ဘောပင်အဖုံး


စာအုပ်ကို အဖုံးဖုံးပြီးကိုင်တတ်ခြင်း၊ စရေးပြီဆိုသည်နှင့် ဘောပင်အဖုံးကို လွှင့်ပစ်တတ်ခြင်းသည် တမူထူခြားသည့် ကျွန်ုပ်၏ ကာရိုက်တာတစ်ခုဖြစ်မည် ထင်ပါသည်။
စာအုပ်ကို အဖုံးဖုံးပြီးကိုင်ခြင်းကတော့ ခိုင်မာသောအကြောင်းပြချက် ရှိသည်။ စာသင်ခန်းနဲ့ လုံးဝမဆိုင်သောစာအုပ်များကို အမြဲဖတ်နေတတ်သဖြင့် ဘဝ ရှင်သန်ရေးအတွက် စာအုပ်ကိုဖုံးထားမှရမည်။
သာသနာ့တက္ကသိုလ် သက်တန်း (ဆယ်တန်းပြဌာန်းချက်စာအုပ်များ လက်ထဲ ရှိနေတတ်)၊ မဟာသန္တိသုခသက်တန်း (Family Album USA) တစ်လျှောက် လုံး စာအုပ်အဖုံးဖုံးခဲ့ရသဖြင့် စင်္ကာပူရောက်ရင်တော့ လွတ်ပြီဟု ထင်ခဲ့သော် လည်း မလွတ်မြောက်ခဲ့ပါ။
ဘုန်းကြီးတစ်ပါးဖြစ်နေပြီး ဘာသာရေးစာအုပ်တွေကို စိတ်မဝင်းစားဘဲ ဟန် တင်တန်တွေ၊ ကစ်ဆင်းဂျားတွေကို စိတ်ဝင်စားနေသဖြင့် နှလုံးမသွင်းတတ် သူများ အကုသိုလ်မဖြစ်စေရန် ဖုံးနေရပြန်သည်။
အထူးသဖြင့် မစ္စတာချိုင်းနားလို စာအုပ်မျိုးကိုတော့ ဖုံးမှကို ရပေလိမ့်မည်။
ဘောပင်အဖုံးလွှင့်ပစ်ပြီး စာရေးခြင်းကတော့ ကြာကြာရေးလျှင် အဖုံးက လေး လာသောကြောင့်သာဖြစ်ပါသည်။ အကြောင်းထွေထူး မရှိပါ။

လှေစီး ဒုက္ခသည်များ


ဒေါ်စုကလည်း နိုဘယ်ဆုကိုင်ထားတော့ ဒီလောက်ပဲ ပြောလို့ရမှာပဲ။
ဒါပေမဲ့ ဟန်တင်တန်က ဒီထက်အများကြီး ပိုပြတ်သားတယ်။
မွတ်စလင်လူဦးရေကြောင့် ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု အစပိုင်းမှာ ဒါတွေဖြစ်မယ်လို့ ကြိုတင်နိမိတ်ဖတ်ပြီးသား။

ထိုအရွယ်သည် သင့်ဦးနှောက်ကို အစွမ်းကုန်သုံးစွဲရတောမည့် အရွယ်


အဖန်အခါးအရသာများကို ပို၍ ပို၍ ခံတွင်းတွေ့လာပြီဆိုလျင်..
သင်စားတတ်သောဟင်းလျာများကို အခြားသူများက မကြိုက်သလိုလို ဟန်ဆောင်ပြီး ပို၍ ပို၍ လက်ရှောင်လာပြီဆိုလျှင်....
သင့် အပြုအမူနှင့်အပြောအဆိုကို အထူးဂရုစိုက်သင့်ပါပြီ။
ထိုအရွယ်သည် သင့်ဦးနှောက်ကို အစွမ်းကုန်သုံးစွဲရတောမည့် အရွယ်ဖြစ်သည်။
နာမက္ခန္ဓာ ဖွင့်ဖြိုးစ၊ ရူပက္ခန္ဓာ ရင့်ရော်စ။

ကမ္ဘာမှာ အတော်ဆုံးအရောင်းစာရေး


ကမ္ဘာမှာ အတော်ဆုံးအရောင်းစာရေးလို့ တင်စားရမလို၊ သူက အက်စကီမိုး လူမျိုးတစ်ယောက်ကိုတောင် ရေခဲသေတ္တာဝယ်ဖြစ်အောင် စည်းရုံးလိုက်နိုင်ခဲ့တယ်။
ရက်အနည်းငယ်ကြာတော့ ကာစတန်မာရဲ့ အခြေအနေကိုသိချင်တာနဲ့
"ဘယ်လိုလဲ၊ ရေခဲသေတ္တာက အဆင်ပြေရဲ့လား" မေးတော့ အက်စကီမိုးက
"အားလုံး အဆင်ပြေပါတယ်၊ ဒါပေမဲ့ ရေခဲထည့်တဲ့ အိုက်ဘောက်စ်လေးတွေနဲ့ ကွက်တိကျအောင် ရေခဲတုံးကြီးတွေကနေ ခွဲခွဲထည့်ရတဲ့အလုပ်ကိုတော့ သိပ်မကျွမ်းကျင်သေးဘူး" တဲ့။
(RD, Oct, 1969)

ရှေ့မှီ၊ နောက်မှီ၊ အလယ်မှီ ဆရာဓမ္မဂင်္ဂါကို လက်ထောက်ချလိုက်သည်။


နယူးဇီလန်က Buddhism and politics (အောက်စဖို့ဒ် ထုတ်) သဘောတရားတွေရေး တဲ့ ပရော်ဖက်ဆာကြီး တစ်ယောက်က မြန်မာပြည်ရောက်တုန်း မေးချင်ဆွေးနွေးချင် တာလေးတွေ ရှိလို့ တစ်ယောက်ယောက်ကိုများ လက်ထောက်ချပေးနိုင်မလား ဆို့လို့ ရှေ့မှီ၊ နောက်မှီ၊ အလယ်မှီ ဆရာဓမ္မဂင်္ဂါကို လက်ထောက်ချလိုက်တယ်။ Buddhism and politics နဲ့ အေဒီနှစ်ထောင်ပလပ်စ်တို့ တွေကြပြီ။