နှိုင်းယှဉ်ကြည့်ခြင်း

 "ဘာသာတရားတွေကို နှိုင်းယှဉ်ကြည့်နေရတဲ့ကျောင်းသားတစ်ယောက်အနေနဲ့
ဗုဒ္ဓဘာသာဟာ ကမ္ဘာမှာရှိတဲ့ ဘာသာတရားတွေထဲမှာ အပြည့်စုံဆုံးဘာသာလို့ထင်တယ်။

ဗုဒ္ဓရဲ့အတွေးအခေါ်၊အီဗိုလူးရှင်းသီအိုရီ နဲ့ ကံ ကံ၏အကျိုးဆက်စပ်ပြဆိုမှုတွေမှာ
အခြားခေတ်ပြိုင်ဘာသာတွေထက် အပြတ်အသတ် သာနေတယ်။"

"As a student of comparative religions,I believe that
Buddhism is the most perfect one the world has ever seen.

The philosophy of the Buddha,the theory of revolution and
the law of kamma were far superior to any other creed."
(Prof.Karl Gustay Jung,a leading psychologist)







Copyright © 2011 ကမ်းလက်. All rights reserved.

ဗုဒ္ဓဘာသာသည် ဟိန္ဒူဘာသာ၏ နှလုံးသားဖြစ်သည်

 
ကိုယ်က သူများကိုကြည့်သလို၊ သူများက ကိုယ့်ကိုမြင်တာလေးတွေလည်းသိရတာ တစ်ခါတစ်ခါတော့ ကောင်းပါတယ်။ ဒါ့ကြောင့် ဟိန္ဒူဘာသာရေးဂုရုကြီး ဆွာမိ ဝိဝေကာနန္ဒရဲ့ Buddhism: The Fulfillment of Hinduism ကို ဘာသာပြန်လိုက်ပါတယ်။ နှီးနှောကြည့်လို့ရတာပေါ့။ သဘောတူတာ၊ မတူတာအပထားလို့ပေါ့။ Agree to Disagree ပေါ့လေ။
26- Sep- 1983 (CHICAGO)

သင်တို့ ကြားခဲ့ကြသည့်အတိုင်း ကျွန်ုပ်က ဗုဒ္ဓဘာသာမဟုတ်၊ သို့သော် ကျွန်ုပ်က ဗုဒ္ဓဘာသာဖြစ်နေပြန်တယ်။ တရုတ်၊ ဂျပန်၊ သီရိလင်္ကာ စတဲ့နိုင်ငံတွေမှာ ဗုဒ္ဓရဲ့ အဆုံးအမကို လိုက်နာကြ၏။ အိန္ဒိယ၌ကား ဗုဒ္ဓကို ထာဝရဘုရားရှင်၏ တမာန်အဖြစ် ကိုးကွယ်ကြတယ်။ ကျွန်ုပ်က ဗုဒ္ဓဘာသာကို ဝေဖန်တော့မယ်လို့ ယခုလေးပင် သင်တို့ကြားခဲ့ကြရတယ်။ အမှန်မူ ကျွန်ုပ်တို့ ထာဝရဘုရားရှင်၏ တမန်တော်ကို ဝေဖန်ဖို့ကမူ ဝေလာဝေးဟု ပြောချင်ပါတယ်။

သို့သော် ကျွန်ုပ်တို့အမြင်က ဗုဒ္ဓကို သူ၏တပည့်သားများက ကောင်းကောင်းနားမလည်ကြဟူ၍ ဖြစ်သည်။ ယနေ့ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာတို့အကြားက ခြားနားချက်သည် ဂျူးဘာသာနဲ့ ခရစ်ယာန်ဘာသာတွေရဲ့ ခြားနားချက်အတိုင်းပါပဲ။ ဂျီးဇက်ခရိုက်က ဂျူးပါ။ သကျမုနိက ဟိန္ဒူပါ။ ဂျူးတွေက ဂျီးဇက်ကို ကန့်ကွက်တယ်။ လက်ဝါးကပ်တိုင်ပေါ်တင်တယ်။ ဒါပေမယ့် ဟိန္ဒူတွေက သကျမုနိကို လက်ခံတယ်၊ ထာဝရဘုရားအနေနဲ့ ကိုးကွယ်တယ်။

ဟိန္ဒူဘာသာဝင်တွေအနေနဲ့ အမှန်တကယ်ခြားနားတဲ့ ခြားနားမှုကို ပြောပြလိုတာကတော့ သကျမုနိရဲ့ သင်ကြားမှုတွေထဲမှာ အသစ်ဆိုလို့ မပါသလောက်ပါပဲ။ သူလည်း ဂျီးဇက်လိုပါပဲ။ ဖြည့်ဆီးပေးဖို့ လူ့ပြည်ကို ရောက်လာတာဖြစ်ပြီး ဖျက်ဆီးဖို့ ရောက်လာတာ မဟုတ်ပါဘူး။

ဂျူးဘာသာဝင်တွေက ဂျီးဇက်ကို နားမလည်သလို၊ ဗုဒ္ဓရဲ့ တပည့်သားတွေကလည်း ဗုဒ္ဓရဲ့ အဆုံးအမ အရေးကြီးပုံကို နားမလည်ကြပါဘူး။ ဂျူးတွေက သမ္မာကျမ်းစာဟောင်းကို နားမလည်ကြသလို၊ ဗုဒ္ဓဘာသာဝင်တွေကလည်း ဟိန္ဒူဘာသာရဲ့ မှန်ကန်တဲ့ပြည့်စုံမှုကို နားမလည်ကြပါဘူး။

ထပ်ပြောပါရစေ၊ ဗုဒ္ဓဟာ ဖျက်ဆီးဖို့ ရောက်လာတာ မဟုတ်ပါဘူး။ ဟိန္ဒူဘာသာအတွက် ယုတ္တိဗေဒကို ဖြည့်စွက်ဖို့၊ ယုတ္တိဗေဒ ဖွံ့ဖြိုးဖို့ ရောက်လာခဲ့တာပါ။

            ဟိန္ဒူဘာသာကို အကြမ်းဖျင်းနှစ်မျိုးခွဲကြည့်နိုင်ပါတယ်။
            ၁။ သမရိုးကျ ဟိန္ဒူ နဲ့
            ၂။အစစ်အမှန် ကိုယ်ကျင့်ရေး၊ စိတ်ဓာတ်ရေးရာဟိန္ဒူရယ်လို့ပါ။
ဒုတိယဟိန္ဒူအမျိုးအစားကို ရဟန်းတွေက လေ့လာလိုက်စားကြပါတယ်။
အဲဒီမှာ ဇာတ် ဆိုတာ မရှိပါဘူး။ အနိမ့်ဆုံးဇာတ်ကလာသူ၊ အမြင့်ဆုံးဇာတ်ကလာသူနှစ်ဦးဟာ ရဟန်းဖြစ်ပြီးတဲ့နောက် ဘာမှမရှိထပ်တူဖြစ်သွားပါတယ်။ ဘာသာရေးမှာ ဇာတ်မရှိပါဘူး။ ဇာတ်ခွဲခြားမှုဆိုတာ လူမှုရေးကိစ္စသက်သက်ပါ။

သကျမုနိကိုယ်တိုင်က ရဟန်းတစ်ပါးပါ။ သူကပဲ ကြီးမားမြင့်မြတ်တဲ့နှလုံးသားနဲ့ ဝေဒကျမ်းတွေထဲက ငုတ်လျှိုးနေတဲ့အချက်တွေကို ဖော်ထုတ်ပြီး ကမ္ဘာကို ဖြန့်ချီပေးခဲ့တာဖြစ်ပါတယ်။

ဘာသာရေးစည်းရုံးမှုနဲ့ လက်တွေ့ကျင့်သုံးမှု တစ်ထပ်တည်းဖြစ်အောင် ပြုလုပ်နိုင်ခဲ့သူတွေထဲမှာ ဗုဒ္ဓဟာ ပထမဆုံးလူသားပါပဲ။ ဒီအရှင်မြတ်ရဲ့ ဂုဏ်ကျက်သရေတွေဟာ အရှင်ရဲ့ မဟာကရုဏာအပေါ်မှာ တည်နေပါတယ်။ အထူးသဖြင့် အသိဥာဏ်နုံ့သူတွေနဲ့ ဆင်းရဲသားတွေကို ပိုပြီးကရုဏာသက်တော်မူခဲ့ပါတယ်။
           
သူ့တပည့်အချို့ဟာ ဗြဟ္မဏတွေပါ။

ဗုဒ္ဓ တရားဒေသနာတွေ ဟောကြားနေတဲ့အချိန်မှာ သက္ကဋဘာသာဟာ စကားပြောဘာသာစကားသက်သက် မဟုတ်တော့ပါဘူး။ ဒါပေမယ့် ပညာရှင်တွေသာ လေ့လာနိုင်တဲ့ ဘာသာစကားဖြစ်နေပါတယ်။ ဗုဒ္ဓရဲ့ ဗြဟ္မဏတပည့်အချို့က ဗုဒ္ဓရဲ့ အဆုံးအမတွေကို သက္ကဋဘာသာပြန်ဆိုဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဗုဒ္ဓကတော့ ရှင်းရှင်းပဲငြင်းဆိုခဲ့ပါတယ်။

 “ငါဟာ ဆင်းရဲသားလူထုအတွက်ဖြစ်တယ်။ ဒီလူတွေ နားလည်တဲ့ဘာသာစကားနဲ့ပဲရှိပါစေ” လို့ မိန့်ခဲ့တယ်။ ဒါ့ကြောင့် ဗုဒ္ဓဒေသနာတော်တွေဟာ အိန္ဒိယရဲ့ ဒေသသုံးဘာသာစကား (ပါဠိ) နဲ့ပဲ ရှိနေခဲ့ပါတယ်။

ဖလော်ဆော်ဖီတွေ၊ မက်တာဖီးဇစ်တွေ ဘယ်လောက်ပဲ တိုးတက်တိုးတက် သေခြင်းတရားဆိုတာရှိနေသ၍၊ လူသားတွေမှာ အားနည်းချက်တွေရှိနေသ၍၊ ထာဝရဘုရားရှင်ကို ကိုးကွယ်မှုဆိုတာ ရှိနေမှာပါ။

ဗုဒ္ဓရဲ့တပည့်သား ဖလော်ဆော်ဖာတွေက ဗုဒ္ဓရဲ့အဆုံးအမ အကူအညီနဲ့ ဝေဒဆိုတဲ့ကျောက်ဆောင်ကို အတိုက်အခံလုပ်ခဲ့ကြတယ်၊ မရခဲ့ဘူး။ နောက်ဆုံး ဗုဒ္ဓမွေးဖွားရာ အိန္ဒိယကလူတွေ အလွန်အမြတ်တနိုးထားတဲ့ ဗုဒ္ဓဒေသနာတွေကို အိန္ဒိယအပြင်ဘက် ယူထွက်သွားခဲ့ကြပါတော့တယ်။

အဲဒါရဲ့ အကျိုးဆက်ကတော့ ဗုဒ္ဓဘာသာဟာ အိန္ဒိယပြည်ထဲမှာ သေဆုံးပျောက်ကွယ်သွားခဲ့ရခြင်းပါ။ ဒီနေ့ ဗုဒ္ဓမွေးဖွားခဲ့တဲ့ အိန္ဒိယကလူတွေထဲမှာ သူတို့ကိုသူတို့ ဗုဒ္ဓဘာသာလို့ ခေါ်ဆိုသူမရှိတော့ပါဘူး။ (ဗုဒ္ဓဘာသာနှစ်သန်းရှိတယ်လို့တော့ သိရပါတယ်- ဘာသာပြန်သူ)

တချိန်ထဲမှာပဲ ဗြဟ္မဏဘာသာလည်း တစ်ချို့လက်လွတ်ဆုံးရှုံးခဲ့ရပြန်တယ်။ ဒါတွေက ဗြဟ္မဏဝါဒ ပြန်လည်ပုံဖော်ဖို့ လူတိုင်းအတွက် ကရုဏာနဲ့ ပေးကမ်းကူညီမှုတို့ပါ။

ဗုဒ္ဓဘာသာရဲ့ မက်ဆေ့(ခ်ျ) တွေကနေတဆင့် ဂရိသမိုင်းပညာရှင်တွေဆီ ပို့ပေးလိုက်နိုင်ခဲ့တဲ့ “မုသားပြောတဲ့ ဟိန္ဒူမရှိ၊ ဖောက်ပြန်တဲ့ ဟိန္ဒူ အမျိုးသမီးမရှိ” ဆိုတာတွေပါ ပျောက်ဆုံးခဲ့ရပါတော့တယ်။

            ဗုဒ္ဓဘာသာမပါပဲ ဟိန္ဒူဘာသာရပ်တည်လို့မရဘူး။
            ဟိန္ဒူဘာသာမပါပဲလည်း ဗုဒ္ဓဘာသာရပ်တည်လို့မရဘူး။

ဗုဒ္ဓဘာသာဟာ ဟိန္ဒူရဲ့ဦးနှောက်မပါပဲ မရပ်တည်နိုင်သလို၊ ဟိန္ဒူဟာလည်း ဗုဒ္ဓဘာသာရဲ့ နှလုံးသားမပါပဲ ရပ်တည်လို့မရဘူး။ ဒီနှစ်ဘာသာကို ခွဲခြားဖို့ကြိုးစားခဲ့တာဟာ အိန္ဒိယရဲ့ ကျရှုံးးမှုပဲ။ ဒါနဲ့ပဲ အိန္ဒိယမှာ သူတောင်းစားမီလျံသုံးရာရှိခဲ့တယ်။ သူ့ကျွန်ဘဝ ရောက်ခဲ့ရတယ်။

ဒါ့ကြောင့် ဟိန္ဒူရဲ့ဦးနှောက်နဲ့ ဗုဒ္ဓရဲ့လူသားဆန်တဲ့ နှလုံးသားပေါင်းစပ်ပြီး ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာ အတူတကွလက်တွဲသွားကြဖို့ တောင်းဆိုလိုပါတယ်။

                                                                                               

Original version by Swami Vivekananda >> Buddhism: The Fulfillment of Hinduism



ဆုထားမျက်ချယ်












Copyright © 2011 ကမ်းလက်. All rights reserved.

ခေတ်ရင်ခုန်သံ(အတတ်ကျူး)


အဘိုး။      ။  ရှေးတုန်းကပေါ့ကွယ် တက္ကသိုလ်ကနေပညာသင် ပြန်လာတဲ့                   
                   ကျောင်းသားလေးသုံးယောက်ဟာ ကျားသေကို အသက်သွင်းမိလို့                             
                  အားလုံးသေခြင်းကိုရောက်ကြရသတဲ့။

မြေး   ။      ။  ဒါကဘာဟုတ်သေးလို့လည်း အဘိုးရဲ့၊ဂျပန်နိုင်ငံမှာ အလုပ်ကူညီလုပ်ဖို့                             
                    တည်ထွင်ထားတဲ့ စက်ရုပ်က အလုပ်သမားတစ်ယောက်ကိုဝင်ရိုက်လို့ သေပါလေရော။

အဘိုး။      ။   ဟေ...ဟုတ်လား။တယ်ထူးဆန်းသကိုးကွဲ့။


ဦးကိုမောင်




























Copyright © 2011 ကမ်းလက်. All rights reserved.

ဂလိုဆို ဂလိုဘယ်ဖြစ်တာကြာပါပြီ

ဒီဆောင်းပါးက အဆက်လိုဖြစ်နေတော့ ဒီဆောင်းပါးရဲ့ အစကိုဖော်ပြဖို့ လိုလိမ့်မယ်ထင်ပါတယ်။ “The World is truly a global village” ဆိုတဲ့ စင်ကာပူက ဆရာကြီးလီကွမ်းယုရဲ့ဆောင်းပါးကို ဖတ်မိပြီး တတိယနိုင်ငံသားတစ်ယောက် ခံစားရတာလေးတွေကိုရေးဖို့ အတွေးပေါ်လာပါတယ်။

ကမ္ဘာကြီးဟာ တကယ့်ကို ဂလိုဘယ်ရွာဖြစ်နေပြီဆိုတာကို သက်သေပြဖို့ သူက အကြောင်းသုံးချက် ဆွဲထုတ်ပြပါတယ်။

      ၁။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စီးပွါးရေးဆက်စပ်နေပြီး တစ်နိုင်ငံ အကြပ်ရိုက်တာနဲ့ အခြားနိုင်ငံတွေကိုပါ ထိခိုက်စေနိုင်တယ်။
      ၂။ ကူးသန်းသွားလာရေးနဲ့ ဆက်သွယ်ရေးဟာ ကမ္ဘာကို တိုးလျှိုပေါက်နေပြီ။
      ၃။ ဆင်းရဲတဲ့နိုင်ငံသားတွေက ချမ်းသာတဲ့နိုင်ငံတွေဆီ ခိုလှုံနေထိုင်မှု များသထက်များလာပြီဖြစ်တယ်-
            ဆိုတဲ့ အချက်သုံးချက်ကို ထောက်ပြခဲ့တယ်။


နံပါတ်တစ်နဲ့ပတ်သက်လို့ ဂရိနိုင်ငံမှာ လတ်တလောကြုံတွေ့နေရတဲ့ ကပ်ဆိုက်မှုက အီးယူ၊ အမေရိကတို့ကို ထိခိုက်စေပြီး၊ အီးယူ၊ အမေရိက ကနေတဆင့် အာရှနိုင်ငံများအထိ ထိခိုက်မှုရှိကြောင်း ဝါရင့်နိုင်ငံရေးဆရာကြီး ပီပီ ထောက်ပြဆွေးနွေးသွားခဲ့တယ်။

နံပါတ်နှစ်နဲ့ပတ်သက်လို့ သူငယ်စဉ်ဘဝနဲ့ ဒီခေတ်ကလေးတွေရဲ့ဘဝကို နှိုင်းယှဉ်ပြသွားတာပါ။ သူ့တုန်းက အင်္ဂလိပ်မဂ္ဂဇင်း၊ စာအုပ်အဟောင်းလေးတစ်အုပ်ဖတ်ရဖို့ နှစ်လလောက်စောင့်ပြီး အဟောင်းဆိုင်ကနေ ဝယ်ယူဖတ်ခဲ့ရပုံ၊ ဒီခေတ်ကလေးတွေကျတော့ အင်္ဂလိပ်စာအုပ်တစ်အုပ်ကို အင်္ဂလန်နဲ့ အချိန်တူ ရယူဖတ်ရှုနိုင်ကြကြောင်း၊ စာပို့မယ်ဆိုရင်လည်း အနည်းဆုံးငါးရက်ကြာပြီး ဒီနေ့ခေတ်မှာတော့ အိုင်ဖုန်း၊ အိုင်ပက်၊ စကိုက်(ပ်)၊ ဂူးဂဲလ်ချက်တင်ကနေ ချက်ချင်းမက်ဆေ့ခ်ျတွေ ပို့နိုင်၊ လက်ခံနိုင်ကြောင်း ရှင်းပြဆွေးနွေးခဲ့တယ်။

            ဒီအထိ သိပ်မထူးဆန်းလှပါဘူး၊ လူတိုင်းသိနေတဲ့ကိစ္စပါ။

            သူနောက်ဆုံးထောက်ပြသွားတဲ့အချက်က ဒီဆောင်းပါးရဲ့အသက်လို့ ပြောရင်ရပါတယ်။

အာရှနဲ့ အာဖရိကမှာရှိတဲ့ ဆင်းရဲသားနိုင်ငံတွေကလူတွေဟာ အမေရိကနဲ့ ဥရောပနိုင်ငံတွေဆီ မရ ရတဲ့နည်းနဲ့ ဝင်ရောက်အခြေချနေထိုင်နိုင်ဖို့ ကြိုးစားနေကြကြောင်း၊ ကြိုးစားကြရာမှာလည်း တရားဝင်သောနည်း၊ မဝင်သောနည်းတို့ကို သုံးစွဲနေကြကြောင်း ထောက်ပြခဲ့တယ်။

            သူအဓိကထားပြောသွားခဲ့တာကတော့ တရုတ်ပြည်မကြီးပါ။

ဒီလို လူကုန်ကူးသူတွေကို မြွေဦးခေါင်း (Snakeheads) လို့ တရုတ်ပြည်ကြီးထဲမှာ ခေါ်ကြပါသတဲ့။ အီးယူနဲ့ အမေရိကထဲကိုရောက်ဖို့ ကွန်တိန်နာထဲမှာ လှောင်ပိတ်လို့ပင် လူကုန်သွင်းကြကြောင်း ထောက်ပြခဲ့ပြန်ပါတယ်။
အချုပ်ဆိုရရင် ဒီကိစ္စကို တားမြစ်လို့မရနိုင်ပါဘူး။ ဒါကြောင့် ချမ်းသာတဲ့နိုင်ငံကြီးတွေမှာ လူမျိုးစုတွေအများကြီး ရှိနေနိုင်ပါတယ်။ တစ်နိုင်ငံထဲမှာ အဲဒီလိုလူမျိုးစုတွေ အများကြီး ကွဲပြားနေထိုင်နေကြခြင်းကြောင့်ပင် ကမ္ဘာဟာပိုပြီး ဂလိုဘယ်ဆန်လာတယ်ဆိုတဲ့ အကြောင်းနဲ့ နိဂုံးချုပ်ခဲ့ပါတယ်။

သူက တရားမဝင်နေထိုင်သူတွေကို အဓိကထောက်ပြခဲ့ပေမယ့် တရားဝင်တွေကိုတော့ ထောက်မပြခဲ့ပါဘူး။ သိရသလောက်ကတော့ ဂျာမဏီဘောလုံးအသင်းမှာ ဂျာမန်နာမည်နဲ့ ဘောလုံးသမားစစ်စစ် တစ်ဝက်မရှိဘူးတဲ့။ တူရကီနဲ့ အရှေ့ဥရောပကလူမျိုးတွေ အခြေချနေထိုင်ရာကနေ လက်ရွေးစဉ်ဘောလုံးသမားတွေ ဖြစ်လာလို့တဲ့။

အင်္ဂလန်က စာရေးဆရာတွေ ရေးနေတာလည်းကြာပါပြီ။ အင်္ဂလိပ်ဘောလုံးသမားတစ်ချို့ရဲ့ နာမည်တွေကို အင်္ဂလိပ်လူမျိုးတွေ အသံမထွက်တတ်တော့လို့တဲ့။ ဒါက ဘာ့ကြောင့်ဖြစ်ရတာလဲ။ ဘယ်ကစ ဖြစ်လာရတာလဲ။ ဒါတွေကိုလည်း တွက်ချက်ဖို့လိုပါလိမ့်မယ်။

            ကျွန်တော်ပြောချင်တာက ဒီကိစ္စပါ။

ဆင်းရဲတဲ့နိုင်ငံသားတွေက ချမ်းသာတဲ့နိုင်ငံတွေထဲကို ရိုကျိုးစွာ ဝင်ရောက်နေထိုင်တာကိုပြောရင် လူချမ်းသာတွေက ဆင်းရဲတဲ့နိုင်ငံတွေထဲ အင်အားသုံးဝင်ရောက်နေထိုင်ခဲ့တာတွေကိုလည်း မေ့ထားလို့ မရပါဘူး။ ဆိုလိုတာက ကိုလိုနီ နယ်ချဲ့ခဲ့တာတွေပါ။ အင်္ဂလိပ်တွေ အိန္ဒိယကိုသိမ်းတယ်။ မြန်မာပြည်ကို သိမ်းတယ်။ သိမ်းပိုက်ပြီး အင်္ဂလိပ်လူမျိုးတွေ အိန္ဒိယထဲကို ဝင်ရောက်နေထိုင်ရင်း မြန်မာပြည်ထဲကို ဝင်ရောက်နေထိုင်ကြတယ်။ ဝင်ရောက်နေထိုင်ရင်းနဲ့ အင်္ဂလိပ်တွေနဲ့ အင်ဒီးယန်းတွေ၊ မြန်မာတွေ အိမ်ထောင်တွေကျကြတယ်။ ဒီလိုနဲ့ ကပြားကုလားတွေ၊ ကပြားမြန်မာတွေ ဖြစ်လာခဲ့တော့တာပါပဲ။




အခု ဆင်းရဲသားတွေက ချမ်းသာတဲ့နိုင်ငံတွေဆီ ဝင်ရောက်နေထိုင်ပေမယ့် သူတို့ကျင်လည်နေတာက သူတို့လူမျိုးစုလေးထဲမှာပဲ ဖြစ်နေတတ်သလို ဟိုတုန်းက ဗြိတိသျှတွေလည်း ကိုလိုနီချဲ့ခဲ့ကြပေမယ့် သူတို့နေထိုင်တာကတော့ သူတို့အဖြူအုပ်စုလေးထဲမှာပဲ ဖြစ်ပါတယ်။ ဘာမှ မထူးဆန်းပါဘူး။

ပြင်သစ်တို့၊ အင်္ဂလန်တို့က အာဖရိကစပ်တဲ့လူတွေဆိုတာ သူတို့ကိုလိုနီနယ်ချဲ့ရင်းနဲ့ ပါလာတဲ့ သူတို့ မျိုးဆက်တွေပါ။

ဒါတွေကို ထည့်မစဉ်းစားပဲ ခပ်ကျို့ကျို့ဝင်သူတွေကို ထောက်ပြပြီး အပေါ်စီးကနေ ဝင်လာကြတဲ့ ဥရောပက လူလည်ကြီးတွေကို မထောက်တော့ ဆရာကြီးလီကွမ်ယု ဆောင်းပါးက သိပ်ပြီးမဟုတ်လှဘူးလို့ ထင်ပါတယ်။

နိုင်ငံတစ်နိုင်ငံထဲမှာ လူမျိုးစုများစွာနေထိုင်လို့ ဂလိုဘယ်လို့ခေါ်ရင်တော့ ဒီကမ္ဘာဂလိုဘယ်ဖြစ်နေတာက (၁၉) ရာစုကတည်းကပါ။ ဘယ်သူလုပ်တာလဲဆိုရင် လူချမ်းသာကြီးတွေပါ။ လူဆင်းရဲတွေ မဟုတ်ကြပါဘူး။

            ဂလိုဆိုတော့လည်း ဂလိုဘယ်က ကြာလှပေါ့။

ဇင်ဝေသော်
 
 







Copyright © 2011 ကမ်းလက်. All rights reserved.

လူဝင်စား


လူငယ်။      ။ အဘ၊ လူဝင်စားဆိုတာ တကယ်ရှိသလား။

အဘ  ။      ။ ဟ မောင်ရင်ရ - ရှိနိုင်တာပေါ့ကွာ၊ ဒါပေမယ့်လောကကြီးထဲမှာ လူဝင်စားတွေထက်
                   ဝင် ဝင်စားတဲ့လူတွေက ပိုများတယ်ကွဲ့။

လူငယ်။      ။ ကျနော် လူဝင်စားကို မတွေ့ဖူးသေးဘူး။

အဘ   ။      ။ ဝင်စားတဲ့လူတွေကများတော့ လူဝင်စားတွေ ရှားသွားလို့နေမှာပေါ့ကွယ်။





ဦးကိုမောင်

 
















Copyright © 2011 ကမ်းလက်. All rights reserved.