ပေါက်ပန်းတစ်ပွင့်သို့ လွမ်းချင်း


မင်း သိသားပဲ
၁၉၈၀ တွေမှာပေါ့
မိုးခေါင်တဲ့မေမြို့အကြောင်း
အပတ်တကုတ် ကြိုးစားရင်ခုန်နေရချိန်
ခပ်နွမ်းနွမ်း ပန်းခရမ်းပြာက
ငါတို့ကို ခပ်ကြမ်းကြမ်းဆွဲခေါ်သွားပြန်တယ်။

အဲဒီနောက် ကန္တာရလမင်းတဲ့
အသုံးမကျတဲ့ နှင်းဆီတဲ့
သူရဲကြီးတစ်ကောင် ခုန်ဆင်းလာခဲ့ပြန်ရော။

တော်ပါသေးရဲ့
မှော်ဆရာလူငယ်က
ကျောက်ထွင်းရာဇဝင်တွေနဲ့
ကိုယ့်သေတွင်းကိုယ် အတူးခိုင်းပြီး ငါတို့ကို မြှုပ်ပေးသွားလို့။



picture source

မာပြီးရင်းမာလာတဲ့အသည်းနဲ
နာပြီးရင်းနာနေရတဲ့ အမည်းက
ဟန်တင်တန်ကို လက်ဆွဲနှုတ်ဆက်လိုက်ရပြန်ရောလေ
ခွင့်လွှတ်တော့ သူငယ်ချင်း။

တစ်ချိန်ချိန်မှာတော့
မြက်ခင်းစိမ်းနဲ့ တဲလေးအောက်မှာ
ငါ ကဗျာရေးချင်သေးတယ်
မင်း ဂစ်တာလက်ကွက်တွေ မမေ့စေနဲ့။


ဇင်ဝေသော်

Good suggestion!

ကျေနပ်တယ်။ ကြည်နူးတယ်။ ရယ်ရတယ်။


 ပွဲက နည်းနည်းတော့ ကြမ်းတယ်။ ဒါပေမဲ့ ဖတ်လို့ ကောင်းတယ်။
ကျေနပ်တယ်။ ကြည်နူးတယ်။ ရယ်ရတယ်။
 
  
 ဗေကြီး ဒုန်း ဒုန်း ဒုန်း
ဗေကြီး ဒုန်း ဒုန်း ဒုန်း
 
 

အကူးအပြောင်း အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်း


တစ်က ညောင်ပင်ကြီးလဲကျရာမှ ကျန်နေသော အလယ်ပိုင်းပင်စည်ကြီးဖြစ်သညိ။ ညောင် သားကို ရရင် ဘုရားထုရန် ရည်စူးထားသည်။ သို့သော် ထိုပင်စည်မှ အညွန့်တွေ ဝေနေ သဖြင့် နေရာပြောင်းပြီး စိုက်ပျိုးလိုက်ရာ အောင်မြင်သွားသည်။

နှစ်က သပြေပင်ဖြစ်သည်။ ရထားလမ်းနဲ့ မလွတ်တလွတ်မို့ လွတ်လွတ်လပ်လပ် ရှင်သန်နိုင် ရန် နေရာပြောင်း စိုက်ပျိုးသော်လည်း အကူးအပြောင်း မအောင်မြင်ဘဲ သေဆုံးသွားလေေ တာ့သည်။

ဤသစ်ပင်နှစ်ပင်၏ ရှင်ခြင်း၊ သေခြင်း ကိစ္စမှာတော့ ဝန်းကျင်ကြောင့်ထက် ဗီဇကြောင့် ဟု သာဆိုရပါလိမ့်မည်။
သပြေတစ်ပင် ထပ်မံစိုက်ပျိုးရပါဦးမည်။