နာဂတောင်ပေါ်နေစဉ် ရှားရှားပါးပါး ကျောင်းအိပ်ကျောင်းစား နာဂကျောင်း သားလေး တစ်ယောက်ရခဲ့သည်။ ဒါတောင် သူ့ဖခင်က တောင်တွင်းကြီး ပရ ဟိတ ကျောင်းထွက်ပေမို့။
သူကျောင်းကို ရောက်လာပုံကလည်း ဘာပစ္စည်းပစ္စယမှ မပါ၊ ရိုးရိုးရှင်းရှင်း။ သို့သော် သူ့ လေးခွတစ်လက်နဲ့ တူမီးသေနတ်တစ်လက်တော့ပါလာသည်။ ဒါတွေ မယူခဲ့ပါနဲ့ပြောရင် သူလည်း လာနေမယ့်သဘောမရှိ။ သို့ဖြင့် ရှိစေ သဘောထားရသည်။
စဉ်းစားလို့ မရသည်က တူမီးသေနတ် ပါလာပါလျက် လေးခွပါယူလာခြင်းကိစ္စ။
ဒါကိုတော့ သူ့ကိုမေးမိသည်။
"နေပါအုံး၊ တူမီးသေနတ်ပါလျက်နဲ့ ဘာဖြစ်လို့ လေးခွပါယူလာရတာလဲ"
"ဇီးကွက်က ဘုန်းကြီးတယ် ဘုန်းဘုန်း၊ တူမီးသေနတ်နဲ့ပစ်ရင် မီးမကူးဘူး၊ သူ့ကို လေးခွနဲ့ပစ်မှရတယ်"
"လေးခွကရော မီးမကူးတာမျိုး မရှိဘူးလား"
"မရှိဘူးလေ ဘုန်းဘုန်း၊ ကြည့်"
ဆိုပြီး ပစ်ထည့်လိုက်ရာ ဇီးကွက်လေးတစ်ကောင် ကျလာလေတော့သည်။ တားချိန်ပင် မရလိုက်။
*********************************************************************
အင်း အဲသလိုပဲ နေမှာပေါ့လေ။
ကလေးတွေက ဘုန်းကြီးတော့ တူမီးသေနတ်က မီးမကူး။
ဒါနဲ့ ကြံရာမရ လောက်လေးခွနဲ့ ဆော်လိုက်ဟန်ပါပဲ။
တကယ့်ကို ကလေးကျင့် ကလေးကြံ။
သီဟနာဒ
Post a Comment