" Wh " များနဲ့ အဖေ (ကမ်းလက် ၁၄ လပြည့်အမှတ်တရ )


သား ရေ
" သား ဘယ်ကို သွားမလဲ " မေးတာဟာ
သား ခရီးစဉ်ကို ဟန့်တားဖို့ မဟုတ်ဘူး
အနည်းဆုံး သားကို လိုက်ပို့ခွင့် ရမလား
အများဆုံး သား ဘယ်မှာ ရှိတယ်ဆိုတာ သိချင်ရုံပါ။
သား ရေ
 " သား ဘယ်သူနဲ့ သွားမှာလဲ "  မေးတာဟာ
သား သူငယ်ချင်းကို သံသယရှိလို့ မဟုတ်ဘူး
အနည်းဆုံး သား သူငယ်ချင်းအတွက် ဘာလုပ်ပေးနိုင်မလဲ
အများဆုံး သား ဘယ်သူနဲ့ ရှိနေတယ်ဆိုတာ သိချင်ရုံပါ။

သား  ရေ
" သား ဘာကြောင့် သွားမှာလဲ "  မေးတာဟာ
သား ကိုယ်ရေးကိုယ်တာကို စွက်ဖက်ဖို့ မဟုတ်ပါဘူး

အနည်းဆုံး သားကျရှုံးရင် ဘာလုပ်ပေးနိုင်မလဲ
အများဆုံး သား ရည်ရွယ်ချက်ကို ဂုဏ်ယူချင်ရုံပါ။


သား  ရေ
" သား ဘယ်လို သွားမှာလဲ " မေးတာဟာ
သား အစီအစဉ်ကို သံသယရှိလို့ မဟုတ်ဘူး
အနည်းဆုံး အဖေ လမ်းပြခွင့် ရမလား
အများဆုံး သား အစီအစဉ်ကို ဝမ်းမြောက်ချင်ရုံပါ။

သားရေ
" သား ဘယ်အချိန် ပြန်ရောက်မလဲ " ဆိုတာ
အချိန်နဲ့ ကန့်သတ်ချင်လို့ မဟုတ်ဘူး

အနည်းဆုံး မင်း အိမ်ပြန်လာမယ်
အများဆုံး မင်း အပြန် တံခါးစောင့်ဖွင့်လို့ ရချင်ရုံပါ။

အဖေ စကားတွေ သိပ်ပြောနေမိသလား
တစ်ဦးတည်းသော သားပဲ သားရယ်
အဖေ စကားနည်းတာ သားသိပါတယ်။  ။

( အဖေနဲ့ အဖေများ အားလုံးသို့ ...)


 ကမ်းလက် 

သင်္ဃမိတ္တာနေ့ (သို့မဟုတ်) မဟာဗောဓိနေ့ မှတ်စု

        ဗုဒ္ဓဘာသာများ၌ပင် သီဟိုဠ်ဗုဒ္ဓဘာသာက ဗောဓိပင်ကို ပို၍ အလေးထားသည်။ ဘုရားရှိခိုးရာ၌ပင် ဗောဓိပူဇာ (ဗောဓိပင် ရှိခိုးပူဇော်ခြင်း) ဖြင့် အစပြုတတ်ကြသည်။ အငြင်းပွားဖွယ်တော့ မရှိ။ သူတို့ ဗုဒ္ဓဘာသာကို ရလိုက်ခြင်းကပင် ဗောဓိပင်နှင့် တွဲ၍ ရခဲ့ခြင်းကြောင့်ပင်။ သင်္ဃမိတ္တာနှင့် ဗောဓိပင်တို့ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) ရောက်ရှိသည်ဟု ယုံကြည်ကြသည့် ဇေဋ္ဌနက္ခတ် ယှဉ်ခိုက်၊ မြန်မာလို တန်ဆောင်မုန်းလပြည့်နေ့ကို သင်္ဃမိတ္တာနေ့ဟု သက်မှတ်ကြခြင်း ဖြစ်သည်။
        ဤနေ့ကို ဂုဏ်ပြုသောအားဖြင့် “မဟိန္ဒနှင့် သင်္ဃမိတ္တာ” ဟူသော ဇာတ်လမ်းလေးကို “Asoka, the Great” စာအုပ်မှ ယူ၍ တင်ပေးလိုက်ပါသည်။
မြန်မာပြန်အကျဉ်း

        မဟိန္ဒမထေရ်၏ မိခင်သည် ဝိဒိသမြို့သူ မဟာဒေဝီ ဖြစ်သည်။ သူမက သူဋ္ဌေးသမီးဖြစ်ပြီး အသောကမင်းသားကို ခမည်းတော် ဗိန္ဒုသာရက ဝိဒိသမြို့သို့ စေလွှတ်ရာ နှစ်ယောက်တွေ့ဆုံပြီး ချစ်ခင် စုံမက်သဖြင့် လက်ဆက်ခဲ့ကြသည်။ သူတို့မှ သား မဟိန္ဒနှင့် သမီး သင်္ဃမိတ္တာတို့ ဖွားမြင်ခဲ့သည်။
        မဟိန္ဒမင်းသား (၁၄) နှစ်သား အရွယ်၌ အသောကမင်း ပါဋလိပုတ်ပြည့်ရှင် ဖြစ်လာခဲ့သည်။ ထို့နောက် အသောက က ပါဋလိပုတ်၌ ရွေ့ပြောင်းနေထိုင်ခဲ့သော်လည်း မိဘုရား မဟာဒေဝီကတော့ မိဘများနှင့်အတူ ဝိဒိသမြို့မှာပင် နေရစ်ခဲ့သည်။
        အသောက နန်းတက်ပြီး (၇) နှစ်မြှောက်၌ အသက် (၂၁) နှစ်အရွယ်ရှိ မဟိန္ဒ ရဟန်းပြုခဲ့သည်။ ပရိယတ္တိစာပေများ သင်ကြားပြီးသောအခါ အခြား ရဟန်းတော်များနှင့်အတူ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်) သို့ သာသနာပြုရန်ကြွရန် တာဝန်ပေးခဲ့ရသည်။ သီရိလင်္ကာ မသွားမီ ပြင်ဆင်သည့်အနေဖြင့် ရာဇဂြိုဟ်တဝိုက်ရှိ ဘုန်းကြီးကျောင်းတိုက်များသို့ သွားရောက်ကာ ပညာတတ် ရဟန်းတော်များထံမှ ဗုဒ္ဓဒေသနာတော်များကို ဆက်လက် လေ့လာခဲ့သည်။
        မဟိန္ဒမထေရ် သီရိလင်္ကာအကြွ လမ်းခရီး၌ ဝိဒိသမြို့ရှိ မယ်တော် မဟာဒေဝီကို ဝင်ရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ မဟာဒေဝီက သားတော်ကို ရဟန်းတစ်ပါးအနေနှင့် ဖူးမြင်ရခြင်း၊ သီရိလင်္ကာနိုင်ငံသို့ သာသနာပြု ကြွရောက်ခြင်းအပေါ် များစွာ ကျေနပ် ဖြစ်မိသည်။ သို့သော် သီရိလင်္ကာသို့ မကြွမီ မယ်တော်နှင့် တစ်လခန့်အတူ သီတင်းသုံးရန် လျောက်ထားသဖြင့် မဟိန္ဒမထေရ်ကလည်း လက်ခံခဲ့သည်။
        ထိုအချိန် သီရိလင်္ကာနိုင်ငံ၌ ဒေဝါနံပိယတိဿဘုရင် မင်းပြုနေ၏။ နှစ်နိုင်ငံ မြဲမြံသော သံတမန်ရေး ရှိနှင့်ပြီး ဖြစ်သည်။ အသောကမင်းကြီးက မဟိန္ဒမထေရ်နှင့် အခြား ရဟန်းတော်တို့ကို သီရိလင်္ကာသို့ သာသနာပြု စေလွှတ်ခဲ့သည်။ တိဿဘုရင်ကိုလည်း အကြောင်းကြားလွှာ ပါးခဲ့သည်။ မဟိန္ဒမထေရ် ရဟန်း (၄) ပါးနှင့်အတူ သီရိလင်္ကာရောက်သော သက္ကရာဇ်က ဘီစီ (၂၅၄) ဖြစ်ပြီး ထိုအချိန်၌ မထေရ်၏ သက်တော် (၃၂) နှစ် ရှိပြီး ဖြစ်သည်။
        မဟာဝံသကျမ်းအဆိုအရ မဟိန္ဒမထေရ် တမ္ဗပဏ္ဍိ (သီရိလင်္ကာ) ရောက်သည့်နေ့မှာ လပြည့်နေ့ ဖြစ်ပြီး တိဿဘုရင်က အခြွေအရံများနှင့် နက္ခတ်ပွဲသဘင် ဆင်ယင် ကျင်းပနေသည်။ မဟိန္ဒမထေရ်က ထိုသတင်းကို ကြားရပြီး တိဿဘုရင်ရှိရာ မိဿကတောင်သို့ ကြွရောက် တွေ့ဆုံခဲ့သည်။ ဇမ္ဗူဒီပဘုရင် အသောကမင်းကြီးက စေလွှတ်လိုက်သည့် သာသနာပြု ရဟန်းတော်များ ဖြစ်ကြောင်း မထေရ်က ပြောပြသည်။ ထိုအကြောင်းကို သိနှင့်ပြီးသား ဖြစ်သော ဒေဝါနံပိယတိဿမင်းကြီးက မထေရ်နှင့်တကွသော သာသနာပြု တစ်ဖွဲ့လုံးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။


        ထို့နောက် မထေရ်လည်း သာသနာပြုလုပ်ငန်း စတင်တော့သည်။ တိဿဘုရင်နှင့် အခြွေအရံများ အားလုံးကို အရှင်သာရိပုတ္တရာမထေရ် သာဝတ္ထိမြို့၌ ရဟန်းတော်တို့ကို ဟောကြားခဲ့သည့် ဟတ္ထိပဒေါပမသုတ်ကို ဟောကြားခဲ့ပြီး ဒေသနာအဆုံး၌ မင်းကြီးနှင့်တကွ လေးသောင်းလေးထောင်သော မင်းခစားတို့ ဗုဒ္ဓဘာသာအဖြစ် ခံယူကြသည်။ ထို့နောက် တိဿဘုရင်၏ ထောက်ပံ့မှုဖြင့် သီရိလင်္ကာနိုင်ငံ သာသနာပြု လုပ်ငန်းကို ဆက်လက် ဆောင်ရွက်တော်မူခဲ့သည်။
        ဒေဝါနံပိယတိဿ၏ ခယ်မတော်ဖြစ်သူ၊ ညီတော်၏ ကြင်ယာတော် အနုလာမင်းသမီးသည် သူမကိုယ်တိုင် ရဟန်းပြုခွင့်ရရန် ဘုရင်ကြီးထံ ခွင့်ပန်သည်။ မင်းကြီးက ဝမ်းသာမဆုံးဖြစ်ပြီး မဟိန္ဒမထေရ်ကို လျှောက်ထား တောင်းပန်ရာ “အမျိုးသမီးကို ရဟန်းပြုပေးရန် ငါ့မှာ အခွင့်အာဏာ မရှိ၊ သာသနာတော် ပြန့်ပွားရေး ဖြစ်သဖြင့် တားလည်း မတားမြစ်အပ်၊ ဤအကြောင်းကို ခမည်းတော် အသောကမင်းကြီးထံ အကြောင်းကြားပြီး သင်္ဃမိတ္တာကို စေလွှတ်ပေးရန် မေတ္တာရပ်ခံပေးမည်” ဟု မထေရ်က မိန့်လိုက်သည်။
        မထေရ်၏ ဩဝါဒအတိုင်း ဒေဝါနံပိယတိဿက ပါဋလိပုတ်သို့ တမန်တော်များ စေလွှတ်ပြီး အသောကမင်းကြီးထံ သဝဏ်လွှာ ဆက်သသည်။ သားရဟန်းတော်၏ အောင်မြင်သော သာသနာပြုခရီးကို နှစ်ထောင်းအားရ ရှိလှသော အသောကမင်းကြီးက သမီးတော် သံဃမိတ္တာနှင့်အတူ ဗုဒ္ဓဂယာမှ ညောင်ကိုင်းတစ်ကိုင်းပါ လက်ဆောင် ပေးလိုက်လေသည်။ ထိုညောင်ပင်ငယ်ကို ဓမ္မသင်္ကေတ တစ်ခုအနေဖြင့် သီရိလင်္ကာ၌ စိုက်ပျိုးစေသည်။ ထိုညောင်ပင်က ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ကြာဆုံး သစ်ပင်ဟု ဆိုနိုင်သည်။
        သင်္ဃမိတ္တာထေရီ သီရိလင်္ကာသို့ ရောက်သည့်အချိန်တွင် ကြီးကျယ်စွာ ကြိုဆိုခဲ့ကြသည်။ အိမ်ရှေ့မင်းသား၏ ကြင်ယာတော် အနုလာဒေဝီနှင့် အလုပ်အကျွေး မောင်းမမိဿံ ငါးရာတို့ ဘိက္ခူနီသာသနာထဲ ဝင်ကြစဉ် မဟိန္ဒမထေရ်ကလည်း ဘုရင်၏တူတော် အရိဋ္ဌနှင့် သူငယ်ချင်း ငါးရာတို့ကို သူတော်ကောင်းတရား၌ တည်စေခဲ့သည်။
        အနုရာဓပူရမြို့ရှိ မဟိန္ဒမထေရ် သီတင်းသုံးခဲ့ရာ ကျောင်းတော်သည် ယနေ့တိုင် ဗုဒ္ဓဘာသာဝင်တို့ အတွက် အထွဋ်အမြတ် ထားရာ နေရာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
        မဟိန္ဒမထေရ် သီရိလင်္ကာ သာသနာပြုကာလသည် (၃၈) နှစ် ဖြစ်ပြီး သက်တော် (၇၀)၊ ဘီစီ (၂၀၀) ၌ ပျံလွန်တော် မူခဲ့သည်။
        ထို့နောက် နှစ်နှစ်ခန့်အကြာတွင် သင်္ဃမိတ္တာမထေရ်လည်း ပျံလွန်တော်မူခဲ့လေသည်။ ဤမောင်နှမ နှစ်ယောက်တို့ ကြိုးစား သာသနာပြုခဲ့မှု့ကြောင့် အလှမ်းဝေးကွာလှသော သီရိလင်္ကာကျွန်း၌ ဗုဒ္ဓသာသနာလည်း ထွန်းလင်းတောက်ပ လာခဲ့ရတော့သည်။
        ဤကား အသောကမင်းကြီး၏ သာသနာပြု အစီအမံ တစ်ခုပင်တည်း။


Mahinda and Sanghamitta


Mahinda’s mother’s name was Devi or Mahadevi, and she belonged to Vidisa. While a prince, Asoka was sent by Bindusara as a regent to Vidisa, where he married the daughter of a ‘setha’ or millionaire. The girl was named Devi. She bore Asoka a son, Mahinda, and a daughter, Sanghamitta, in that order. Asoka was crowned the king at Pataliputra when Mahinda was fourteen. Though Asoka settled there, Rani Devi lived in her parental home at Vidisa.

    Mahinda was initiated by sthavira Mahadeo in the seventh year of Asoka’s coronatin. Mahinda was twenty-one by then. After his initiation, Mahinda was dispatched to Sri Lanka with some monks to preach dhamma. During the six months preceding his mission to Sri Lanka, Mahinda went about visiting the Buddha Viharas around Rajagriha and gained knowledge in the company of learned monks. He met his mother at Vidisa on his way to Sri Lanka. His mother gave him a reception fitting a noble sramana. She was glad that her son was going to preach dhamma in Sri Lanka. His mother’s affection compelled Mahinda to stay a month at Vidisa.

    It happened during the reign of King Devanampiya Tissa in Sri Lanka. He had strong friendly ties with King Asoka. As Asoka dispatched Mahinda to Sri Lanka in the company of some monks to preach dhamma, he sent his emissary to inform the king. Asoka was crowned in 272 BC, and Mahinda landed at Singhala dweepa in 254 BC in the company of four monks. Mahinda was thirty-two at the time.

    According to the Mahavansa, when Mahinda arrived in Tamraparni, it was the Full-moon’s day in the lunar month of Jyestha – a day of festive celebrations in the land. King Devanampiya Tissa had gone to the Misraka mountain to hunt and celebrate the occasion with forty-four thousand men. When Mahinda received the information, he joined the king at the mountain with the monks. He told the king – “I am a preacher sent by Asoka from Jambudeepa.” The kind, who already had Asoka’s message, received Mahinda with sheer warmth. Mahinda started his work at once. He preached to the king the Hastipadopamasutta, which was originally delivered by Sariputta in the presence of the order of the monks at Savatthi. Consequently, Devanampiya Tissa was instantly converted to Buddhism along with his forty-four thousand men.Subsequently, Mahinda completed his task in Sri Lanka with the help of the king.

Devanampiya Tissa’s wife’s name was Anuloma or Anula. Inspired by the wave of Buddhism in the land, Queen Anuloma sought the king’s permission to join the dhamma. Tissa was too happy to refuse her. But, Mahinda said – “I am not authorized to initiate women. But, it is not fair to obstruct the expansion of the dhamma either.” He added – “I will send a message to my father, and you should also ask him that he may send Sanghamitta here for the purpose.”

    Accordingly, Devanampiya Tissa dispatched a messenger to Pataliputra. Asoka was delighted to receive the news of his son’s success. He asked for a branch of the bodhi-tree from Bodhgaya and dispatched Sanghamitta to Sri Lanka with it. The Branch was planted there as a symbol of dhamma. The tree still stands in Sri Lanka and is, incidently, the oldest tree in the world.

    In Sri Lanka, a royal welcome was extended to Sanghamitta with the branch. Queen Anuloma Devi and another five hundred inmates of the harem were initiated by Sangha, while Mahinda initiated the king’s nephew, Arista and his five hundred friends into dhamma. Mahinda stayed at Anuradhpur Vihara, which has become a pilgrim’s place for the Buddhists. In Sri Lanka, Mahinda preached for thirty-eight years and established Buddhism as the official religion of Sri Lanka. Landing in Sri Lanka at the age of thirty-two years, Mahinda died there at seventy, i.e. in 200 BC. The place of his death is still held sacred by the Sri Lankans. Sanghimitta passed away two year after Mahinda’s death. The two were dedicated to the propagation of Buddhism in a remote land by their righteous father. Such was the greatness of Asoka.

  

သီဟနာဒ

သင်္ဃမိတ္တာနေ့ ( သို့ ) မဟာဗောဓိနေ့


            အသောကမင်းကြီး မြန်မာ့ယဉ်ကျေးမှုမှာ နာမည်ကြီးသလောက် ကျွန်ုပ်တို့ သိသည့် အသောက အကြောင်းက နည်းလွန်းသည်။ရေတွင်း၊ ရေကန် ၊ စေ တီ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်၊ ကလိင်္ဂစစ်ပွဲ၊ ကိုးတိုင်း ကိုးဌာနသာသ နာပြု အစီအစဉ်၊ သေခါနီး သေကံ မကောင်း။ သိထားသမျှတွေကလည်း တူးဖော်တွေ့ရှိလာသော ကျောက်စာများနှင့် တေ့တေ့ဆိုင်ဆိုင် ကြည့်သော အခါ မိမိတို့ သိထားသလို သိပ်မဟုတ်လှတော့။တကယ်တော့ အသောက သည် လဲဂျင့်ထဲက လယ်ဂျင်ဒရီ မဟုတ်။ သူ့သမိုင်းသူ နက်နက်ကြီး တူး စိုက်သွားသူဖြစ်သည်။

            တူးဖော်တွေ့ရှိမှု၊ ပညာရှင်တို့ သုတေသနပြုမှုတို့ကို အခြေခံ စကားပြောရာ မဟာဝံသနှင့် ဒီပဝံသ တို့ပါ သံသယဖြစ်ဖွယ်၊ မေးမြန်းဖွယ်များစွာ ရှိလာခဲ့ သည်။ ညီတော်၊နောင်တော် ၉၉ ယောက်ကိုသတ်ပြီး နန်းတက်ခဲ့ရသည် ဆိုသည့် အချက်မျိုးကို ကျောက်စာများက လက်ခံဖို့ အင်တင်တင် ဖြစ်နေသည်။ ခမည်းတော် ဗိန္ဒုသာရမှာ သားတော် အရေအတွက် ဤမျှမရှိဟု သုံးသပ် လာကြသည်။ အသောကသည် စစ်ရေး စစ်ရာကို ကျွမ်းကျင်သော်လည်း ဤမျှ ရက်စက်ေ သာ၊ ညီတော်၊နောင်တော် ၉၉ ယောက်ကိုသတ်သော ( စဏ္ဍာသောက၊ လူ ကြမ်းကြီး အသောက ) ဖြစ်နိုင်ဖွယ်မရှိ။
ဗုဒ္ဓဘာသာ ဖြစ်လျှင် ဤမျှ ရက်စက် ကြမ်းကြုတ်သော ဘုရင်ပင် ဤမျှ နူးညံ့ သိမ်မွေ့သွားရသည်ကို ပြလိုသော ဗုဒ္ဓဘာသာရဟန်း စာရေးဆရာများကြောင့်ဗုဒ္ဓဘာသာ မဖြစ်မီ အသောကသည် ရှိရင်းစွဲ အသောကထက် ပိ၍ ရက်စက် ပုံ ပေါက်ခဲ့ရဟန်တူသည် ဟူသော ပညာရှင် သံသယတို့ကို မဟာဝံသ၊ ဒီပဝံ သတို့ ကိုးကားဖြေဆိုကာမျှဖြင့် မရနိုင်တော့။ ထိုထိုသို့သော သံသယ စကား တို့ကြောင့်ပင် အသောကမင်ကြီးက ပို၍ စိတ်ဝင်စား စရာ ကောင်းနေပြန်ေ သးတော့သည်။
ကျွန်ုပ်တို့ မသိသေးသည့် အသောက အကြောင်းကလည်း ကျယ်ပြော လှချေသေး၏။

            မည်သို့ဖြစ်စေ ယခု လပြည့်နေ့၌ သီဟိုဠ်သို့ သင်္ဃမိတ္တာ ထေရီနှင့် ဗော ဓိညောင်ပင်ငယ် ရောက်ရှိခဲ့သည်ဟု ယုံကြည်ကြရသည်။ သီဟိုဠ်သားတို့ အထွတ်အမြတ်လည်း ထားကြသည်။ ဤနေ့ကို သင်္ဃမိတ္တာနေ့ ( သို့ ) မဟာဗောဓိနေ့ ဟု ခေါ်တွင်သည်။

            ဤမှာပင် မနက်ဖြန်မှာ သင်္ဃမိတ္တာနေ့ ( သို့ ) မဟာဗောဓိနေ့ ကျင်းပကြဦး မည်။



" မဟာဗောဓိ ပူဇာ ဂါထာ "
ဣမေ ဧတေ မဟာဗောဓိ၊ လောကနာထေန ပူဇိတာ။
အဟမ္ပိ တေ နမဿာမိ၊ ဗောဓိရာဇာ နမတ္ထုတေ။

This great tree of Enlightenment
The Lord of the world reverenced.
I too shall salute you.
May there be homage to you, O great Bodhi.


( သိင်္ဃမိတ္တာ စာလုံးပေါင်းကတော့ စဉ်းစားဖွယ် ဖြစ်သည်ဟု ယူဆမိသည်၊ အားလုံး၌ Sanghamitta ဟုသာ တွေ့ရသည်။ အဓိပ္ပါယ်လည်း ပါသည်။)


 သီဟနာဒ

ဂလိုဘယ် သက်သတ်လွတ်ကိစ္စ ( ပေါက်တတ်ကရ )


သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်ပြီး ပြောနေခဲ့ကြတာ များလှပြီ။ အရှေ့ရော၊ အနောက်ရော။ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးတွေရော၊ တိရစ္ဆာန် မကာကွယ်မစောင့်ရှောက်ရေးတွေရော။ မြန်မာပြည်မှာဆို ဆရာတော်တွေရော၊ ဂိုဏ်းဆရာတွေရော၊ ဘာသာရေး တီးမိခေါက်မိ ရှိသူတွေရောပဲ။
ဘယ်သူတွေ ဘာပြောပြော အာရှက (အိန္ဒိယက ) ကျောင်း သားလေးတွေက လော့ဂျစ်မှာ သူများတွေထက် သာနိုင်တယ်။ မယုံရင် သူတို့ တက်စ်ဘုတ်ကိုသာကြည့်။

"easily cheat, tell lies, they forget promises, they are dishonest and tell bad words, steal, fight and turn to violence and commit sex crimes”

အသာစားသူတွေဟာ လိမ်တယ်၊ ကောက်တယ်၊ ကတိဖျက်တယ်၊ မရိုး သား၊ နှုတ်ကြမ်း၊ အကြမ်းဖက်၊ ကာမေသု လွန်ကြူး " တဲ့။

အိန္ဒိယ " New Healthway " ဆိုတဲ့ ကလေးပညာပေး ကျောင်းသုံး စာအုပ် က ဆက်ရှင်းပြတယ် meat-eaters are “lazy, sluggish and short-lived”. တဲ့။
စဉ်းစားစရာဆိုလို့ ပျင်းနေ၊ မလုပ်ချင် မကိုင်ချင်ဖြစ်နေ၊ အသက်တိုနေရတာနဲ့ အထက်က ရာဇဝတ်မှုတွေ ကျူးလွန်ချိန်မှ ရှိပါတော့မလား ဆိုတာပါပဲ။

အိန္ဒိယမှ မဟုတ်ပါဘူး။ ဟောင်ကောင် တရုတ် ဖတ်စာအုပ်ထဲမှာလည်း ( သူ က ရာဇဝတ်မှုကို အစားအစာနဲ့ မခွဲဘူး )
“Foreign children fight in the playground but Chinese children do not fight in the playground.”
ဖတ်စာအုပ်ထဲမှာတော့ မရှိသေးဘူး။ စင်္ကာပူမှာလည်း ဖောရိန်းသားတွေ များ လာလို့ ရာဇဝတ်မှုတွေပိုများလာတဲ့ အကြောင်းတွေ ပြောနေကြတာ ကြာပြီ။
ဆိုင်၊ မဆိုင်တော့မသိဘူး။ လူများရင်တော့ ပြဿနာ များမှာပေါ့။

ထားပါတော့။ သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်လို့ အမြင်တွေကတော့ ဘယ်တော့မှ တူမှာ မဟုတ်ပါဘူး။ အထူးသဖြင့် သက်သတ်လွတ်နဲ့ ကိုယ် ကျင့်တရား ဆက်စပ်ရင်ပေါ့။

BC10,000 မှာ Ugg က မီးကို ရှာတွေ့တယ်။ သူလည်း မီးကို ရှာတွေ့ရော လူတွေက ချက်စရာမလိုတဲ့ စလပ်ကို စားကြဖို့ ပြောလာကြန်တယ်။ သူ့တွေ့ရှိမှုကို တန်ဖိုးမထားကြလို့ သူ့ကို အားနာစရာကောင်းနေတယ်။

AD 900 မှာ သက်သတ်လွတ်သမား Vikings တွေက အင်္ဂလန်ကမြို့တွေ ကို ရက်ရက်စက်စက် နှိပ်စက် ဖျက်ဆီးကြတယ်။
ရွာသားတွေခမျာ သမီးတွေ၊ ဇနီးတွေ၊ အိမ်ဖော်တွေ၊ အားလူး၊ ခရမ်းချဉ်သီး၊ မုန်လာဥ အဖြူ အနီတွေ ဖွက်ထားကြရတယ်။ သူတို့က အသားရှောင်ပေ မယ့် ရှေ့မှာ ပြောခဲ့တာတွေကို မရှောင်ကြဘူးလေ။

AD 1120 မှာ ဥရောပ အရှေ့ပိုင်း သက်သတ်လွတ်သမား barbarian hordes တွေက စိုက်ပျိုးထားသမျှ ကြက်သွန် အဖြူ အနီတွေအားလုံး တူးပြီး လုယူကြလို့ သက်သတ်လွတ်မဟုတ်တဲ့ တောင်သူတွေ တော်တော် ခံလိုက် ရတယ်တဲ့။
ဒါက သက်သတ်မလွတ် သမားတွေရဲ့ အကြောင်းပြချက်၊မဆိုးဘူးထင်တယ်။

သက်သတ်လွတ်ကိစ္စတွေ ပြောတာများလာတော့ တချို့က အိုလံပစ် အားက စား ပြိုင်ပွဲကိုတောင် နိုင်ငံအလိုက် မပြိုင်ဘဲ အစားအစာနဲ့ ခွဲပြိုင်ရင် ကောင်း မယ်လို့ အကြံပြုလာနေကြပြီ။
ဥပမာ သက်သတ်လွတ်အသင်း၊ သက်သတ်မလွတ်အသင်း၊ ကုန်းသတ္တဝါစားအသင်း၊ ရေသတ္တဝါစားအသင်း၊
မီးလွတ်အသင်း၊ မီးမလွတ်အသင်း စသဖြင့်ပေါ့။

အကြိုက်ဆုံးကတော့ ဖေးဘရိတ် မစ္စတာ ဂျင်းမ်ရဲ့ အောက်က အကိုးအကား ပါပဲ။
"To all you hunters who kill animals for food, shame on you; you ought to go to the store and buy the meat that was made there,where no animals were harmed." အသားစားဖို့ တောလိုက်တဲ့ မုတ်ဆိုးတွေ၊ ခင်ဗျားတို့ အစားရှက်တယ်။ အသားရောင်းတဲ့ဆိုင်မှာ သွား ဝယ်၊ အဲ့ဒီမှာ ထုတ်လုပ်တယ်၊ ဘယ်သတ္တဝါကိုမှ ညှင်းဆဲ၊ သတ်ဖြတ်နေစရာ မလိုဘူး "

ကဲ ဒါဆို ဗုဒ္ဓဘာသာများတဲ့ မြန်မာတွေကရော ဘာပြောကြမလဲ။ ( ပြောနေကြတာတော့ များနေပြီ )
သိသလောက် ၅ ပါးသီလထဲမှာတော့ အစားအစာနဲ့ပတ်သက်လို့ တစ်ခုပဲပါ တယ်၊ နောက်ဆုံးကဟာ။
အဲဒါ သက်သတ်လွတ်၊ မီးတော့မလွတ်ဘူး ထင်တယ်။ ( တချို့လွတ်၊ တချို့ မလွတ်ထင်တယ် ) ထင်တယ်ဆိုတာ သေသေချာချာ မသိလို့ ဆိုလိုတာပါ။

ဒါနဲ့ စကားမစပ် စာပေဟောပြောပွဲမှာ ဖိတ်ထားတဲ့ စာရေးဆရာ ( စာရေး ဆရာမ တွေ မပါ ) တွေကို နယ်ခံတွေက
" အသောက်အစား မရှိတဲ့ ဆရာတွေ ထမင်းစားကြွကြပါ ခင်ဗျား " လို့ ထမင်းစားဖိတ်တော့ တစ်ယောက်မှ မထကြဘူး တဲ့။ " တဲ့ " ဆိုတော့ တဆင့်ကြားပေါ့။ ။


 ဇင်ဝေသော်

ခရစ္စမတ် ဟာသများ


ကျောပေါ်မှာ မမြင်ချင်လို့ပါ

မြင်းစီးထားတဲ့ လမ်းပြပုလိပ်နဲ့ စက်ဘီးအသစ်စီးလာတဲ့ ကလေးတစ်ယောက် လမ်းမှာတွေ့ကြတယ်။
ရဲက
" စက်ဘီးလေးက လှတယ်၊ စင်တာ ( Santa ) ကပေးထားတာလား "
" ဟုတ်တယ် "
" စင်တာကိုပြော၊နောက်နှစ်ဆိုရင် နောက် မီးလုံးပါ ပါတဲ့ စက်ဘီးပေးပါလို့ "
နောက် မီးလုံးမပါလို့ ဆိုပြီး ရဲက ကလေးကို ဒဏ်ငွေ ( ၂၀ ) ရိုက်၊ ဖြတ်ပိုင်း ပြန်ပေးလိုက်တယ်။

ဖြတ်ပိုင်းကိုယူ၊ စက်ဘီးပေါ်တက်လိုက်ပြီး ကလေးက
" မြင်းကြီးက လှလိုက်တာ၊ စင်တာ( Santa ) က ပေးထားတာလား "
ကလေးကို ပြန်နောက်ချင်တဲ့ ရဲက
" ဟုတ်တယ်၊ စင်တာက ပေးထားတာ "
" စင်တာကိုပြောပေးပါ၊ နောက်နှစ်ဆိုရင် stupid ဦးနှောက် ကို မြင်းခေါင်းထဲမှာပဲ ထားပေးပါ၊ မြင်း ကျောပေါ်တင်ပေးမထားပါနဲ့လို့ "
ပြောရင်းဆိုရင်း ကလေးက စက်ဘီးစီးပြီး ထွက်သွားတယ်။



လျှို့ဝှက်တာဝန်

ချပ်ကျောင်းကနေ ထွက်လာတော့ ဂျက်က ကျနော့်ရှေ့မှာ။ တရားဟော ဆရာက အပြင်က ရပ်စောင့်ရင်း ထွက်လာတဲ့လူတိုင်းကို လက်ဆွဲနှုတ် ဆက်နေတယ်။
ဂျက်ကို လက်ဆွဲနှုတ်ဆက်အပြီး တရားဟော ဆရာက
" မင်းလည်း ဘုရားသခင်ရဲ့ တပ်မဟာထဲ ( Army of the Lord! ) ဝင်သင့်တယ် "
" ကျနော်က ဝင်ပြီးသားပါ ဗျာ "
" ခရစ္စမတ် နဲ့ အီစတာပွဲ ရက်က လွဲလို့ မင်းကို တွေ့လည်း မတွေ့မိပါလား "
ဂျက်က တိုးတိုးလေး သူများ မကြားစေချင်တဲ့ ပုံစံနဲ့
" I'm in the secret service." တဲ့။

ဈေးဝယ်စောမှု

ခရစ္စမတ်နေ့ဆိုတော့ စိတ်ကောင်းဝင်နေတဲ့ တရားသူကြီးက ချိုချိုသာသာပဲ တရားခံကို စစ်ဆေးတယ်။
" ဘယ်အမှုနဲ့ တရားစွဲခံရတာလဲ "
" စောစောစီးစီး ခရစ္စမတ်ဈေးဝယ်ထွက်မှုပါ "
" ဟင် ဒါက တရားဥပဒေ ချိုးဖောက်တာမှ မဟုတ်ဘဲ၊ ဘယ်လောက်များ စောသွားလို့လဲ "
" စတိုးဆိုင်မဖွင့်ခင် စိတ်ကြိုက် ဈေးဝင်ဝယ်လိုက်မိလို့ပါ "
( အွန်လိုင်းခရစ္စမတ် ဟာသများမှ )


 ကမ်းလက် 

အင်္ဂလိပ်စာ အမှားများ


ခရစ္စမတ်နေ့မို့ " ဗုဒ္ဓဘာသာနဲ့ စစ်တပ် " အစား အပျင်းပြေ ဟာသလေးများ ကိုပဲ တင်ပေးလိုက်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အင်္ဂလိပ်စာ အမှားလေးတွေ မို့ ဘာသာမပြန်ဘဲ သူ့အတိုင်းထားလိုက်ပါတယ်။

ဟော်တယ်ဝန်ထမ်းနဲ့ ဘီသိုဗင်

Writer Simon Winchester phoned the concierge at the Mandarin Oriental hotel to ask him for some Beethoven.
The usual concierge was off so Simon spoke to a young staff member.
“Do you know who Beethoven is?”
“No. What room is he in?”
“No, no, he’s dead.”
“Oh. We’d better call security.”

ကိုယ့်ကိုယ်ကိုယ် ဖုန်းဆက်လို့မရ

Colin Robertson called his own office at the Commission for Canada.
“This is Colin Robertson. I’d like to speak to—”
“Mr Robertson is not here.”
“No. THIS is Mr Robertson. I want—”
“Why are you calling yourself?”

ဒါဆို ဒီညတွေ့မယ်

Paul Frankland phoned Café de Paris in Lan Kwai Fong.
"My name is Frankland. I wish to cancel my reservation for tonight."
"You have a reservation for two people at 8 pm."
"Yes. I wish to cancel it."
"May I have your telephone number?"
"Why do you need my number if am canceling my reservation?"
"Okay. Thanks. See you tonight."

မနေ့က ရောက်ရင် ခေါ်ပါ
Alan Skyrme phoned an export firm in Kowloon. A receptionist answered:
"Mr Chan’s office."
"Is he available?"
"He is out of town. He is due back from his trip yesterday."
"If he was due back yesterday, can I get hold of him?"
"Please call back yesterday."

လျှပ်စစ်မီး မရောင်းပါ

Craig Sanderson’s house was suffering a power cut. He decided to phone Park ’n’ Shop supermarket to see if it was open, or whether it had also had a blackout.
"Is that Park n shop?"
"Yes."
"Do you have any electricity?"
"No, sir. We don’t sell electricity."

မနက်စာ ရောင်းချိန်
Simon phoned a Wyndham Street restaurant to ask about its menu.
“You have an all-day breakfast?”
“Yes sir.”
“When do you open?”
“Lunchtime, sir.”


 ကမ်းလက် 

မော်ဒန် ကလေးအဖေအသစ်များအတွက် Baby Manual


Microswift Baby 0.1 ကို မှာယူတဲ့အတွက် ကျေးဇူးတင်ပါသည်။ ရိုရိုသေသေ ကိုင်တွယ်မည်ဆိုလျှင် သင့်ကို နှစ်ပေါင်းများစွာ ပျော်ရွှင်စေပါ လိမ့်မည်။
But first, take a moment to register. Click here to register now.

Baby 0.1. ကို အသုံးမပြုမီ အောက်ပါလမ်းညွှန်ချက်များကို သေသေချာချာ ဖတ်ပါ။
သင့်ရဲ့ Microswift Baby 1.0 သည် Microswift Woman 2.0. ခေါ်သည့် container နဲ့အတူ ရောက်ရှိလာမည်ဖြစ်သည်။ ထို container ကို စနစ်တ ကျ ထားရမည်၊ မအေးလွန်း၊ မပူလွန်းသော ရာသီဥတုနှင့်ကိုက်ညီသည်။ ထို container ကို လွှတ်မချရ၊ အလေးအပင်များ သယ်ဆောင်ရန် မခိုင်းရ။ သို့သော် မည်မျှ ဂရုစိုက်စေ ထို container က မထင်မှတ်သော တုန့်ပြန်မှု ရှိနေတတ်သည်။ ဖြစ်ရိုးဖြစ်စဉ်ဟုသာ သဘောထားပါ။




( ၁ )
ပထမဆုံး Baby 0.1. ကို container မှ ထုတ်ယူရမည်။ ထိုအခါ အခက်အခဲ အနည်းငယ်ရှိနိုင်သည်၊ စိုးရိမ်စရာ မရှိပါ။ အထူးသတိပြုရန်မှာ Baby 0.1. ကို ထုတ်ယူရာ၌ ကျောက်လှည့်၊ တူ၊ ရဲတင်း စသည်တို့ကို မသုံးရန်ဖြစ်သည်။
သင်တွေ့ရမည့် ပစ္စည်းတို့သည်
Baby 0.1
Placenta
Umbilical cord တို့ဖြစ်သည်။
(If any of these are not present, please see your dealer.)

( ၂ )
Once Baby 1.0 is out of the package၊ သူကိုယ်တိုင် စတင် အလုပ်လုပ် မည်။ အလုပ်မလုပ်သေးဘူးဆိုလျင် တင်ပါးလိုနေရာမှာ ညင်သာစွာ ပုတ်ပေး လိုက်ပါ။ ( ရဲတင်း စသည် မသုံးရ )
အလုပ်လုပ်ခြင်းဟူသည် " အူဝဲ အူဝဲ အူဝဲ " ဟူသော အသံထွက်လာခြင်း ကို ဆိုလိုသည်။ ထို အူဝဲကြောင့် စိုးရိမ်စရာမရှိ။

( ၃ )
Baby 0.1 အပြင်ရောက်လာပြီးနောက် ဘက်ထရီ ချက်ချင်းသွင်းထားရမည်။ ဘက်ထရီသွင်းရန် container ၏ storage device နှစ်ခုမှ တစ်ခုခု နှင့် ဆက်သွယ်ထားရမည်။ ဆက်သွယ်ရာ၌ Baby 1.0 ၏ မျက်နှာပေါ်ရှိ နှင်း ဆီနုရောင် ဂျက်ပင်အပေါက်နှင့် ( သူ့ကို Mouth ဟု တက်ကနီကယ် တမ်း ဖြင့် ခေါ်သည် ) ဆက်သွယ်မှသာ ဘက်ထရီဝင်မည်။ အခြားဂျက်ပင်အပေါက်များနှင့် ( ဥပမာ Ear or Nostril ) ဆက်သွယ်လျှင် ဘက်ထရီ လုံးဝ မဝင်ကြောင်း သတိပြုပါ။
ဘက်ထရီ တစ်ခါသွင်းထားလျှင် နာရီအတော်ကြာ ခံသည်၊သို့သော် ဘက်ထ ရီကို ပုံမှန်သွင်းပေးရမည်၊ ပုံမှန်ဆိုရာ၌ ညချိန်ပါ ပါဝင်သည်။

( ၄ )
Baby 0. 1 ကို ဘက်ထရီသွင်းရာ၌ မူလ အော်ရီဂျင်နယ် container ၏ storage device နှစ်ခုကိုသာ အမြဲ အသုံးပြုဖို့လိုအပ်သည်။ သို့မဟုတ်ပါက ရေရှည်၌ Baby 0.1 ၏ ပါဖောင်မင့်ကို တနည်းမဟုတ် တနည်း ထိခိုက်လာနိုင်သည်။
၎င်း Baby 0.1 ညစ်ပတ် ပေရေခဲ့သော် washing machine ထဲ ထည့်ပြီး မလျှော်ရ၊ တစ်ရှူး ( သို့ ) နူးညံ့သောအဝတ်ဖြင့်သာ သန့်စင်ပေးရမည်။ ထိုထက်ပိုပြီး ဆိုးရွားသော် ( သို့ ) Baby 0.1 မှ မကောင်းသော အနံ့အသက် လိကောက် ( ယိုစိမ့် ) ဖြစ်သော် သင်ကိုယ်တိုင် ဖြေရှင်းမရတော့ပါ။ ထိုကိစ္စကို ဖြေရှင်းရန် Woman 2.0 ထံ ပြန်ပို့ပေးပါ။

( ၅ )
Enjoy Baby 0.1 ။ သင့် ဆွေမျိုးများ၊ မိတ်ဆွေမျာကို ပြနိုင်သည်၊
Baby 0.1 ကို လက်ခံ၊ သုံးစွဲပြီးသည့်နောက် နောက်ထပ် Microswift Babies.များ ဆက်လက်လိုချင်လာလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်မိပါသည်။
And if you don’t – well, there’s a no returns policy. So get used to it.

Ref : The Baby Manual The for Modern Men
By: Mr Jam


 ဇင်ဝေသော်

အသင်းကြီးတွေ အာရုံနောက်တဲ့ အပတ်


အသင်းငယ်တွေ ခံ ကန်သွားတဲ့ အပတ်ပါပဲ။ အဆင်နယ်က ပင်နယ်တီ၊ မန်စီးတီးက အချိန်ပို ဂိုးနဲ နိုင်သွားတယ်။ ကံသီလို့သာပေါ့ ရွှေခြံရာ။
တော့တင်ဟန်လည်း မဟန်နိုင်ခဲ့ဘူး။ မန်ယူက ဆွမ်ဆီးကို သရေ။ ဆွမ်ဆီးကစားသွားတာက အသင်းငယ်ဆိုပေမဲ့ အိမ်ကွင်းဆိုတော့ ခပ်တင်းတင်းပဲ။
တကယ်က ကံလည်းပါတယ်။

ဒါနဲ့ ပတ်သက်ပြီး....
ဖာဂူဆန်ကို အစားထိုးဖို့ အတွင်းရေး တစ်ပြေးနေတာက မော်ရင်ညိုမဟုတ်၊ ဂွာဒီယိုလာ မဟုတ်။
ဆွမ်ဆီးနည်းပြ မိုက်ကယ် လောဒရပ် ဖြစ်နေတယ်။ စိတ်ဝင်စား စရာ။ လူတော်ပဲ။ ယဉ်လည်း ယဉ်ကျေးတယ်။
ဟီလာရီကို ကင်နီ နဲ့ အစားထိုးမယ့် အိုဗားမားထက်တောင် မိုက်သေးတယ်။

ချယ်လ်ဆီး ဗီလာက ခမ်းမင်း ဆွန်း။ ဂိုးမပြတ်လောက်ဘူး ထင်တယ်။ ပြတ် ရင် ချယ်လ်ဆီး ခွင်ဖောက်တာပဲ။
ဂိုးပြတ်နိုင်သွားပေမဲ့ လီဗာပူးက အခုတလော အသင်းကြီးလား၊ အသင်းလေးလား မသိတော့ဘူး။ ( ဆောရီး လီဗာပူး ခရေးဇေး တို့ ရေ )
ဒါကြောင့် အသင်းကြီးတွေ အသက်ရှူမချောင်တဲ့ အပတ်လို့ ပြောရတာပါ။


 ဇင်ဝေသော်

ပြန်ကို ပြန်ရမယ့် ကွန်မင့် ( ၂ )


အက်သစ်ရဲ့ အဓိပ္ပါယ်ကတော့ အဘိဓာန် အကြီးအသေးပေါ်မှာ မူတည်ပြီး အတို အရှည်ကွဲတာကလွဲရင် အဘိဓာန် တိုင်းမှာ ပါပါတယ်။
ကလေးအက်သစ်က " မာမီ ကုတင်အောက်မှာ ပုန်းနေတယ် " ဖြစ်ပေမယ့် လူကြီး အက်သစ်က ဒီထက်တော့ ပိုသင့်တာပေါ့။
ဥပမာ အေးအေးဆေးဆေး ဇနီးနဲ့ တေ့တေ့ဆိုင်ဆိုင် စကားပြောတာမျိုး၊ တကယ် အပြစ်ရှိရင်လည်း ထွက်ပြီး ရင်ဆိုင်လိုက်၊ ကိုယ်တစ်ယောက်လုံး ရှိတယ်လို့ အားပေးတာမျိုး စသည် စသည် ဖြစ်နေရမှာပေါ့။
" ဟုတ်ပါတယ်ဗျာ၊ ခင်ဗျားတို့ အလိုရှိနေတဲ့ ကျနော့်ဇနီးကတော့ ကုတင်အောက်မှာ ပုန်းနေလေရဲ့ " ဆိုရင် အက်သစ်တော့ အက်သစ်ပေါ့။ ဒါပေမယ့် ကလေးအက်သစ်။
အဖမ်းခံရမယ့် နေရာက မဟုတ်ရင် အက်သစ်အရေးကြီးကြောင်း ပြောရ တာ တော်တော် အရသာရှိပါတယ်။ သဘောတူတယ်။

ဒုတိယ ကိစ္စက ပြောသင့်၊ မ ပြောသင့်၊ ဒါလည်း အက်သစ်ပဲ။ မှန်တယ်၊ ပြောရမလား။ ပြော၊ မပြောရဲ့ အကျိုးဆက်တွေက ဘာလဲ။ ဒါပါ။

ပြီးတော့ အင်္ဂလိပ်စကားပြော မဟုတ်တဲ့ နိုင်ငံသားတွေ အတွက် အပို ရှိသင့်တဲ့ အက်သစ်။
ဒီအကြောင်းကို ပြောမှရမယ်၊ ဒါပေမယ့် ဘယ်ဘာသာစကားနဲ့ပြောမလဲ။
မြန်မာလို ပြောဆို၊ ဝေဖန်၊ ရေးသားက အချင်းချင်း လက်တို့ပြောတာမျိုးပါ။ ဒီကိစ္စ ( မစွံတဲ့ကိစ္စ ) ကို အပြင်လူ မသိစေချင်တဲ့ စေတနာပါတယ်။
အဓိပ္ပါယ်တူ စကားတစ်ခွန်းကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ပြောကြည့်ပါ။ ကျယ်ပြန့်မှု မတူသလို အဓိပ္ပါယ်ယူဆပုံလည်း လုံးဝ မတူနိုင်ဘူး။ အင်္ဂလိပ် မီဒီယာ သယ်သွားတဲ့ သတင်းက မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ တွေးပုံခေါ်ပုံနဲ့ လုံးဝမတူတဲ့ လူထုဆီကို ဖြစ်နေ ပါတယ်။

ကျနော် အရင်ဆောင်းပါးမှာ ပေးခဲ့တဲ့ အချက်တွေနဲ့ ပတ်သက် လို့ ပြော ချင်၊ ရေးချင်တာလည်း လက်တွေယား၊ အင်္ဂလိပ်လို မရေး တတ်တာလည်း မဟုတ်၊ မရေးသင့်ဘူး ထင်ပါတယ်လေ ဆိုပြီး ( အင်္ဂလိပ်လိုမရေး ) မြန်မာလိုပဲ ရေးတဲ့ ပြည်တွင်း ပြည်ပ ပညာ ရှင်တွေ အများကြီးရှိနိုင်တယ်။
ဒီ မီဒီယာခေတ်ကြီးမှာ ဘာမှ ဖုံးအုပ်လို့ မရဘူးဆိုတာတော့ လူတိုင်းသိပါ တယ်၊ သူတို့ စေတနာက ကိုယ့်ကြောင့်တော့ မဖြစ်စေ ချင်ဘူး။ ဒါပါပဲ။

ဒေါ်စုကို ဘယ်သူမှ မဝေဖန်သင့်ဘူးလို့တော့ မပြောခဲ့ဖူးပါဘူး။

မြန်မာအစိုးရကို ဝေဖန်အကြံပြုချင်တာ၊ ပြည်သူကိုအသိပေးချင်တာဆိုရင်တော့ အင်္ဂလိပ်လိုရေးလည်း အပိုပဲ၊ အခြားအကြောင်းတွေရေးတာက အဓိပ္ပါယ်ရှိတယ်၊ အင်္ဂလိပ်လို မဖတ်နိုင်သူတွေကို မြန်မာတစ်ယောက်က အင်္ဂလိပ်လိုရေးပြီး ဝေဖန်တာက ဘာအဓိပ္ပါယ်ရှိမှန်း ( သိတော့သိတယ် ) မသိလို့။



ဇင်ဝေသော်

အက်သစ်သဘောနဲ့ အူကြောင်ကြား အင်္ဂလိပ်တတ် မြန်မာများ


အက်သစ်ဟာလည်း လူလားမမြောက်သေးတဲ့ ကလေးတွေလက်ထဲ ရောက် သွားရင် မိဘတွေ အဖမ်းခံရတတ်ပါတယ်။
ဒါကို လူလားမြောက်သူ အမြင်နဲ့ ကျေးဇူးပြု ခဏကြည့်ပေးပါ။ ပြီးတော့ တစ် ခုခုကို ဆုံးဖြတ်ကြည့်ပါ။
အသေးစား ဥပဒေ တစ်ခုနဲ့ ငြိနေတဲ့ အမျိုးသမီး ( ကလေးအမေ ) တစ်ယောက်ကို ရဲက အလိုရှိတယ်။ လိုက်ရှာတယ်။
အိမ်ထဲမှာ သူမရှိသလားလို့ ရဲက မေးတော့ အမျိုးသား ( ကလေးအဖေ ) က မရှိဘူး လို့ လိမ်တယ်။
အဲဒီ အချိန် ကျောင်းမှာ အက်သစ်သဘောတရား နားထောင်ခဲ့ရတဲ့ ၄ နှစ် အရွယ် သမီးလေးက
" ဒယ်ဒီ လိမ်တာ၊ မာမီက ကုတင်အောက်မှာ ပုန်းနေတာ " လို့ ရဲကိုပြောလိုက်လို့ မယားရော လင်ပါ အဖမ်းခံရတယ်။ အဲဒါ အမေရိကမှာ။

နောက်ကလေး တစ်ယောက်ကလည်း အမေရိကမှာပဲ။ သူ့အဖေက တေးဂီ တပညာရှင်၊ မူးယစ်ဆေးဝါး ပပြောက်ရေး ကျောင်းကပွဲမှာ ဖျော်ဖြေခဲ့သူ။
အဲ့ဒါ ၅ နှစ်းသား သားငယ်က
" မူးယစ်ဆေးဝါး ပပြောက်ရေး ကျောင်းကပွဲမှာ ဖျော်ဖြေခဲ့ပေမယ့် အိမ် မှာတော့ ဒယ်ဒီက တရားမဝင် ဆေးဝါးတွေ သုံးစွဲပါတယ် " လို့ သူ့ဆရာတွေကို သွားပြောတယ်။
ဆရာတွေက တဆင့် ရဲဆီသတင်းရောက်သွားပြီ့း  ဒယ်ဒီလည်း အဖမ်းခံ လိုက်ရလေရော။
အဲ့ဒါ ၄ နှစ်အရွယ် သမီးလေးနဲ့ ၅ နှစ်းသား သားငယ်လေးတို့ရဲ့ အက်သစ်ပေါ့။ ကဲ ဘယ်လိုပြောကြမလဲ။ အက်သစ်တော့ အက်သစ်ပေါ့လေ။

ကျနော်တို့ ပြည်တွင်းပြည်ပမှာလည်း ၄ ၊ ၅ နှစ် ကလေး အက်သစ်နဲ့ နိုင်ငံ၊ အစိုးရနဲ့ လူထု ဒုက္ခရောက်အောင် အင်္ဂလိပ်လို လျှောက်ရေးတဲ့ မနူးမနပ် ပညာတတ်တွေရှိတယ်။
မာမီကုတင်အောက်မှာ ပုန်းနေတယ်၊ ဒယ်ဒီ ဆေးသုံးတယ် ဆိုတာမျိုးတွေ။

ကမ္ဘာကျော်အောင် အမေရိကန် သမ္မတကို သေနတ်နဲ့ ပစ်ရတယ်ဆိုသလို ပါပဲ မြန်မာလူမျိုး တစ်ယောက် ကမ္ဘာကျော်ချင်ရင်.........
၁ ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ပြစ်နှစ်နှစ် အင်္ဂလိပ်လိုရေးပြီး ဝေဖန်
၂ ။ ရိုဟိန်ဂျာကို ထောက်ခံကြောင်း အင်္ဂလိပ်လိုရေး
၃ ။ မြန်မာအစိုးရ လူ့ အခွင့်အရေး ချိုးဖောက်ဆဲဆိုတာ သာဓကတချို့နဲ့ အင်္ဂလိပ်လိုရေး
၎ ။ လက်ရှိအစိုးရဟာ နောက်ကြောင်းပြန်လှည့်နိုင်တယ် ဆိုတာ ကောက် ချက်တချို့၊ အကိုးအကားတချို့နဲ့ လှလှပပရေး
၅ ။ ရေးတဲ့အခါ မြန်မာနာမည်စစ်စစ်နဲ့ရေး

ခင်ဗျားတို့လည်း အက်သစ်ရှိသူဖြစ်၊ နာမည်လည်းကြီး။ သေချာတယ် ကမ္ဘာ မှာ ခင်ဗျားတို့အတွက် တစ်နေရာစာရှိပါတယ် မနူးမနပ် ပညာတတ်ကြီး တို့ ...... ရေ။



ဇင်ဝေသော်