ကမ္ဘာထဲမှာ သူတင်ကိုယ်တင်ဖိုက်ကြရမယ်ဆိုရင်


ကမ်းလက် shared Ko Ko Lwin's post.
နှိမ်တာမဟုတ်ပါဘူး။ ကိုလိုနီတော်လှန်ရေးခေတ်မှာပဲ ပညာမတတ်လည်း ခေါင်းဆောင်ဖြစ်တယ် ဆိုတဲ့ သီအိုရီက မှန်နိုင်ပါတယ်။ ကမ္ဘာထဲမှာ သူတင်ကိုယ်တင်ဖိုက်ကြရမယ်ဆိုရင် လက်ရှိ အနေအထားနဲ့ "Simply not good enough" ပါ။ ဒီလောက်နဲ့ မရပါဘူး။
စင်ကာပူကို အမှီလိုက်မယ်ဆိုသူများ သိထားကြဖို့ပါ ....
===============================
စင်ကာပူနိုင်ငံရဲ့ ဖခင်ကြီး ဝန်ကြီးချုပ်လီကွမ်ယု ဟာ University of Cambridge နဲ့ London School Of Economics က ကျောင်းဆင်းတယောက်ပါ ။
ဒုတိယမြောက်ဝန်ကြီးချပ် ဂိုချောက်တောင် ကUniversity of Singapore M.A ဘွဲ့ရတယောက်ဖြစ်ပါတယ် ။
တတိယမြောက် ဝန်ကြီးချုပ် လီရှန်လွန်းဟာ ဗိုလ်မှူးချုပ်ဟောင်းတယောက်ဖြစ်ပြီး University of Cambridge က သင်္ချာ ဘွဲ့ ၊ Harvard University က Master of Public Administration ဘွဲ့ကိုရရှိခဲ့ပါတယ် ။
မြန်မာပြည်က သမ္မတ ဟောင်း နေဝင်းက ရန်ကုန်တက္ကသိုလ်မှာ အိုင်အေထိပဲ ကျောင်းနေခဲ့ပါတယ် ။
ဗိုလ်စန်းယုက ဆေးကျောင်း တဝက်တပျက်တက်ခဲ့ပြီး ။
ဗိုလ်စိန်လွင်က ၆တန်း အထိကျောင်းနေခဲ့ပါတယ် ။
ဒေါက်တာမောင်မောင်က ပထမဆုံးဥပဒေဒေါက်တာဘွဲ့ရပုဂ္ဂိုလ်ဖြစ်ပါတယ် ။
ဗိုလ်စောမောင်သည်လည်းဘွဲ့ရတယောက်မဟုတ်ပါ ။
ဗိုလ်သန်းရွှေက ၁၀တန်းအထိကျောင်နေဖူးပါတယ် ။ တက္ကသိုလ် မတက်ဖူးပါ
ဗိုလ်သိန်းစိန် ရွှေမန်း မင်းအောင်လှိုင်တို့သည် DSA မှကျောင်းဆင်းလာသော သူများသာဖြစ်ပါတယ် ။
ယနေ့မြန်မာပြည်ထိပ်ပိုင်းခေါင်းဆောင်များသည် စင်ကာပူခေါင်းဆောင်များကဲ့သို့ပညာမသင်ဖူးကြပါ...
 

Post a Comment