ဂေါ်ဖီထုပ်စားခြင်းဟာ နိုင်ငံအပေါ်သစ္စာရှိသူတိုင်းရဲ့ တာဝန်


ဂေါ်ဖီထုပ်က အအေးဒဏ်ခံနိုင်တယ်၊ အသားပတ်တာတွေလည်း ကာကွယ်နိုင်တယ်လို့ ယုံကြည်ပြီး ဆောင်းတွင်းဆို ပီကင်းသားတွေက ဂေါ်ဖီ ထုပ်တွေစားကြတယ်။ စောစောပိုင်းနှစ်တွေကဆိုရင် အစိုးရကိုယ်တိုင်က တောင်သူတွေဆီကဝယ်ပြီး ပီကင်းသားတွေကို အခမဲ့ဝေတယ်။ တစ်နှစ်မှာတော့ ဂေါ်ဖီထုပ်ဈေးကောင်းလို့ဆိုပြီး တောင်သူတွေကဘာမှမစိုက်ဘဲ ဂေါ်ဖီထုပ်တွေပဲစိုက်ကြလို့ ပီကင်းမှာဂေါ်ဖီထုပ်တွေ တောင်လိုပုံ သွာတယ်၊ ကုန်အောင်မစားနိုင်တော့ဘူး။ ဂေါ်ဖီရွက်တွေက နေရာအနှံ့မို့ တက်နင်းမိပြီး လူတွေချော်လဲ၊ စက်ဘီးတွေချော်လဲ၊ ကားတာယာတွေချော်၊ ကားချင်ဝင်နမ်းတွေဖြစ်ကုန်ရော။
ဒီတော့ပီကင်းမြို့တော်ဝန်က ရေဒီယိုကနေ မိန့်ခွန်းပြောတယ် "ဂေါ်ဖီထုပ်စားခြင်းဟာ နိုင်ငံအပေါ်သစ္စာရှိသူတိုင်းရဲ့ တာဝန်" ဖြစ်တယ်တဲ့။

Post a Comment