မင်း သိသားပဲ
၁၉၈၀ တွေမှာပေါ့
မိုးခေါင်တဲ့မေမြို့အကြောင်း
အပတ်တကုတ် ကြိုးစားရင်ခုန်နေရချိန်
ခပ်နွမ်းနွမ်း ပန်းခရမ်းပြာက
ငါတို့ကို ခပ်ကြမ်းကြမ်းဆွဲခေါ်သွားပြန်တယ်။
အဲဒီနောက် ကန္တာရလမင်းတဲ့
အသုံးမကျတဲ့ နှင်းဆီတဲ့
သူရဲကြီးတစ်ကောင် ခုန်ဆင်းလာခဲ့ပြန်ရော။
တော်ပါသေးရဲ့
မှော်ဆရာလူငယ်က
ကျောက်ထွင်းရာဇဝင်တွေနဲ့
ကိုယ့်သေတွင်းကိုယ် အတူးခိုင်းပြီး ငါတို့ကို မြှုပ်ပေးသွားလို့။
picture source |
မာပြီးရင်းမာလာတဲ့အသည်းနဲ
နာပြီးရင်းနာနေရတဲ့ အမည်းက
ဟန်တင်တန်ကို လက်ဆွဲနှုတ်ဆက်လိုက်ရပြန်ရောလေ
ခွင့်လွှတ်တော့ သူငယ်ချင်း။
တစ်ချိန်ချိန်မှာတော့
မြက်ခင်းစိမ်းနဲ့ တဲလေးအောက်မှာ
ငါ ကဗျာရေးချင်သေးတယ်
မင်း ဂစ်တာလက်ကွက်တွေ မမေ့စေနဲ့။
ဇင်ဝေသော်
Post a Comment