မေဂျာတော့ မဲနှိုက်ပြီး မရွေးရဘူး ထင်ပါတယ်


၁။ မြန်မာပြည်က တက္ကသိုလ်တက်မယ့် ကျောင်းသူ၊ ကျောင်းသားတွေအတွက် အားတက် စရာပါ။ မင်းတို့က တတ်တာ၊ မတတ်တာ အပထား၊ မေဂျာတော့ မဲနှိုက်ပြီး မရွေးရဘူး ထင်ပါတယ်။ ကွန်ဖျူးရှပ်ကြီးတို့နိုင်ငံက မဲချပြီး ဆော်ထည့်လိုက် သတဲ့။ ကျချင်ရာ ကျစေလဟယ်။

၂။ ဒါက သတင်းနဲ့တော့ တိုက်ရိုက်မဆိုင်ဘူး၊ သတိရလို့ပါ။ အမေရိကန် အိုင်တီ ဂုရုကြီးတစ်ယောက် တရုတ်ပြည် ဘေဂျင်းတက္ကသိုလ် ထဲမှာ နည်းပညာနဲ့ပတ်သက်လို့ ဟောပြောနေရင်း
"နည်းပညာနဲ့ ပတ်သက်လို့တော့ တရုတ်ပြည်က ၆၅ ရာခိုင်နှုန်းလောက် တရားမဝင် ခိုးယူထားတာ" မှတ်ချက်ပေးတော့ တရုတ်ပါမောက္ခတွေ၊ ဆရာတွေက တခွိခွိနဲ့ ရယ်ကြသတဲ့။
ဘာဖြစ်လို့ ဒီလောက် ရယ်နေကြတာလဲမေးတော့မှ "၆၅ ရာခိုင်နှုန်းပဲလား၊ မကလောက်ပါဘူး။ ၉၀ ကျော်ရမှာပါ" လို့ ဆရာတစ်ယောက်က ဖြေသတဲ့။




ရေနံဘူမိ/အင်ဂျင်နီယာပညာရှင်ရာထူး လုယူခံရခြင်း


ကမ်းလက် shared Tin Maung Win's post.
Tin Maung Win with YU Geol Ninetyfive and 10 others
ရေနံဘူမိ/အင်ဂျင်နီယာပညာရှင်ရာထူး လုယူခံရခြင်း
RED RIBBON CAMPAIGN FOR GEOSCIENTIST
မြန်မာ့ ရေ နံ လုပ်ငန်း စွမ်းအင် ဝန်ကြီးဌာ န သို့ဒုသမ္မတ ဦးဉာဏ်ထွန်း ရဲ့ PA ဒုဗိုလ်မှူးကြီး ထက်လျှန်ဖြိုး ( DSA 38 ရေတပ်) အား ပြောင်းရွှေ့ ခန့်အပ်လိုက်ကြောင်း သတင်းသိရပါ တယ်.နောက်ထပ် ဘယ်နှစ်ရောက် လာအုံးမလဲမသိဘူး
အင်္ဂလိပ် ပိုင်BOC,MOC,MOGE မှသည် ယနေ့ မြန်မာ့ရေနံလုပ်ငန်း တိုင် အောင် ကျွမ်းကျင်သူ ပညာရှင် ဘူမိဗေဒ/ ရေနံအင်ဂျင်နီယာ များသာ ဦးစီးဦးဆောင် ပြု ခဲ့တာပါ
အခု ဒုသမ္မတက သူ့ PA ကို ဒုသမ္မတရာထူးမပြုတ်ခင်လွဲပြောင်းတာပါဘဲ
ရေ နံမြေ အထွေထွေ မန်နေဂျာ ၁၁ ယောက် မှာ လက်ရှိ စစ် ဗိုလ် လူထွက် ၅ ယောက် နေ ရာ ယူထားပါတယ်
ကဲ MGS ဦးဆောင်ပြီး.... လူမူရေးအပြင် . ပညာရပ် တိုး တက် ရေး ... ပညာရပ် ဆိုင်ရာ ရာထူးများအနိုင် ကျင့် လုယူရေး ကိစ္စ black ribbon campaign စ လိုက်ကြရ အောင်

မျက်နှာငယ်စရာ မလိုတော့ဘူး


သူတို့ ကွန်စတီကျူးရှင်းက ဒေါ်စုလိုပုဂ္ဂိုလ်ကို သမ္မတဖြစ်ခွင့် တားတယ်။
သူတို့ရွေးကော်စည်းမျဉ်းက ဇင်ဝေသော်လို ပေမှီဒေါက်မှီတစ်ယောက်ကို လွှတ်တော်အမတ်ဖြစ်ခွင့် တားတယ်။
မြန်မာပြည်မှာ ၁၀နှစ် ဆက်တိုက် နေရမတဲ့။
ဇင်ဝေသော်ဆို အင်္ဂလိပ်လို ပတ်ဘလစ် စပိကင်း ပြောရမယ်ဆို မြန်မာပြည်မှာ ဒေါ်စုကလွဲရင် ဘယ်သူ့မှ သိပ်ဂရုစိုက်စရာ မလိုဘူး။
တက္ကသိုလ် ကွန်ဖရင့်တွေ လိုက်ပြောနေသူမို့ အင်္ဂလိပ်စကားနဲ့ပတ်သက်လို့ နိုင်ငံလည်း မျက်နှာငယ်စရာ မလိုတော့ဘူး။
နောက်တာ၊ အတည်လည်း ဒါပဲ။

အတိုက်အခံပါတီကို မဲအနိုင်ရအောင် အကူအညီပေးတဲ့ အစိုးရရယ်လို့


အတိုက်အခံပါတီကို မဲအနိုင်ရအောင် အကူအညီပေးတဲ့ အစိုးရရယ်လို့ ကြားကော ကြားဖူးလို့လားကွာ။ (လီကွမ်းယု)

အံ့ဩလောက်အောင် ဒေါင်ဒေါမြည်


စနေနေ့ ကသပ ဗောဇ္ဈင်၊ မောဂ္ဂလာန ဗောဇ္ဈင်၊ စုန္ဒ ဗောဇ္ဈင်သုတ်တွေ ရွတ်ကြတိုင်း အထူးသဖြင့် ဒေါ်စု၊ ဦးသိန်းစိန်တို့ ကျန်းမာရေး ဒေါဒေါင်မြည်နေဖို့ ဆုတောင်းပါသဗျာ။ ဦးသိန်းစိန်ကမှ စက်ကူနေရသေး၊ ဒေါ်စုကျန်းမာရေးက အံ့ဩလောက်အောင် ဒေါင်ဒေါမြည်။