Home » All posts
တူမီးသေနတ်က မီးမကူးတော့ လေးခွနဲ့ပစ်
in
3D ဘာသာရေး,
သီဟနာဒ
- on 3/07/2015
- No comments
နာဂတောင်ပေါ်နေစဉ် ရှားရှားပါးပါး ကျောင်းအိပ်ကျောင်းစား နာဂကျောင်း သားလေး တစ်ယောက်ရခဲ့သည်။ ဒါတောင် သူ့ဖခင်က တောင်တွင်းကြီး ပရ ဟိတ ကျောင်းထွက်ပေမို့။
သူကျောင်းကို ရောက်လာပုံကလည်း ဘာပစ္စည်းပစ္စယမှ မပါ၊ ရိုးရိုးရှင်းရှင်း။ သို့သော် သူ့ လေးခွတစ်လက်နဲ့ တူမီးသေနတ်တစ်လက်တော့ပါလာသည်။ ဒါတွေ မယူခဲ့ပါနဲ့ပြောရင် သူလည်း လာနေမယ့်သဘောမရှိ။ သို့ဖြင့် ရှိစေ သဘောထားရသည်။
စဉ်းစားလို့ မရသည်က တူမီးသေနတ် ပါလာပါလျက် လေးခွပါယူလာခြင်းကိစ္စ။
ဒါကိုတော့ သူ့ကိုမေးမိသည်။
"နေပါအုံး၊ တူမီးသေနတ်ပါလျက်နဲ့ ဘာဖြစ်လို့ လေးခွပါယူလာရတာလဲ"
"ဇီးကွက်က ဘုန်းကြီးတယ် ဘုန်းဘုန်း၊ တူမီးသေနတ်နဲ့ပစ်ရင် မီးမကူးဘူး၊ သူ့ကို လေးခွနဲ့ပစ်မှရတယ်"
"လေးခွကရော မီးမကူးတာမျိုး မရှိဘူးလား"
"မရှိဘူးလေ ဘုန်းဘုန်း၊ ကြည့်"
ဆိုပြီး ပစ်ထည့်လိုက်ရာ ဇီးကွက်လေးတစ်ကောင် ကျလာလေတော့သည်။ တားချိန်ပင် မရလိုက်။
*********************************************************************
အင်း အဲသလိုပဲ နေမှာပေါ့လေ။
ကလေးတွေက ဘုန်းကြီးတော့ တူမီးသေနတ်က မီးမကူး။
ဒါနဲ့ ကြံရာမရ လောက်လေးခွနဲ့ ဆော်လိုက်ဟန်ပါပဲ။
တကယ့်ကို ကလေးကျင့် ကလေးကြံ။
သီဟနာဒ
ဘာဝနာပွားများအားထုတ်ခြင်း သင်တန်း
in
Ven Cittara,
ဘာသာရေးသတင်း
- on 3/07/2015
- No comments
ကမ်းလက် shared မင်္ဂလာမောင်မယ်အသင်း's post.
တရားချစ်ခင် သူတော်စင်အပေါင်းတို့ ခင်ဗျား
" အကျိုးတရား၊ အလွန်များသဖြင့်၊
ဖြစ်ပွားစေအပ် တရားမြတ်
မှတ်လေ ဘာဝနာ"
ဟု မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ မိန့်ဆိုခဲ့သည့်အတိုင်း
သံသာကမ်းရပ် မြတ်နိဗ္ဗာန်ကို ရရှိရန်
ကြိုးပမ်းအားထုတ်ရာ၌ အကျိုးများစေရန် အလို့ငှာ
ဘာဝနာပွားများအားထုတ်ခြင်း သင်တန်းကို
မင်္ဂလဝိဟာရကျောင်း ကျောင်းထိုင်ဆရာတော် ဦးစိတ္တရမှ
ဟောကြား ပို့ချပေးမည်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။
သင်တန်းအစီအစဉ်
=============
- ဟောကြားပို့ချမည့်ဆရာတော်
ဆရာတော် ဦးစိတ္တရ(မင်္ဂလဝိဟာရကျောင်း)
- သင်တန်းစတင်မည့်ရက်
မတ်လ ၇ ရက်၊ ၂၀၁၅ (စနေနေ့)
- သင်တန်းကာလ
ရက်သတ္တပါတ် ၆ ပါတ်
- သင်တန်းအချိန်
ညနေ ၃ နာရီမှ ၆ နာရီအထိ (အပါတ်စဉ် စနေနေ့တိုင်း)
တရားထိုင်ခြင်းအစီအစဉ် အချိန် ၁ နာရီနှင့် မိနစ် ၃၀ ပါဝင်ပါသည်။
- သင်တန်းနေရာ
ဒုတိယထပ် Chew Quee Neo Hall၊ မင်္ဂလဝိဟာရကျောင်း (စင်္ကာပူ)
* မှတ်ချက်
အပါတ်စဉ် စနေနေ့တိုင်း ၅ ပါတ်ကြာ ဟောကြား ပို့ချတော်မူပြီးနောက်
နောက်ဆုံးအပါတ်(၆ ပါတ်မြောက်)တွင် မနက် ၈ နာရီမှ ညနေ ၆ နာရီ အထိ တရားထိုင်ခြင်းအစီအစဉ် ပါဝင်ပါသည်။
သင်တန်းကို အင်္ဂလိပ်ဘာသာဖြင့် ဟောကြားမည်ဖြစ်ပါသည်။
— at Mangala Vihara Buddhist Temple." အကျိုးတရား၊ အလွန်များသဖြင့်၊

သူချည်းလာဟဲ့
in
ဇင်ဝေသော်,
ရွှေပြည်ကြီးအကြောင်း
- on 3/06/2015
- No comments
သူချည်းလာဟဲ့။
လက်ပတ်နီလေးနဲ့ပါဘုရား။
သူချည်းလာဟဲ့။
တာဝန်ဆိုတာလေးနဲ့ပါဘုရား။
သူချည်းလာဟဲ့။
အထက်အမိန့်ဆိုတာလေးနဲ့ပါဘုရား။
သူချည်းလာဟဲ့။
လစ်တော့လို့ အမိန့်ပေးနေပြီ။ လစ်ပြီ။