မိုက်စမ်းတာဆိုတော့လည်း မိုက်စမ်းတာပါ့လေ


Posted by Zin Wai Thaw · 9 hrs · 
ဟွင်း ဟွင်း ဘကြီးဘုန်းကြီးနော်
--------------- ==============
သံဃာ့အဖွဲ့အစည်းပေါင်းစုံက အမျိုးသားပညာရေးနဲ့ ပတ်သက်ပြီး အကြံပြုစာတွေ ပေးပို့ကြတယ်။ ကိုယ်နဲ့ဆိုင်တဲ
ပရိယတ္တိပညာရေးအတွက် ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီးခေါ်ပြီး ငွေသိန်းပေါင်း သောင်းနဲ့ချီအကုန်အကျခံဆွေးနွေးခဲ့ကြပေမယ့် ဟုတ္တိပတ္တိအဖြေမထွက်ခဲ့ကြတာ သတိရမိတယ်။

တကယ်တော့ အမျိုးသားပညာရေးနဲ့ပတ်သက်ပြီး ကျောင်းသားလေးတွေ ဆန္ဒပြချီတက်နေတာကို ဘကြီးဘုန်းကြီးကိုယ်တိုင်က သဘောမတူပါဘူး။
ဘယ့်နှယ်ကွယ် မင်းတို့ လုပ်စရာလား။
အနာဂတ်မြော်မြင်ပြီး ရေရှည်ကြည့်တတ်တဲ့ အစိုးရကိုယ်တိုင်က တိုင်းပြည်ကို ခခယယ ကျနော်တို့ ပြောင်းကြပါစို့ လို့ စင်ကာပူတည်ထောင်စ မစ္စ္စတာလီလို မျက်ရည်လည်ရွဲလေးနဲ့
ကြေငြာရမှာ--။ ခုတော့ကွယ် မင်းတို့က ပြောင်းချင် --။ အဘတို့ ပြောင်ချင် --။ အယ် ဂျောက်ဂျက်
ထူးခြားတာက ကျောင်းသားလေးတွေကိုမေတ္တာရပ်ခံချက်အစောင်စောင် ထုတ်ပြန်ကြတာပါပဲ။
အစိုးရသတင်းစာတွေကလည်း မင်းတို့လွန်လာပြီနော် ဟွင်းဟွင်းဆိုတဲ့ အသံမျိုးထွက်ပြနေပါတယ်။
ရွှေပြည်ကြီးမှာ ဖြစ်ခဲ့သမျှသွေးသံရဲရဲကိစ္စ္စတွေမှာ ပုပ်တို့ ဒလိုင်လားမားတို့ဆီက မှတ်ချက်စကားလေးတွေ ထွက်လာခဲ့ဖူးပေမယ့်---။
ဟွင်း ဟွင်း ဘကြီးဘုန်းကြီးနော် ---။
------=---------
စာမရေးနိုင်သေးလို့ မိုက်စမ်းနေတာ
ဟလို ဟယို ---။
 
 
 

Post a Comment