အိုင်းစတိုင်းနဲ့ ဧည့်သည်သုံးယောက်

အိုင်းစတိုင်းနဲ့တွေ့ဖို့ လူသုံးယောက် ဧည့်ခန်းထဲမှာ ထိုင်စောင့်နေကြတယ်။ ခဏကြာတော့မှ အိုင်းစတိုင်းကြီးရောက်လာပြီး ပထမလူကို မေးတယ်။
"မင်း အိုင်ကျူအဆင့် ဘယ်လောက်ရှိသလဲ"
"၂၄၁ ရှိပါတယ်"
"ကောင်းတယ်၊ သိပ်ကောင်းတယ်။ ပြီးမှ စင်္ကြဝဠာဆိုင်ရာ သီအိုရီတွေ မင်းနဲ့ ဆွေးနွေးရမယ်"

ပြီးတော့ ဒုတိယလူကို ဆက်မေးတယ်။
"မင်း အိုင်ကျူအဆင့် ဘယ်လောက်ရှိသလဲ"
"၁၄၄ ရှိပါတယ်"
"ကောင်းပါတယ်၊ ပြီးမှ နိုင်ငံရေးနဲ့ လက်ရှိ ကမ္ဘာ့ပြဿနာတွေအကြောင်း မင်းနဲ့ ဆွေးနွေးရမယ်"

နောက်ဆုံးလူ အလှည့် ရောက်လာတယ်
"မင်း အိုင်ကျူအဆင့် ဘယ်လောက်ရှိသလဲ"
"၅၁ ရှိပါတယ်"
" ဟေ.... မင်းအဘ သန်းရွှေကြီး နေကောင်းသလား" တဲ့ အိုင်းစတိုင်းကြီးက။
(နည်းနည်းတော့ ပြင်ရေးလိုက်ရတာပေါ့)





1st posted on 04/07/2013
2nd posted 02/07/2014

Post a Comment