ကမ်းကြည့်ငှက်တစ်ကောင်၏ နိုင်ငံရေး ဝိပသနာ


ကျနော် နိုင်ငံရေးကမ်းကြည့်ငှက်တစ်ကောင် (တိရသကုဏ ဒသီ) ဖြစ်နေခဲ့ သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်ပါသည်။ ထိုငှက်က သူအမှန်ရှုမှတ်ရမည့် သင်္ခါရရုပ်ပုံလွှာအစား အကြမ်းစား နိုင်ငံရေးအထည်ကို ဝိပသနာတင်ရင်း ရှု မှတ်နေခြင်းအပေါ် နောင်တရဟန်လည်းမတူပါ။ သို့သော် နိုင်ငံရေး အဖြစ် အပျက် ဝိပသနာကို လေးနှစ်နီးပါး ပွားမြားပြီးသည့်နောက်မှာတော့ သူ ရှုမှတ်နေသည့်သင်္ခါရအကြမ်းထည်၏ သဘာဝကို ပို၍ ပျက်ပျက်ထင်ထင်မြင် လာသည်။

ယမန်နေ့ကတော့ သူ၏ဉာဏ်စဉ်များလည်း တဟုန်ထိုး တိုးတက်လာလေေ တာ့သည်။ အဖြစ်၊ အပျက်၊ အတက်၊ အကျကို (ဥဒယ၊ ဝယ) စဉ်ဆက်မပြတ် ရှုမှတ်နေရင်း မနေ့ကတော့ အဖြစ်ထက် အပျက်သဘောတရားက သူ့ဉာဏ် မှာ တမွမွ၊ တဖွဖွရိုက်ခတ်ပေါ်လာလေတော့သည့်။
ဤကိုပင် ဘင်္ဂဉာဏ်ကွန့်မြူးခြင်းဟု ခေါ်လေသလား မသိပါ။

အပျက်သိ ဉာဏ်စဉ်အတန်းသည် စဉ်ဆက်မပြတ် ရိုက်ခတ်လာတတ်သည်ဟု မိန့်မှာတော်မူ၏။ မှန်ပေသည်။ ဘင်္ဂဉာဏ်အစွန်းအစလေးကို ဆွဲယူလိုက်မိ သည်နှင့် တပြိုင်နက် အန္တရာယ်အချက်ပေးသံသဖွယ် ဘယဉာဏ် (ဘေး၊ အန္တ ရာယ်ဟု သဘောခိုက်သောဉာဏ်) က ထပ်ချပ်မကွာ ဘင်ခရာသံဖြင့် လိုက်ပါ လာလေသည်။
"အန္တရာယ်ရှိပြီ၊ အန္တရာယ်ရှိပြီ။"
ထိုမှနောက် "ထွီ" ကနဲ ထွေးထုတ်ချင်လောက်အောင် အာဒီနဝ (ကောင်းကွက် မရှိလေစွတကား၊ မွေ့နူးသာယာဖွယ် မဲ့လေစွတကား) အသိဦီးက သူ့ကို တဘုန်းဘုန်းရိုက်နှက်၍ နေပါတော့သည့်။


ထိုမှနောက်တော့ သဘာဝဖြစ်စဉ်မှန်အောက်မှာ (The way it is, the way they are) ရိုးတရိပ်ခိုလှုံခွင့် ရသလိုဖြစ်သွားသည်။
မုဉ္စိတုကာမော
လွတ်မှရမယ်
မြောက်မှရမယ်
လွတ်မြောက်မှရမယ်။
သို့ဖြင့်ပင် ပယ်မရ၊ စွန့်မရ။
ခေါ်သွားလို့မရ၊ ချန်ထားလို့မရ။
ချစ်လို့မရ၊ မုန်းလို့မရ။
ချော့လိုမရ၊ ခြောက်လို့မရ
သင်္ခါရဖြစ်စဉ်အပေါ် တနုံ့နုံ့၊ တနဲ့နဲ့ ရှုမှတ်ပြီး ဥပေက္ခာရွက်နုဝေချိန်ကိုစောင့်စားရင်း (သင်္ခါရုပေက္ခာ) သူ့ မြေယာလေးကို မြေနှုတ်ပေါင်းသင် ပေးနေမိတော့သည်။

အများကြီး မမျှော်လင့်နဲ့။ ဘာမှ မလုပ်ဘဲလည်း မနေနဲ့။
အများကြီး မမျှော်လင့်နဲ့။ ဘာမှ မလုပ်ဘဲလည်း မနေနဲ့။
အများကြီး မမျှော်လင့်နဲ့။ ဘာမှ မလုပ်ဘဲလည်း မနေနဲ့။
ကျနော်သိသည့် ကမ်းကြည့်ငှက်ကြီးများ ဒီနေရာမှာ ရှိနေကြောင်း အခုမှ ကျနော်သိခွင့်ရခဲ့သည်။ ထို ကမ်းကြည့်ငှက်ကြီးများက ကျနော့်ကို ပြုံးကြည့် ကြ၏။
" ဟေ့ကောင်၊ လာလေကွာ" ဟု ခေါ်ကြ၏။


image source

အမှန်မူ ထိုငှက်သည် နယ်စည်းဖြတ်၊ မဖြတ်(ဂေါတြဘူ)ကို ဆုံးဖြတ်ရန် ချီတုံ ချတုံ ဖြစ်နေဟန်တူပါသည်။
ရှုမှတ်ပုံ မတူညီသည့်တိုင်
ကျနော်
ကမ်းကြည့်ငှက်တစ်ကောင်ဖြစ်ကြောင်းကတော့ သေချာပါသည်။

ဇင်ဝေသော်

ဦးဦး (မရဲတရဲ) ထွဋ်


 
အခု ဒါတွေကို သတင်းအဖြစ် ထုတ်ပြန်နေသူကတော့ တစ်ဦးတည်းသော ဦးဦး (မရဲတရဲ) ထွဋ်ဖြစ်ပါတယ် ခင်ဗျား။
 
လက်ပံတန်းဖြစ်စဉ်မှာ
ရဲတပ်ဖွဲ့ ၀င် ၁၆ ဦး ဒဏ်ရာရရှိပြီး ဆန္ဒပြသူ ကျား ၆ ဦး၊ မ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ထိန်းသိမ်းထားသူများမှာ ကျောင်းသား ၅၂ ဦး၊ ကျောင်းသူ ၁၃ ဦး၊ အရပ်သား ၆၂ ဦး စုစုပေါင်း ၁၂၇ ဦး ရှိကြောင်း ကနဦး သတင်းများအရသိရှိရပါတယ်။
သတင်းများဆက်လက်ထုတ်ပြန်ပေးပ့ါမယ်။
 

ပြသနာအားလုံးဟာ သံချောင်း


မနေ့ကပဲ ကျော်ဝင်းဆောင်းပါးဖတ်လိုက်ရတယ်။
တစ်သက်လုံးမွေးလာတဲ့ကြက် တစ်ရက်ထဲ ရိုက်ချက်တယ်ဆိုလား။
သူ့ထက်ပိုထိတဲ့စကားကတော့ အေဗရာဟင် မတ်စလိုရဲ့စကားပါ။
"သင့်မှာ တူတစ်ချောင်းပဲ လက်နက်ရှိတယ်ဆိုရင် ပြသနာအားလုံးကို သံချောင်းတစ်ချောင်းလိုထင်ပြီး ထုရိုက်ပစ်ဖို့ပဲ စဉ်းစားတတ်တယ်" တဲ့။

နားဝင်မချိုတဲ့ အမှန်တရားကို .... နားဝင်မချိုတဲ့ လက်ခုပ်သံနှင့် ခံစားကြည့်ခြင်း (Kyaw Nyein Thant)


ကမ်းလက် shared Kyaw Nyein Thant's post.
 Kyaw Nyein Thant

,,,နားဝင်မချိုတဲ့ အမှန်တရားကို ....
နားဝင်မချိုတဲ့ လက်ခုပ်သံနှင့် ခံစားကြည့်ခြင်း,,,,,,,

မလိုက်နာနိုင်ဘူး
ဓာတ်ငွေ့ယိုစိမ့်မှုနဲ့ အိုဇုန်းလွာပေါက်ပြဲမှု့ဆိုတာ
ငါတို့သုံးတဲ့ ပစ္စည်းတွေကထွက်တာမဟုတ်ဘူး
ကမ္ဘာသုံးပစ္စည်း အပြည်ပြည်ဆိုင်ရာသုံးပစ္စည်းတွေထုတ်လုပ်လို့ဖြစ်တာကွ
လူခြောက်သန်း တာဝန်ကို မင်းတို့ထည့်မတွက်တာ
ငါ့ကို သတ်တာနဲ့ အတူတူပဲ(လီကွမ်ယု)

ဒီမှာတော့ လူသန်းခြောက်ဆယ်အတွက် လူတစ်ရာလောက်က
ငါနဲ့မတူ ငါ့ရန်သူ လုပ်နေတုန်း
ဘာလင်တံတိုင်းနဲ့ စစ်အေးတိုက်ပွဲတောင်ပြိုကျပြီးလို့
အိုင်တီ,ဆိုတဲ့ ကလေးတစ်ယောက်တောင် လူလားမြောက်နေပြီ
ငါနဲ့မတူ ငါ့ရန်သူ တိုက်ပွဲကတော့
ဒီမှာ နှစ် ၆၀ ယမ်းငွေ့တွေနဲ့ လူးလွင့်လို့
သမိုင်းကို တရားခံကြည့်,ကြည့်တော့ ရန်သူတွေကို မိတ်ဆွေမဖွဲ့နိုင်ခဲ့ ....
မိတ်ဆွေတွေသာ ရန်သူတွေဖြစ်ခဲ့ပေါ့ .....
သမိုင်းကို တရားခံကြည့်, ကြည်ြ့ပီး
လမ်းပေါ်ပြေးပြေးတက်လာတော့လဲ
အမှားထဲက အမှားဟောင်းတွေပဲ ထပ်မှား
လူသန်းခြောက်ဆယ်အတွက် လူတစ်ရာလောက်က မကြည့်ရက်လို့ဆိုတာ
ကျွန်တော် နားလည်ပါတယ် ..
လူတစ်ရာကြောင့် လူသန်းခြောက်ဆယ်ရဲ့ အနာဂတ်တွေ
နောက်ပြန်လှည့်ခံရမှာကိုတော့ ..ကျွန်တော်နားလည်တာ
ခင်ဗျားတို့မတရားဘူး ........(Kyaw Nyein Thant )

ဘာသာပြန် စာအုပ် အတွက် ဘကြီးဘုန်းဘုန်းကျေးဇူး အများကြီးတင်ပါသည်။
(လွတ်လပ်စွာ,ကွဲလွဲခံစားနိုင့်ဖို့ ,,သင်္ဂဇာဆရာတော်ကြီး မိန့်ကြားတဲ့
ငရဲ မကြီးအောင် အဆဲပြီးဆေး ဆောင်ထား ,,ပါသည်။)
 

လူ့ယဉ်ကျေးမှု ပဋိပက္ခ၊ ဒု တွဲ။ အခန်းကြီး လေး၊ အခန်းငယ် ရှစ်


ကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားကြတဲ့ စာဖတ်သူတွေအတွက်ပါ။

အခန်း (၈) မိတ်ဆက်

အနောက်တိုင်း တစ်ကမ္ဘာလုံးဆိုင်ရာ အယူအဆ

ဒီမှာ အဓိကပြသနာ အဖြစ် “အနောက်တိုင်းက သူတို့ ယဉ်ကျေးမှုတန်ဖိုးတွေ ကို မိတ်ဆက်ပေးနေတာ ဖြစ်ပြီး ကမ္ဘာ့အမြင်မှာတော့ ဒါဟာ ယဉ်ကျေးမှု နယ် ချဲ့ခြင်း ဖြစ်နေတယ်” ဆိုတဲ့အချက်ကို ဟန်တင်တန်က ထောက်ပြခဲ့ပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ အယူဝါဒကို အကောင်အထည်ဖော်ရာမှာလည်း အမြီး အမောက် မထည့်မှုတွေက ရှိနေနိုင်ပြန်တယ်။ အီရန်နဲ့ အီရက်တို့ကို စစ်လက် နက် ထိန်းချုပ်ရေး အကြောင်းတွေ ပြောနေပေမဲ့ အစ္စရေးနဲ့ ပတ်သက်လို့ ကျတော့ အနောက် (အမေရိကန်) က ရေငုံနှုတ်ပိတ် ဖြစ်နေပြန်ရော။ ရေ နံပေါတဲ့ ကူဝိတ်ကို စစ်ရေးအရ အကူအညီတွေ ပေးပေမဲ့ ဘာ သယံဇာတမှ မရှိတဲ့ ဘော့ဇနီးယား ကိစ္စကို ကျပြန်တော့ မမြင်ချင်ယောင် ဆောင်ထား ရပြန်ရော။ ဒါမျိုးတွေက ရှောင်လွှဲလို့ မရတဲ့ အချက်တွေလို့ ဟန်တင်တန်က မှတ်ချက်ပေးထားပြန်ပါတယ်။

ဒီအခန်းမှာ အနောက်နဲ့ ကမ္ဘာရဲ့ ဆက်ဆံရေး သုံးမျိုးကို ခွဲခြားပြထားပါတယ်။
၁။ အနောက်နဲ့ စိန်ခေါ်လာသူ တရုတ်၊ အစ္စလာမ်တို့ကြားက ဆက်ဆံရေး၊ (လုံးဝ မချောမွေ့နိုင်လောက်)
၂။ အနောက်နဲ့ လက်တင်အမေရိက၊ အာဖရိကဆက်ဆံရေး (သိပ်ပြီး မတင်း မာလောက်)
၃။ အနောက်နဲ့ လေယူရာယိမ်း စီဗီလိုက်ဇေးရှင်း ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ရုရှား၊ ဂျပန်၊ အိန္ဒိယတို့ကြားက ဆက်ဆံရေး (ကောင်းလိုက်၊ မကောင်းလိုက်။ အထက်နှစ်ခုကြားမှာ ရှိနေမယ်)

အနောက်တိုင်း တစ်ကမ္ဘာလုံးဆိုင်ရာ အယူအဆနဲ့ ပတ်သက်ပြီး အဓိက ပြသနာတက်နေတဲ့အကြောင်းရင်း သုံးရပ်....

၁။ စစ်လက်နက်များ ပြန့်ပွားခြင်း

တရုတ်၊ ဂျပန်စတဲ့ အရှေ့အာရှနိုင်ငံတွေဟာ စီးပွားရေးအင်အား တောင့်တင်း လာတာနဲ့အမျှ စစ်အင်အားတွေလည်း တိုးမြှင့်လာကြတယ်။ အစ္စလာမ် ကမ္ဘာ ကလည်း သူတို့နောက် လိုက်လာမယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အောင်မြင်သွားရင် ရုရှားပါ ပါဝင်လာလိမ့်မယ်။

သမားရိုးကျ စစ်အင်အားချင်း မယှည်ပြိုင်နိုင်တဲ့အခါ အနုမြူလက်နက်ရအောင် ကြိုးစားဖန်တီးလာတတ်ကြတယ်။ ဒါကြောင့် အနောက်တိုင်း သမားရိုးကျ စစ်အင်အားကို စိန်ခေါ်နိုင်ဖို့ တရုတ်နဲ့ အစ္စလာမ်မစ် နိုင်ငံတွေက အနုမြူ လက် နက် ပိုင်ဆိုင်အောင် ပူးပေါင်းလုပ်ဆောင်နေကြတယ်။
စစ်အေးကာ စစ်လက်နက်ပြိုင်ဆိုင်မှု (အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စု) နဲ့ ဒီနေ့ စစ်လက်နက် ပြိုင်ဆိုင်မှုက ပုံစံကွဲနေတယ်။ စစ်အေးကာလမှာ သူသာ ကိုယ်သာ ပြိုင်ဆိုင်မှု ဖြစ်ပြီး ဒီနေ့ပြိုင်ဆိုင်မှုက ပိုင်ဆိုင်ဖို့ ကြိုးစားသူနဲ့ သူတို့ ကြိုးစားမှု အထမမြောက်အောင် ဟန့်တားသူရယ်လို့ ဖြစ်နေပါတယ်။

စစ်လက်နက် ထိန်းချုပ်မှုနဲ့ ပတ်သက်လို့ အနောက်က “ကမ္ဘာ့လုံခြုံရေးအတွက်”
လို့ ပြောနေချိန် အခြား စီဗီလိုက်ဇေးရှင်းတွေကလည်း
“အနောက်က သူပဲ ဆက်ပြီး ဗိုလ်ကျနေချင်လို့” လို့ သဘောပေါက်ထားကြ တယ်။
ဥပမာ မြောက်ကိုရီးယား အနုမြူ ပိုင်ဆိုင်သွားမှာကို တောင်ကိုရီးယားက စိတ်မပူဘူး။ အဝေးကြီးက အမေရိကန်တွေက စိုးရိမ်စိတ်ပူနေတယ်။ ဒါ့ကြောင့် စစ်လက်နက် ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး အနောက်နဲ့ အခြား စီဗီလိုက်ဇေးရှင်းတွေကြားမှာ ပြဿနာ ရှိနေတယ်။

၂။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ

၁၉၇၀ - ၁၉၈၀ - ခုနှစ်တွေအတွင်းမှာ နိုင်ငံပေါင်း (၃၀) ကျော် ဒီမိုကရေစီ ကို ပြောင်းလဲကျင့်သုံးခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေဟာ ခရစ်ယန်ဘာသာ လွှမ်းမိုးတဲ့ နိုင်ငံတွေသာ ဖြစ်နေတယ်လို့ သူက ထောက်ပြပါတယ်။ တစ်ချိန်ထဲ မှာပဲ ခရစ်ယန် မဟုတ်တဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီက ရေရှည်တည်တန့် နိုင်ပါ့ မလား ဆိုတဲ့ မေးခွန်းလည်း ချန်ထားခဲ့ပါတယ်။ ဒီကောက်ချက်ကို ဆွဲဖို့ဆိုရင် အိန္ဒိယနဲ့ ဂျပန်ကိုတော့ ချွင်းချက်အနေနဲ့ ထားမှ ရမယ့်သဘောပါ။

နိုင်ငံအများစုက အဲသလို ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာမှုကြောင့် တစ်ကမ္ဘာလုံး ဒီမိုကရေစီစနစ် ထွန်းကားတော့မယ်ဆိုတဲ့ ယုံကြည်မှုမျိုး အမေ ရိကန် ခေါင်းဆောင်တွေဆီ ရောက်သွားခဲ့တယ်။ ယုံကြည်ထားသလို ဒီမိုကရေစီ ထွန်းကားရေး အစီအမံတွေ ချမှတ်ပြီး စည်းရုံးဆွဲဆောင်မှုတွေ လည်း လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ ကျရှုံးခဲ့ပါတယ်။
စီးပွားရေး တိုးတက်လာမှုနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး တိုးတက်လာမှုက ထပ်တူကျမနေဘူး။ ဒါ့ကြောင့် ဗီယင်နာ အစည်းအဝေးမှာ အနောက်ဟာ လုံးဝ ရှုံးနိမ့်သွားခဲ့ရတယ်။

ဒီမှာ စိတ်ဝင်စားစရာ ကောင်းတာက “ဒီမိုကရေစီ ဝိရောဓိ” ဆိုတဲ့ သီအိုရီပါ။
၁။ ရင်းနှီးကျွမ်းဝင်တဲ့ အာဏာရှင်
၂။ မရင်းနှီး၊ အကျွမ်းတဝင် မရှိတဲ့ ဒီမိုကရေစီ ဆိုပြီး နှစ်မျိုး ကွဲသွားပါတယ်။
ဆိုလိုတာက ဒီမိုကရေစီ စနစ်ကို အောင်အောင်မြင်မြင် ကျင့်သုံးသွားနိုင် တဲ့ နိုင်ငံဟာ အနောက်နဲ့ ပိုနီးလာနိုင်တယ်လို့ အနောက်က ယုံကြည်ထားပေ မဲ့ တကယ်တမ်းမှာ အဲသလို ဖြစ်မလာဘဲ အဲဒီနိုင်ငံတွေမှာ အမျိုးသားရေး ဝါဒတွေ ပိုအားကောင်းလာပြီး အနောက်နဲ့ ပိုပို ဝေးသွားတတ်ပါတယ်။
ဒါကို "ဒီမိုကရေ ဝိရောဓိ" လို့ ခေါ်ပါတယ်။

၃။ လူဝင်မှု ကြီးကြပ်ရေး

၁၈၂၁ နဲ့ ၁၉၂၄ - ခုနှစ်တွေကြားမှာ အနောက်တိုင်းသားတွေ ကမ္ဘာထဲ ပြန့် ဝင်သွားတာ (၅၅) သန်းတောင် ရှိခဲ့ပါတယ်။ ဒါပေမဲ့ (၂၁) ရာစု ရောက်တော့ အခြားလူမျိုးတွေက အနောက်တိုင်းနိုင်ငံတွေထဲ ပြန်ဝင်လာတယ်။ ဥရောပမှာဆိုရင် ဝင်ရောက်လာသူတွေရဲ့ သုံးပုံနှစ်ပုံက မွတ်စလင် ဖြစ်နေ တယ်။ ဒါ့ကြောင့် ဥရောပနိုင်ငံတွေမှာတောင် မွတ်စလင် လူဦးရေကို ကြောက် ရွံ့လာပြီး အမျိုးသားရေးဝါဒတွေလည်း အားကောင်းလာခဲ့တယ်။ ၁၉၉၀ - ခုနှစ်တွေရောက်တော့ ဥရောပနိုင်ငံတိုင်းဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ် သက်လို့ အပြိုင်အဆိုင် ကန့်သတ်လာခဲ့ကြတယ်။

ဒီစိုးရိမ်စိတ်နဲ့ ပတ်သက်လို့ အမေရိကန်တွေက ဥရောပထက် နောက်ကျ တယ်။ အမေရိကထဲက အများဆုံး ဝင်ရောက်လာသူတွေက မက္ကစီကန်ေ တွ ဖြစ်နေပြီး သူတို့က ယဉ်ကျေးမှု၊ ကိုးကွယ်မှုအားဖြင့် အမေရိကန်တွေနဲ့ ဆင်နေတယ်။ နောက်ပြီး သူတို့ရောက်လာခြင်းက အမေရိကန် စီးပွားရေးကို လည်း အထောက်အကူ ဖြစ်စေတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပြဿနာတက်စရာ အကြောင်းတွေ ရှိလာပြန်တယ်။ ဒါတွေကတော့ ယဉ်ကျေးမှု့က ဆင်ပေမဲ့ ထပ်တူမကျတော့ အုတ်ရောရော၊ ကျောက်ရောရော ဖြစ်လာခြင်း၊ ရာဇဝတ်မှု ထူပြောလာခြင်း၊ လိုက်(ဖ်)စတိုင်တွေ ကွဲပြားလာခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီနောက်တော့ အမေရိကန်တွေကလည်း မက္ကစီကန်တွေကို မကြည်ဖြူနိုင်တော့ပါဘူး။

ဥရောပတိုက်သားတွေက အသစ်ဝင်ရောက်လာတဲ့ လူမျိုးတွေနဲ့ ရောရောနှောနှော မနေတတ်ဘူး၊ အစိုးရတွေကလည်း ဒီကိစ္စကို အထူးအရေးပေးပြီး မလုပ်ဆောင်ကြဘူး။ ဒီတော့ ဥရောပကို မွတ်စလင်တွေ က လူမျိုးရေး ပူပန်မှုတွေကို ပေးပြီး အမေရိကန်တွေကတော့ မက္ကစီကန်တွေေ ကြာင့် စိတ်သောက ရောက်နေကြရတယ်။

အဲ့သလို သိုင်းသိုင်းဝိုင်းဝိုင်း ဆွေးနွေးပြီး အမေရိကန်နဲ့ ကမ္ဘာရဲ့ ဆက်ဆံရေး သုံးမျိုးကို ဟားဘတ်ပါမောက္ခက ခပ်တင်းတင်း တင်ပြဆွေးနွေးထားပါတယ်။
ကျနော့်ရဲ့ အမှာဟာ သူ့အာဘော်ကို လုံးဝ မခြုံငုံမိနိုင်ပါဘူး။

ဇင်ဝေသော်