Home » All posts
မန်း နပသ အမှတ်တရ
in
ဇင်ဝေသော်,
အမှတ်တရ
- on 5/30/2015
- No comments
"ဟိုတုံးကဆို မိုင်ပေါ့၊ အခုတော့ မအိဖြစ်သွားပြီ။ အင်္ဂလိပ် အသံထွက်က မငြိမ်ဘူး ဘုရား"
ဖော်နက်တစ်တွေ သုံးလာတော အိုင်းသံကို "ai" နဲ့ပေးတာ၊ အေးသံကို "ei " နဲ့ပေးတာတွေ တွေ့လာကြရသည်။ အ-အိ အသံနှစ်သံကို ပေါင်းထွက်မည်ဆိုလျင် မြန်မာလို အနီးစပ်ဆုံး အိုင်းဖြစ်ပါသည်။ သို့သော် ဆရာသမားက နှစ်သံကိုမပေါင်းဘဲ တစ်လုံးချင်းစီ ခွဲထွက်တော my က မိုင် မဟုတ်တော့ဘဲ မအိ (mai) ဖြစ်သွားလေတော့သတည်း။
ISIS က စင်္ကာပူကိုပါ ပစ်မှတ်ထားလာတာရယ်
in
ဇင်ဝေသော်,
တို့တိ တို့တိ
- on 5/30/2015
- No comments
ISIS က စင်္ကာပူကိုပါ ပစ်မှတ်ထားလာတာရယ်
လှေလူတွေရယ် ပေါင်းလိုက်တော့
စင်္ကာပူထဲ အခုတလောဝင်လာတဲ့ လူတိုင်းကို တော်တော်စစ်ဆေးလိမ့်မယ်။
အထူးသဖြင့် လူငယ်ပိုင်းတွေပေါ့၊ လူကြီးပိုင်းတွေတော့ နည်းနည်းသက်သာမယ်။
ရုပ်ချောလို့စစ်တာတော့ မဟုတ်လောက်ပါဘူး။
ဘီဘီစီ အမေး သမ္မတဒကာကြီး အဖြေ
in
ဇင်ဝေသော်,
ဘာသာပြန်
- on 5/29/2015
- No comments
ဘီဘီစီ အမေး။ ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်က ပြုမူခဲတာတွေ အတွက် နောင်တ ရမိတယ်လို့ တောင်းပန်စကားပြောနိုင်ပါသလား
သမ္မတဒကာကြီး အဖြေ။ ။ ဒါမျိုးတွေက အခြားနိုင်ငံတွေမှာလည်း ဖြစ်ခဲ့တာပါပဲ..............။
ဘီဘီစီ အမေး။ ။အခြေခံဥပဒေကို သမ္မတကြီးတစ်ယောက်ထဲနဲ့ ပြင်လို့မရနိုင်ဘူးဆိုတာတော့ ကျွန်တော်လည်း သိပါတယ်။ သမ္မတကြီးရဲ့ တစ်ဦးတည်းအမြင်အရ အခြေခံဥပဒေကို ပြင်သင့်တယ်လို့ထင်ပါသလား။
သမ္မတဒကာကြီး အဖြေ။ ။ ဒါက ကျွန်တော့်တစ်ယောက်ထဲနဲ့ လုပ်လို့မရပါဘူး.................................။
မေးခွန်းတွေကတိကျသလောက် အဖြေ ဝေ့လည်ကြောင်ပတ်
in
ဇင်ဝေသော်,
ပြန်လည်မျှဝေခြင်း
- on 5/29/2015
- No comments
ကမ်းလက် shared 7Day News Journal's video.
ဘီဘီစီဆရာက အများကြီးနှေးထားပြီး တစ်လုံးချင်း စီပြောနေတာကို သမ္မတကြီးအတွက် မြန်နေတုံး။
မေးခွန်းတွေကတိကျသလောက် အဖြေ ဝေ့လည်ကြောင်ပတ်။
နည်းနည်း လစ်စင်းနင်းကောင်းတဲ့လူဆိုရင် သမ္မတကြီးမြန်မာစကားထက်
ဘီဘီစီအင်္ဂလိပ်က ပိုရှင်းလို့ အင်္ဂလိပ်လိုကိုပဲ အားပြုနားထောင်ကြဖို့
အကြံပြုပါတယ်။
Burma's Thein Sein: 'Aung San Suu Kyi could be president'
ဘီဘီစီသတင်းဌာန၏ Hardtalk အစီအစဉ်တွင် ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ဖြေကြားစဉ်
Posted by 7Day News Journal on Sunday, September 30, 2012


