မန်ယူပရိသတ်၊ ဦးသိန်းစိန်ပရိသတ်ပဲ ခေါင်းမဖော်ရဲတာမှတ်နေမိတာ။ ဘယ်ဟုတ်လို့လဲ။ ဟိုလူကြီး မြေးလေးက ချယ်လ်ဆီး ပရိသတ်ဆိုတော့ ကိုဝန်းသိုတို့အုပ်စုလည်း သဲတရှပ်ရှပ်တွေ ဖြစ်ကုန်ပြီ။ ဟဲဟဲ။
Home » All posts
မြေးလေးက ချယ်လ်ဆီး ပရိသတ်ဆိုတော့
in
ဇင်ဝေသော်,
ပေါ့ပေါ့ပါးပါး,
ဘောလုံး
- on 3/12/2015
- No comments
မန်ယူပရိသတ်၊ ဦးသိန်းစိန်ပရိသတ်ပဲ ခေါင်းမဖော်ရဲတာမှတ်နေမိတာ။ ဘယ်ဟုတ်လို့လဲ။ ဟိုလူကြီး မြေးလေးက ချယ်လ်ဆီး ပရိသတ်ဆိုတော့ ကိုဝန်းသိုတို့အုပ်စုလည်း သဲတရှပ်ရှပ်တွေ ဖြစ်ကုန်ပြီ။ ဟဲဟဲ။
သူတို့ မုသား
in
ကဗျာ,
ဇင်ဝေသော်
- on 3/12/2015
- No comments
If any teach Nibbana is to cease,
Say unto such they lie.
If any teach Nibbana is to live,
Say unto such they err.
(Sir Edwin Arnold. The light of Asia)
နိဗ္ဗာန်ကို ဥစ္ဆေဒလို့ဆို
ဒါဆို သူတို့ မုသား။
နိဗ္ဗာန်ကို သဿတလို့ဆို
ဒါဆို သူတို့ အမှား။
(ဆာ အက်ဒွင် အာနိုး။ အာရှတိုက် အလင်းရောင်)
နေဝသညာ နာသညာ
in
3D ဘာသာရေး,
ဇင်ဝေသော်
- on 3/12/2015
- No comments
ပြီးခဲ့တဲ့အင်္ဂါနေ့က "နေဝသညာ နာသညာ" ကိစ္စကို တော်တော် ရှင်းယူခဲ့ရတယ်။
"Neither perception Nor Non-perception" ဆိုတော့ အတော်ရှုပ်သွားတာကိုး။ နှစ်တိုင်းလည်း ကြုံရတဲ့ကိစ္စပါ။
ဒါနဲ့ နားလည်ကြပြီလားလို့ မေးလိုက်တော့ ကျောင်းသားတစ်ယောက်က
"Neither understand nor non-understand" လို့ ဖြေတယ်။
တော်တော်ကောင်းတဲ့ အဖြေပဲ။
အိုင်းစတိုင်းနဲ့ ဧည့်သည်သုံးယောက်
in
ဇင်ဝေသော်,
နိုင်ငံရေး ဂျုတ်
- on 3/12/2015
- No comments
အိုင်းစတိုင်းနဲ့တွေ့ဖို့ လူသုံးယောက် ဧည့်ခန်းထဲမှာ ထိုင်စောင့်နေကြတယ်။ ခဏကြာတော့မှ အိုင်းစတိုင်းကြီးရောက်လာပြီး ပထမလူကို မေးတယ်။
"မင်း အိုင်ကျူအဆင့် ဘယ်လောက်ရှိသလဲ"
"၂၄၁ ရှိပါတယ်"
"ကောင်းတယ်၊ သိပ်ကောင်းတယ်။ ပြီးမှ စင်္ကြဝဠာဆိုင်ရာ သီအိုရီတွေ မင်းနဲ့ ဆွေးနွေးရမယ်"
ပြီးတော့ ဒုတိယလူကို ဆက်မေးတယ်။
"မင်း အိုင်ကျူအဆင့် ဘယ်လောက်ရှိသလဲ"
"၁၄၄ ရှိပါတယ်"
"ကောင်းပါတယ်၊ ပြီးမှ နိုင်ငံရေးနဲ့ လက်ရှိ ကမ္ဘာ့ပြဿနာတွေအကြောင်း မင်းနဲ့ ဆွေးနွေးရမယ်"
နောက်ဆုံးလူ အလှည့် ရောက်လာတယ်
"မင်း အိုင်ကျူအဆင့် ဘယ်လောက်ရှိသလဲ"
"၅၁ ရှိပါတယ်"
" ဟေ.... မင်းအဘ သန်းရွှေကြီး နေကောင်းသလား" တဲ့ အိုင်းစတိုင်းကြီးက။
(နည်းနည်းတော့ ပြင်ရေးလိုက်ရတာပေါ့)
1st posted on 04/07/2013
2nd posted 02/07/2014