ဒါက နိုင်ငံရေးကစားကွက်ပဲ၊ လှပါတယ်


ဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲအမှီ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးနိုင် ဖို့ အသည်းအသန် တဲ့။
ဒေါ်စုကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲတွေကို မလောကြဖို့၊ ရေ ရှည်ခံမယ့် ငြိမ်းချမ်းရေးဖြစ်ဖို့သာ အရေးကြီးကြောင်း လှမ်းပြောထားသတဲ့။ (သတင်းစာ အာဘော်)

ဒါက နိုင်ငံရေးကစားကွက်ပဲ၊ လှပါတယ်။
မကြာမကြာ ခလုပ်ဝင်ဝင်တိုက်တယ် မထင်ကြပါနဲ့၊ အမျိုးစောင့်ဥပဒေက လည်း ဘာသာရေးကကြည့်တော့ ဘာသာရေး၊ နိုင်ငံရေးက ကြည့်တော့ နိုင်ငံရေးပါ။
အခု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင်နှစ်ယောက် ကစားနေပုံကို သဘောကျတယ်။

ဘယ်နိုင်ငံသားက ပြည်တွင်းစစ်ကို လိုချင်မလဲ။
ဘယ်နိုင်ငံသားက လူမျိုးခြားက သူ့လူမျိုးအပေါ် အနိုင်ကျင့်တာ မြင်ချင်မလဲ။

မြင်းခြံလောက်တော့ ရမှာပါ :)


အရပ်က ၅ ပေ၊ ၁၁ လက်မ၊ လက်ရှိ ဥပဓိ၊ လက်ရှိ ပညာရေးနဲ့ လုပ်ဆောင် ချက်၊ လူတစ်ယောက်လည်း ဖြစ်၊ အဖွဲ့ချုပ်ထဲလည်းဝင်၊ မြန်မာပြည်ထဲမှာလည်း ၁၀ နှစ် ဆက်တိုက်နေခဲ့မိရင် မြင်းခြံလောက်တော့ ရမှာပါ။
လူထုနဲ့ အတိုက်အခံ မဖြစ်ချင်လို့ ပခုက္ကူကို လက်ရှောင်လိုက်တယ်။ ဓာတ်ပုံထဲက ကျန်တဲ့ နှစ်ယောက်ကိုတော့ (ဆရာသစ္စာနီနဲ့ ဓမ္မဂင်္ဂါ) ငုံ့ကြည့်ပြိုက်မယ်၊ ဟွင်းဟွင်း။
(ဗိုလ်ချုပ် အနှစ်တစ်ရာ အမှတ်တရ၊ ဇင်ဝေသော်၊ သစ္စာနီ၊ ဓမ္မဂင်္ဂါ နဲ့ သစ္စာနီပရိသတ်)

လူဆန်စွာ၊ သိက္ခာရှိစွာ ယှဉ်ပြိုင်ကြရင်း


အရင်ကလည်းပြောခဲ့တယ်၊ အခုလည်း ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲကြီးကိုသာ သန့်သန့်ရှင်းရှင်းနဲ့ အောင်အောင်မြင်မြင် ကျင်းပပေးသွားနိုင်ရင် ဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်း၊ မြန်မာ့နိုင်ငံရေး အကူးအပြောင်းအတွက် သူ့သမိုင်းလည်း အထင်ကရ ကျန်နေမှာဖြစ်ကြောင်းပါ။

လူဆန်စွာ၊ သိက္ခာရှိစွာ ယှဉ်ပြိုင်ကြရင်း သူတစ်ပါးကို ပုတ်ခတ်စွပ်စွဲခြင်းထက် မိမိတို့ အနာဂတ်အစီအမံတွေနဲ့ လူထုမဲကို ရအောင်ယူနိုင်ကြပါစေလို့ ဆုတောင်းရင်း ရွေးကောက်ပွဲ စည်းရုံးရေးကာလကို ကြိုဆိုလိုက်ပါတယ်။

ပါတီနိုင်ငံရေးတဲ့လား


ဆရာကြီး နေရူးတို့ စသုံးခဲ့တဲ့စကားပါ။ တို့က ပါဝါနိုင်ငံရေး မလုပ်၊ အမျိုးသားနိုင်ငံရေးပဲ လုပ်တယ် တဲ့။
အခု မြန်မာပြည်မှာ ခေတ်စားနေတာ ပါတီနိုင်ငံရေး မလုပ်၊ အမျိုးသားနိုင်ငံရေးပဲ လုပ်တယ်၊ ဘယ်ပါတီဘက်သားမှ မဟုတ်ဘူး ပေါ့။
ပါတီတို့၊ အော်ဂနိုက်ဇေးရှင်းတို့ ဆိုဆိုက်တီးတို့က တကယ်တော့ လူ့အဖွဲ့အစည်းတွေကို နေရာအလိုက် ခွဲပြီးခေါ်တာပါ။ နိုင်ငံရေးမှာတော့ ပါတီပေါ့လေ။
ဒါ့ကြောင့် နိုင်ငံရေးဆိုတာနဲ့ ပါတီက ကင်းလို့မရပါဘူး။ လူမှုရေး၊ ဘာသာရေး စတဲ့နယ်ပယ်မှာတော့ ပါတီမရှိဘူးပေါ့။
ဒါတောင် သွယ်ဝိုက်ပြီး ရှိနေတတ်ပါတယ်။

ဥရောပနဲ့ အမေရိကမှာ ဘာသာရေးလွှမ်းမိုးမှု နိုင်ငံရေးထဲ မရှိတော့သလောက် ကင်းသွားပေမဲ့ အခြားဒေသမှာတော့ မကင်းပါဘူး။
အဆိုးဆုံးက အစ္စလာမ်ပါပဲ၊ ဒါ့ကြောင့်လည်း နိုင်ငံရေးအကူးအပြောင်းတွေမှာ ကျရှုံးနေကြရတာ။
ပါတီမရှိဘဲ ဘယ်လို ဗဟုမဏ္ဍိုင်ဖြစ်မလဲ၊ ဗဟုမဏ္ဍိုင်မဖြစ်ရင် ပါဝါ ညှိမရ၊ ပါဝါ ညှိမရမှတော့ ပဒေသရာဇ်၊ အာဏာရှင်စနစ်ပေါ့။

ပြုံးစိစိ အမေး အဖြေ


မေး။ ။ ပါဝါညှိဆိုတော့ ဘယ်မှာ ပါဝါ ဘယ်လောက်ရှိမှန်း မသိတော့ ဘယ်လိုလုပ်ရမလဲ။
ဖြေက။ ။ ဟောဗျာ၊ အခုတောင် ပါဝါ ဘယ်ရှိနေမှန်း မသိကြသေးဘူးလား။ ဦးရွှေမန်းကို သွားမေးကြည့်ကြ။