ဖေ့စ်ဘုတ်ကစ္စည်းသဒ္ဒါ


"ဟာ" ရှေ့မှာရှိသော "ဥ" သရ၊ "အို" သရ "ဩ" သရတို့သည် တခါတရံ၌ "ဝ" အဖြစ်သို့ရောက်ကုန်၏။
ပြယုဂ်ကား ကိုယ့်ဟာကို၊ ကွကို။ သူ့ဟာသူ သွသူဟူသည်တည်း။

တစ်ပါး နှစ်ပါးလောက်နဲ့ အလုပ်မဖြစ်ဘူး


Ashin Kavissara။ ။ မြန်မာပြည်မှာက ပလ္လင်ပေါ်ရောက်ပြီဆိုရင် ပြောချင်ရာပြော အကုန်ုယုံကြည်တာပဲ။ ဘာသာရေးအစည်းအဝေးပွဲတိုင်းလိုလို မြန်မာပြည်က စာတမ်းဖတ်တဲ့အခါ သစ္စာတရားလေးပါအကြောင်း၊ ပရမတ္ထအကြောင်း၊ မေတ္တာအကြောင်းနဲ့ ပြီးနေတာ။ အရေးအသား၊ တင်ဆက်ပုံက BA ပထမနှစ်ကျောင်းသား အဆင့်မရှိဘူး။ ကျန်တဲ့နိုင်ငံက တက်လာတဲ့ပါမောက္ခတွေက Harvard, Cambridge, Oxford, London, Hawaii University တက္ကသိုလ်တွေက ဘွဲ့ရပြီး အဆင့်မီမီ စာတမ်းတွေဖတ်ကြတာ သွားတက်တဲ့ဆရာတော်များများကရော ကောင်းကောင်းနားမလည်ဘူးထင်တယ်။ ပြောရင် ကိုယ်ပေါင်ကိုယ်လှန်ထောင်းရာရောက်အုံးမယ်။ အမီလိုက်ဖို့ အများကြီးလုပ်ယူရအုံးမယ်။ တစ်ပါး နှစ်ပါးလောက်နဲ့ အလုပ်မဖြစ်ဘူး။

ကမ်းလက်။ ။ အင်တာနေရှင်နယ်ပွဲကြီးတစ်ခုမှာ ဆရာတော်ကြီးတစ်ပါး ပြောသွားတဲ့ Speech ဆိုပြီး အွန်လိုင်းမှာတော်တော်တက်လာဖူးတယ်။ တကယ် အဲဒီပွဲကိုရာက်ပြီး နားထောင်ခဲ့သူအတွက်တော့ အဲဒီ Speech က အင်္ဂလိပ်လည်း အညံ့ဆုံး၊ လက်ခုပ်သံလည်း အနည်းဆုံးပဲ။ မပြောတော့ဘူးလို့ပါ။ ပက်လက်လှန်းရင်း တံတွေးထွေးပေါ့လေ

အရှေ့တောင်အာရှရှိ မွတ်စလင်လူငယ်တွေ


အရှေ့တောင်အာရှရှိ မွတ်စလင်လူငယ်တွေကို သွေးဆောင်၊ စစ်ပညာသင်ပေး၊ အစ္စလာမ်နိုင်ငံတော်ကို ကာကွယ်ဖို့သုံး၊ သူတို့မူရင်းနိုင်ငံကို ပြန်အတိုက်ခိုင်း။
မြန်မာပြည်က ရိုဟိန်ဂျတွေကို ဆီးရီးယားသွားကြလို့လည်း တိုက်တွန်းနေကြသတဲ့။
လူထုကို ဒုက္ခပေးမယ့်လူ၊ အဖွဲ့အစည်းအကြောင်း အစိုးရကိုအသိပေးခြင်းက အစ္စလာမ်ဘာသာနဲ့ ညီသတဲ့။



ဒီခေတ်မှာ


"သမီးရယ်၊ ဒီလူကြီးက အရက်သောက်လို့ မယူချင်ဘူးရယ်လို့၊ ဒီခေတ်မှာ အရက်သောက်တဲ့လူနဲ့ ပိုက်ဆံစုတ်က ရှောင်လို့မလွတ်ဘူး သမီးရဲ့"
(ရွာမှ မိဘတစ်ယောက်က သမီးကို နားချသည့်စကား)

ငယ်ငယ်ကများ သင်ခဲ့ရရင်


ဟိုနေ့က ဓမ္မဂင်္ဂါပြောတဲ့အထဲမှာလည်း ပါတော့သွားပါပြီ။ အခု ဓမ္မဂါးဒင်း ကလည်း အားမလို အားမရဖြစ်နေဟန်ပဲ။
အလွယ်တကူ ပြောတတ်ကြတဲ့ ဘုန်းကြီးလောကရဲ့ အကျင့်နှစ်ခု။
၁ ။ ဓမ္မာစရိယအောင်မှ အင်္ဂလိပ်စာသင်လည်း တတ်ပါတယ်။
၂။ အင်တာနေရှင်နယ် ပါဠိအသံထွက်က လွယ်ပါတယ်၊ သ နဲ့ စ၊ စ နဲ့ ကျ ပြောင်းလိုက်ရင် ပြီးပြီ။

တကယ်က အဲသလို ဟုတ်ကိုမဟုတ်ဘူး။ ဘာသာစကားတွေက အဲသလောက် မလွယ်ဘူး။
တပည့်တော်တို့အဖွဲ့ဆို (၆ ပါး ၇ ပါးလောက်ရှိမယ်) ဖောရိန်းနား ပုဂံသွားရင် ပုဂံလိုက်၊ မင်းကွန်းသွား မင်းကွန်းလိုက်။ သူတို့ပြောသမျှ အသံဖမ်း၊ ပြန်နားထောင်။ ကိုယ်ပြောသမျှ ပြန်နားထောင် အမှားရှာ၊ ပြင်ယူ။
ဒါလည်း အလုပ်ဖြစ်ကြတယ်ဆိုရုံလေးပဲ။ ငယ်ငယ်ကများ သင်ခဲ့ရရင်ကွာ ဆိုတဲ့အတွေး ဘယ်တုံးကမှ မပျောက်ခဲ့ပါ။

image source