝါဒကို ပြန်လည် အသက် သွင်းခြင်း (Sufism = mysticism) တွေ ပါဝင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆန်းသစ်လာတဲ့ အစ္စလာမ်လှုပ်ရှားမှုကို လူထု ကြီးတစ်ရပ်လုံးရဲ့ အစ္စလာမ်ဘာသာ အပေါ်ယုံကြည်သက်ဝင်မှု ပြန် လည် အားကောင်းခြင်းက ၀န်းရံပေးထားတယ်။ အစ္စလာမ်ဘာသာ လမ်းညွှန်မှုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရတွေ၊ အဖွဲ့ အစည်းတွေ၊ ဥပဒေတွေ၊ ဘဏ်တွေ၊ လူထု အကျိုးပြုလုပ်ငန်းတွေ၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကျောင်းတွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ အစိုးရတွေကရော အတိုက်အခံတွေ ကပါ အစ္စလာမ်ဘာသာကို ခြေကုတ်ယူပြီး ထောက်ခံမဲတွေရအောင် ကြိုးစား ကြတယ်။ သူများထက်ပိုပြီး ဘာသာရေးဘက်မလိုက်ဝါဒဆန်တဲ့ တူရကီလို၊ တူနီးရှားလို နိုင်ငံ တွေအပါအ၀င် နိုင်ငံအစိုးရအများစုဟာ အစ္စလာမ်ရဲ့ အားကို အသိအမှတ်ပြုလာကြပြီး အစ္စလာမ်နဲ့ ပါတ်သက် တဲ့ကိစ္စ တွေမှာ စိတ်ဝင်စားမှုတွေ ပြသလာနေကြပါတယ်"

အလားတူပါပဲ နောက် ထင်ရှားတဲ့ အစ္စလာမ်ပညာရှင် အလီ အီး ဟီ လယ်ဒက်ကီး (Ali-E-Hilla Dessouki) ကတော့ အစ္စလာမ် ဘာသာ နိုးထ လာခြင်းဟာ အရင်ကရှိခဲ့တဲ့ အနောက်တိုင်းဥပဒေ နေရာမှာ အစ္စလာမ်မစ် ဥပဒေကို အစားထိုးနိုင်ရေး၊ ဘာသာတရားနဲ့ ဆိုင်တဲ့ ဘာသာစကား၊ သင်္ကေတတွေကို ပိုအသုံးပြုကြရေး၊ အစ္စလာမ် ပညာရေးတိုးချဲ့ရေး (အစ္စလာမ်မစ်ကျောင်းတွေ တိုးပွားလာရေးနဲ့ အစိုးကျောင်းတွေမှာ အစ္စလာမ် ဘာသာရေးတွေ ထည့်သွင်းပြဌာန်းရေး)၊ အစ္စလာမ်မစ် ကိုယ်ကျင့်တရားတွေ ကျင့်သုံးလာရေး (အမျိုးသမီးများ မျက်နှာဖုံးထားခြင်း၊ အရက်သေစာ ရှောင် ကြဉ်ခြင်း) ဘာသာရေး ၀န်ပြုဆုတောင်းပွဲတွေမှာ တက်ရောက်သူ ပိုမိုများပြား လာရေး၊ မွတ်စလင်နိုင်ငံတွေမှာ ရှိနေတဲ့ ဘာသာရေးဘက်မလိုက် အစိုးရေ တွရဲ့နေရာကို အစ္စလာမ်ဗ်အဖွဲ့တွေက နေရာယူနိုင်ရေး၊ တစ်ကမ္ဘာလုံးရှိ အစ္စလာမ်နိုင်ငံ၊ အစ္စလာမ်လူ့အဖွဲ့အစည်းတွေကြား ဆက်ဆံရေးတွေ ပိုမို အားကောင်းခိုင်မာလာရေးတွေအတွက် (အစ္စလာမ် ဘာသာ နိုးထခြင်း လှုပ်ရှားမှုက) အားကြိုးမာန်တက် ပါဝင်ခဲ့တယ်လို့ ရှုမြင်ပါတယ်။(Note 18)

La revanche de Dieu ထာဝရဘုရားရှင်ရဲ့ပစ်ဒဏ်ခတ်ခြင်းကတော့ တစ် ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ကိစ္စပါ။ ဒါပေမဲ့ အလ္လာ ရှင်မြတ်ရဲ့ ပြစ်ဒဏ် စီရင်ခြင်း ကတော့ နယ်ပယ်အကျယ်ဆုံး ပျံ့နှံ့နေပြီး မွတ်စလင် လူ့အဖွဲ့အစည်းတွေရဲ့ ဆန္ဒကို ဖြည့် ဆည်းပေးလျက်ရှိနေပါတော့တယ်။
နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့ အစ္စလာမ်လှုပ်ရှားမှုဟာ မာ့က်(စ်) ၀ါဒနဲ့ ဆင်တူပါတယ်။ လမ်းညွှန်ချက် လက်စွဲကျမ်းစာနှင့်အတူ အရာခပ်သိမ်း ပြီးပြည့်စုံတဲ့ ဘ၀အမြင်ရှိတယ်။ လိုအပ်တဲ့ အခြေခံပြောင်းလဲမှုတွေဖြစ်ဖို့ အား စိုက်ထုတ်တယ်။ ပါဝါကို ဆန့်ကျင်တယ်၊ အမျိုးသားနိုင်ငံတော်ကို ဆန့် ကျင်တယ်၊ ဒီအထဲမှာ တရားမျှတတဲ့ ပြုပြင် ပြောင်းလဲရေးနဲ့ အကြမ်း ဖက်တော်လှန်ရေးဆိုတဲ့ အဆုံးအမ နှစ်ခုကွဲပြားစွာပါဝင်ပတ်သက်နေတယ်။


ဒီထက်ပိုအသုံးကျမဲ့ နှိုင်းယှဉ်မှုကတော့ အစ္စလာမ်နိုးထခြင်းဟာ ပရိုတက် စတင့် (ခရစ်ယာန်အယူဝါဒ) ပြန်လည် တည်ဆောက်ရေးနဲ့ တူပါ တယ်။ နှစ်ဖွဲ့စလုံးဟာ လက်ရှိအဖွဲ့အစည်းတွေရဲ့တက်ကြွမှုမရှိခြင်း၊ ကိုယ် ကျင့်တရားပျက်ခြင်းကို တော်လှန်ဖို့ ပေါ်ထွက်လာခဲ့ခြင်းဖြစ်တယ်။ ပို့ပြီး သန့်စင်၊ ပိုပြီးတောင်းဆိုမှုများတဲ့ မူလဘာသာတရားဆီ ပြန်သွားမယ် လို့ကြွေးကြော်ကြတယ်။ အလုပ်၊ အမိန့်နဲ့ စည်းကမ်း အကြောင်းတွေ ကို ဟောပြောကြတယ်၊ အင်အားကောင်းတဲ့ လူလတ် တန်းစာတွေ ပါဝင် လာဖို့ စည်းရုံးတောင်းဆိုကြတယ်။ လှုပ်ရှားမှုအားဖြင့်လည်း နှစ်ဖွဲ့စလုံးဟာ ရှုပ်ထွေးများပြား လွန်းလှတယ်။ ရပ်တည်ချက်တွေမတူကြဘူး။ ဒါပေမဲ့ အဓိကနှစ်ချက်ကတော့ တူနေတယ်။ (ခရစ်ယန်မှာ) လူသာရင်ဝါဒနဲ့ ကာ(လ်)မင်ဝါဒရှိခဲ့သလို၊ (အစ္စလာမ်မှာ) ရှိယိုက်နဲ့ ဆွန်နီ ဘာသာရေး စာအုပ်ကြီးဝါဒတို့ရှိကြတယ်။ နောက်ပြီး ဂျွန်ကာ(လ်)မင်နဲ့ အယာ တိုလာ ခိုမေနီတို့တောင် တစ်ယောက်နဲ့တစ်ယောက် ဆင်တူနေပြီး ဘာသာရေး ဥပဒေတွေကို လူထုလိုက်နာကျင့်သုံးဖို့ ကြိုးစားခဲ့ ကြတယ်။

(Lutheranism လူသာရင်နစ်ဇင်ဆိုတာ ခရစ်ယန်ဂိုဏ်းကွဲတစ်ခု၊ ဂျာမန်ဘုန်းတော်ကြီး မာတင်လူသာ (ရ်) တို့ရဲ့ အဆုံး အမတွေကို အစွဲပြုပြီး၊ ခေါ်ဝေါ်ထားတဲ့ အမည်ဖြစ်ပြီး Calvinism ကတော့ ပရိုတက်စတင့်ဂိုဏ်း၊ John Colvin ကို အစွဲပြုပြီး၊ ခေါ်ဝေါ်တဲ့အမည်ပါ) ဘာသာပြန်သူ။)

ခရစ်ယန်ဘာသာ ပြန်လည်တည်ဆောက်ရေးနဲ့အစ္စလာမ်ဘာသာ နိုးထေ ရး နှစ်ခုလုံးရဲ့ အခြေခံ စိတ်ဓါတ်က စနစ်တကျ ပြန်လည်တည်ဆောက်ရေး ပါပဲ။
“ ပြန်လည်တည်ဆောက်ရေးဟာ ကမ္ဘာ အနှံ့အပြားမှာ ဖြစ်နေရမယ်။ နေ ရာတွေ၊ လူတွေ၊ အမည်နာမတွေ အားလုံးပြောင်းလဲရမယ်။ တရားခုံရုံးတွေ ကို ပြောင်းရမယ်၊ မျှတမှုမရှိတဲ့ တရားသူကြီးတွေကို ပြောင်းလဲ ရမယ်။ တက္ကသိုလ်တွေ၊ မြို့တော်တွေ၊ နိုင်ငံတွေကို ပြောင်းလဲရမယ်၊ ပညာရေး၊ မကောင်းတဲ့ကျောင်းတွေ၊ ဥပုဒ်ကျောင်း တွေ၊ တရားနာပရိတ်သတ်တွေ၊ ဘုရားရှိခိုးပုံတွေ ပြောင်းလဲရမယ် ” လို့ပြုပြင် ပြောင်းလဲ ရေး ခရစ်ယန် တရားဟောဆရာ တစ်ယောက်က ပြောခဲ့ဘူးပါတယ်။

သူနဲ့အလားတူပါပဲ၊ အယ်(လ်) တူရဘီ (al-Turabi) ကလည်း ဒါကိုထပ်ပြီး ခိုင်မာစေတယ်။
"အစ္စလာမ်ဘာသာ နိုးထလာမှုဟာ အဓိပ္ပါယ် အလွန်လေးနက်ပါတယ်။ ဒါဟာ တစ်ကိုယ်ရေ ဘာသာတရား ကိုင်းရှိုင်းတာမဟုတ်ပါဘူး။ အသိ ဥာဏ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ကိုးကွယ်မှုလည်း မဟုတ်ဘူး။ အထက်က အရာတွေ အားလုံး ပါဝင်ပြီး၊ အထက်ဆုံး ကနေ အောက်ဆုံးအထိ ရှိနေတဲ့ လူတန်းစားအားလုံးကို တစ်ပေါင်း တည်း ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ကျယ်ဝန်းလေးနက်မှုမျိုးပါ။" (Note 19)

၂၀ ရာစု နှောင်းပိုင်း အရှေ့အလယ်ပိုင်း နိုင်ငံတွေထဲက အစ္စလာမ် နိုး ထခြင်းရဲ့ အကျိုးသက်ရောက်မှုကို မျက်ကွယ် ပြုခြင်းဟာ ၁၆ ရာစု နှောင်းပိုင်း၊ ဥရောပနိုင်ငံရေးထဲက ပရိုတက်စတင့် ပြန်လည် တည်ဆောက်ရေးရဲ့ အကျိုး သက် ရောက်မှုကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပါပဲ။ အစ္စလာမ် နိုးထခြင်းက ခရစ်ယန်ပြန်လည်တည်ဆောက်ရေး ထက်ထူးခြား တာဆိုလို့ တစ်ခုပဲရှိပါတယ်။ ပရိုတက်စတင့် ပြန်လည် တည်ဆောက်ရေးရဲ့ အကျိုးသက်ရောက်မှုက ဥရောပ အနောင်တိုင်းထဲ တင်သာဖြစ်ပြီး၊ စပိန်၊ အီတလီနဲ့ ဥရောပအရှေ့ပိုင်းတွေမှာ သက်ရောက်မှု သိပ်မရှိခဲ့ဘူး။ အစ္စလာမ် ဘာသာ နိုးထခြင်းက မွတ်စလင်နိုင်ငံတိုင်းကို ပျံ့နှံ့သွားခဲ့တယ်။

၁၉၇၀ ခုနှစ်တွေကစလို့ အစ္စလာမ်မစ် သင်္ကေတတွေ၊ ယုံကြည်မှု၊ အကျင့်၊ ဖွဲ့စည်းပုံဥပဒေတွေ၊ ပေါ်လာစိတွေနဲ့ အဖွဲ့အစည်းတွေဟာ မော်ရိုကိုကနေ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယားကနေ ကာဇက်စတန် (တစ်) ဘီလီယံရှိတဲ့ မွတ်စ လင်တွေရဲ့ တခဲနက် အားပေးထောက်ခံမှုကို ရရှိခဲ့တယ်။ ဒီလှုပ်ရှားမှုက အစမှာတော့ ယဉ်ကျေးမှုနယ်ပယ်ထဲလောက်တင်ပါ။ နောက်ပိုင်းမှာတော့ လူမှုရေးနဲ့ နိုင်ငံရေး နယ်ပယ် တွေထဲအထိကျယ်ပြန့်သွားခဲ့တယ်။ ပညာရေး၊ နိုင်ငံရေးခေါင်းဆောင် တွေအနေနဲ့ သဘောကျသည်ဖြစ်စေ၊ မကျ သည်ဖြစ်စေ၊ အသိ အမှတ်မပြုလို့ မရသလို ရှောင်လွှဲလို့ လည်းမရတော့ ပါဘူး။ မျိုးဆက်ကြီး တစ်ခုလုံးကို သိမ်းကျုံး ခေါ်ယူသွားနိုင်ခြင်းဟာ အမြဲတမ်း အန္တရာယ်ရှိပြီး အများအားဖြင့်မှာလည်း မှားနေတတ်တယ်။ ဒါပေမဲ့ မှန်သလို လိုလည်း ထင်နေရတတ်တယ်။ ၁၉၉၅ ခုရောက်တော့ အီရန်ကလွဲရင် မွတ် စလင်လူမျိုး အများစုရှိတဲ့ နိုင်ငံတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကထက် ယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံရေးအရ ပိုပြီး အစ္စလာမ်မစ်တွေ ဖြစ်လာခဲ့ကြတော့ တယ်။(Note 20)

နိုင်ငံအများစုတွေထဲမှာ အစ္စလာမ်မစ် လှုပ်ရှားရေးသမားတွေ အဓိက လုပ်ဆောင်ကြတဲ့ အချက်က အစ္စလာမ်မစ် လူမှုရေး အဖွဲ့အစည်းတွေ တိုးတက်အားကောင်းအောင် ပြုမူခြင်းနဲ့ ရှိရင်းစွဲ လူ့အဖွဲ့အစည်းတွေကို အစ္စလာမ်မစ် အဖွဲ့တွေက သိမ်းပိုက်ယူခြင်းပါပဲ။ အစ္စလာမ်မစ်တွေ အထူး အာရုံစိုက် လုပ်ဆောင်တာက အစ္စလာမ်စာသင်ကျောင်းတွေ တည်ထောင်ခြင်းနဲ့ အစိုးရကျောင်းတွေမှာ အစ္စလာမ်အဆုံးအမတွေ လွှမ်းမိုး လာအောင် ကြိုးစားယူခြင်းပဲဖြစ်တယ်။ အကျိုးဆက် အနေနဲ့ အစ္စလာမ်မစ် အဖွဲ့တွေဟာ လူထုအဖွဲ့အစည်းထဲ တစိမ့်စိမ့် တိုးဝင် တည်ရှိ လာခဲ့ခြင်း ပဲပါတယ်။ အခြား အဖွဲ့အစည်းတွေနဲ့ အားပြိုင်တယ်၊ ဖိနှိပ်တယ်၊ ဘာသာရေး လျော့ရဲပြီး အားနည်းတဲ့ အဖွဲ့အစည်းတွေရဲ့ နေရာမှာ အရေ အတွက် ပမာဏအားဖြင့်ရော ကူညီဆောင်ရွက်ချက်တွေ အားဖြင့်ပါ နေ ရာဝင်ယူ လာကြတော့တယ်။ ၁၉၉၀ ခုနှစ်တွေရဲ့ စောစော ပိုင်းက အီဂျစ်နိုင် ငံထဲ အစ္စလာမ်မစ် အဖွဲ့အစည်း တွေ အားကောင်းလာပြီး၊ အစိုးရက ဖြည့် ဆည်းပေးဖို့ ပျက်ကွက်ခဲ့တဲ့ကွက်လပ်နေရာ(လှည့်မကြည့်နိုင်တဲ့နေရာ)တွေ ကိုသူတို့ကဖြည့်ဆည်းပေး လာခဲ့ကြ တယ်။ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး နဲ့ အခြားအကူအညီတွေ ဆင်းရဲသား အီဂျစ်တွေကို အလုံးအရင်းနဲ့ ပေးခဲ့ ကြတယ်။ ၁၉၉၂ ခုနှစ် ကိုင်ရိုမြို့မှာ ငလျင်ကြီးလှုပ်တော့ သူတို့အဖွဲ့တွေက နာရီပိုင်းအတွင်း လမ်းတွေပေါ်ရောက်လာပြီး၊ အစားအသောက်တွေဝေ ကြ၊ စောင်တွေပေးကြတော့ အစိုးရအဖွဲ့တွေက သူတို့နောက် အများ ကြီး ပြတ်ကျန်နေရစ်ခဲ့ကြ တယ်။

ဆက်ရန်

သူ့လက်သံ


ရုပ်ရှင်မင်းသား Basil Rathbone နဲ့ စန္ဒယားဆရာ Dane တို့ Victor Borge ဟိုတယ်မှာ အတူတူ တည်းကြတော့ ဒိန်းက စန္ဒယားတစ်လုံးဟာ ဘယ်လောက် အသုံးကျကြောင်း၊ ကောင်းကောင်း တီးတတ်ရင် ဘယ်အချိန် ရှိပြီ ဆိုတာကိုပင် စန္ဒ ယားသံနဲ့ ပြောပြနိုင်ကြောင်း ရှင်းပြတယ်။



ဘာဆယ်အတွက် ယုံရခက်ခက် ဖြစ်နေတာပေါ့။ ဒါနဲ့ ဒိန်းက စန္ဒယားရှေ့မှာ ထိုင်လိုက်ပြီး လက်သံကြမ်းကြမ်း တီးကွက် နှစ်ကွက် သုံးကွက် တီးချလိုက် တယ်။
အဲဒီအချိန် ဟိုဖက်အခန်းမှာ အိပ်နေတဲ့ ဧည့်သည်က နံရံကို ထုရင်း အိပ်ချင် မူးတူး ဒေါသတကြီးနဲ့

" ခွေးမသားတွေ မအိပ်ကြသေးဘူး၊ မင်းတို့ အဖေ့အိမ်များ မှတ်နေလို့လား၊ နာရီလည်းကြည့်ဦး၊ မနက် တစ်နာရီ ခွဲနေပြီ " တဲ့။

ဒီတော့ ဒိန်းက " ကဲ ဘယ်လိုလဲ " ဆိုတဲ့ အကြည့်နဲ့ ဘာဆယ်ကို ပြုံးစိစိ လှမ်း ကြည့် လို့။
( RD, Dec, 1957 )
(16/12/2012)

ဇင်ဝေသော်