Accusation, defaming and criticism.


 အင်္ဂလိပ်စာ လေ့လာနေတဲ့လူငယ်တွေအတွက် ဆိုတာထက် အစိုးရ မီဒီယာကိုယ်တိုင် ဒီစကားလုံးသုံးလုံးကို မကွဲဘူးဖြစ်နေတယ်။
စွပ်စွဲပုတ်ခတ်မှုလား၊ အသရေပျက်အောင်လုပ်မှုလား၊ ဝေဖန်မှုလား။
ဒီမိုကရေစီလို့ဆိုပေမဲ့ စွပ်စွဲပုတ်ခတ်မှု၊ အသရေဖျက်မှုကို မလုပ်အပ်ပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီအောက်မှာ လွတ်လပ်စွာဝေဖန်ခွင့် လုံးဝရှိပါတယ်။

စစ်အစိုးရ အ ဆက်ဆက်နဲ့ နီးစပ်ရာ အသိုင်းအဝိုင်းက ဒေါ်စုကို ရှုပ်အောင်ဝင်လုပ်တယ် ဆိုတာမျိုး ပြောကြရေးတတ်ကြတယ်။ တကယ်တော့ ဒါဟာ အတိုက်အခံဆိုတဲ့ ဝေါဟာရကို နားမလည်မှုပါပဲ။ အစိုးရကို ဝေဖန်မှု၊ ဝေဖန်ရဲတဲ့ သတ္တိရှိမှု၊ ဝေဖန်နိုင်မှုဆိုတာ အတိုက်အခံရဲ့ အရည်အချင်းပါပဲ။ အရည်အချင်းမရှိရင် တူတူတန်တန် အတိုက်အခံ မဖြစ်နိုင်ဘူး။ ဝေဖန်စရာ မရှိရင်လည်း အတိုက်အခံမလုပ်ဘဲ အစိုးရနဲ့ ပူးပေါင်းလိုက်ရုံပဲ ရှိပါတော့တယ်။

ဟုတ်ပြီ။ Accusation လုပ်တယ် defaming လုပ်တယ်ဆိုရင် အဲဒီလူရဲ့ မညီညွတ်တဲ့ စွပ်စွဲမှုတွေ၊ အသရေဖျက်မှုတွေကို ဖော်ပြပြီး တရားဝင် တရားစွဲလို့ ရပါတယ်။ ဒါပေမဲ့ ဝေဖန်မှုကိုတော့ ဘာမှလုပ်လို့ မရပါဘူး။ ဒီမိုကရက်က ရီပတ်ဘလင်ကန်ကို ဝေဖန်နိုင်တယ်၊ ရီပတ်ဘလင်ကန်က ဒီမိုကရက်ကို ဝေဖန်နိုင်တယ်။ ဒါပေမဲ့ မဟုတ်မဟတ်တွေနဲ့ ငါ့စကား နွာ့းရ စွပ်စွဲပုတ်ခတ်လို့တော့ မရပါဘူး။

နောက်ပြီး သရော်စာနဲ့ကာတွန်း။
ဒါတွေဟာ နိုင်ငံတကာမှာရှိတဲ့ ဝေဖန်ရေး အနုပညာပုံသဏ္ဍာန်တွေပါပဲ။ နိုင်ငံတကာကို ကြည့်ရင် လူမျိုးရေး၊ လိင်ခွဲခြားမှု စတာတွေနဲ့ပတ်သက်ပြီး သရော်ရင် (သို့) ကာတွန်းရေးရင် အက်သစ်ကယ် မဖြစ်ဘူးလို့ အခု သတ်မှတ်လာကြတယ်။ ကိုယ့်အစိုးရကို သရော်တာမျိုးကို အဲသလို မသတ်မှတ်ကြပါဘူး။ ဒီစံကိုလည်း အစိုးရ မီဒီယာက သိသင့်ပါတယ်။

ဒါဖြင့် ဘာကြောင့်အစိုးရချည်းကိုပဲ ဝေဖန်နေကြတာလဲ။
အရှင်းဆုံးအဖြေကတော့ နိုင်ငံရဲ့ လတ်တလော ကံကြမ္မာက အစိုးရလက်ထဲမှာ ရှိနေလို့ပါ။

ဒီစာက ဒေါ်စုကို ပရိုမုတ်လုပ်နေတာ မဟုတ်ပါဘူး။ ဒေါ်စုဆိုတာကလည်း ဇင်ဝေသော်လိုကောင် ပရိုမုတ်လုပ်ပေးရမယ့် အဆင့်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ အတိုက်အခံကောင်း တစ်ယောက်ဆိုတာကိုတော့ တလေးတနက် ယုံကြည်ပါတယ်။ သူ မရှိရင် ဒီထက် လက်လွတ်စပယ် အများကြီးဖြစ်နေနိုင်ပါတယ်။

ဟုတ်ပြီ။ နောက်ဆုံးမေးခွန်းက တကယ်လို့ ဒေါ်စုကိုယ်တိုင် အစိုးရဖြစ်သွားပြီ။ ဒါဆို အခု ဝေဖန်ရေးသမားတွေက သူ့ကိုလည်း ဝေဖန်ကြမှာပဲလား။ အတိအကျပါပဲ။ ဝေဖန်နေကြမှာပါ။
ဝေဖန်မှုဆိုတာ အမုန်းတရားကို မြစ်ဖျားခံတာမဟုတ်ပါဘူး။ ကိုယ် ယုံကြည်ထားတဲ့ အမှန်တရားကို မြစ်ဖျားခံတာပါ။

ဒေါ်စု ဒီထက်မက ရှုပ်နိုင်ပါစေ(အစိုးရအသိုင်းအဝိုင်း အမြင်)
ဒေါ်စု ဒီထက် ဝေဖန်နိုင်ပါစေ(ဘေးလူ အမြင်)
နောက်ပြီး အတိုက်အခံရဲ့ တာဝန်ကို ဒီမိုကရေစီကျကျ နားလည်နိုင်ကြပါစေ။
ဒီမိုကရေစီက နုနု။ စိန်ခေါ်မှုတွေက ကြမ်းကြမ်း။
အစိုးရကောင်းလည်း လိုတယ်။ အတိုက်အခံကောင်းလည်း လိုတယ်။

ဇင်ဝေသော်

ဒေါ်အေးနှင့် မြေးမလေးအကြောင်း (Mudita Shwe Kyaung)


ကမ်းလက် shared Mudita Shwe Kyaung's post.
ဒေါ်အေးနှင့် မြေးမလေးအကြောင်း
ငထွေးက အိမ်မှာ အငယ်ဆုံးသား။ သားသမီးငါးယောက်ရှိရာမှာ အကြီးတွေက မိန်းကလေး တွေချည်းဆိုတော့ ဦးလှနဲ့ ဒေါ်အေးက သားအလွန်လိုချင်နေကြတာ။ အဲဒီအချိန်မှာ ရှားရှား ပါးပါး သားလေးတစ်ယောက်မွေးလာတော့ ဦးလှနဲ့ဒေါ်အေးတို့မှာ ပျော်လွန်းလို့။ ဘုရားပေး တဲ့သားလေးပေါ့။ သူတို့သားလေးမှ သားလေး။ ကျန်တဲ့သမီးကြီးတွေကို သမီးလို့ တောင် မထင်လောက်တဲ့အထိ။
သားလေးလိုအပ်သမျှ အကုန်ဖြည့်ဆည်းပေးကြတာ။ သူတို့သားနဲ့ သမီးတွေတစ်ခုခုဖြစ်ရင် ဘယ်သမီးနဲ့ပဲဖြစ်ဖြစ်။ သမီးတွေရဲ့အမှား။ သူ့တို့သားက ဘယ်တော့မှ မမှား။
လိုအပ်တာထက် အလိုလိုက်လွန်းတော့ ငယ်စဉ်မှာ ငထွေးက နွဲ့ဆိုး။ အိမ်ကလူတွေနဲ့ဆို နွဲ့ဆိုးမို့တော်သေးရဲ့။ ပတ်ဝန်းကျင်ကသူတွေနဲ့ ဆက်ဆံရာမှာလည်း အဆင်မပြေတော့ တစ်ရပ်ကွက်လုံးနဲ့ သူနဲ့က မတည့်။ ဒီတော့လည်း မတည့်တော့ ပိုဆိုး။ မတည့်ဆိုး။ ဘယ်သူနဲ့မှာ မတည့်တော့ ပိုအရွဲ့တိုက်။ ဒီတော့လည်း သူကရွဲ့ဆိုး။
သူနဲ့တည့်တာဆိုလို့ သူပေးကမ်းကျွေးမွေးထားတဲ့ ရပ်ကွက်ထဲက လူရမ်းကား အရက်သမား တစ်စုလောက်သာရှိတာ။ ဒီလူဆိုးတွေကလည်း ပေးကမ်းထားလို့သာ သူနဲ့ကပေါင်းနေရတာ။ သူ့ရဲ့ ညစ်ကျယ်ကျယ် ဗိုလ်ကျတတ်တဲ့အကျင့်ကိုတော့ ကြိုက်ကြတာ မဟုတ်ပါဘူး။
သူကလည်း သူ့အပေါင်းသင်းများကြားမှာ သူကသာပေးကမ်းရတာချည်းဆိုတော့ သူ့အပေါင်းအသင်းတွေကို ကြိုက်လှတာတော့လည်း မဟုတ်ဘူး။ ဒါပေမယ့် သူတို့နဲ့မှ မပေါင်းသင်းရင်လည်း သူ့ကိုပေါင်းသင်းမည့်သူက မရှိဘူး။ ဒီတော့ မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ။ သင့်သလို နေနေရတာပေါ့။
ဒီတော့ သူ့မိတ်ဆွေလူရမ်းကားတွေကို ပေးနိုင်ကျွေးနိုင်အောင် သူ့မိဘများဆီကနေ အမြဲတမ်း တောင်းနေရတယ်။ မိဘတွေခမျာလည်း အစက အထိုက်အလျောက် စီးပွားရေး အဆင်ပြေပေ မယ့် သူမွေးပြီးချိန်ကစလို့ မိုးလေဝသကလည်း မကောင်း၊ သူအတွက်လည်း သူမငြိုငြင်အောင် သုံးစွဲရ၊ သူဖြုန်းသမျှကိုလည်း ဖြည့်ဆည်းပေးရဆိုတော့ စီးပွားရေးက တဖြည်းဖြည်းနဲ့ ကျဆင်း လာပါတယ်။ ဟန်မပျက်နေရပေမယ့် အိမ်စီးပွားရေးက တကယ့်ကိုမှ အဆန်မရှိတဲ့ အခွံသာ သာမျှသာပါ။ ဒီတော့လည်း တောင်းသမျှ အကုန်မပေးနိုင်။
ငထွေးက တောင်းမရတော့လည်း ခိုးတယ်၊ ကဲ့တယ်။ ဒီတော့လေး သူက ကဲ့ဆိုးဖြစ်လာပြန် တာပေါ့။
လူကသာ တစ်သက်လုံး ဘာအလုပ်မှ လက်ကြောတင်းအောင် မလုပ်ခဲ့တာ။ အရွယ်ရောက် လာတော့ အိမ်ထောင်က ပြုချင်လာပြန်ရော။ ရွာမှာ သူ့ကို ကြိုက်ဝန့်သူကလည်း တစ်ယောက် မှ မရှိတော့ သူ့အကြောင်းကို မသိတဲ့ တနယ်ဝေးက မိန်းကလေးတစ်ယောက်ကို မိဘများက ရှာဖွေပြီး ပေးစားခဲ့လို့ သူ့ဆန္ဒတော့ ပြည့်သွားပါတယ်။
အိမ်ထောင်ကျပြီး တစ်နှစ်ကျော်ကျော်လောက်နေတော့ သူ့မှာ သမီးလေးတစ်ယောက်ရလာ တယ်။ မိဘတွေအပေါ်မှာသာ ငထွေးက တာဝန်မကျေတာ မဟုတ်ဖူး။ မယားအပေါ်မှာ သူ့သမီးလေးအပေါ်မှာလည်း ဖခင်တစ်ယောက်ရဲ့တာဝန်ကို ဘာမှမယူခဲ့ပါဘူး။ ဦးလှဒေါ်အေးနဲ့ အမဖြစ်သူများကသာ သူ့မယားနဲ့သမီးကို ဝိုင်းဝန်းစောင့်ရှောက်ကြရတာပါ။
အရွယ်သာ ကြီးလာတယ်။ သူ့အမူအကျင့်က ဘာမှ ပြောင်းလဲမလာခဲ့ပါဘူး။ သူ့မှာ ပြောင်းလဲ တာဆိုလို့ နွဲ့ဆိုး၊ မတည့်ဆိုး၊ ရွဲ့ဆိုး၊ ကဲ့ဆိုးကနေ တစ်ရပ်ကွက်လုံးရဲ့ မဲ့တာကိုခံရတဲ့ မဲ့ဆိုးဆိုတဲ့ အဆိုးနာမည်များသာ ပြောင်းလဲပါတယ်။
တစ်ရပ်ကွက်လုံးက ဘယ်လောက်ပဲ ကဲ့ရဲ့ကဲ့ရဲ့၊ မဲ့မဲ့။ ဒေါ်အေးကတော့ သူ့သားမှ သူ့သား။ သူ့သားတောင်းဆိုသမျှကို တတ်နိုင်သမျှတော့ ဖြည့်ဆည်းပေးနေမြဲပါပဲ။
သူ့သားငထွေးကလည်း သူ့ဟာသူအခြားအချိန်တွေမှာ ဘယ်လောက်ပဲဆိုးဆိုး။ သူ့အမေ ဒေါ်အေးဆီက တစ်ခုခုတောင်းတော့မယ်ဆိုရင်ဖြင့် “မေမေ မေမေ” နဲ့ တမေထဲမေပြီး မျက်နှာကလည်း အလွန်ချိုပါတယ်။
ဒေါ်အေးကလည်း “သူ့သား နှုတ်ကအလွန်ချိုနေပြီဆိုရင် တစ်ခုခု လိုချင်လို့ရင်လည်းဖြစ်မယ်၊ ဒါမှမဟုတ် ရွာထဲမှာ တစ်ခုခု မဟုတ်တာလုပ်ခဲ့လို့ရင်လည်း ဖြစ်မယ်”ဆိုတာ သိနေပါပြီတဲ့။
သူလုပ်ခဲ့တဲ့ ပြဿနာသောင်းခြောက်ထောင်ကို နောက်ကလိုက်ရှင်းခဲ့ရတာ များပြီဆို တော့ လည်း အမေလုပ်တဲ့ ဒေါ်အေးက သိနေပြီပေါ့လေ။
တစ်နေ့မှာတော့ ဒေါ်အေးနဲ့ သူ့မြေး(ငထွေးရဲ့သမီး) တီဗွီကြည့်နေကြပါတယ်။ အဲဒီအချိန်မှာ တီဗီကနေ တစ်ယောက်က “မိဘပြည်သူများခင်ဗျား၊ မိဘပြည်သူများခင်ဗျား”လို့ ခဏခဏ ခေါ်ပါသတဲ့။ အဲဒီတော့ မြေးဖြစ်သူက သူ့အဖွားကို “မေမေကြီး မေမေကြီး ဟိုလူကြီးက မိဘပြည်သူများခင်ဗျား၊ မိဘပြည်သူများခင်ဗျာလို့ ခဏခဏခေါ်တယ်။ အဲဒါ ဘာဖြစ်လို့လဲ” လို့ မေးသတဲ့။
အဲဒီတော့ ဒေါ်အေးက သူ့မြေးမလေးကို “အော် မြေးရယ်။ ညည်းအဖေက အဖွားကို ခေါ်နေသလိုမျိုးပဲ နေမှာပေါ့”လို့ ပြန်ဖြေသတဲ့။ ။
 

အစိုးရက စကားစစ်ထိုးဖို့ထက် (တကယ့်) ဥပဒေဘောင်ထဲက အလုပ်ဖို့ တာဝန် ပိုရှိပါတယ်


အစိုးရက စကားစစ်ထိုးဖို့ထက် (တကယ့်) ဥပဒေဘောင်ထဲက အလုပ်ဖို့ တာဝန် ပိုရှိပါတယ်။
အတိုက်အခံက အစိုးရကို ဝေဖန်ဖို့၊ ဖြစ်နိုင်ရင် တည့်မတ်ပေးဖို့ တာဝန်ရှိ ပါတယ်။

"ဝေဖန်ရေးဆရာတွေနဲ့ ပြည်သူတွေက ဝေဖန်၊ ပျက်လုံးထုတ်ရာမှာ အစိုးရကို တိုက်ရိုက်ဦးတည်တာများပါတယ်။ သဘောမတူလို့ ဖြစ်နိုင်သလို အာဏာရှိ သူတွေ ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။
အပျယ်ရယ် အပြုခံရဆုံးက အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျ ဘုရှ်လို့ ဆိုကြ ပါတယ်။
နောက်ပြီး ပျက်လုံးအများဆုံးနဲ့ လူအရယ်ဆုံးကလည်း နိုင်ငံရေး ဂျုတ်တွေ ဖြစ်နေတတ်ပါသတဲ့။"

("............" က နှစ်ပတ်လည် ရီးဒါ ဒိုင်ဂျက်ထဲကပါ။ စာအုပ် ရှာမရတော့လို့)

အကျိုးနဲ့အကြမ်း


Justice without power is crippled.
Power without justic is violent.

ပါဝါ မရှိတဲ့ တရားမျှတမှုက အကျိုး
တရားမျှတမှု မရှိတဲ့ ပါဝါက အကြမ်းဖက်မှု။

(ကိုရီးယားဇာတ်ကားထဲက ဒိုင်ယာလော့လေးပါ )

ဟဲ ဟဲ လူရွှင်တော်တွေ ပျက်သလို ဘုရားဆီက အကြွေးရရန် အစိတ်


အေးမြင့်လှိုင် ဝေါပေါ်ကပုံ။ ရှယ်မရလို့ ကော်ပီ ပေ့စ်။