တကယ် ၀မ်းနည်စရာက လူကြီးတွေ အလင်းကြောက်တဲ့ ကိစ္စ


ကမ်းလက် shared Plato's photo.
ကလေး အမှောင်ကြောက်တာက နားလည်ပေးလို့ရတယ်။
တကယ် ၀မ်းနည်စရာက လူကြီးတွေ အလင်းကြောက်တဲ့ ကိစ္စ။



“We can easily forgive a child who is afraid of the dark; the real tragedy of life is when men are afraid of the light.”
-- Plato


 

ဗေဒါ တကယ်ကြပ်ပြီဆိုရင်


ကုန်ကုန်ပြောမယ်
ဗေဒါ တကယ်ကြပ်ပြီဆိုရင်
ဘယ်သူမှ လှေပေါ်ဆက်ထိုင်လို့ မရဘူး။


လူအိမ်

(ရွှေမြန်မာ မဂ္ဂဇင်း၊ လ မမှတ်မိ)

ထိုင်းဘုန်းကြီးတွေ နိုင်ငံရေးထဲ ပါသင့် မသင့်တဲ့


မဲပေးခွင့် မရှိ၊ ရာထူးရယူခွင့်မရှိ။
တချို့က ထောက်ခံ၊ တချို့က ကန့်ကွက်။
ဆရာတော်တွေ ပြောတာကလည်း ပါဝါအတွက်မဟုတ်၊ နိုင်ငံအတွက်မို့ သင့်ပေါ့။ တစ်ပါးက စစ်ထွက်ဆိုပဲ။ ယင်းလပ်ပြုတ်ဖို့ လမ်းပေါ်တက်လာတဲ့ နှစ်ပါးထဲက တစ်ပါးပေါ့။
သတင်းခေါင်းစဉ်ကလည်း မဲမပေးရပေမဲ့ ဘက်တော့ လိုက်တယ် တဲ့။


ပေါက်ပန်းတစ်ပွင့်သို့ လွမ်းချင်း


မင်း သိသားပဲ
၁၉၈၀ တွေမှာပေါ့
မိုးခေါင်တဲ့မေမြို့အကြောင်း
အပတ်တကုတ် ကြိုးစားရင်ခုန်နေရချိန်
ခပ်နွမ်းနွမ်း ပန်းခရမ်းပြာက
ငါတို့ကို ခပ်ကြမ်းကြမ်းဆွဲခေါ်သွားပြန်တယ်။

အဲဒီနောက် ကန္တာရလမင်းတဲ့
အသုံးမကျတဲ့ နှင်းဆီတဲ့
သူရဲကြီးတစ်ကောင် ခုန်ဆင်းလာခဲ့ပြန်ရော။

တော်ပါသေးရဲ့
မှော်ဆရာလူငယ်က
ကျောက်ထွင်းရာဇဝင်တွေနဲ့
ကိုယ့်သေတွင်းကိုယ် အတူးခိုင်းပြီး ငါတို့ကို မြှုပ်ပေးသွားလို့။



picture source

မာပြီးရင်းမာလာတဲ့အသည်းနဲ
နာပြီးရင်းနာနေရတဲ့ အမည်းက
ဟန်တင်တန်ကို လက်ဆွဲနှုတ်ဆက်လိုက်ရပြန်ရောလေ
ခွင့်လွှတ်တော့ သူငယ်ချင်း။

တစ်ချိန်ချိန်မှာတော့
မြက်ခင်းစိမ်းနဲ့ တဲလေးအောက်မှာ
ငါ ကဗျာရေးချင်သေးတယ်
မင်း ဂစ်တာလက်ကွက်တွေ မမေ့စေနဲ့။


ဇင်ဝေသော်

Good suggestion!