ကူညီကြပါအုံးဗျို့။


ကားအိတ်စ်ပတ်တွေ၊ အင်ဂျင်နီယာတွေ လုပ်ကြ၊ ကူညီကြပါအုံးဗျို့။
"Ignition coils" ကို မြန်မာလို ဘယ်လိုခေါ်ပါသလဲ။ ဂူဂဲလ်မှာ ပုံတွေ့နေရပေမဲ့ မခေါ်တတ်လို့ပါ။

မွတ်စလင်တွေညှိမရတာက တမန်တော်မိုဟာမက် စကားမဟုတ်ဘူး


မွတ်စလင်တွေညှိမရတာက တမန်တော်မိုဟာမက် စကားမဟုတ်ဘူး၊ တမန်တော်မိုဟာမက်စကားကို ဖွင့်ဆိုပုံတွေ ညှိမရတာ ပါဠိလိုပြောရင် အဋ္ဌကထာ၊ ဋီကာတွေနဲ့ သူတို့ရှုပ်နေတာ)။ အဲဒီ သမိုင်းက မိုဟာမက်သေဆုံးစဉ်ကနေ ဒီနေ့အထိ။ အဋ္ဌကထာ၊ ဋီကာက ကျေးဇူးလည်းပြုတယ်၊ ဒုက္ခလည်းပေးတယ်။ "ဒီလို ဆိုခဲ့ဖူးတယ်" ဆိုတာအပြင် ဒါမှဒါ တရားသေစွဲတာနဲ့ အစွန်းရောက်သွားတတ်တော့တာပဲ။ ဘာရယ်မဟုတ်ပါဘူး၊ လူအများစု နားလည်အောင်ရေးတာလည်း မဟုတ်ဘူး။ အစ္စလာမ်သမိုင်းဖတ်ရင်း စိတ်ကူးပေါက်လို့ပါ။

Yes ပြောတဲ့လူ သေမှာ


အဲဒါ ရိုဟိန်ဂျာပြသနာပဲ။

မြန်မာ
အရေအတွက်ကများရတဲ့အထဲ ပြသနာပေါင်းက သောင်းခြောက်ထောင်။ ဘယ်အစိုးရတက်တက် ရိုဟိန်ဂျာကို Yes မပြောရဲဘူး။ ဒါဖြင့် အဲဒီ လူအုပ်ကြီး ကို ဘယ်လိုလုပ်ကြမှာလဲ။ လူမျိုးတုံးသတ်မလား၊ မြန်မာအစိုးရ မလုပ်လောက် ဘူး။ ဒီတော့ အဖြေလည်းမရှိတော့ဘူး။ တကယ်လို့ မဘသ အဖွဲ့က (တကယ် ပဲ) ဦးသိန်းစိန်ရဲ့ ယန္တယားတစ်ခုဆိုရင် ဗျူဟာတစ်ခု ရှိနေ မယ် (ဒါတော့ ဖေ့ဘုတ်ပေါ် မရေးအပ်ဘူး)

ဘင်္ဂလားဒေ့ရှ်
သူ့လူမျိုး၊ သူ့ဘာသာစကားပြောတွေဆိုတာ သိတယ်။ ဒါပေမဲ့ သူလည်း Yes မပြောရဲဘူး။ ကြောက်တယ်။ အဲဒီလုပ်အုပ်ကြီးကို မလိုချင်ဘူး။ ဒီတော့ သူလည်း ဘယ်အစိုးရတက်တက် နိုးပဲ။

အရှေ့တောင်အာရှနိုင်ငံတွေ
ထိုင်းကရော ဒုက္ခသည်တွေလာသမျှလက်ခံပါမယ် ပြောရဲမလား။ Yes ပြော လိုက်လို့ကတော့ သေတောင်သွားဦးမယ်။ ဒါပေမဲ့ မချစ်သော်လည်း အောင့် ကာနမ်း တတ်နိုင်သလောက်တော့ လက်ခံနေရမှာပဲ။
မလေး၊ အင်ဒို မွတ်စလင်နိုင်ငံတွေကလည်း ဘာသာတူလို့ သံယောဇဉ် ရှိတာလောက်ကလွဲရင် Yes မပြောရဲဘူး။
ဒါပေမဲ့ ထိုက်သင့်တဲ့စောင့်ရှောက်မှုတော့ Yes မပြောဘဲ ပေးလိမ့်မယ်။

ကုလသမဂ္ဂ
ကုလသမဂ္ဂကလည်း မြန်မာအစိုးအနေနဲ့ သူတို့ကိုနိုင်ငံသားအဖြစ် လက်ခံဖို့ တိုက်တွန်းတာကလွဲရင် ဘာမှလုပ်စရာမရှိဘူး။ ဒီတော့ သူ့ရှိတဲ့အလုပ် လုပ်နေမှာပဲ။
မြန်မာပြည်တွင်းရေးအနေအထားအရ ကုလသမဂ္ဂစကား နားထောင်တဲ့ ပါတီ ရွေးကောက်ပွဲမှာ(တကယ်လွတ်လပ်ခဲ့ရင်) ဝက်ဝက်ကွဲ ရှုံးမှာ။ ဒီတော့ ရိုဟိန်ဂျာ ဆိုတာဘယ်သူမှ Yes မပြောရဲတဲ့ ပြသနာကြီးပဲ။

Yes ပြောတဲ့လူ သေမှာ။

အမေရိကန်သမိုင်းကိုလည်း ဖတ်ကြည့်သင့်သည်


အမေရိကန်သမိုင်းကိုလည်း ဖတ်ကြည့်သင့်သည်၊ ကိသောကုန်ကြောင်း၊ အာဃာတကြေကြောင်းသီအိုရီများ မပါဝင်သော်လည်း ကိုယ်တိုင်တံခါးဖွင့်ပေးခဲသည့်နိုင်ငံက ကိုယ့်လာဗုန်းကြဲ၊ ကိုယ့်လာဗုံးကြဲလို့ ကိုယ်ကပြန် ဗုံးချ။ ကဲ ဖြစ်ခဲ့တာတွေ ဖြစ်ခဲ့ပြီ၊ အခု ကြေအေးပြီး လက်တွဲအတူတူလုပ်ကြရအောင်ဆိုသည့် လက်တွေ့သဘောတရားများကိုတော့ လေ့လာရနိုင်သည်။ ပါဖက်မဟုတ်သော်လည်း ထမင်းတော့မငတ်နိုင်ပါ။ ပေါင်မုန့်ကြိုက်သူက ပေါင်မုန့်စား၊ ထမင်းကြော်ကြိုက်သူက ထမင်းကြော်စား၊ အရေးကြီးသည်က ကိုယ်စားမည့် ပေါင်မုန့် (သို့) ထမင်းကြော် ရှိနေဖို့ပင်။

ပါဠိတော်နဲ့အညီ အပြစ်တင်ပြမယ်...


"ဗောဇ္ဈာင်္ဂသုတ် သုံးသုတ်ပဲကြည့်၊ အရှင်မဟာကသပနဲ့ အရှင်မဟာမောဂ္ဂ လာန်တို့ နေထိုင်မကောင်းတော့ ဘုရားရှင်ကိုယ်တော်တိုင် ကြွသွားပြီး အားပေးတရားချီမြှင့်ခဲ့တာ။ ဘုရားရှင်ကိုယ်တော်တိုင် နေမကောင်းဖြစ်တော့ စုန္ဒမထေရဲပဲရှိပြီး သူတို့နှစ်ပါးကို တွေ့တောင်မတွေ့ရဘူး၊ မသိလို့ပါ၊ ခရီးဝေးရောက်နေလို့ပါ ပြောမလား။ တန်ခိုးဣဒ္ဓိပါဒ်ထိပ်ခေါင် ဒီ အရှင်ဘုရားတွေအတွက် မသိဘူးဆိုတာ မရှိ၊ ခရီးဝေးဆိုတာလည်း မရှိဘူး။ သက်သက် မျက်ကွယ်ပြုတာ"
ကဲ ပြောကြေးဆို အရှင်မဟာကသပနဲ့ အရှင်မဟာမောဂ္ဂလာန်ကိုလည်း အပြစ်ပြောလို့ရတာပဲ။
(ဗောဇ္ဈာင်္ဂသုတ် ရွတ်အပြီးစဉ်းစားရင်း ပြုံးမိလို့)