မောနင်းပို့စ်


၁။ ဒီသတင်းမျိုးတွေ ဦးဦးရဲထွဋ်တို့ ဖတ်သင့်တယ်။ ဟွန်ဒူးရပ်က ကျောင်းသားတွေ စာသင်ချိန် ၅ မိနစ်တိုးလို့တဲ့ လမ်းပေါ်တက် ဆန္ဒပြလာပြကြတယ်။ သူတို့နဲ့နှိုင်းရင် မြန်မာကျောင်းသားတွေက အများကြီး အမျှော်အမြင်ရှိတယ်။ နောက်ပြီး မကျေနပ်လို့ ဆန္ဒပြပါတယ်ဆို ဘယ်ကလာ နောက်ကွယ်က ကြိုးကိုင်သူရှိနေရဦးမှာလဲ။ ၅ မိနစ် စာသင်ချိန် တိုးလို့တဲ့။(ဖိုက် မိနစ်တဲ့နော်။ မျက်စိမှားတာ မဟုတ်ဘူး)



၂။ မိခင်နို့သောက်ရတဲ့ကလေးက ဥာဏ်ပိုကောင်းသလို လစာလည်းပိုရ၊ ပိုလည်း ချမ်းသာတတ်သတဲ့။ ယုံတစ်ဝက် မယုံတစ်ဝက်ပဲ။ ကိုယ်တိုင် အမေ့နို့စို့ခဲ့ရပေမဲ့ ဒီနေ့အထိ ဦးတေဇလောက် မချမ်းသာဘူးဖြစ်နေတယ်။ စမတ်ဖြစ်တယ်ဆိုတာလေးတော့ ဘာဖြစ်ဖြစ် အရင်းရအောင် ယုံထားလိုက်တယ်။ သုတေသန လုံးဝမှားသွားရင်လည်း စိတ်မကောင်းစရာ။



၃။ မန်စီးတီးလည်း ချန်ပီယံလိဂ်က ထွက်သွားပြီ။ ချန်ပီယံလိဂ်မှာ ပရီမီးယားလိဂ် ကိုယ်စားပြုအသင်းတွေထဲ မန်ယူမပါလို့ကတော့ မကွာတားခင် ပြုတ်နေတတ်ကြတာပါပဲ။ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ မန်စီးတီးဆိုတာက ဆရာ့ဆရာကြီးတွေပွဲမှာတော့ လူရာ တယ် မ၀င်သေးပါဘူး။ သဘောမတူလည်း မတတ်နိုင်ဘူး။ ဒါက ဒီနှစ် တကယ်ဖြစ်နေတာတွေ။

Post a Comment