ရေစက်လွဲတတ်သည့် မင်္ဂလာများ


အသက် ၆၀ ဝန်းကြင် အမျိုးသားနဲ့ အမျိုးသမီး ရှေ့ရောက်လာပြီး စကား အ နည်းငယ်လောက် ပြောချင်တယ်၊ ပြောလို့ ရမလားဟုမေးသည်။ ရကြောင်း အချက်ပြ အထိုင်းခိုင်းပြီးကြည့်မိတော့ သူတို့မျက်တွေက မသာယာ။ အမျိုးသမီးမျက်နှာမှာ မျက်ရည်အချို့ပင် စွတ်စိုလျှက်။ အမျိုးသားက စကား စသည်။ သူတို့မှာ သမီးနှစ်ယောက်ရှိကြောင်း၊ အကြီးက အောစတေးလျမှာ ပညာသင်၊ ဘွဲ့ရပြီးဖြစ်ကြောင်း၊ သူမဘဝ အသစ်ကို အောစတေးလျမှာ စ တင်မယ် ပြောပြီးဘယ်လိုအဆက်အသွယ်မှ မလုပ်တော့သလို ဒီဖက်က ဆက်သွယ်ရင်လည်း ဖုန်းမဖြေ၊ စာမပြန်ကြောင်း၊ ယခုဆို သူမ ဘယ်ရောက် လို့ ဘာဖြစ်နေတယ်ဆိုတာပင် မသိရကြောင်း ပြောပြသည်။
သမီးအငယ်က ရှေ့လထဲမှာ အမေရိကကို သွားတောမှာမို့ ပိုလို့ ဝမ်းနည်း မိကြောင်း ဆက်ပြောသည်။ မဆန်းလှသည့် မိဘသောကဇာတ်လမ်းပင်။ သမီးကြီးအတွက် အလွန်အမင်းစိတ်မပူဖို့လောက်သာ ပြောနိုင် ပါသည် ။ သေကွဲ၊ ရှင်ကွဲ ဒုက္ခသစ္စာကို သူတို့လည်း သိကြသည်။ သူတို့ကလည်း နားထောင်ပေးမည့် နားတစ်စုံထံ ရင်ဖွင့်လိုရုံသာဖြစ်ပြီး ဤ ကိစ္စမျိုးမှာ ရ ဟန်းတစ်ပါးက လက်တွေ့ကျကျ (ထိထိရောက်ရောက်) ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ကြောင်း သဘောပေါက်ကြပါသည်။

သူတို့ပြန်သွားမှ သူတို့သမီးနှစ်ယောက်နဲ့ ဆက်စပ်ကာ "ပူဇာစ ပူဇနေယျာနံ" ဆီ စိတ်ညွတ်သွားမိသည်။
ပူဇော်ထိုက်သူကို ပူဇော်(ခွင့်)ရခြင်းသည် မင်္ဂလာမည်၏ တဲ့။ ပူဇော်ထိုက်သူများသည် ရတနာသုံးပါး၊ မိဘ၊ ဆရာသမားတို့ဟု စာပေနှင့် ယဉ်ကျေးမှုက ဆိုသည်။
ဤ မင်္ဂလာနှင့် ပြည့်စုံရန်
၁။ ကျေးဇူးသိတတ်မှု၊ ပြန်လည်ပူဇော်လိုမှု
၂။ ကျေးဇူးရှင်များ သက်ရှိထင်ရှားရှိနေဖို့လို၏။
ကျေးဇူးရှင်များ သက်ရှိထင်ရှားရှိနေစဉ် ပူဇော်ရမှန်း မသိခြင်း၊ မပူဇော်နို င်ခြင်း။ ပူဇော်ရမှန်းသိ၊ ကျေးဇူးဆပ်တော့မယ်ဆိုသည့်ချိန်တွင် ကျေးဇူးရှင်များ မရှိတော့ခြင်းသည် မင်္ဂလာနှင့် လွဲရခြင်းဖြစ်သည်။

သူတို့ မင်္ဂလာနှင့်အချိန်မှီ ဆက်သွယ်မိကြပါစေဟု ဆန္ဒပြုရုံမှလွဲ၍.....
မိမိကိုယ်တိုင်လည်း နွမ်းပါး စာသင်သားဘဝက သက်ရှိထင်ရှား မိဘများ....
ကျေးဇူးဆပ်နိုင်သည့် အခြေအနေရောက်မှ မရှိရှာတော့သည့် မိဘနှစ်ပါး...
မိသားစုထဲမှာ အငယ်ဆုံးဖြစ်ခဲ့ရခြင်းက အဓိကအကြောင်းလား.....
သူတို့ကံလား၊ ကိုယ့်ကံလား..
ကံတရားက ဘုရားရှင်မှသာ အပြည့်အဝ သိနိုင်သည်ဟု စာပေလာ၏။
မည်သို့ဆိုစေ တစ်ခါတစ်ရံ မင်္ဂလာသည် ပြည့်စုံရန် ခက်ခဲနေတတ်၏။

အေကေ ၄၇ ပိုင်ရှင်ရဲ့ နောင်တ


အေကေ ၄၇ ရိုင်ဖယ်သေနတ်ဟာ ကမ္ဘာကျော်လက်နက်တစ်ခုဖြစ်ပြီး သန်းပေါင်း တစ်ရာဝန်းကြင် ကမ္ဘာအနှံ့ ပြန့်နေတယ်၊ ဒီသေနတ်ကို ဒီဇိုင်းတည်ထွင်ခဲ့သူ မီခေးလ် ခလပ်ရှနီကော့ဗ်ဟာ သူ့သေနတ်တွေကြောင့် လူတွေရဲ့အသက်တွေ ဆုံးရှုံးခဲ့ရတာကို တွေးမိပြီး မသေခင်မှာ ဝမ်းနည်းနောင်တ သေတန်းစာတစ်စောင် ရေးခဲ့ပါသတဲ့။

စိတ်ထဲ နာကျင်မှုက မခံစားနိုင်သလောက်ပါ။ အဖြေမရှိတဲ့ ဒီ မေးခွန်းကိုပဲ ထပ်တလဲလဲ ကျနော်မေးနေမိတယ်။
"ကျနော့် assault rifle ကြောင့် လူတွေရဲ့အသက်တွေ သေခဲ့ရတယ်ဆိုရင် သူတို့အသက်တွေအတွက် လယ်သမားသား၊ အော်သိုဒေါက်စ် (Orthodox Christian) ခရစ်ယန်တစ်ယောက်ဖြစ်တဲ့ ကျနော်ဆိုတဲ့ မီခေးလ် ခလပ်ရှနီကော့ဗ်မှာ တာဝန်ရှိနေသလား"

အသက်ကြီးလာတာနဲ့အမျှ ဒီမေးခွန်းက မကြာမကြာ ခေါင်းထဲ ရောက်ေ ရာက်လာပြီး ပိုလို့လည်းလေးလေးနက်နက် စဉ်းစားနေမိပါတယ်။ ထာဝရဘုရားရှင်က လူတွေရဲ့ အကုသိုလ် ဣဿာ၊ မစ္ဆရိယ၊ လောဘ ၊ ဒေါသတွေကို ဘာကြောင့်များ ခွင့်ပြုခဲ့တာပါလိမ့်၊ အရာခပ်သိမ်းဟာ ပြောင်းလဲနေတယ်၊ မပြောင်းလဲတာဆိုလို လူတွေနဲ့ သူတို့ စိတ်ပဲ ရှိတယ်။ လူသားကတော့ အရင်ကအတိုင်းပဲ လောဘကြီးဆဲ၊ ယုတ်မာ ဆဲ၊ နှလုံးသား မဲ့ဆဲ၊ ကယောင်ကတန်းဖြစ်နေဆဲပါ။

"The longer I live, the more often that question gets into my brain, the deeper I go in my thoughts and guesses about why the Almighty allowed humans to have devilish desires of envy, greed and aggression," Kalashnikov continued. "Everything changes, only a man and his thinking remain unchanged: he's just as greedy, evil, heartless and restless as before!"

တစ်ချိန်ကတော့ သူ့မှာ တာဝန်မရှိ၊ အစိုးရတွေနဲ့ အကြမ်းဖက်သမားတွေမှာပဲ တာဝန်ရှိတယ်လို့ သူ ယုံကြည်ခဲ့ဟန် တူပါတယ်။
("I sleep well. It's the politicians who are to blame for failing to come to an agreement and resorting to violence," the designer told The Associated Press in 2007.)

အရွယ်ကြောင့်ထင်ပါရဲ့ သူ့ အတွေးက ပြောင်းသွားတယ်။ လူသား ဆန်လာ တယ်လို့ ပြောရမယ်ထင်ပါတယ်။

ပြသနာ ၊ Civilization


ယနေ့ ကြုံတွေ့နေရတဲ့ (ဖွင့်ပြော၊ မပြော) ပြသနာတွေဟာ Civilization ကို အခြေခံပါတယ်။
Civilization ဟာ စီးပွားရေးနဲ့ လူဦးရေ တိုးပွားမှုနှုန်းမှာ အဓိက မူတည်နေ ပါတယ်။
ဖူလာက မွတ်စလင်မရှိလည်း ကမ္ဘာဟာ ပြသနာတွေ ရှိနေမှာပဲလို့ ဆိုပါ တယ်။
သူက ခရစ်ယန် ခရူးဆေ့ စစ်ပွဲတွေနဲ့ အခြား စစ်ပွဲတွေကို ကိုးကားတယ်။
ဟန်တင်တန်က သူရေးတာထက် သတင်းစာဖြတ်ပိုင်းတွေနဲ့ သမိုင်းကို ပို အားပြုတယ်။
(သူ ပြသနာတက်တာက အများစုသတင်းစာဖြတ်ပိုင်းတွေကြောင့်)လီကွမ်ယုရဲ့ နွေ ရောက်မလာတဲ့ နွေဦးက ကမ္ဘာကို လှုပ်ခပ်စေပြန်တယ်။ ဘာလဲ၊ ဘယ်လဲ။
အားလုံးကိုခြုံကြည့်တော့ ပထဝီနိုင်ငံရေးဟာ လေ့လာရမှာဖြစ်သလို သူများ အသံကို နားစွင့်ရမှာလည်းဖြစ်တယ်။ ယောင်လို့လည်း မရဘူး။ သေသွား မယ်။
အူလို့လည်း မရ၊ ပညာရှင်ယောင် ဆောင်လို့လည်း မရပါဘူး။
ကျနော် တွေ့မိတဲ့ (ခင်ဗျား တွေ့ရင်လည်း လက်တို့ပါ၊ ပညာရှင် ဆန်ရမယ်၊ သမိုင်း ခိုင်ရမယ်) လေးစားဖွယ် အညွှန်း လေးခု ထားခဲ့မယ်။
ဖတ်ကြည့်ပါ။ သုံးသပ်ကြည့်ပါ။ ဘယ်သူ၊ ဘယ်ဘာသာကိုမှ မထိခိုက်စေ လိုပါ။






စင်္ကာပူကိုကျော်သွားတဲ့ ဝက်သေလေး


ဝက်သေလေးက "စင်္ကာပူ လာသင့် မလာသင့်" ပို့စ်ကို ကျော်တက်သွားပြီ။
ဝက်သေလေး မလာခင်က စင်္ကာပူ လာသင့် မလာသင့် ပို့စ်က မြောက်ကြွကြွနဲ့။

ပို့စ်နဲ့ ပတ်သက်လို့ ဘယ်လိုပြောရမလဲ မသိတော့ပါ။ ဒီလောက် ဖတ်ကြမယ်လို့လည်း မထင်မှတ်မိပါ။
ဆက်လက်သိချင်ရင် (အင်္ဂလိပ်လို လက်လှမ်းမမီသူများအတွက်) ဒီ လင့်က တဆင့် ဖတ်ကြည့်နိုင်ကြပါတယ်။
Citizen Keep
"Tolerance becomes a crime when applied to evil." Thomas Mann

အကျပ်အတည်းတွေနဲ့ ထိပ်မှာ (Troubled but still on top) (၅)




"၁၉၇၃ ခုနှစ်က နန်းချခံလိုက်ရတဲ့ နောက်ဆုံးဘုရင် မိုဟာမက် ဇာဟာ ရှာ (Mohammed Zahir Shah) ရဲ့နောက် စစ်လိုလားတဲ့ တိုင်းရင်းသားတွေ ကြား (အာဖဂန် နစ္စတန်မှာ) ငြိမ်းချမ်းရေး ဆိုတာ တစ်စက်မှ မရှိခဲ့ဖူးပါဘူး။ ...စက်တင်ဘာ (၁၁) မှာ ကြေကွဲစရာ ကြုံတွေ့ခဲ့ရတယ် ဆိုရင်တောင် စစ် သား တွေကို အာဖဂန်ထဲ လွှတ်လိုက်တာဟာ အမေရိကန်ရဲ့ မဟာ အမှား ပါပဲ။ ကျွန်တော်သာ သူတို့ (အမေရိကန်တွေ) နေရာ မှာဆိုရင် အကြမ်းဖက် သမားတွေ ပုန်းခိုစရာ နေရာမရှိတော့အောင် နေ့ခင်းကြောင်တောင်မှာ အာဖဂန်ကို ၀င်ပြီး ဗုန်းကြဲချလိုက်မိမှာပဲ။ ....အာဖဂန်ဟာ ဘယ် နည်းနဲ့မှ လမ်းမှန်ပေါ် ရောက်လာမှာမဟုတ်ဘူး ဆိုတာ သူတို့ သိထား သင့် တယ်
 (လီကွမ်းယု)

ကျွန်တော်သိတဲ့ အမေရိက

၁၉၆၂ ခုနှစ်မှာ ပထမဆုံး အမေရိကကို ကျွန်တော် ရောက်ဖူးခဲ့ပါတယ်။ ဒုတိ ယ ကမ္ဘာစစ်ပြီးလို့ မကြာ သေးတဲ့ ကာလပေါ့။ ဥရောပရဲ့ စီးပွားရေး တစ် ၀က်က ရုပ်ပျက်ဆင်းပျက် ပုံကျနေတယ်၊ ဗြိတိန်ရဲ့ ပါဝါကလည်း အဆင်း ပိုင်းကို ရောက်နေချိန်၊ တရုတ်ဆိုရင် တက်လာဖို့ အရိပ်အရောင်တောင် မ သန်းသေးပါဘူး။ အဲဒီအချိန် ကတည်းကကို ကျွန်တော်တွေ့ခဲ့သမျှ အမေရိ ကန်တွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့် ရှိနေကြတယ်။ အဲဒီအချိန်မှာ ဗြိတိန်က ပိုင်ဆိုင်ထားခဲ့တဲ့ ကမ္ဘာ့ထိပ်သီးပါဝါကို သူတို့ ဆီ လွှဲပြောင်းပေး နေရချိန်ပါ။ သူတို့ နှစ်နိုင်ငံလုံးကလည်း အင်္ဂလိပ်စကားပြော တဲ့ နိုင်ငံတွေဆိုတော့ အငြင်းပွားမှု၊ စိတ်ဝမ်းကွဲမှု အကြီးအကျယ် မရှိဘဲ ပြီး ဆုံးသွားခဲ့တယ်။ ဗြိတိသျှတွေကလည်း အမေရိကန်တွေကို မယှဉ်နိုင်တော့ ဘူးဆိုတာ သိနေ ကြတယ်။ သူတို့ကိုပဲ ဂျာမန်တွေလက်ထဲကနေ အမေရိ ကန်တွေက ကယ်ယူခဲ့ရတာပါ။ ဒါပေမဲ့ အလကားတော့ မဟုတ် ပါဘူး။ ဒီ အတွက် သူတို့ အင်ပါယာနဲ့တကွ အမေရိကန်နိုင်ငံထဲမှာ ရှိတဲ့ နယ်မြေတွေ ကို ပြန်ပေးလိုက်ရပါတယ်။ အလကားမပေးဘူးဆိုတဲ့ မြေတွေကိုလည်း အတ္တလန်တစ် သမုဒ္ဒရာကို စောင့်ရှောက်ထားဖို့အတွက် လိုအပ်တဲ့ (အမေရိကန်တွေရဲ့) တစ်ပတ်ရစ် သင်္ဘောအဟောင်းတွေနဲ့ လဲလှယ်ယူ ခဲ့ကြပါတယ်။ ဒါတွေကိုကြည့်တော့ သူတို့ ကျရှုံးနေပြီ။ အမေရိကန်တွေရဲ့ အားကို စိန်မခေါ်နိုင်တော့ဘူး ဆိုတာ အလိုလို သဘောပေါက်ပြီး ဖြစ်နေ ခဲ့ကြပါတော့တယ်။

ဒီတစ်ချီမှာ မတူညီတဲ့ အချက်ကတော့ တရုတ်အပေါ်စီး ရောက်သွားမှာကို အမေရိကန်တွေက လွယ် လွယ်နဲ့ လက်ခံမှာမဟုတ်ဘူး ဆိုတဲ့ အချက်ပါ။ ဒါပေမဲ့ အခု တက်လာတဲ့ တရုတ်ရဲ့ အရှိန်အဟုန်ကို ဟန့်တားဖို့ မလွယ်လှ ဘူးဆိုတာတော့ အမေရိကန်တွေ မြင်ထားကြမှာပဲ။ သက္ကရာဇ် ၂၀၃၅ ဆိုရင် တရုတ်ပြည်ရဲ့ တစ်ဦး ချင်း ၀င်ငွေဟာ အမေရိကန်ထက် များလာနိုင်ပြီး အမေရိကန်တွေ အုပ်စီးထားတဲ့ အနောက် ပစိဖိတ်ကို ဟန့်တားထားနိုင်ဖို့ စစ်အင်အားလည်း တရုတ်မှာ ရှိလာနိုင်ပါတယ်။ ဒါဟာ အထင်ကရ ပြောင်း လဲမှုကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဂျာမန်တွေက ဥရောပကို စစ်ရေးနဲ့ စိန်ခေါ်နေတော့ ဗြိတိန်က အမေရိကန်တွေနဲ့ ပူးပေါင်းပြီး ဟန့်တား ထားနိုင် ခဲ့ပါတယ်။ ဒီတစ်ချီမှာရော အမေရိကန်တွေက ဂျပန်တွေနဲ့ ပူးပေါင်းပြီး တ ရုတ်ကို ဟန့်တားနိုင်ဦးမလား။ ကျွန်တော်တော့ သိပ်မထင်လှပါဘူး။

ဂျပန်တွေက တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး သမိုင်းတလျှောက်လုံး ရန်သူ တော်ကြီးတွေ ဖြစ်မှာကို မလိုလားလောက်ပါဘူး။ ကျွန်တော်သာ ဂျပန်လူမျိုးဆိုရင် သန်း (၁၃၀) သာရှိတဲ့ ကျွန်တော်တို့ လူမျိုးတွေဟာ (၁.၃) ထရီလီယမ် ရှိတဲ့ တရုတ်လူမျိုးတွေနဲ့ ဘေးချင်းကပ်နေ နေကြရ တာ ကို တွေး မြင်နေ မိမှာပါ။
“သူတို့နဲ့ ဘာဖြစ်လို့ ရန်ငြိုးဖွဲ့စရာတွေ လုပ်နေမှာလဲ” လို့ မေးကောင်းမေးမိပါလိမ့်မယ်။ နောက်ပြီး တရုတ်ပြည်က ဂျပန်နဲ့ ကိုရီး ယားတို့ဆီက အလုံးအရင်းနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို ၀မ်းမြောက် ၀မ်းသာ ကြိုဆိုထားတယ်။ တရုတ်ပြည်ဆိုတာ ကုန်ထုတ်လုပ်မှု စရိတ် ချို သာပြီး အလွန်ကြီးမားတဲ့ ဈေးကွက်ရှိနေတဲ့ နေရာပါ။ ၂၁ ရာစုမှာတော့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အပြန်အလှန်နားလည်တဲ့ ဆက်ဆံရေးဟာ အရေးအကြီး ဆုံး အချက်ဖြစ်ပါတယ်။

သူတို့ နှစ်နိုင်ငံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ ပူးပေါင်းနေထိုင်ကြမယ်ဆိုရင် အာရှ တိုက်ဟာလည်း တည်ငြိမ်အေးချမ်းပါလိမ့်မယ်။ နှစ်နိုင်ငံစလုံးက အနုမြူလက်နက်တွေ ပိုင်ဆိုင်နေတော့ ထိပ်တိုက်ရင်ဆိုင် တွေ့ကြဖို့ကေ တာ့ ဖြစ်နိုင်ချေ နည်းပါးလှပါတယ်။ ဘယ်လို အနေအထားကပဲဖြစ်ဖြစ် ထိပ် တိုက်တွေ့မိပြီ ဆိုရင်တော့ ရှုံးတဲ့ဖက်က အဆုံး၊ အရှုံး အပျက်အစီး နည်းေ အာင် နူးကလီးယားလက်နက် တွေ စတင်သုံးစွဲလာပါလိမ့်မည်။ ဒါဆို ရင်တော့ အားလုံးကိစ္စချောဖို့ အစပျိုးလိုက်တာပါပဲ။ ဒါကြောင့် နှစ် ဖက် စလုံး ဟာ အသေးအဖွဲ အငြင်းပွားမှုလေးတွေကစလို့ ထိပ်တိုက်ရင်ဆိုင် မတွေ့ ရအောင် အတတ်နိုင်ဆုံး ရှောင်ကြပါလိမ့်မယ်။


အမေရိကန်အနေနဲ့ သူ့ရဲ့ စစ် ဖက်ဆိုင်ရာ နည်းပညာတွေ ပိုကောင်းအောင် ကြိုးစားနေ မယ့်အစား တ ရုတ်ပြည်ကို ကမ္ဘာ့အဖွဲ့အစည်းထဲ ရောက်လာအောင် အားပေးပြီး အပြည်ပြည်ဆိုင်ရာ ကိစ္စရပ် တွေ စနစ်တကျ ဖြစ်စေဖို့ ပုံဖော်ရာမှာ တရုတ် ကိုလည်း တစ်ခန်းတစ်ကဏ္ဏအနေနဲ့ ပါဝင်ဆောင်ရွက်ခွင့် ပြုသင့်ပါတယ်။ ဒါဆိုရင် တရုတ်ပြည်အနေနဲ့လည်း ကမ္ဘာ့ နိုင်ငံသားကြီးအနေနဲ့ တာဝန်တွေ ကို ဆောင်ရွက်ခွင့်ရလို့ ကျေနပ်စရာလို့ ထင်မြင်လာပါလိမ့်မယ်။

သူတို့ ကမ္ဘာကိုလွှမ်းမိုးစ ကနဦးနှစ်တွေကဆိုရင် အမေရိကန်တွေ လည်းေ မာက်မာတဲ့ သဘောမျိုး လေးတွေ ရှိနေခဲ့ပါတယ်။ ဗြိတိန်ကတော့ နှစ်ပေါင်း (၂၀၀) ကျော် အင်ပါယာစနစ်နဲ့ အုပ်ချုပ်လာတာမို့ ပြည့်ပြည့်၀၀ ရှိခဲ့ကြ တယ်။ ဒါ့ကြောင့် သူတို့ အုပ်ချုပ်မှုကလည်း အတွေ့အကြုံ ရင့်ကျက် ပြီး ပြေပြေပြစ်ပြစ် ရှိခဲ့ပါတယ်။ တစ်ခါက ဗြိတိသျှအစိုးရ အောက်မှာ အလုပ် လုပ်ခဲ့ဖူးတဲ့ ၀န်ထမ်းတစ်ယောက်ကဆိုရင် ဗြိတိလျှ အရာရှိ (၂၀၀) ဟာ အိန္ဒိယလူမျိုး မီလျံ (၂၀၀) ကို ကောင်းကောင်းထိမ်းချုပ် ထားနိုင်တယ် လို့တောင် ပြောခဲ့ ဖူးပါတယ်။ အဲဒီအချိန်ဟာ ဗြိတိသျှအင်ပါယာရဲ့ အမြင့် ဆုံးရောက်နေတဲ့ အချိန်ပါပဲ။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် အမေရိကန်တွေ ကြီးစိုးလာတယ်။ သူတို့ ကြီးစိုးရတဲ့ ကာလက သိပ်မကြာသေးတော့ သူတို့ လက်ရှိရထားတဲ့ နေရာကို ကာကွယ်ဖို့ ရှိလာသမျှစိန်ခေါ်မှုတိုင်းကို လှဲကျဉ်း ရှင်းထုတ်ပစ်မှာ အသေအချာပါပဲ။

အမေရိကန်တွေက သူများနိုင်ငံထဲ ၀င်ရောက်ပြီး သူတို့ ယုံကြည်တာကို သူများလည်း ယုံကြည်လာစေဖို့ စည်းရုံးတတ်တဲ့ သဘောကလည်း ရှိနေပြန်ပါသေးတယ်။
စက်တင်ဘာ (၁၁)ရက် ကိစ္စပြီးတဲ့နောက် အာဖဂန်နစ္စတန်ထဲ ၀င်ရောက်ပြီး အာဖဂန်နစ္စတန်ကိုပဲ “နေးရှင်း” တစ်ခုဖြစ်အောင် တည်ဆောက်ပေးဖို့ ကြိုးစားခဲ့ကြတယ်။ သိပ်ပညာသား မပါလှဘူး။ အဲဒီနိုင်ငံဟာ နှစ်ပေါင်း သုံး ဆယ်၊ လေးဆယ်အတွင်း နေးရှင်းတစ်ခုလို့ ပြောလို့ကို မရပါဘူး။ ၁၉၇၃ ခုနှစ်က နန်းချခံလိုက်ရတဲ့ နောက်ဆုံးဘုရင် မိုဟာမက် ဇာဟာ ရှာ (Mohammed Zahir Shah) ရဲ့နောက် စစ်လိုလားတဲ့ တိုင်းရင်းသားတွေ ကြား ငြိမ်းချမ်းရေး ဆိုတာ တစ်စက်မှ မရှိခဲ့ဖူးပါဘူး။ အဲဒီရှေ့ နှစ်ပေါင်းတစ်ရာလောက်အထိ ပြန်ကြည့်မယ်ဆိုရင် ဗြိတိသျှ စစ် သား ရုဒ်ယာ့ဒ် ကစ်ပလင် (Rudyard Kipling) ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ် ရှိပါတယ်။
The Young British Soldier (ဗြိတိသျှ စစ်သားလေး) တဲ့။

‘‘When you wounded and left an Afghanistan’s plains
And the women come out to cut up what remains
Jest roll to your rifle and blow up your brain
An’ go to your Gawd like a solider”


ဒီကဗျာလေးကို ဟီလာရင် ကလင်တန်ကို ပေးဖတ်ပြီး သူမကို သိမ်သိမ်မွေ့မွေ့နဲ့တော့ အကြံဥာဏ် ပေးခဲ့ပါတယ်။ ဒီနေ့ အာဖဂန် နစ္စတန်ကို ကြည့်ရင် ကစ်ပလင်ရဲ့ လက်ထက်ကနဲ့ ထူးထူးခြားခြား ဘာမှ ပြောင်းလဲလာမှု မရှိသေးဘူး လို့။ စက်တင်ဘာ (၁၁) မှာ ကြေကွဲစရာ ကြုံတွေ့ခဲ့ရတယ် ဆို ရင်တောင် စစ်သား တွေကို အာဖဂန်ထဲ လွှတ်လိုက်တာဟာ အမေရိကန်ရဲ့ အမှားပါ။ ကျွန်တော်သာ သူတို့ (အမေရိကန်တွေ) နေရာ မှာဆိုရင် အကြမ်း ဖက်သမားတွေ ပုန်းခိုစရာ နေရာမရှိတော့အောင် နေ့ခင်းကြောင်တောင်မှာ အာဖဂန် ကို ၀င်ပြီး ဗုန်းကြဲချလိုက်မိမှာပဲ။ သူတို့က စစ်သားတွေကို စစ်မြေပြင်ထဲ လွှတ်လိုက်ကြတယ်။အသက်ဆုံးရှုံးမှု မရှိ၊ သိက္ခာလည်း မကျစေဘဲ ဘယ်လိုလုပ် နောက်ဆုတ် လာလို့ ရပါတော့မလဲ။

သမ္မတ အိုဗားမားကတော့ ၂၀၁၄ ခုမှာ အာဖဂန်မှာ ရှိတဲ့ စစ်သားတွေအားလုံး ပြန်ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ဒါကို သူ အမြန် ဆုံး အကောင်အထည် ဖော်သင့်တယ်။ အာဖဂန်ဟာ ဘယ် နည်းနဲ့မှ လမ်းမှန်ပေါ် ရောက်လာမှာမဟုတ်ဘူး ဆိုတာ သူတို့ သိထား သင့် တယ်။

ဆက်ရန်

က ကလေးငယ် ချစ်စဖွယ်


ဒါက ရှားပါးသစ်ခွ
နာမည်က "က ကလေးငယ် ချစ်စဖွယ်" တဲ့။

ဝက်သေတစ်ခု အရင်းပြု(အီးမေးသတင်း)


အမေရိက၊ ကနေဒါ၊ ယူကေနဲ့ အောစတေးလျနဲ့ (တစ်ကမ္ဘာလုံး)က လူတွေ စပိန်တွေဆီက သင်္ခန်းစာယူသင့်တယ်။ စပိန်နိုင်ငံ Seville မြို့ကလူထုဟာ သူတို့မြေပေါ် ဗလီအသစ်ထပ်ဆောက်မှာကို ဘယ်လိုတားဆီးရမယ်ဆိုတာ သိသွားကြပြီ။ ဗလီဆောက်မယ့်မြေမှာ ဝက်သေကိုမြှုပ်၊ ဒေသတွင်း မီဒီယာ ကနေတဆင့် ဝက်သေမြှုပ်ထားတဲ့မြေဖြစ်ကြောင်း သတင်းဖြန့်လိုက် တဲ့။

အစ္စလမ်မစ်ဥပဒေက ဝက်သေမြှုပ်ထားတဲ့မြေပေါ်မှာ ဗလီမဆောက်ရလို့ တားမြစ်ထားတယ်။ ဒီအကြောင်း သိတာနဲ့ ဗလီပဆောက်မယ့် ပရောဂျက်ကို မွတ်စလင်တွေက ချက်ချင်း ဖျက်သိမ်းသွားပါ သတဲ့။
တကယ်တော့ အဲဒီမြေကို အစိုးရက မွတ်စလင်တွေကို ရောင်းထားတာပါ။ လူထုက လမ်းပေါ်တက် ဆန္ဒပြမနေဘဲ ဝက်သေမြှုပ်လိုက်ကြတယ်။ အလုပ်ဖြစ်သတဲ့။

မိုးယေး


(မန်ယူနည်းပြ) မိုးယေးကတော့ မေးရိုးပဲ ကျန်တော့တယ်။ အိုးထရက်စ ဖို့ ရောက်လာတဲ့ အသင်းတိုင်းကို ခရစ္စမတ်နဲ့ နယူးယီးယား လက်ဆောင် အညီအမျှ သုံးမှတ်စီ ပေးပစ်လိုက်တယ်။
မကျေမနပ် မဖြစ်ကြပါနဲ့။
ကဲ လာစမ်း ရဲတိုက်အသစ် (နယူးကာဆယ်)။
ရဲတိုက်အသစ်နဲ့ အာရပ်က ရေနံသူဌေး။

တနင်္ဂနွေ အပျင်းပြေ


အလုပ်ရှုပ် စိတ်ရှုပ်တဲ့အခါတွေမှာ တချို့ ပစ္စည်းတွေ ဘယ်မှာထားမိလို့ ထားမိမှန်းမသိ၊ ရှာလို့မတွေ့ ဖြစ်တတ်ကြပါတယ်။ ဥပမာ သော့၊ မျက်မှန်၊ မီးရထားစသည်ပေါ့။
အဲ မီးရထားပျောက်တာကတော့ မကြာမကြာဖြစ်လေ့ရှိမယ် မဟုတ်ဘူးပေါ့။ ဒါပေမဲ့ မယုံ မရှိပါနဲ့။ သီရိလင်္ကာ၊ ကိုလံဘိုဘူတာထဲကနေ ရထား တစ်စီးေ ပျာက်သွားလို့တဲ့။ ရထားမောင်းသူက နောက်မှသိပြီး ရုံပိုင်ကိုအကြောင်းကြား လိုက်တော့ အုတ်အော်သောင်းနင်း ဖြစ်သွားတာပေါ့။
ပျောက်တဲ့ပစ္စည်းကို မမြင်လိုက်မိဘူးလားမေးရတာကလည်း နည်းနည်း အူကြောင်ကြောင်နိုင်တယ်။
"ဟဲလို၊ မီးရထားဝန်ကြီးဌာနကပါ၊ မီးရထားတစ်စင်း ပျောက်သွားလို့ မတွေ့ လိုက်မိကြဘူးလား"
အူကြောင်ကြောင်နိုင်လည်း မေးတော့ မေးကြရတာပါ နောက်မှသိရတာက ရထားကမြို့နဲ ၁၂ ကလိုမီတာအကွာကို ရောက်နေပြီး ရထား ခိုးမောင်းသွား သူက သရဲ (တစ္ဆေ) ဖြစ်နေတယ် တဲ့။

ဒီလိုပြောလို့ ဒီပြကွက်က "Unstoppable" ရုပ်ရှင်ထဲက ပြကွက်ကြီးပါလို့ ကြည့်ဖူးသူတွေက ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒါက ၂၀၁၃ ခုထဲ သီရိလင်္ကာမှာ တကယ်ဖြစ် သွားတာပါ တဲ့။
ဒါမျိုး ဘယ်နှနှစ်မှာ တစ်ခါကြုံတတ်သလဲဆိုတော့ နှစ် တစ်ရာမှာ တစ်ကြိမ်ပဲ ကြုံရပါသတဲ့။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက နေ့၊ အချိန်၊ နေရာ၊ ရထားလိုင်းကအစ အတူ တူ ရထားတစ်စင်းပျေက်ခဲ့ဖူးကြောင်း သိရပါတယ် တဲ့။

ဒါကို မယုံရင် လောင်းကြေး ကြိုက်သလောက်တင်ပြီး လောင်းနိုင်ကြောင်း ၊ နှစ်တစ်ရာပြည့်လို့ မှားတယ်ဆိုရင် အဆတစ်ရာ အလျော် ရမှာဖြစ်ကြောင်း လောင်းကြေးဖွင့်ထားတယ်လို့ သိရပါတယ်။

ခမ်းနားတဲ့ နာရေးကြော်ငြာ


ဒီလ၊ ယူကေမှာထုတ်တဲ့ (လေးလတစ်ကြိမ်) မဇ္ဈိမ ပဋိပဒါဂျာနယ်မှာ ဖော်ပြ ထားတဲ့ ဆရာကြီး ဦးဂိုအင်ကာရဲ့ နာရေးပါ။

ကမ္ဘာအနှံ့ ရိပ်သာပေါင်း ၁၅၀ ကျော်၊ ယောဂီပေါင်း တစ်သိန်းဝန်ကျင်
နှစ်စဉ် ဆရာကြီးရဲ့ လမ်းညွှန်မှုအောက်မှာ တရားထိုင်ခွင့်၊ အအေးဓာတ် ရှာခွင့် ရခဲ့ကြပါသတဲ့။


"ငါ၊ မင်း" အသုံး ရှင်းလင်းချက်နဲ့ ကျေးဇူးစကား


လိုကောလိုအပ်သေးရဲ့လား မသိပါ။ နှစ်လကြာအချိန်မှာ "နာဝင်းမချိုတဲ့ အမှန်တရား" က တတိယအကြိမ်ရိုက်ဖို့တောင် (ပြင်ဆင်ဖို့) လိုအပ်နေပါပြီ။
မနေ့ကမှ စာဖတ်သူတစ်ယောက်ဆီကတဆင့် အီးမေးပိုလာလို့ စာအုပ် ဝေ ဖန်၊ ကြော်ငြာ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ငါ မင်း အသုံးကို တို့ ထိ ထားတာ တွေ့လိုက်ရပါတယ်။
ဒီစာအုပ် တစ်လုံးထဲရှိ "You" နဲ့ " I "ကို မင်း(တို့) နဲ့ ငါ လို့ပဲ ပြန်ခဲ့ပါတယ်။
စာအုပ်ကိုပဲ ဖတ်စဉ်မှာ "ကျွန်တော်၊ ခင်ဗျား" စတဲ့ နာမ်စားတွေကို သုံးဖို့ ဆုံးဖြတ်ပြီး အခန်းတစ် တစ်ဝက်လောက်အထိ ဒီအတိုင်းပဲ သုံးစွဲခဲ့ပါတယ်။
ဒါပေမဲ့ လီကွမ်းယု ရဲ့ လေသံနဲ့ ခံစားချက်ကို နီးစပ်နိုင်သမျှ နီးစပ်အောင် ဆိုပြီး အင်တာဗြူး စီဒီကို ထပ်တလဲလဲ နားထောင်ကြည့်မိပါတယ်။

သုံးခါလောက် နားထောင်ပြီးတဲ့နောက်မှာတော့ ဝါရင့် နိုင်ငံရေးသမားကြီးက သတင်းထောက်တွေကို ဖြေနေတာမျိုး မဟုတ်တော့ဘဲ အဘိုးတစ်ယောက် က မြေးတွေကို ရှေးဟောင်းနှောင်းဖြစ်ပြောပြနေသလိုမျိုး ဖြစ် ဖြစ်လာပါတော့တယ်။
ဒါက ကျနော် ခံစားလိုက်ရတဲ့ ခံစားမှုပါ။
ဒါ့ကြောင့် (လူချင်းမသိရင်) ရိုင်းသလိုလို ရှိပေမဲ့ (လူချင်းသိရင်) ပိုပြီး နီးနီး စပ်စပ်ရှိတဲ့ မင်း(တို့) နဲ့ ငါ ကိုပဲ သုံးဖြတ်လိုက်ပါတယ်။
ငါ မင်း အသုံးပြီးရင် ဒီ ( Hard Truths နဲ့ Tough Love) နှစ်လုံးအတွက် ဘာသာပြန်ဖို့လည်း တော်တော်ခေါင်းခဲခဲ့ရပါသေးတယ်။

ဖြန့်ချီရေး စကားကို တဆင့်ကြားလိုက်ရတာက ဒီ (နိုင်ငံရေး) စာအုပ်ကို လူထု စာဖတ်ပရိသတ်သာမက သံဃာတော်များကပါ တခဲနက်အားပေးလို့ ဒီလောက်ရောင်းအားကောင်းသွားတာလို့ သိရပါတယ်။
ဒါ့ကြောင့် သံဃာတော်များနဲ့ အားလုံးကို ဖေ့စ်ဘုတ်ပေါ်ကနေပဲ ကျေးဇူး တင်ကြောင်း လျှောက်ထား (ပြောကြား) လိုက်ပါတယ်ဘုရား။

ပို့စ် မော်ဒန် ဝတ္ထု တစ်ပုဒ် (စပ်ထည်)

သူ့ရင်ဘတ်သူ ချိန်တဲ့ မြား
ခြေလှမ်းမှားတဲ့ စိတ်ပညာ နဲ့
ဖြတ်တိုက်လာတဲ့ တောခရေ အပြုံးလေး တစ်ပွင့်။ ။

(ဒီလို တိုက်ဆိုင်မှု အကြောင်းကို မဂ္ဂဇင်း အယ်ဒီတာတွေ တော်တော်ပြောတတ်ကြပါတယ်။ တကယ်က ဘယ်လို စီစဉ်ထားတာမှ မရှိဘူး။ ကြိုက်လို့ ရွေးထားမိပြီး မဂ္ဂဇင်းပေါ် တင်လိုက်မှ စာမူတွေဟာ တစ်ပုဒ်နဲ့ တစ်ပုဒ် သွားပြီး ဆက်စပ်မိနေလျက်သား ဖြစ်တတ်တာ။ ဒီ အကြောင်းကို ကိုလတ် (အင်းဝ ) လည်း မကြာ မကြာ ပြောတယ်။ အခု ပိတောက် ပွင့်သစ်ကို ပြန်ဖတ်ရင်း တစ်ပုဒ်နဲ့ တစ်ပုဒ် ဆရာတွေရဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး ချိတ်မိနေတာလေးတွေ တွေ့ရလို့ ပြန်ကူးပြီး တင်လိုက်တာပါ။ )

(၁)
ကျွန်တော် ကြည့်ဖူးသည့် ရုပ်ရှင်ကား တစ်ကားကို သွား သတိရမိသည် အမည်တော့ မမှတ်မိတော့ ပေ။ ဇာတ်လမ်းက ဆေးဆရာကြီးတစ်ဦးဟာ ဟိုး နန်းတော်ကြီးနဲ့ အလွန်ဝေးတဲ့ ရွာလေး တစ်ရွာမှာ ဆေးကု တရားကျင့်ကြံရင်း ဆေးဆိုင်ဖွင့်ပြီး မိသားစုနဲ့ ရိုးကုတ်စွာ လုပ်ကိုင် စားသောက်နေတယ်။ အဲဒီအခါ ဘုရင့်ထံပါးမှာ ခစားနေတဲ့ နန်းတွင်း သမားတော်လေးဟာ အဲဒီ ဆေးဆရာကြီးရဲ့ တပည့် နှစ်ဦးထဲက တစ်ဦး ဖြစ်နေသတဲ့။ ဒီလိုနဲ့ တစ်နေ့မှာ ဘုရင်ကြီးရဲ့ ခန္ဓာကိုယ်ထဲ ကြီးထွားသော ဝမ်းတွင်း အနာ ရောဂါကြီး စွဲကပ်လာသတဲ့။ နန်းတွင်း သမားတော်လေး ကုလို့ မပျောက်တဲ့ ရောဂါကို သူ့ဆရာ ဆေးဆရာကြီးမှာ ကုထုံးရှိသတဲ့။

ဒါကြောင့် နန်းတွင်း သမားတော်လေး နဲ့ အတူ ရဲမက် ရမ်းကားတွေက ဆေးဆရာကြီးရဲ့ မျက်နှာကို အဝတ်နက် စည်းပြီး ချုပ်နှောင် ဖမ်းဆည်း ခေါ်ဆောင် သွားကြသတဲ့။ လျှို့ဝှက် ချုပ်နှောင်ထားတဲ့ နေရာရောက်တော့ ဘုရင်ကြီးရဲ့ ရောဂါ လက္ခဏာ နဲ့ ပျောက်အောင်ကုနိုင်တဲ့ ကုထုံးကို မေးသတဲ့။ မဖြေတော့ ရိုက်နှက် စစ်ဆေး သတဲ့။

ဆရာကြီးက မျက်နှာစည်းထားပေမယ့် သူ့ တပည့်ရဲ့ အသံကို မှတ်မိတာကြောင့်
"မင်းမှာ ဆေးဆရာတစ်ယောက် ရှိအပ်တဲ့ ကိုယ့် ကိုယ်ကျင့်တရား၊ ကျေးဇူးသစ္စာ စောင့်သိမှု၊ လိုက်နာရမည့် စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တယ်။ စိတ်ဆိုး စိတ်ယုတ် ရှိသူဖြစ်တယ်၊ မင်းဟာ လောကကို လောဘနဲ့ တည်ဆောက်သူ ဖြစ်တယ်။ ငါ့ဆီမှာ ဒီဘုရင်ကြီးရဲ့ ရောဂါကို ကုနိုင်တဲ့ ကုထုံး ရှိလျက်နဲ့ မင်းကိုတော့ ဘယ်တော့မှ သင်မပေးတော့ဘူး လို့ "
သူ့ တပည့် အသံလာရာကို စေ့စေ့ကြည့်တယ်။ စကားတွေ တစ်လုံးချင် တဖြည်းဖြည်းချင်း ပြောချလိုက်တယ်။

" ငါ့ တစ်သက်မှာ အမှား နှစ်ခုပဲ ပြုဖူးတယ်၊ ပထမ အမှား တစ်ခု က ငါ ဆေးဆရာဖြစ်စ ငါ့ အမေရဲ့ မျက်စိ ကြည်စေဖို့ ဆေးတစ်မျိးကို စမ်းသပ်ထည့်ပေးမိတယ်။ ငါ့ ဆေးထည့်ပြီး အမေ့ မျက်လုံး စုန်းစုန်း ကွယ်ခဲ့ရတဲ့ အမှား တစ်ခု ။ နောက်ထပ် အမှား တစ်ခုက မင်းလို တပည့်မျိုး ငါ မွေးဖွားပေးခဲ့မိတဲ့ အမှား။ ငါ့ကိုယ်ငါ နောင်တ ရ လို့ မဆုံးဘူး။ ကဲ မင်းလည်း ငါ့ ကို သတ်လို့ ရပြီ "


(၂)
"တရံရော အခါက စိတ်ပညာရှင်ကြီး တစ်ဦးသည် ရိုင်း မြစ်ကမ်းပါး၌ထိုင်၍ မှိုင်နေသော လူငယ် တစ်ယောက်ကို သွား၍တွေ့သည်။ စိတ်ပညာရှင်ဆရာကြီးက လူငယ်၏ အမူ အယာကို ကြည့်ရခြင်းအားဖြင့် အကြီးအကျယ် စိတ်ပျက် အားငယ်နေကြောင်း တွေ့ရသည်။ လူငယ်အား စတင် စကားပြောမိသော အခါ ဆရာကြီး၏ ခန့်မှန်းချက် မလွဲပါပေ။
"ဟုတ်တယ် ကျွန်တော် ဒီ ရိုင်းမြစ်ကြီးထဲ ခုန်ဆင်းသေဖို့ စဉ်းစားနေတာပဲ ။ ကျွန်တော့မှာ အလုပ်လည်း မရှိဘူး၊ စားစရာလည်း မရှိဘူး။ မှီခို တွယ်တာစရာလည်း မရှိဘူး။ အဒီတော့ ကျွန်တော့လို လူမျိုး သေတာဘဲ ကောင်းတယ် မဟုတ်လား"
ဟု လူငယ်က ဟုတ်တိုင်းမှန်ရာ ဖွင့်ဟ ဝန်ခံရှာလေသည်။

ဒီတော့ ဆရာကြီးက လူ့ဘဝမှာ ရခဲကြောင်း၊ ရခဲလှသော လူ့ဘဝကို စွန့်လွှတ်ရသည်ထက် ပို၍ ဆုံးရှုံးမှု ဟူသည်က မရှိတော့ကြောင်း၊ ယနေ့ သေချင်စိတ်ကို ဖျောက်၍ တစ်စုံတစ်ရာကို ဇွဲ ကောင်းကောင်းနှင့် ကြိုးပမ်းကြည့်စေလိုကြောင်း၊ အလဟဿ အသေခံမည့် အစား ကြိုးပမ်းရင်း သေသွားတာက ပို၍ မွန်မြတ်မည် ဖြစ်ကြောင်း စသဖြင့် လူငယ် စိတပြောင်းလာအောင် ဖျောင်းဖျောင်း ဖျဖျ တရားပြသည်။

လူငယ်ကလည်း စိတ်ပြောင်းလာကာ အချီးအနှီး သေမည့်အစား အောင်မြင်ခြင်း အထွတ်အထိပ် တစ်ခုခုကို ဖန်တီးယူရင်း အသေခံသွားရသည်က မြတ်သေးသည် ဟု သဘောပေါက် သွားတော့သည်။ နောင် နှစ်ပေါင်း အစိတ် ကြာသော အခါ မြစ်တွင်းသို ခုန်ဆင်းသေကြောင်းကြံသော လူငယ်အား တရားဓမ္မပြကာ ကယ်တင်ခဲ့သော စိတ်ပညာရှင်ကြီး မှာ သူ့ကိုယ်သူ သတ်သေချင်စိတ် ပေါက်လောက်အောင် အကြီးအကျယ် စိတ်ငြစ် သွားရတော့သည်။

အကြောင်းမူကား သူ ကယ်ဆယ်လိုက်၍ မသေဖြစ်သူမှာ တစ်ကမ္ဘာလုံးအား မီးလောင်တိုက် သွင်းခဲ့သော ဂျာမနီ အာဏာရှင် ဟစ်တလာ ဖြစ်သောကြောင့်ပင်တည်း ဟူသော စာပိုဒ်ကလေးပင် ဖြစ်သည်" (တိမ်တွေကို ငေးနေတဲ့အခါ။ ကိုကိုအောင် (ရုက္ခ) ၎င်း မဂ္ဂဇင်း၊ နှာ ၁၆၃၊၁၆၄ )

(၃)
"ကျွန်မတို့ မြန်မာနိုင်ငံက မသန်းအေး ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ဟီလာရီ ကလင်တန် နဲ့ အတူတူပါပဲ"
ပြောလိုက်ရင် ဟီလာရီ ကိုယ်တိုင်က မနာတောင် ကမ္ဘာက အခြား နိုင်ငံသားတွေ၊ အမေရိကန်၊ အင်္ဂလိပ်၊ ဥရောပသားတွေ၊ အာရှတိုက် သားတွေလည်း နာကြမယ် ထင်ပါတယ်။ ဘယ့်နှယ့် မနှိုင်းစရာ မနှိုင်းသာလား။ ဟီလာရီမှာ ဥပဒေ ထိပ်တန်း ပညာရှင်၊ အိုဗားမားနဲ့ သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့သူ၊ မဲ အနည်းငယ်နဲ့ ရှုံးနိမ့်သော်လည်း လောလောဆယ် အိမ်ဖြူတော်မှာ အရေါးတဲ့ စက္ကထယ်ရီ လုပ်ပြီး အိုဗားမားကို အထောက်အကူ ပြုနေသူ။ ဒီနောက် နိုင်ငံခြားရေး ဝန်ကြီး၊ နောက်ဆုံး ပြောရမှာက အမေရိကန် သမ္မတဟောင်း ကလ်တန်ရဲ့ တော် ငါးဝ ဝင် သမ္မတကတော်ဟောင်း၊ ဂျက်ကလင်း ကနေဒီ နဲ့ စရိုက်ချင်း ကွာခြားသူ၊ ကွယ်လွန်မှ နှိုင်းရတော့ ဂျက်ကလင်းကို အားနာပါတယ်။

မှန်ရာကို သစ္စာဆိုပါတယ်။ မသန်းအေးက ကျွန်မနဲ့ သူ့ မိတ်ဆွေတွေကို အင်မတန် မိတ်ဆက်ပေးချင် ဂုဏ်တင်ချင်တာ။
"ပြီးတော့ ဆရာမက ကျုပ်ကိုပြောသေးတာ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ ဟစ်တလာ နဲ့ တူသတဲ့ "
သင်္ကန်း လက်ကတော့ ထိုးနေတဲ့ ဆရာတော်ရဲ့ မျက်ခုံး နှစ်ဖက်စလုံး ပင့်လိုက်တယ်။
"ဟဲ့ မသန်းအေး" အာမေဋိတ်သံ ပြုလို့ ကျွန်မလည်း ပျာပျာသလဲ ဖြစ်သွားမိတယ်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မသန်းအေး 'အမှတ် ' လွဲနေတာ "
ပြောပြောဆိုဆို ရယ်မိတယ်၊ ကျွန်မ သူ့ လုပ်ရပ်လေးတွေ သဒ္ဓါကောင်းတာတွေကို အကဲခတ်ရင်း မသန်းအေးကို ဟီလာရီစာအုပ် စကားဦးစာညွှန်း အဓိပ္ပါယ် ပြောခဲ့မိတာ ကြာပါပြီ။ ကျွန်မ နိုင်ငံရပ်ခြား မသွားခင်က ဟီလာရီရဲ့စာအုပ် "ရှင်သန်တဲ့ နိုင်ငံ သမိုင်း" စိတ် နှလုံးကောင်း ရှိသူများ သို့။ မသန်းအေး နားထွေးသွားမှာ စိုးလို့ ရှည်ရှည် ဝေးဝေး ဘာမှပြောတာ မဟုတ်ဘူး။ "စိတ် နှလုံးကောင်း ရှိသူများ သို့" ဆိုတာလေးပဲ။ အဲဒါ ဟီလာရီ နာမည်နဲ့ ဟစ်တလာနာမည် လူပုံလည် မှားပြောတော့တာ။

၁။ " ဝေဖန်ရေးစာပေ ဟူသည်နှင့် အရိုးအား ထပ်မံစစ်ဆေးသူ မောင်ယုပိုင် အား ဆန်းစစ်ခြင်း " နရီ ( မြိတ် ) ပိတောက်ပွင့်သစ်၊ အမှတ် ၃၅၊)
၂ ။ " တိမ်တွေကို ငေးနေတဲ့အခါ " ကိုကိုအောင် (ရုက္ခ ) ၎င်း မဂ္ဂဇင်း၊ နှာ ၁၆၃၊၁၆၄)
၃ ။ " နှလုံးကောင်းတဲ့ ကောင်မလေးရယ် " ခင်ဆွေဦး။ ၎င်း မဂ္ဂဇင်း။ နှာ၂၀၀၊ ၂၀၃။


03/08/2012 08:00

ဇင်ဝေသော်








Copyright © 2012 ကမ်းလက်. All rights reserved.

Opposite words


ဒီကလေးဖြေထားတာကို ဆရာမက အမှန်မပေးဘူး တဲ့။
ဘာကြောင့်ပါလိမ့်!!

အကျပ်အတည်းတွေနဲ့ ထိပ်မှာ (Troubled but still on top) (၄)


လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်
အခန်း နှစ် America

ဒီနေ့ အမေရိကန်ကိုလည်း ဆက်ကြည့်နိုင်ပါတယ်။ ယှဉ်ပြိုင်မှုပိုပြီး အားကောင်းတဲ့ စနစ်နဲ့ ရှေ့ဆုံးကပဲ ပြေးနေတာပါ။ အသစ်အဆန်းတစ်ခုခုတီထွင်ဖို့ ရှိပြီး သားကို ပိုကောင်းအောင်လုပ်နိုင်ဖို့  အမြဲတမ်းသူတို့ ကြိုးစားနေကြတယ်။ ဒီအတွက်တန်ရာတန်ကြေးပြန်ပေးကြရမယ်ဆိုတာကတော့ အတိအကျပေါ့။ အမေရိကန်ရဲ့ အလုပ်လက်မဲ့ဦးရေဆိုတာကလည်း ကြောက်ခမန်းလိလိပါ။ ဒါကြောင့်အောက်ခြေလူတန်းစားအရေအတွက် တိုးပွားလာတယ်။ နယူးေ ယာက်က ခမ်းခမ်းနားနား ရှော့ပင်းစင်တာကြီးတွေ ဘေးနားမှာ ပလက်ေ ဖာင်းပေါ် အိပ်နေရတဲ့ လူတွေကလည်း အများကြီပဲ။ စားစရာမရှိ၊ ၀တ်စ ရာနေရာမရှိ လူတန်းစားတွေပါ။ စီးပွါးရေးနိုဘယ်ဆုရှင် ပေါ(လ်) ကရပ်(ဂ်ျ) မန်း (Paul Krugman) အပါအ၀င် စီးပွါးရေးပညာရှင်ကြီးတွေကတောင် ၀င်ငွေကွာဟမှု အများဆုံးဟာ အမေရိကန်မှာ တွေ့ နေရတယ်လို့  ဆိုကြပါ တယ်။

ဒါက နိုင်ငံတော်အနေနဲ့ ကူညီဆောင်ရွက်ပေးသင့်တဲ့ ကိစ္စမျိုးလား။ ဒါက ကျွန်တော်ပြောရမယ့် ကိစ္စ မဟုတ်ပါဘူး။ သူတို့ကို ကူညီဖို့ ဘာသာရေးနဲ့ လူမှုရေး အဖွဲ့အစည်းတွေ ရှိနေပါတယ်။ တချို့ဆိုရင် အလုပ် လက်မဲ့တွေကို စားစရာတွေဝေငှဖို့ လုပ်နေကြပါတယ်။ ဒါပေမဲ့ ငှက်ပျောသီးအခွံခွာပေးတဲ့ အဆင့်မျိုးအထိ ရောက်စရာမလိုပါဘူး။ လက်ရှိ အမေရိကမှာ တွေ့နေရတဲ့ ယှဉ်ပြိုင်မှုမျိုးကို လိုချင်ရင် အောက်ဆုံးနဲ့ အထက် ဆုံးမှာရှိနေတဲ့ လူတန်း စားနှစ်ရပ်ရဲ့ ၀င်ငွေကွာဟမှု ပြဿနာမျိုးကတော့ ရှောင်လွှဲလို့ မရနိုင်ပါ ဘူး။ အောက် ခြေလူတန်းစားကို မြှင့်တင်ပေးဖို့လည်း ခက်နေမှာပါပဲ။ ဒုတိ ယကမ္ဘာစစ်အပြီး ဥရောပနိုင်ငံတွေ ကျင့်သုံးတဲ့ နိုင်ငံတော်က ကူညီစောင့်ရှောက်တဲ့ စနစ်မျိုးကို ကျင့်သုံးလိုက်မယ်ဆိုရင်လည်း အမေရိကန်ရဲ့ စီးပွားေ ရး အင်အားလည်း အများကြီးလျော့ကျသွားမှာပါ။


နောက်ဆုံး အမေရိကန်ဟာ ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်သွားသူတွေကို စိတ်လိုလက်ရ ဂုဏ်ပြုတတ် တဲ့ အစဉ်အလာ ရှိပါတယ်။ အောင်မြင်သွားပြီ ဆိုရင် အားကျ၊ ဂုဏ်ယူကြတယ်။ သူတို့နဲ့ ထိုက်တန်တဲ့ ဂုဏ်ထူး ဆောင် ဘွဲ့တွေ ပေးကြတယ်။ တကယ်လို့ ကျရှုံးခဲ့ရင် ဒါဟာ အောင်မြင်ဖို့အတွက် လမ်းစဖြစ်တယ်။ နောက်ဆုံး အောင်မြင်ရမယ်လို့ သဘောထားကြတယ်။ ဒီယဉ်ကျေးမှု အစဉ်အလာကြောင့်ပဲ သူတို့ဗြိတိန်ထက် သာနေတာ။ 
(ဒီတော့ ကျရှုံးရင်တောင်မှ ပြန်ထ၊ အသစ်ပြန်လုပ်၊ အဲသလိုပါ။) ဗြိတိန်ဆိုတာက ပုံသေဖြစ်နေပြီး လူတိုင်း ကလည်း ကိုယ့်နေရာက ဘယ်နေရာဆိုတာကို သိနေကြတယ်။ ဒီအချက်ကိုကြည့်ရင် ဗြိတိန်က ပိုပြီး ဥရောပ ဆန်နေပါ တယ်။ ဗြိတိန်မှာလည်း အသစ်အဆန်းတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာ ရှင်တွေ အများကြီးရှိတာပါပဲ။ ရေနွေးငွေ့အင်ဂျင်တို့၊ အထည်လုပ်တဲ့ စက်တို့၊ လျှပ်စစ်မော်တာတို့ ရှိပါတယ်။ သိပ္ပံပညာရပ်နဲ့ ပတ်သက်လို့ နိုဘယ်ဆုတွေ လည်း အများကြီး ရခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ တွေ့ရှိမှုတွေကနေ တဆင့် တက်၊ လူထုသုံးပစ္စည်း ဖြစ်အောင်လုပ်ပြီး ငွေရှာနိုင်တဲ့ အဆင့်အထိရောက်ေ အာင် မလုပ်နိုင်ကြဘူး။ ဒါ ဘာ့ကြောင့်ပါလဲ။ နှစ်ပေါင်း နှစ်ရာကျော်ကြာတဲ့ အင်ပါယာစနစ်ကြီးက သူတို့ လူ့အဖွဲ့အစည်းကို ကြွယ်ဝချမ်းသာမှုနဲ့ အိမ် ယာမြေ ပိုင်ဆိုင် မှုဟာ သိက္ခာရပ်တစ်ခုလို့ထင်အောင် ပုံသွင်းပေးထားခဲ့ လို့ပါ။
ထူးချွန်တဲ့ ဗြိတိန်လူငယ်တွေကလည်း ရှေ့နေ တွေ၊ ဒေါက်တာတွေ၊ ပညာ ရှင်ကြီးတွေ ဖြစ်ဖို့ပဲ ရည်မှန်းထားကြတယ်။ သူတို့ ချွေးနဲ့ သွေးနဲ့ ရင်းပြီး လုပ် ရလို့ လူအထင်ကြီး လေးစားတာထက် သူတို့ပညာ၊ သူတို့ ဦးနှောက်ကြောင့် လူအထင်ကြီး လေးစားတာကို ခံယူလို ကြတယ်။

အမေရိကန်က သူတို့နဲ့ မတူတဲ့ ရှေ့တန်းက လူ့အဖွဲ့အစည်းပါ။ လူတန်းစား ဆိုတာလည်း သူတို့မှာ မရှိဘူး။ လူတိုင်းက ချမ်းသာချင်ကြတယ်။ ချမ်းသာ လာရင် အောင်ပွဲခံကြတယ်။ ဒါကမှ စီးပွားရေး အသစ်၊ ကြွယ်ဝ ချမ်းသာသူ အသစ်တွေကို မွေးထုတ်ပေးနိုင်တာပါ။ အမေရိကန် ကုမ္ပဏီတွေထဲမှာကိုပဲ လူငယ် အမေရိကန် တွေက ပြောရေးဆိုခွင့် ပိုရှိနေတတ်ကြတယ်။ ဒီ အချက် က ကုမ္ပဏီကြီးတွေ ပိုပြီး တည်ထွင်ဆန်းသစ် လာနိုင် အောင် လမ်းဖွင့်ပေးေ နတဲ့ ကြီးမားတဲ့ တံခါးပေါက်တွေ ဖြစ်နေပါတော့တယ်။

အကြွေးပြဿနာ

အမေရိကန်မှာ အကြွေးတင်နေမှုနဲ့ ငွေကြေးမလောက်ငမှု ပြဿနာ ကြုံေ တွ့နေရပါတယ်။ ဥရောပဇုန် မှာရှိတဲ့ နိုင်ငံတွေနဲ့ စာရင် အခြေအနေေ တ်ာတော်ဆိုးဝါးတယ်လို့ ဆိုရမှာပါ။ နည်းနည်းသက်သာသွားတာက အမေ ရိကန်ဒေါ်လာဟာ ကမ္ဘာ့ငွေကြေး ဖြစ်နေတော့ ချေးငှားရင်တောင် သူများနိုင် ငံတွေထက် အတိုးနည်းနည်းနဲ့ ချေးငှားလို့ရနေတဲ့ အနေအထားပါ။ ဒါပေမဲ့ ဒါကို ဘာမှမလုပ်ဘဲ သာယာနေမယ်ဆိုရင်တော့ သုံးစွဲနေသမျှ တွေက လမ်းကြောင်းမှားပေါ် ဦးတည်သွားနိုင်ပါတယ်။ လက်ရှိအနေအထားကနေ ဘာအစီအစဉ်မှ မပြောင်းလဲ ဘူးဆိုရင် လာမယ့် အနှစ်(၃၀) အတွင်းမှာ လုံခြုံရေးစရိတ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်ဟာ လက်လှမ်း မမီနို င်လောက်တဲ့ အဆင့်အထိ ရောက်သွားနိုင်ပါတယ်။ ဒီအချက်က အစိုးရရဲ့ လက်ရှိနားလည်မှုအရ သုံးစွဲနေတဲ့ အသုံးစရိတ်ကို ခြိမ်းခြောက်လာနေပါ တယ်။
အမေရိကန် ခေါင်းဆောင်တွေအနေနဲ့ သူတို့ဒေါ်လာကို သူတို့ယုံကြည်ပြီး ဒီအတိုင်းပဲ ထိုင်ကြည့်နေမယ်ဆိုရင်တော့ ဒေါ်လာလည်း ပုံကျသွားမှာ ဖြစ် ပါတယ်။ ၂၀၁၁ ခုနှစ်က အကြွေးပြဿနာ၊ ငွေပြတ်လပ်မှု လျှော့ ချေ ရး ပြဿနာတွေအပေါ် သူတို့ ငြင်းခုံနေကြတာဟာ စောင့်ကြည့်နေတဲ့ ကမ္ဘာ အရပ်ရပ်က ပုဂ္ဂိုလ်တွေ အတွက်တော့ ရင်တထိတ်ထိတ်နဲ့ပါပဲ။ ရောဂါ ကို ပျောက်စေဖို့ လတ်တလော ဖြေဆေး(ဆေးခါးကြီး) အတွက် သမ္မတနဲ့ ကွန်ဂရက်အကြား သဘောတူညီမှု မရခဲ့ကြဘူး။ နှစ်ဖွဲ့ စလုံးက အမေရိက ရဲ့ ရေရှည် အနာဂတ်အတွက်ထက် နောက်လာမယ့် ရွေးကောက်ပွဲကို မျက်စောင်းထိုးနေ ကြတာပါ။

အနေအထားကတော့ စိုးရိမ်စရာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ရှင်းလို့ မ ရလောက်တဲ့ ပြဿနာလို့ မထင်မိပါဘူး။ ဒီပြဿနာရဲ့ အဖြေကိုသာ ရှာ မတွေ့ရင် တစ်နိုင်ငံလုံး အကျပ်ရိုက်သွားပြီး စီးပွားရေးပါ ကျဆင်း သွားမယ် ဆိုတာကို နှစ်ပါတီလုံးက သဘောပေါက်ထားကြပါတယ်။ ဒီတော့ တချိန်ချိန် မှာ သူတို့ အဖြေတွေ့သွား ကြမှာပါပဲ။
မဲပေးမယ့် အမေရိကန် ပြည်သူလူထုကလည်း သူတို့ခေါင်းဆောင်တွေဟာ တကယ်အရေးကြီးတဲ့ ကိစ္စကို အာရုံစိုက်ထားသလား၊ နိုင်ငံရဲ့ ရေရှည် တည်ငြိမ်မှုကို အလေးပေး စဉ်းစားသလားဆိုတာကို အကျိုး အကြောင်း ညီ ညီ စဉ်းစားတွေးခေါ်နိုင်ကြပါတယ်။ လက်ရှိ သမ္မတကပဲဖြစ်ဖြစ် နောက် ထက်လာမယ့် သမ္မတက ပဲဖြစ်ဖြစ် ဒီကိစ္စကို ဦးဆောင်အဖြေရှာပါလိမ့်မယ်။ ကွန်ဂရက်ကလည်း အမေရိကရဲ့ ရေရှည်ကိုကြည့်ပြီး လိုက်လျောစရာအချို့ ကို လိုက်လျောလာပါလိမ့်မယ်။ ဒီအချိန်မှာ နိုင်ငံရေး သဘောထားတွေကို သူတို့ ထည့် သွင်းစဉ်းစားနေမှာ မဟုတ်ပါဘူး။
ဒီအခြေအနေမျိုး ဖြစ်နိုင်တာက သမ္မတတစ်ယောက်ဟာ သူ့ရွေးကောက်ပွဲ ရလဒ်ကို စောင့်နေစရာ (ငဲ့နေစရာ) မလိုတဲ့ သူ့ရဲ့ ဒုတိယ သက်တမ်းေ လာက်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ အနေအထားက နောက်လူတွေ ဆီ ရောက်သွားမှာပါပဲ။ နိုင်ငံတော် အခက်ကြုံနေရပြီး နိုင်ငံရဲ့ လုံခြုံမှုကို စိုးရိမ် ရပြီဆိုရင် အမေရိကန်တွေဟာ ဒီမိုကရက်ပဲဖြစ်ဖြစ်၊ ရီပတ်ဘလင်ကန် ပဲဖြစ်ဖြစ် အလံတစ်လံကို အတူတူလက် တွဲကိုင်ပြီး ပြဿနာရဲ့အဖြေကို ရှာတတ်ကြတာမျိုးပါ။ ဒါကြောင့် သူတို့ နိုင်ငံရေး ငြင်းခုံနေကြတာတွေကို ကျွန်တော်ကတော့ အာရုံသိပ်စိုက်မနေပါဘူး။ ဒါတွေက ရေရှည်ပြဿနာ လည်း မဟုတ်ပါဘူး။

ဒါပေမဲ့ သူတို့မှာ ရေရှည်ပြဿနာကြီးတစ်ခု ရှိနေပါတယ်။ ဒါက နိုင်ငံရေး သမားတွေ ငြင်းခုံနေလောက် အောင် ဆွဲဆောင်မှု မရှိလှဘူးလို့ ထင်ပါတယ်။ အဲဒါကတော့ ပညာရေးပါ။
ထောင်ပေါင်းများစွာ ရှိတဲ့ ကျောင်း သားတွေဟာ အမေရိကန်ရှိ ထိပ်တန်း တက္ကသိုလ်ကြီးတွေမှာ တက်ခွင့်ရဖို့ ၀င်ရောက်လာနေကြပါတယ်။ ဟားဗတ်၊ စတန်းဖို့(ဒ်)၊ ပရင်စတုန် လို တက္ကသိုလ်ကြီးတွေမှာ တက်ရောက်ခွင့် ရရှိရေး ဟာ ကမ္ဘာအရပ်ရပ်က ကျောင်းသားတိုင်း၊ မိဘတိုင်းရဲ့ အိပ်မက်ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ သိပ္ပံပညာရှင်တွေ၊ အတတ်ပညာ ရှင်တွေ၊ လုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ စီးပွားရေးသမားတွေကိုသာ ပြုစုပျိုးထောင်ပေးနေ လို့ မရပါဘူး။ အောက်ခြေက လူတန်းစားတွေကိုလည်း လေ့ကျင့် သင် ကြားပေးနေဖို့ လိုပါတယ်။ စီးပွားရေးတစ်ခုရဲ့ အဓိက စွမ်းအားက အလတ် တန်းစား အလုပ်သမားတွေပါ။ ထိပ်တန်းတက္ကသိုလ်ကြီးတွေ ရှိနေတာ ဟာ ကောင်းပါ တယ်။ ဒါပေမဲ့ မူလတန်းနဲ့ အထက်တန်းကြားမှာ ကျောင်းက ထွက်သွားကြတဲ့ ပညာမတတ်သူတွေနဲ့ ပညာ မတတ်တတတ်တွေ အများ ကြီးရှိနေတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အမေရိကန် ကျရှုံးမယ် ဆိုရင် အဲဒီ အဖွဲ့ကြီးကို အခြေခံပညာနဲ့ နည်းပညာတွေ သင်မပေးနိုင်ခဲ့ လို့ ပဲ ဖြစ်ပါလိမ့်မယ်။
တချို့ ပတ်ဘလစ် ကျောင်းတွေမှာဆိုရင် အစိုးရထောက်ပံ့ငွေ နည်းရတဲ့ အပြင် စီးပွားရေး အကျပ်ရိုက်တော့ ထပ်ပြီး လျှော့ချခဲ့ပါ သေးတယ်။ေ လျှာ့ချခဲ့တာတွေကို ပုံမှန်ဖြစ်အောင် ပြန်မပေးနိုင်သေးပါဘူး။ တချို့ ကတော့လည်း အရင်လို ဘယ်တော့မှ ပြန်ရောက်မှာ မဟုတ်တော့ဘူးလို့ ဆိုကြပါတယ်။ ဒါရဲ့ အကျိုးဆက်က လာမယ့် ရွေးကောက်ပွဲ တစ်ကြိမ်နှစ် ကြိမ် အတွင်းမှာတော့ သိသာလာသေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရေရှည် အမေရိကန်ရဲ့ အားပြိုင်တတ်တဲ့ အစဉ်အလာကိုတော့ အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု ကတော့ ပညာရေးကို ဖက်ဒရယ်အစိုးရတွေက တာဝန်မယူဘဲ ဗဟိုအစိုးရက တိုက်ရိုက်တာဝန် ယူလိုက်ခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ပြည်နယ် (၅၀)ေ လာက်က ဒီ အစီအစဉ်ကို သဘောတူလာအောင် စည်းရုံးကြရပါတော့မယ်။ သူတို့ကို ၀ါရှင်တန်ကနေ လှမ်းပြီး အမိန့်ပေးနေလို့ မရပါဘူး။ ဒေသတွင်းက ကိစ္စ တွေကို ဗဟိုအစိုးရက ကိုင်တွယ်မှာကို အမေရိကန်တွေက စိတ်လို လက်ရ မရှိဆုံးဆိုတာ ကျွန်တော် သဘော ပေါက်ပါတယ်။ ဒါပေမဲ့ ပညာရေး ကိစ္စမှာတော့ စစ်စတန်တွေအားလုံး ချောမွေ့နေစေရပါမယ်။

အမေရိကန် ရင်ဆိုင်နေရတဲ့ အခြားပြဿနာတွေလည်း ရှိပါသေးတယ်။ နိုင် ငံတစ်ဝှမ်းလုံးရှိ အဆောက် အဦတွေကို အဆင့်အတန်း မြှင့်ပေးစရာတွေ၊ လူတန်းစားပိုကွဲလာတာတွေ၊ အသားအရောင်ကိုလိုက်ပြီး ခွဲခြား ဆက်ဆံ မှုတွေ ငွေတစ်ခုတည်းပေါ် မှီတည်နေလွန်းတဲ့ ရွေးကောက်ပွဲစနစ်တွေ (ဒါက စိတ်ရင်းကောင်းကောင်း နဲ့ နိုင်ငံကို အလုပ်အကျွေးပြုလိုတဲ့ လူတော် လူကောင်းတွေကို အဟန့်အတား ဖြစ်စေပါတယ်) ရှိနေပါသေး တယ်။

ဒါပေမဲ့ တချိန်တည်းမှာပဲ ကျွန်တော်တို့ သတိထားသင့်တာက အမေရိ ကန်တွေဟာ သူတို့ကောင်း ကြောင်းကို မိုးတစ်လုံးလေတစ်လုံး ပြောတတ် ကြသလို သူတို့ရဲ့ ပြဿနာတွေဆိုရင်လည်း ရှိတာထက် ပိုပြော တတ်ကြ တာက သူတို့ သဘာဝပါ။ ဒါတွေကြောင့် တယ်လီဗွီးရှင်း အစီအစဉ်တွေ ပိုကြည့်ကောင်းလာတယ်။ သတင်းစာတွေလည်း ပိုရောင်းလို့ကောင်းလာ တယ်။ ဒါတွေကြောင့်ပဲ သူတစ်ပါးရဲ့ အပြစ်ကိုပြောချင်ရင်လည်း သေသေ ချာချာ စဉ်းစားပြီးမှ ပြောဆိုတာကိုလည်း သတိထားစရာ ဖြစ်နိုင်ပြန်ပါတယ် ။

 နိုင်ငံခြား လေ့လာသူတွေအနေနဲ့ အစပိုင်းမှာတော့ သူတို့ချင်း ညှိုနှိုင်းလို့ မရ ကြဘူး ထင်ကြပြီး သိပ်မကြာခင်မှာပဲ သူတို့စကားစစ်ထိုးနေ ကြတာ လား၊ တကယ်တမ်း အတည် ပြောနေကြတာလား ဆိုတာကို သဘောပေါက် သွားကြပါတော့တယ်။

အမေရိကန်တွေ ယုံကြည်ထားတာက မနက်ဖြန်တိုင်းဟာ နေသာ တဲ့နေ့ တွေ ဖြစ်နေမယ်ဆိုတာပါ။ ဒီယုံကြည်မှုကနေ ပြောပြနေတာက သူတို့ဟာ သုံးစွဲတယ်၊ မရှိရင် ချေးတယ်၊ မရှိရင် ထပ်ပြီး ချေးငှားတယ်။
တရုတ်တွေ၊ ဂျပန်တွေကျတော့ ဘယ်အချိန် ငလျင်ထလှုပ်မလဲ၊ ဘယ်လို သဘာဝဘေးရန် ကျရောက်လာမလဲ ဆိုတဲ့ စိုးရိမ်စိတ်က ရှိနေတော့ သူတို့ စုဆောင်းချွေတာ ထားရမယ်လို့ ယုံကြည်ထားကြတယ်။

အမေရိကန်တွေ ရဲ့ အကောင်းမြင်ဝါဒ၊ လုပ်ရင်ဖြစ်တယ်ဆိုတဲ့ ချဉ်းကပ်မှု၊ ပြဿနာတစ်ခုခုကို ရင်ဆိုင်ရပြီဆိုတိုင်းလည်း ဒီပြဿနာရဲ့ အကြောင်းရင်းကိုရှာ၊ စိပ်ဖြာသုံးသပ်၊ နည်းလမ်းအသစ်နဲ့ ပြန်ကြိုးစားရင် ဒီပြဿနာလည်း ပြေ လည်နိုင်တယ် ဆို တဲ့ ယုံကြည်မှုမျိုးတွေကို ကျွန်တော် လေးစားပါတယ်။

ဒါပေမဲ့ အမေရိကန်မှာတော့ အမြဲတန်း ကြီး ကျွန်တော်နေလို့ မရလောက် ဘူး။ တောင် ဗီယက်နမ် ၀န်ကြီးချုပ်ဟောင်း ကာအိုကီ(Cao ky) လို နိုင် ငံရေး ခိုလှုံခွင့် ယူရမယ်ဆိုရင် သူလို ကာလီဖိုးနီးယားကို မရွေးဘဲ၊ ဗြိတိန် ကို ရွေးမိမယ် ထင်ပါတယ်။ ဗြိတိန်က စိတ်ဖိစီးမှု သိပ်မများတဲ့ နေရာလို့ ယုံကြည်ထားမိပါတယ်။

ဆက်ရန်

မွတ်စလင် လူဦးရေညွှန်းကိန်း (Muslim Demographics)


အချိန်ရရင်၊ စိတ်ဝင်စားရင် ကြည့်ကြဖို့ပါ။ မွတ်စလင် လူဦးရေညွှန်းကိန်း တဲ့။
အရပ်ပါးစပ် မဟုတ်တဲ့ သိပ္ပံနဲ့ သုတေသနတို့ ပွက်လောညံနေပြီ။
ပါမောက္ဓ ဖူလာထက် နိုင်ငံရေး သိပ္ပံပညာရှင် ဟန်တင်တန်ကို ကျနော်အမှတ်တွေ ပိုပေးလိုက်မိပါတယ်။

ကလေးနှစ်ယောက်ရဲ့ ပညာသင်ရေး၊ ယဉ်ကျေးလိမ္မာရှိရေး အတွက် တာဝန်ယူဖို့ ခက်ခဲလှတဲ့ ရာစုသစ်မှာ

၁၀ ယောက်၊ ၂၀၊ ၃၀ အထိ ရှိနေမယ့် တစ်မိသားစုထဲက ကလေးတွေရဲ့
ပညာရေးနဲ့ ယဉ်ကျေးလိမ္မာမှုရှိရေးကို ကမ္ဘာနဲ့အတူ ကျနော်လည်း ပူဆွေးနေမိပါတယ်။

စာ စာ စာ


ပါဠိစာပေမှာ ကျောက်စာ(ဖျက်ရခက်)၊ မြေပေါ်စာ (ဖျက်ရလွယ်)၊ ရေပေါ်စာ (အရေးအကြောင်းပင် မထင်) လို့ စာသုံးမျိုးလာရှိပါတယ်။ ပြေ၊ မပြေ၊ ထင်၊ မထင်ရန်ညှိုးကို အနုပညာမြောက်မြောက်တင်စားပြီး ဆုံးမထားတဲ့ ဗုဒ္ဓ စကား တော်ပါ။
ဒါနဲ့ဆက်စပ်ရှာကြည့်မိတော့ George Bernard Shaw ရဲ့ မှတ်သားစရာ စကားကိုလည်း ထပ်တွေ့ပါတယ်။

ဝမ်းနည်းဖွယ်တွေကို သဲပေါ်မှာ ရေးပါ။
ဝမ်းမြောက်ဖွယ်ကို ကျောက်သားပေါ် ထွင်းထုပါ။(ဂျော့ဂ်ျ ဘားနတ် ရှော)
Write your sad time in sand.
Write your good time in stone
(George Bernard Shaw)

ဂျော့ဂ်ျ ဘားနတ် ရှောတို့ မရှိတော့မှ ဖေ့စ်ဘုတ်၊ တွစ်တာစတဲ့ ယဉ်ကျေး မှုတွေ ထွန်းကားလာတာဆိုတော့ ဒါတွေနဲ့ ပတ်သက်လို့ သူတို့ ပြောခွင့် မရှိတော့ပါဘူး။
ဒီလိုပြောကြည့်ရင် ရနိုင်မလား မသိဘူး။

Write your sad time on paper.
Post your good time on FB.

အယ်ဒီဆင်ကို ဟောခဲ့သည့် အရှည်သုံးပါးတရားတော်


ဓမ္မပဒ၊ ဗာလဝဂ်လာ ပထမဆုံး ဤ ဂါထာကိုကြည့်ကာ လတ်တလော ကြုံတွေ့နေရသော အဖြစ် အပျက်နှင့် တိုက်ဆိုင်နေသဖြင့် ဂါထာတစ်ပုဒ် ပုံစံတူ ကူးပြီး ဤ စာကို ရေးလိုက် မိပါသည်။ စစ်စစ်ပေါက်ပေါက် တွေးက ဘုရားရှင်နှင့် ဒေသနာ တော်ကို မလေးမစားလုပ်သည်ဟူသော အခြား အဓိပ္ပါယ်တစ်ခုလည်း ရှိကောင်း ရှိသွားနိုင်ပြန်ပါသည်။ ဤသို့ တွေးမိသူများ စိတ် မချမ်းမြေ့ဖွယ် တစ်စုံတစ်ရာ ဖြစ်ခဲ့သော် တောင်းပန်ပါ၏။ သီဟနာဒ။)


အိပ်မပျော်သူအတွက် ညတာသည်ရှည်၏။
ခရီးပန်းလာသူအတွက် တစ်ယူဇနာခရီးသည် ရှည်၏။
သူတော်ကောင်းတရားကို နားမလည်သော သူမိုက်အတွက် သံသရာသည် ရှည်၏။
“Long is the night to one who is wakeful;
Long is (the journey of) one yojana to the traveler who is tired;
Long is Samsara to the fool who is the ignorant of the true of Dhamma.”

New Version

“မီးပျက်၊ မီးမရှိသူများအတွက် ပူအိုက်၊ ခြင်ကိုက် ညတာသည်ရှည်၏။
သယံဇာတကို ရောင်းစားသူများအတွက်လျှပ်စစ်မီးရရှိရေး ခရီးသည်ရှည်၏။
မိမိတိုင်းပြည်၏လိုအပ်ချက်ကို မသိနားမလည်သော သူမိုက်တို့ အတွက် နောင်တတရားသည်ရှည်၏။
“Long is the night to those who have no light;
Long is the journey of having light to those who sell their oil and gas;
Long is the regret to the fools who are ignorant of their country’s need!”

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် နံနက်စောစော သမာပတ်မှထတော်မူပြီး မည်သူ့ကို ချေချွတ်ရအံ့နည်းဟု ကြည့်ရှုဆင်ခြင်တော်မူလတ်သော် စိတ် လက် မသာ ညှိုးမှိုင်ကာနေရှာသော သောမတ်(စ်) အယ်(လ်)ဘာ အယ်ဒီ ဆင်ကို မြင်တော်မူလေ၏။

ထို့ကြောင့် အလုပ်အကျွေးရဟန်းမပါ၊ တစ်ကိုယ်တည်းသာလျှင် ပရိက္ခရာတို့ ကို ယူဆောင်တော်မူပြီး သောမတ်အယ်ဒီဆင်ရှိရာ နယူးဂျာဆီမြို့ရှိ မင်လို ပါ့ခ် (Menlo Park) အလုပ်ရုံဆီသို့ ကောင်းကင်ခရီးဖြင့် ကြွတော်မူလေ၏။ ထိုနေရာသို့ရောက်သော်လည်း အပွိုင့်မန့်ကြိုတင်လုပ်ထားခြင်း မရှိသဖြင့် သူ့အလုပ်ထဲ သူ အာရုံနစ်နေသော အက်ဒီဆင်က ဘုရားရှင်ကို မမြင်မိပေ။ ဘုရားရှင်က ချောင်းဟန့်သော်လည်း နားလေးသောအက်ဒီဆင်က မကြား ရှိလေ၏။

ရောင်ခြည်တော်များ ဖြန့်လွှတ်ရန်ကိုမူ ကမ္ဘာကို အလင်းပေးခဲ့သော ဒကာ ကြီးအရှေ့၌ မပြုအပ်ဟု ဘုရားရှင်က ယူဆတော်မူလေ၏။ ထို့ကြောင့် ဘု ရားရှင်သည် မိနစ် (၂၀) ခန့် မတ်တပ်ပင် သီတင်းသုံးတော်မူခဲ့ရ၏။ ထိုအခါ ဆေးပြင်းလိပ်တစ်လိပ်ကုန်ဆုံးပြီး နောက်တစ်လိပ် မီးညှိဖို့လုပ်စဉ် ဒကာတော် အယ်ဒီဆင်သည် ဘုရားရှင်ကို တွေ့မြင်သွားလေတော့၏။

ဘုရားရှင်ကို မြင်လျှင်မြင်ချင်း အယ်ဒီဆင်၏မျက်နှာပေါ်၌ အနည်း ကျေနပ် သည့်အသွင်များ ရောက်သွားပြီး-

“ဂေါတမ ဗုဒ္ဓ ထင်ပါရဲ့၊ ကြွရောက်တော်မူပါ။ အလုပ်ရုံဖြစ်နေတဲ့အတွက် ခမ်းခမ်းနားနား နေရာထိုင်ခင်းမပေးနိုင်တာ ခွင့်လွှတ်ပါ”
ဟု ခပ်ကျယ်ကျယ်ဆိုလေ၏။ ဘုရားရှင်ထိုင်လျှင်ထိုင်ချင်း သူ သိလိုသောေ မးခွန်းကို မေးလေတော့၏။

“ဂေါတမ ဗုဒ္ဓခင်ဗျား၊ ကျုပ်လျှပ်စစ်မီးတည်ထွင်ခဲ့တာ နှစ်ပေါင်း (၁၃၀) ရှိပေါ့။ ကျုပ်စိတ်ကူးထဲမှာတော့ သက္ကရာဇ် (၂၀၀၀) ဆိုရင် တစ်ကမ္ဘာလုံး လျှပ်စစ် မီးတွေ ထိန်ထိန်လင်းနေလိမ့်မယ်လို့ တွက်ဆထားခဲ့တာ။ မှားသဗျာ။ ကျုပ်တော်တော် စိတ်မကောင်းဖြစ်မိပါရဲ့ ဂေါတမဗုဒ္ဓရယ်"

သဗ္ဗညုတ ဉာဏ်ရှင် ဘုရားရှင်သည် အယ်ဒီဆင်၏ သောကအကြောင်း တရားကို သိမြင်တော်မူသော်လည်း သူ့ရင်မှာစိုက်နေသော သောက ဆူးငြှောင့်ကို နှုတ်ရန်အလို့ငှာ-

“ဒကာကြီး အယ်ဒီဆင်၊ အဘယ့်ကြောင့်များ စိတ်လက်မသာ ရှိနေရပါသ နည်း” မေးတော်မူ၏။

“အခု သက္ကရာဇ် ၂၀၁၂- ခု ရောက်နေတာတောင် အာရှတိုက် အရှေ့တောင် အရပ်က နာမည်နှစ်ခုနဲ့နိုင်ငံဟာ (အတည်ပြုလို့ မရသေးပါ) မီး မရသေးဘူး တဲ့ ဂေါတမဗုဒ္ဓရယ်။ နိုင်ငံအမည် ညင်းနေကြမယ့်အစား မီးလင်းအောင် လုပ် ကြပါတော့လး။ ကျုပ် အဲဒီအတွက် စိတ်မကောင်းဖြစ်နေရတာ ပါ။ လောင် စာဆီမရှိလို့များလားလို့ တွေးမိပါရဲ့။ ဒါလည်း မဟုတ်ပြန်ဘူး။ သူတို့က လောင်စာဆီကို သူများကိုတောင် ပြန်ရောင်းစားနေကြသတဲ့။ ဗုဒ္ဓကတော့ သစ္စဝါဒီဆိုတော့ လိမ်ပြောမှာ မဟုတ်ပါဘူး။ ကျုပ်ကြားထားတဲ့ သတင်းတွေက အမှန်တွေပဲလား။ မယုံနိုင်လွန်းလို့ပါ ဂေါတမ ဗုဒ္ဓရယ်”

“ဒကာကြီးကြားတဲ့ သတင်းတွေဟာ အမှန်တွေပါပဲ။ ဒကာကြီးတီထွင်ခဲ့ တာ နှစ်ပေါင်း (၁၃၀) ကျော်ပေသည့် ထိုနိုင်ငံလေးခမျာမှာတော့ မီး ပုံမှန် မရကြသေးပါ။ ထို့အတွက် သင့်ထံ ဗုဒ္ဓကြွရောက်လာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကြီးကို လျှပ်စစ်မီးနဲ့လင်းစေဖို့ သင်အချိန်တွေ၊ ခွန်အားတွေ ဘယ်လောက်စိုက်ခဲ့ရသည်ကို ဗုဒ္ဓသိသည်။ ထို့အတူ ဗုဒ္ဓ၏ကိုယ်တွေ့ အဖြစ် အပျက်ကလေးကို ဒကာကြီးကို ပြောပြချင်သည်။
ဂေါတမ ဗုဒ္ဓကိုယ်တိုင်ပင် ကမ္ဘာကြီးကို သစ္စာအလင်းများဖြင့် လင်းစေအံ့ ဟု နှလုံးပိုက်ပြီး ထိုအလင်းကို ရရှိစေဖို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကြာအောင် ပါရမီဖြည့်ခြင်းခေါ်သည့် ရီဆာ့ခ်ျ (Research) လုပ်ခဲ့ရသည်။ သို့သော် ထိုသစ္စာအလင်းသည်လည်း သက္ကရာဇ်နှစ်ထောင်ကျော်သည့်တိုင် ကမ္ဘာ့ဒေသအများစု၌ မရောက်ရှိ၊ မဖြန့်ကျက်သေးပေ။ ထို့ကြောင့် စိတ်ပျက် ရမည်ဆိုလျှင် ဂေါတမ ဗုဒ္ဓကိုယ်တိုင်လည်း စိတ်ပျက်ရပေတော့မည်။ ဒကာ ကြီးမှ မဟုတ်ပါ။ ထို့ကြောင့် ဗုဒ္ဓ၏ Very First ဒေသနာတော်၌ ယံပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ ဟု မိန့်ခဲ့သည်။ အဓိပ္ပါယ်ကား - This is suffering when dreams do not come true.’ ဖြစ်ပေသည်”
ဟု ရှည်လျားစွာ မိန့်တော်မူ၏။

ထိုအဖြစ်အပျက်ကို ကြားလိုက်ရသော အယ်ဒီဆင်သည် ဘုရားရှင်၏ သစ္စာလေးပါးရှာဖွေရေးကား မိမိထက် အဆများစွာရှည်ကြာ၊ အဆများစွာ ပိုမိုပင်ပန်းခဲ့ရကြောင်းကို သဘောပေါက်ပြီး စိတ်သက်သာရာ အတန်ငယ်ရ ရှိလေ၏။

အယ်ဒီဆင်၏စိတ်သည် ယခုအခါ တရားနာရန်အသင့်တော်ဆုံးဖြစ်ပြီ ဆို သည်ကို သိမြင်တော်မူသော ဘုရားရှင်သည် ဓမ္မပဒ ဗာလဝဂ်လာ မူရင်း ဂါထာတော်နှင့်အတူ ဂါထာတစ်ပုဒ်ပါဖြည့်စွက်၍ မိန့်မြွက်တော်မူသည်။

"ဒကာကြီး

အိပ်မပျော်သူအတွက် ညတာသည်ရှည်၏။
ခရီးပန်းလာသူအတွက် တစ်ယူဇနာခရီးသည် ရှည်၏။
သူတော်ကောင်းတရားကို နားမလည်သော သူမိုက်အတွက် သံသရာသည်ရှည်၏။

ဒကာကြီး ပိုရှင်းလင်းစေရန်-

“Long is the night to one who is wakeful;
Long is (the journey of) one yojana to the traveler who is tired;
Long is Samsara to the fool who is the ignorant of the true of Dhamma.”

ပထမဂါထာတော်အပြီးတွင် အယ်ဒီဆင်သည် စိတ်ကျေနပ်မှုရရှိယုံသာမက အသိ ဉာဏ်များပင် လင်းလက်လာလေတော့သည်။ ထိုအခွင့်အရေးကို လက်လွတ်မခံသော ဘုရားရှင်သည် အယ်ဒီဆင်ကို တိုက်ရိုက်ရည်ညွှန်းပြီး ဂါထာအသစ်တစ်ပုဒ် ထပ်ဟောလေသည်။

“မီးပျက်၊ မီးမရှိသူများအတွက် ပူအိုက်၊ ခြင်ကိုက် ညတာသည်ရှည်၏။
သယံဇာတကို ရောင်းစားသူများအတွက် လျှပ်စစ်မီးရရှိရေး ခရီးသည်ရှည်၏။
မိမိတိုင်းပြည်၏လိုအပ်ချက်ကို မသိနားမလည်သော သူမိုက်တို့ အတွက် နောင်တတရားသည်ရှည်၏"

“Long is the night to those who have no light;
Long is the journey of having light to those who sell their oil and gas;
Long is the regret to the fools who are ignorant of their country’s need!”

ဒုတိယဂါထာ နယူးဗားရှင်း၏အဆုံး၌ အယ်ဒီဆင်သည် ကမ္ဘာ့အလင်းသာ မက အဇ္ဈတ္တအလင်းပါ ရရှိသွားလေတော့သည်။
လေးသိန်းရှစ်သောင်းကုန်သော အမေရိကန်တို့လည်း ဗုဒ္ဓဘာသာအဖြစ် ခံယူကြလေကုန်၏။

အမှာ- ပထမဂါထာ အင်္ဂလိပ်ဘာသာပြန်သည် ဒေါ်မြတင်၏ အင်္ဂလိပ် ဘာ သာပြန်မှ ယူထားခြင်းဖြစ်သည်။

Posted on 7/16/2012

ပြုံးရယ်ခြင်း


ကလေးငယ်တစ်ယောက်က တစ်နေ့မှာ ပျမ်းမျှ အကြိမ်သုံးရာ ပြုံးရယ်တယ်။
လူကြီးတစ်ယောက်ကတော့ တစ်နေ့မှာ ပျမ်းမျှ လေးကြိမ်ပဲ ပြုံးရယ်တယ်တဲ့။
ဒီတော့ တစ်နေ့ လေးကြိမ်မှ မပြုံးရယ်ရရင် နေ့တွက်မကိုက်သလို ဖြစ် သွားတယ်။





"သင်ရယ်လျင် တစ်ကမ္ဘာလုံး သင်နဲ့အတူရယ်မောပြီး
တခေါခေါနဲ့ ဟောက်နေရင်တော့ တစ်ယောက်ထဲ အိပ်ရလိမ့်မည်"
Laugh and the world laughs with you.
Snore and you sleep alone.

(Anthony Burgess)
နောက်မှသိရတာက Anthony Burgess ဟာ ရယ်လည်းရယ်၊ ဟောက် လည်းဟောက်တတ်သူပါ တဲ့။

နှစ်ပေါင်း တစ်သောင်းတစ်ထောင်ကျော်က ဘာသာရေးအဆောက်အဦ


နှစ်ပေါင်း တစ်သောင်းတစ်ထောင်ကျော်က ဘာသာရေးအဆောက်အဦ Göbekli Tepe ကို တူရကီနိုင်ငံမှာ သိပ္ပံပညာရှင်တွေက တူးဖော်တွေ့ ရှိ ခဲ့ကြပါတယ်။ နှစ်ပေါင်း တစ်သောင်းကျော်ဆိုတော့ မိုဟိန်ဂျိုဒါရို ထက် နှစ်ပေါင်းများစွာ ရှေးကျနေပြီး ဒီနေ့ ကမ္ဘာရှိ ဘယ်ဘာသာနဲ့ ဆက် စပ်နေတယ်ဆိုတာမျိုးတော့ မသိရပါဘူး။

National Geographic reports: “We used to think agriculture gave rise to cities and later to writing, art, and religion. Now the world’s oldest temple suggests the urge to worship sparked civilization.”
Göbekli Tepe in Turkey, a mega-sanctuary more than 11,000 years old. (Agriculture is 8,000 to 9,000 years old.)




ဒေါက်တာခင်မောင်လတ် (ရွှေမြန်မာ) ရဲ့ စာအုပ်


ကျနော်အမှာ တိုစိစိရေးထားတဲ့ ဒေါက်တာခင်မောင်လတ် (ရွှေမြန်မာ) ရဲ့ စာအုပ်လေး ထွက်လာပါတယ်။ (ဆရာသစ္စာနီလို ဝင်ကြော်ငြာကြည့်တာ)
နိုင်ငံရေးစာအုပ် မဟုတ်ဘဲ ရောင်းကောင်းတယ်ဆိုလို့ (နံပတ် ငါး တဲ့) ဝမ်း သာရပါတယ်။
စင်္ကာပူအခြေစိုက် သူနဲ့ ကျနော်က ဘုတ် ကျီးမြှောက်၊ ကျီး ဘုတ်မြှောက် လို ဖြစ်နေကြပါတယ်။


ဘုရားရှင်သမာပတ်မှ ထခဲ့ရတဲ့ “ပဉ္စသီင်္ခဆိုတီးတဲ့ သီချင်းတစ်ပုဒ်


၁။ ဝန္ဒေတေ ပိတရံ ဘဒ္ဒေ၊ တိမ္ဗရုံ သူရိယ ဝစ္ဆသေ။
ယေန ဇာတာသိ ကလျာဏီ၊ အာနန္ဒ ဇနနီ မမ။

Lady, your father Timbaru greet,
Oh sunshine fair, I give him honor due,
By whom was sired a maid as fair as you
Who is the cause of my heart’s delight.

အရှင်မလေး မင်းဖခင် တိမ္ဗရု
အို-နေနတ်သမီးလေး သူ့ကိုဦးညွှတ်မိရဲ့
ငါ့ရင်ကို နွေးစေတဲ့ မင်းဆိုတဲ့ အလှတစ်ပါး
သူမွေးဖွားစေခဲ့လို့ပေါ့


၂။ ဝါတောဝ သေဒတံ ကန္တော၊ ပါနိယံဝ ပိပါသတော။
အင်္ဂီရသိ ပိယာမေဟိ၊ ဓမ္မော အရဟတာ မိစ။

Delightful as the breeze to one who sweats,
Or as cooling draught to one who thirsts,
Your radiant beauty is to me as dear
As the Dhamma is to Arahants.

ချွေးပြိုက်သူအတွက် လေအေးတစ်ပေါက်
အာခေါင်ခြောက်သူအတွက် ရေအေးတစ်ခွက်
တောက်ပလွန်းတဲ့ မင်းအလှကို တွယ်မက်လေပေါ့
ရဟန္တာ အရှင်မြတ်တို့ ဓမ္မကို မြတ်နိုးသလို


၃။ အာတုရေဿဝ ဘေသဇ္ဇံ၊ ဘောဇနံဝ ဇိဃစ္ဆတော။
ပရိနိဗ္ဗာပရ မံ ဘဒ္ဒေ၊ ဇလန္တာမိဝ ဝါရိနာ။

Just as medicine to him who is ill,
Or nourishment to one who is starving still,
Bring me, gracious lady, sweet release,
With water cool from my consuming flames.

နာဖျားသူအတွက် ဆေးတစ်ခွက်
မွတ်သိပ်သူအတွက်တော့ အာဟာရ၊
မင်းရေတစ်မှုတ်နဲ့ ချိုမြိန်စွာ လွတ်မြောက်စေပါတော့
ရင်မှာလောင်နေတဲ့ မီးကနေ


၎။ သီတောဒကံ ပေါက္ခရဏီ၊ ယုတ္တံ ကိဉ္ဖက္ခ ရေဏုနာ။
နာဂေါ ဂမ္ဘာ ဘိတတ္ထောဝ၊ သြဂါ ဟေတေ ထနူဒရံ။

The elephant, oppressed by summer heat,
Seeks out a lotus-pool upon which float,
Petals and pollen of that flower,
So into your bosom sweet, I’d plunge.

နွေနဲ့ လောင်မြိုက်နေတဲ့ဆင်
ကြာပန်းရင်ပြင် ရေကန်ကိုရှာပြီး
ကြာပွင့်ကြာပန်းတွေနဲ့တူ သောက်ချိုးသလို
လှပတဲ့ မင်းအပြုံးကန်သာလဲ့လဲ့ထဲ ခုန်ပဲ ခုန်ချလိုက်ချင်တော့ရဲ့။


၅။ အစ္စကုင်္ေဿာဝ နာဂေါဝ၊ ဇိတံမေ ထုတ္တရော ပရံ။
ကာရဏံ နပ္ပဇာနာမိ၊ သမ္ပတ္တော လက္ခဏူ ဂုဟာ။

As an elephant, urged by the goad,
Pays no heed to pricks of lance and spear,
So I, unheeding, know not what I do,
Intoxicated by your beauteous form.

ချွန်းရှရှနဲ့ အမောင်းခံရတဲ့ဆင်
လေး မြား လှံ စစ်မြေပြင်ကို အရေးမထားသလို
ငါလည်း ကိုယ့်ကိုယ်ကိုတောင်မေ့လျော့
မင်းအလှကို ရီဝေသည်အထိ သောက်သုံးခဲ့လို့ပေါ့။


၆။ တယိ ဂေဓိတ စိတ္တောသ္မိ၊ စိတ္တံ ဝိပရိဏာမိတံ။
ပဋိဂန္တုံ နသက္ကောမိ၊ ဝင်္က ဃသ္တောဝ အမ္ဗုဇော။

By you my heart is tightly bound in bonds,
All my thoughts are quite transformed, and I
Can no longer find my former course;
I am like a fish that’s caught on baited hook.

ရင်တွေမွန်းကြပ်စွာခုန်တယ်
အတွေးတွေကလည်း ပုံမှန်မစီးမျော
ဟိုတစ်ခါက "ငါ"ပျောက်ဆုံးပြီး
ပါးဟပ်မှာ ချိတ်တန်းလန်းနဲ့ ငါးတစ်ကောင်လို


ရ။ ၀ါရုမု သဇ မံ ဘဒ္ဒေ၊ သဇ မံ မန္ဓ လောစနေ
ပလိဿဇ မံ ကလျာဏီ၊ ဧတံ မေ အဘိပတ္ထိတံ။

Come, embrace me, maiden fair of thighs,
Seize and hold me with your lovely eyes,
Take me in your arms,
It’s all I ask!

ဖွေးလွှလွှ မင်းပေါင်ပေါ်ပါးအပ်
အမြတ်တနိုးနဲ့ မင်းမျက်လုံးတွေရဲ့အကြည့်
ပြီး- မင်းလက်အစုံနဲ့ ထွေးပိုက်လှည့်
ဘ၀မှာ လိုတာ ဆိုလို့ ဒါအကုန်ပါပဲကွယ်။


၈။ အပ္ပကောဓ ၀တ မေ သေ န္တာ၊ ကာမော ၀ိလ္လိတကေ သိယာ
အနေက ဘာဝေါ သမုပ္ပါဒိ၊ အရဟန္တေ၀ ဒက္ခိဏာ။

My desire was slight at first, Oh maid,
Of waving tresses, but it grew apace,
As grow the gifts that Arahants receive.

အစက- ရင်ထဲဆာလောင်မှုလေး
တဖြည်းဖြည်း စည်ပင်လာလိုက်ပုံများ
ရဟန္တာအရှင်မြတ်တွေကို ပေးလှူရတဲ့ အကျိုးတွေလိုပဲ။

၉။ အယံမေ အတ္တိ ကတံ ပုညံ၊ အရဟန္တေသု တာဒိသု
တံ မေ သမ္ဗင်္ဂ ကလျာဏီ၊ တယာ သဒ္ဓိံ ၀ိပစ္စိတံ။

Whatever merit I have gained by gifts
To those Noble Ones, may mind reward
When it ripens, be your love, most fair.

အရှင်မြတ်တွေကို ပေးလှူခဲ့သမျှ
အကျိုးတရားတွေ ငါပြန်ရရင်
အချစ်ဆုံးလေး…အားလုံး မင်းအတွက်ချည်းပါပဲ။

၁၀။ သကျပုတ္တောဝ ဈာနေသု၊ ဧကောဒိ နိပကော သတော။
အမတံ မုနိ ဇိဂိဿာနော၊ တ မဟံ သူရိယ ၀စ္ဆသေ။

As the Sakyan’s Son in Jhana rapt
Intent and mindful, seeks the deathless goal,
Thus intent I seek your love, my Sun.

(သာကိယအရှင်) ဈာန်ရင်ခွင်မှာ (သိဒ္ဓတ္ထမင်းသား)
မသေရာ မွတ်သိပ်စွာ စူးစိုက်ရှာနေသလို
ကိုယ့်အလင်းရောင်ကလေးရေ
မင်းအချစ်ကို ငတ်မွတ်စွာ ငါရှာနေသကွဲ့။


၁၁။ ယထာပိ မုနိ နေႏၵယ်၊ ပတြာ သေမၺာဓိ မုတၱမံ။
ဧ၀ံ နေႏၵယ် ကလ်ာဏီ၊ မိႆီ ဘာ၀ံ ဂေတာ တယာ။

Just as that Sage would be rejoiced, if he
Were to gain Supreme enlightenment,
So I’d rejoice to be made one with you.

ဂေါတမအရှင် ၀မ်းမြောက်
သဗ္ဗညု ခရီးရောက်တဲ့အခါမှာ
ငါလည်းလေ မိုးမမြင် နေမှာ
မင်းနဲ့များ အတူကြင်ရရင်။

၁၂။ သက္ကောစမေ ၀ရံ ဒဇ္ဇာ၊ တာဝတိံသာန မိဿရော။
တာဟံ ဘဒ္ဒေ ၀ရေယျာယေ၊ ဧ၀ံ ကာမော ဒဠှော မမ။

If Sakka, Lord of Three-and-Thirty Gods
Were perchance to grant a boon to me,
It’s you I’d crave, my love for you is so strong.

တာဝတိံသာဘုရင် သက္ကအရှင်ကများ
ဗေလုဝ…မင်းကြိုက်သမျှ ဆုလာဘ်ယူစေဆိုရင်
ငါခုံမင်တာက မင်းတစ်ယောက်ထဲ
တို့အချစ်က အဲသလောက် မြဲမြံတယ်။


၁၃။ သာလံဝ နစိရံ ပုပ္ဖံ၊ ပိတရံ သေ သုမေဓသေ။
ဝန္ဒမာနော နမဿာမိ၊ ယဿာ သေတာ ဓိ သိ ပဇာ။

Your father, maid so wise, I venerate
Like a sala-tree fairly blossoming,
For his offspring’s sake, so sweet and fair.

ပင်လုံးကျွတ်ပွင့်တဲ့ အင်ကြင်းပင်အိုကို
မွှေးလှတဲ့ ပန်းတွေကြောင့် မြတ်နိုးရသလို
ပညာတွေ ပင်လုံးကျွတ်တဲ့
မင်းဖေဖေ တိမ္ဗရုကို
ပဉ္စသီ ဦးညွှတ်လိုက်ပါရဲ့….ကွယ်
နေနတ်မင်းသမီး…အလင်းမလေးရယ်…….။


သီရိပါဒလမ်းပေါ်မှာ ပြန်တွေ့ခဲ့ရသည့် အဖေ


သီရိပါဒခရီးသည် လှေကားထစ်ပေါင်း ၇၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး လေး နာရီ ငါးနာရီခန့် တောင်တက်ခရီးဆင်နွှဲရ၏။ သီရိပါဒဟူသည် ဒဏ္ဍာရီဆန် ဆန် သီဟိုဠ်သမိုင်းအရ ဘုရားရှင် ခြေတော်ရာ ခြခဲ့သော နေရာဟူ၏။ ယနေ့ ဘုရားရှင်၏ ခြေတော်ရာပေါင်းများစွာရှိသည့်အနက် သီရိပါဒသည် ဘုရားရှင် ၏ ခြေတော်ရာတစ်ဆူအဖြစ် ပထမဆုံးအဆိုတင်သည့် တောင်ထိပ်တစ်ခုဟု လည်း ဆိုနိုင်ပေမည်။ ည တစ်နာရီခန့်မှာ စတင်တက်ခဲ့ကြသော ကျွန်ုပ်တို့ လူပေါင်း ၄၀ အဖွဲ့တွင် ၁၀ ယောက်က လမ်းတစ်ဝက်မှာ ကျန်ရစ်ခဲ့သည်။ အချို့က အသက်ကြောင့်၊ အချို့က ဆူဖြိုးသော ကိုယ်ခန္ဓာကြောင့်ဖြစ်၏။

ဗုဒ္ဓဘာသာဝင်တို့က ဘုရားရှင် ခြေတော်ရာဟူသော ယုံကြည်မှုကြောင့် တက်နေကြတာဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့ကတော့ နေထွက်တာကို ကြည့်ရအောင် တက်ကြခြင်းဖြစ်သည်။ အာရှတိုက်သားများအတွက် နေ ထွက်တာကို ကြည့်ရုံမျှဖြင့်တော့ ဤမျှ ကြမ်းရှသော ခြေလှမ်း ၇၀၀၀ တက်နေရန်မလိုပါ။ ဘယ်မှမသွားဘဲ နေထွက်တာကို မြင်နိုင်သည်။ မတူဘူး ဟု ဆိုလိုကဆိုနိုင်ပါသည်၊ အငြင်းမပွားလိုပါ။

မိမိကိုယ်တိုင်လည်း ဘာမှပြင်ဆင်ခြင်းမရှိဘဲ ထို တောင်ကို တက်ခဲ့ခြင်းေ တာ့ မဟုတ်ပါ။ မသွားမီ ၃ လခန့်ကတည်းက နံနက်တိုင်း တစ်ခါတစ်ခါ ညနေပါ (ခပ်မြန်မြန်) လမ်းလျှောက်ခြင်း ပုံမှန်လုပ်ခဲ့သည်။ သက်လုံအထိုက် အလျောက် ရှိသည်ဟုဆိုနိုင်သည်။ သို့သော် ခရီး တစ်ဝက်ကျော်လာသည့် အခါ ရှိသည့်သက်လုံက ကုန်ခမ်းစ ပြုလာသလို ခရီးကလည်း ပို၍ပို၍ မတ်စောက်လာပါတောသည့်။

ငါ ဆက်မှတက်နိုင်ပါတော့မလား။
နံနက် ၃ နာရီ လေအေးကြမ်းများအကြားမှာပင် ချွေးတဖြိုက်ဖြိုက်ကျနေ သည်။ ကျိုက်ထီးရိုးထက် များစွာပိုပင်ပမ်း၏။



ထိုစဉ် ကလေးတစ်ယောက်နှင့် လူဖြူဇနီးမောင်နှံကို တွေ့ရ၏။ ကလေးက ၅ နှစ် ၆နှစ်ခန့်ဟုထင်ရသည်။ သူက တောင်ဝှေးလေး ထောက်ကာ ထောက်ကာ သူ့မိဘတွေနဲ့အတူ တက်နေသည်။ သူ့ကို "Strong boy" ဟုခေါ်ရာ သူက လှည့်ကြည့်ပြီး ပြုံး ၏။ သူ့ ဖခင်က "Yes, he is very strong" ဟု အားပေးသည်။ မကြာပါ။ ဤခရီးသည် ကလေးတစ်ယောက်အတွက် အားကစားကွင်း မဟုတ်ပါ။ သူ ဆက်မတက်နိုင်တော့။ သို့သော် ကလေးတစ်ယောက်အနေနဲ့ သူ အများ ကြီး လျှောက်ခဲ့ပြီးပြီ။ ထိုစဉ် ဖခင်ဖြစ်သူက သူ့ကျောပိုးအိပ်ကို ဇနီးပေးလိုက် ပြီး သူ့သားကို ပခုံးပေါ်ထမ်းက ဆက်တက်နေလေတော့သည်။

မလွယ်ပါ။
လုံးဝမလွယ်ပါ။
လူအလွတ်ပင် ချွေးဒီးဒီးကျအောင် တက်နေရချိန် ကလေးတစ်ယောက် ပခုံးပေါ်ထမ်းပြီးတက်ရသော မတ်စောက်တောင်တန်းခရီးသည် လုံးဝမလွယ်ပါ။
ထိုစဉ် ကျွန်ုပ်ထံမှ စကားသံလည်း ပြောင်းသွားရတော့သည်။
"Very strong man"
ဖခင်စိတ်။ ကလေးအစွမ်း၊ ကလေးသတ္တိကို ရနိုင်သမျှ ရအောင် ညှစ် ထုတ်ပြီးမှ ပခုံးပေါ်တင်ထမ်းသွားသည့် ဦးဆောင်စိတ်၊ ဖေးမစိတ်။
ထို ခွန်အားတို့က ကျွန်ုပ်ဆီသို့ပင် ကူးစက်လာတော့၏။

သူတို့ သားအဖကိုကြည့်ရင်း တစ်ခါတစ်ခါ ကျွန်ုပ်ကိုင်တိုင် အဖေ့ပခုံးေ ပါ် ရောက်သွားသလိုလို (အဖေသည် ခရီးဝေးသွားတိုင်း ကျွန်ုပ်ကို ထမ်း ပိုးခေါ်လေ့ရှိသည်)၊ တစ်ခါတစ်ခါ ကိုယ်တိုင်ကပင် သားတစ်ယောက်ကို ထမ်းတက်နေရသလိုလို ခံစားလိုက်ရ၏။ မှန်၏။ ဒုတိယ ခံစားချက်က အငှား ခံစားချက်သာ ဖြစ်၏။

မည်သို့ဖြစ်စေ ကလေးဖြစ်လိုက်၊ အဖေဖြစ်လိုက်ဖြင့် သီရိပါဒတောင်ထိပ်ပေါ် သို့ ၅ နာရီခွဲခန့်တွင် ကျွန်ုပ် ခြေချနိုင်ခဲ့တော့သည်။
အဖေ့ကို သတိရစိတ်ဖြင့် မျက်ရည်ပင် ကျခဲ့မိသေးသည်ထင်ပါ၏။

များ


မသယ်နိုင်တော့သည့် ပခုံများ
ငါးစာ မချတတ်သည့် ငါးမျှားချိတ်များ
ယုံကြည်စရာ မရှိတော့သည့် သဒ္ဓါတရားများ။

အချိုမရှိသည့် ပုရွက်ဆိတ်များ
မုတ်ဆိပ်မရှိသည့် ဘရိတ်ဓားများ
အိပ်ယာဝင်သူမရှိသည့် ကြမ်းပိုးများ။

မျက်နှာကျက်ပေါ်က ကြမ်းခင်းများ
တံစဉ်ကိုလှီးဖြတ်မယ့် စပါးနှံများ
လက်ယားတာကို ကုတ်ပေးမယ့် ကျောပြင်များ။

..............များ။ ။

အခန်း နှစ် America ( လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် )


အကျပ်အတည်းတွေနဲ့ ထိပ်မှာ(Troubled but still on top) (၂)

"အိုင်ဖုန်း၊ အိုင် ပက်၊ မိုက်ကရိုဆော့(ဖ်)၊ အင်တာနက်၊ ဒါတွေအားလုံး ကမ္ဘာ့ ဘယ်နိုင်ငံကမှ တီထွင်နိုင်တာ မဟုတ်ဘူး။ အမေရိကန်တွေက တီထွင်တာ။ အမေရိကန်နဲ့  နှိုင်းယှဉ်ရင် တစ်ဦးချင်းအရည်အသွေးမှာ တရုတ်တွေလည်း ရှိတာပါပဲ။ ဒီလိုရှိရက်နဲ့ သူတို့ ကဘာဖြစ်လို့ ဒီလိုတီထွင်မှုတွေ မလုပ်နိုင် ကြတာလဲ" (လီကွမ်းယု)

တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်ရေးအတွက် နောက်ထပ်အားသားချက်ကဘာသာစကားပါပဲ။ ဗြိတိသျှတွေက သူတို့ ဘာသာစကားအမွေကို ချန်ထားခဲ တော့ ဗြိတိသျှလက်အောက်ရောက်ခဲ့ ရတာ ကံကောင်းပါတယ်။ ဗီယက်နမ်နိုင်ငံ လို ကျွန်တော်တို့ ကိုပြင်သစ်က အုပ်ချုပ်တယ်ဆိုပါတော့။ ကမ္ဘာနဲ့ ဆက် သွယ်ဖို့ အင်္ဂလိပ်မသင်ခင် ပြင်သစ်ကို အရင်အဆက်ဖြတ် ရပါလိမ့်မယ်။ ဒါ ဟာ သိပ်ပြီးနှစ် မြို့ စရာမကောင်းတဲ့ အနေအထားပါ။ ၁၉၆၅ ခုမှာ စင်ကာပူ လွတ်လပ်ရေးရတော့ တရုတ်ကုန်သည်ကြီးများ အဖွဲ့ က ကျွန်တော့်ဆီလာပြီး တရုတ်စကားကို ရုံးသုံးသတ်မှတ်ဖို့  စည်းရုံးခဲ့ ကြပါသေးတယ်။ ကျွန်တော် က သူတို့ ကိုပြန်ပြောလိုက်ပါတယ် ။
“ဒါဆိုရင်တော့ ကျွန်တော်နဲ့ ခင်ဗျားတို့  အရင်ဆုံးချဲကြဖို့ လိုမယ်” နှစ်ငါးဆယ် သမိုင်းကိုပြန်ကြည့်တော့ စင်ကာပူဖွံ့ ဖြိုးတိုးတက်လာတဲ့ အေ ကြာင်း ရင်းတွေထဲမှာ အင်္ဂလိပ်စကားပြောပြီး တစ်ကမ္ဘာလုံးနဲ့  ဆက်ဆံနိုင် တဲ့ အချက်ဟာ အဓိကအကျဆုံးအချက်တွေထဲက တစ်ချက်ဖြစ်နေတာ ကို တွေ့ ရပါလိမ့်မယ်။ ဗြိတိသျှအင်ပါယာက အင်္ဂလိပ်စကား ကမ္ဘာကို ပြန့် နှံ့ စေခဲ့တယ်။ အမေရိကန်တွေက ဗြိတိသျှပါဝါကို လက်လွှဲယူလိုက်ပြန်တော့ လည်း ဗြိတိသျှအင်္ဂလိပ်ကနေ အမေရိကန်အင်္ဂလိပ်ကို ပြောင်းလွဲပြောဆိုေ ရးသားဖို့ ဆိုတာက ပြဿနာမရှိလှပါဘူး။ ဘာသာစကားဟာ အမေရိကန်ေ တွအတွက် အကြီးမားဆုံးအားသာချက်ပါပဲ။ ဒီစကားကိုလူတွေ အများ ကြီး ပြောနိုင်၊ နားလည်းနိုင်တယ်။

တကယ်လို့ တ ရုတ်စီးပွါးရေးဆက်ပြီးတက်နေအုံးမယ်ဆိုရင် တရုတ် နဲ့ ပေါင်းပြီး စီးပွါးရေး လုပ်တာပဲဖြစ်ဖြစ်၊ တရုတ်ပြည်ထဲသွားပြီး စီးပွါးရေး လုပ်ဖို့ ပဲဖြစ်ဖြစ် အားသာ ချက်တစ်ခုရနေအောင် ကျွန်တော်တို့ ကလေးေ တွရဲ့  တရုတ်စာအရည်အသွေးကို မြှင့်တင်ပေးရပါမယ်။ ဒါပေမယ့် စင်ကာ ပူမှာတော့ တရုတ်စာဟာ ဒုတိယဦးစားပေးအနေနဲ့ ပဲ ရှိနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် တရုတ်က တစ်ဦးချင်းဝင်ငွေမှာ အမေရိကန်တွေ ကို ကျော်သွားတယ်ဆိုစေဦး အခုကျွန်တော်တို့ ရရှိပိုင်ဆိုင်နေ တဲ့ လူနေမှု အဆင့်အတန်းမျိုးကို တရုတ်ပြည်က ပေးထားနိုင်မှာ မဟုတ်လို့ ပါ ။ တရုတ် နဲ့ ပါတ်သတ်လို့ ကျွန်တော်တို့ ရတဲ့  တစ်ဦးချင်းဝင်ငွေဟာ နှစ်ဆယ်ရာခိုင် နှုန်းတောင်မရှိပါဘူး ။ စင်ကာပူလက်ရှိအနေအထားတိုင်း ဆက်ရှိနေဖို့  အ မှန်တကယ်ဖြည့်ဆည်းပေးနေတာက အခြားကမ္ဘာနိုင်ငံကြီးတွေပါ။ အမေရိကန်နိုင်ငံရယ်လို့တောင် မဟုတ်ပါဘူး။ ဗြိတိသျှ၊ဂျာမဏီ၊ပြင်သစ်၊ေ ဟ်ာလန်၊သြစတြေးလျ စတဲ့ နိုင်ငံတွေပါ။ ဒီနိုင်ငံတွေက စီးပွါးရေးစကားပြော ရာမှာ အင်္ဂလိပ်ကိုပဲ အသုံးပြုမှာပါ။ တရုတ်စကားပြောကြမှာ မဟုတ်ပါဘူး။ တရုတ်တွေကိုယ်တိုင်ကတောင်မှ သူတို့ ကလေးတွေ အင်္ဂလိပ်စကား ပိုကောင်းလာအောင် မူလတန်းကနေ တက္ကသိုလ်အထိ အားကြိုးမာန်တက် သင်ကြားပေးနေကြချိန်မှာ ကျွန်တော်တို့ က အင်္ဂလိပ်ကိုကျော်ပြီး တရုတ် စကားကို ရုံးသုံးစကားအဖြစ် သတ်မှတ်အုံးမယ်ဆိုရင်တော့ ဒါဟာ ဦးနှောက် မရှိမှုတစ်ခုသာပါပဲ။

နောက်ဆုံးစိန်ခေါ်မှု

အမေရိကန်ဟာ ကျဆင်းနေတာ မဟုတ်ပါဘူး။ အချိန်အကြာကြီး ရှုပ်ထွေး လွန်းလှတဲ့  အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲကြောင့် စီးပွါးရေး အကြီး အ ကျယ်အကျပ်ရိုက်မှုတေကြုံတွေ့ရပြီး နာမည်ခဏပျက်သွားရတာပါ။ ဒါပေမယ့် အမြင်ရှိတဲ့ သမိုင်းပညာရှင်တွေကတော့ အမေရိကန်ဟာ ဒီထက် ဆိုးရွားတဲ့ အခြေအနေတွေကတောင်မှ အကြိမ်ကြိမ်ခေါင်းထောင်ထ လာသေးတယ်ဆိုတာ ထောက်ပြကြပါလိမ့်မယ်။ ကျွန်တော်တို့ သိမှီသမျှကို ကြည့်ရင်ပဲ အခက်အခဲတွေ စိန်ခေါ်မှုတွေကနေ သူတို့ဖောက်ထွက်လာနိုင် တယ်ဆိုတာ တွေ့ ရပါတယ်။ ပြည်တွင်းစစ်ပွဲတွေ၊ ဗီယက်နမ်စစ်ပွဲတွေ၊ ဂျ ပန်နဲ့ ဂျာမနီက ရုတ်တရက်ကြီးထိုးတက်လာလို့  ကြုံလိုက်ရတဲ့ စက်မှု စီး ပွါးရေး၊ အကျပ်အတည်းတွေစုံလို့ ပါပဲ။ ကြုံလာတိုင်းလည်း စိတ်ဓါတ်ခွန် အားတွေ ရအောင်မွေးမြူနိုင်ပြီး ထိပ်ဆုံးရောက်အောင် ပြန်တတ်လာနိုင်တာ ချည်းပါပဲ။ အမေရိကန်က အမြဲတမ်းပဲ ပန်းပန်ခဲ့တယ်။ ဒီတစ်ကြိမ်လည်း ပန်နေအုံးမှာပါပဲ။

အမေရိကန်ရဲ့အောင်မြင်မှုဟာ သူတို့ ရဲ့ စီးပွါးရေးအစွမ်းကြောင့်ပါ။ ဒီ စီး ပွါးရေးကို သူတို့ ရဲ့ ရိုးသားတဲ့ စွမ်းရည်၊ အဆက်မပြတ်တီထွင်ဖန်တီးနိုင်မှု စွမ်းရည်တွေနဲ့  ထောက်ခံပေးထားပါတယ်။ ပစ္စည်းအသစ် ၊ ၀န်ဆောင်မှု အသစ်တွေကို သူတို့ က အမြဲတန်း တီထွင်ဖန်တီးနေတတ် တယ်။ေ တ်ာတော်ကြာတော့မှ သူတို့နည်းစနစ်တွေက အလုပ်လည်းဖြစ်၊ နှစ်ခြိုက်စရာ လည်းကောင်းတယ်ဆိုပြီး ကမ္ဘာကလိုက်လုပ်ကြတော့တာ။ အိုင်ဖုန်း၊ အိုင် ပက်၊ မိုက်ကရိုဆော့(ဖ်)၊ အင်တာနက်၊ ဒါတွေအားလုံး ကမ္ဘာ့ ဘယ်နိုင်ငံကမှ တီထွင်နိုင်တာ မဟုတ်ဘူး။ အမေရိကန်တွေက တီထွင်တာ။ အမေရိကန်နဲ့  နှိုင်းယှဉ်ရင် တစ်ဦးချင်းအရည်အသွေးမှာ တရုတ်တွေလည်း ရှိတာပါပဲ။ ဒီလိုရှိရက်နဲ့ သူတို့ ကဘာဖြစ်လို့ ဒီလိုတီထွင်မှုတွေ မလုပ်နိုင်ကြတာလဲ။ အဖြေက ရှင်းရှင်းလေးပါ ။ အမေရိကန်တွေမှာ ရှိတဲ့ သတ္တိမျိုး သူတို့ မှာ မရှိလို့ ပဲ။ ပွဲစဉ်ရဲ့ အဖြေတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ တီထွင်ဖန်တီးမှုမျိုး သူတို့ ဆီက အမြဲတန်း မျှော်လင့်ထားလို့ ရတယ်။ သူတို့ ခဏကျဆင်းပြီးတော့ ထိပ်တန်းပြန်ရောက်။ ဒီလို အကြိမ်ရေတွေက မနည်းတော့ပါဘူး။

“အမေရိကန်တွေ ကျရှုံးနေပြီ” ဆိုတဲ့ အယူရှိသူတွေရဲ့ အမြင်မှန်တယ် ဆိုေ စဦးတော့ သူတို့ သတိထားရမှာက အမေရိကန်ဟာ နိုင်ငံကြီး တစ်နိုင်ငံ မို့ သူတို့ ကျဆင်းချိန်ဟာ အချိန်အတော်ကြာမှ ရုပ်ပျက်ဆင်းပျက်ဖြစ်သွား မှာပါ ။
တကယ်လို့ စင်ကာပူသာ အဲဒီလို နိုင်ငံကြီးဆိုရင် ပေါ်လစီအမှားအယွင်းကို ကျင့်သုံးမိလိုက်ပြီးဆိုရင်တောင် သိပ်ပြီးစိုးရိမ်နေမိမှာမဟုတ်ပါဘူး။ ဘာလို့  လဲဆိုရင် ဒီပေါ်လစီအမှားတွေရဲ့ အကျိုးဆက်က ဖြည်းဖြည်းချင်းမှ ရောက် လာမှာမို့ ပါ။ ဒါပေမယ့် အခုကျွန်တော်တို့ နိုင်ငံက သေးသေးလေးဆိုတော့ လမ်းမှားတစ်ခုပေါ် လိုက်လိုက်မိတာနဲ့ အကျိုးဆက်အနေနဲ့  အချိန်တို အ တွင်းမှာ ချက်ချင်းကပ်ဆိုးဆိုက်သွားနိုင်ပါတယ် ။ ပြီးတော့အမေရိကန်ဟာ တင့်ကားကြီးတစ်စီးနဲ့ လည်းတူပါတယ်။ အလွယ်တကူ ဂျွမ်းထိုးမှောက် ခုံဖြစ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန်နဲ့ ပါတ်သတ်လို့ အ ဆိုးမြင်နေသူတွေဟာ မှားတယ်လို့  ကျွန်တောယုံကြည်ဆဲပါ။ အမေရိကန် ဟာ ဒီအတိုင်းကျဆင်းသွားမှာ မဟုတ်ပါဘူး။ တရုတ်ပေါ်လာတော့ သူတို့  အားတော့နည်းနည်းလျှော့ သွားမယ်။

အနောက်ပစိဖိတ်သမုဒ္ဒရာထဲကို အင်အားဖြည့်ဆည်းဖို့ ခရီး အကွာ အဝေးကြောင့် အရေအတွက်အားဖြင့်ဖြစ်စေ၊ တစ်ဦးချင်းဝင်ငွေ အားဖြင့် ဖြစ်စေ၊ တရုတ်ကိုယှဉ်ပြိုင်နိုင်မယ်တော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် အမေရိကန်ရဲ့ အဓိက အားသားချက်က သူတို့ ရဲ့ ရွတ်ရွတ်ချွံချွံစိတ်ဓါတ်ပါ။ ဒီစိတ်ဓါတ်က ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ အမေရိကန် လူအဖွဲ့  အ စည်းဟာ တီထွင်ဖန်တီးမှုမှာ တရုတ်ထက် အပြတ်အသတ်သာပါတယ်။ အမေရိကန်တွေ ကျဆင်းနေပြီး ဆိုတာ အမှန်ပဲလား။ မမှန်ဘူးလားဆိုတာ သူတို့ အမေရိကန်တွေ အချင်းချင်းငြင်းခုံနေကြတာ ကြည့်ရင်ပဲ သူတို့ ဟာ လက်ရှိအောင်မြင်မှုအပေါ် သာယာနေတတ်တဲ့ လူ့ အဖွဲ့ အစည်း မဟုတ်ဘူး ဆိုတာ ပြောပြနေပါတယ်။ ဒါက အားသာချက်ပါ။

ရေရှည်မှာ အမေရိကန်တွေ အောင်ပွဲခံသွားမယ်လို့ ကျွန်တော် ဘာကြောင့် ယုံကြည်ရပါသလဲ။ ပထမဆုံးအချက်အနေနဲ့ ကတော့ အမေရိကန်ဟာ တ ရုတ်ပြည်ထက် ဆွဲဆောင်မှုရှိတယ်။ ဦးနှောက်ရှိပြီး နေရာအတည် တကျ မရှိတဲ့ ထောင်ပေါင်းများစွာသော ၀င်ရောက်နေထိုင်သူတွေ နှစ်တိုင်း အမေရိ ကထဲကို ၀င်ရောက်လာနေကြတယ်။ ပြီးရင် အမေရိကန်ထဲမှာ အခြေ တကျဖြစ်သွားကြပြီး နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေရသွားကြတယ်။ ၀င်ရောက်လာတဲ့ လူတွေဟာဖန်တီးတီထွင်နိုင်ပြီး ပိုပြီးလည်း စွန့်စားလိုစိတ် ရှိကြတယ်။ စွန့် စားလိုစိတ်မှ မရှိကြပဲ သူတို့ က ကိုယ့်နိုင်ငံကို စွန့်ခွာထွက် လာ ကြမှာ မဟုတ်ဘူး။ သူတို့ ဟာ အမေရိကန်လူ့ အဖွဲ့ အစည်းထဲကို အိုင် ဒီယာ အသစ်တွေ ယူလာကြတယ်။ ဒါတင်မကဘူး။ အကောင်းရော အဆိုးေ ရာ ပါလာတာပေါ့ ။

ဒါမျိုးတရုတ်ပြည်ထဲမှာ ရှာယူလို့ကို မတွေ့ နိုင်ပါဘူး။ သူတို့စွမ်းပကားတွေ မပါဘူးဆိုရင် အမေရိကန်လည်းဒီလောက်မတိုးတက်နိုင်ဘူး။ လွန်ခဲ့တဲ့  ရာစု နှစ်တွေကတည်းက ဥရောပရဲ့ ဦးနှောက်တွေကို အမေရိကန်က ရခဲ့ တာပါ။ ဒီနေ့ ဆိုရင် အိန္ဒိယ ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်ကဦးနှောက်တွေရအောင် ယူနေနိုင်တယ်။ အရှေ့ တောင်အာရှနိုင်ငံတွေကတောင် အခုပါနေပါပြီး။ အဲသလိုဝင်ရောက်နေထိုင်လာသူတွေကို အမေရိကန်က လက်ခံကြိုဆိုထား နိုင်တာ နေသားကျသွားအောင်ကူညီနိုင်တာ၊ အခွင့်အရေး တန်းတူပေးထား နိုင်တာတွေကြောင့် သူတို့ ကိုယ်တိုင်ကလည်း အမေရိကန်တွေရဲ့ အိမ်မက် ကို သဘောပေါက်လာကြပြီး သူတို့ကတစ်ဖန် အမေရိကန်ကို ပြန်ပြီးကျေး ဇူးပြုတော့တာပါပဲ။ ဒါတွေကတော့ နည်းပညာအသစ်တွေ တီထွင်တာ ကုန် ပစ္စည်းအသစ်အဆန်းတွေ ထုတ်လုပ်နိုင်တာ၊ စီးပွါးရေးမှာ နည်းဗျူဟာ အ သစ်တွေ မွေးထုတ်ပေးလိုက်တာမျိုးတွေပါ။

(ဆက်ရန်)

လော့ဂျစ်များ (New Version)


တစ်မိနစ်
ပထမလူ။ ။ တစ်မိနစ်ဆိုတဲ့ ဆိုတဲ့ အချိန်က ဘယ်လောက်ကြာပါသလဲ။
ဒုတိယလူ။ ။ ဒါက ခင်ဗျားက အိမ်သာထဲမှာလား ၊ အိမ်သာအပြင် က စောင့်နေတာလား ဆိုတာအပေါ် မူတည်ပါတယ်။

အထီး အမ
ပထမလူ။ ။ ယင်ကောင်ကို အထီး အမ ဘယ်လိုခွဲပါသလဲ။
ဒုတိယလူ။ ။ လွယ်ပါတယ်။ ဘီယာဘူးပေါ်မှာ နားနေတာက အထီး။ တယ်လီဖုန်းပေါ်မှာ နားနေတာက အမ။

အသား နဲ့ အစာ
ပထမလူ။ ။ တိရစ္ဆာန်တွေကို ချစ်ရင် အသား မစားသင့်ဘူး ဆိုတာ လက်ခံပါသလား။
ဒုတိယလူ။ ။ လက်ခံပါတယ်။ ဒါပေမယ့် တိရစ္ဆာန်တွေရဲ့ အစားအစာဖြစ် တဲ့ အသီး အရွက်တွေကိုပါ ရှောင်လိုက်ရင် ဘယ်လိုလဲ။

ခေတ်
ရှေးလူကြီး။ ။ မင်းတို့လူငယ်တွေ လှေနံ နှစ်ဖက်နင်း မလုပ်ရဘူးကွ။
ခေတ်လူငယ်။ ။ ကျနော်တို့က ဒါကို ဒိုင်ဗာစီဖိုင်း (Diversify) လုပ်တယ် လို့ ခေါ်ပါတယ်ခင်ဗျား။ ဘစ်စနစ်မှာ အရေးကြီးတဲ့ မဟာဗျူဟာ တစ်ခုပါ။

ကြွက် နဲ့ လူ
ပထမလူ။ ။ ဂျာမန်ပညာရှင် တစ်ယောက်က ပြောတယ် " အံ့ ရောဗျာ။ ကြွက်တွေ ကြွက်ထောင်ချောက် တီထွင်တယ် မကြားဖူးပါဘူး၊ လူတွေက အဏုမြူ ဗုံး တီထွင်ကြ သတဲ့ "
ဒုတိယလူ။ ။ ကျနော်လည်း ကြွက်တွေ စိတ်ဆိုး စိတ်တိုနေတုန်း ကွန်မင့်ရေးတယ်၊ အီးမေးပြန်ကြတယ် လို့ မကြားဖူးဘူး ။

ပျော်ရွှင်မှုဟူသည်


ပျော်ရွှင်မှုဟူသည် အရေအတွက်လည်းများ၊ ချစ်ခင်၊ ကြင်နာ
ရင်းရင်းနှီးနှီးလည်းရှိသော မိသားစု
တခြားမြို့မှာ ရှိနေခြင်းဖြစ်သည်။
Happiness is having a large, loving, caring,
close-knit family
in another city.

George Burns

အစ္စလမ်နဲ့ ပတ်သက်လို့


ရန်ကုန်မှ အသိမိတ်ဆွေတချို့က အစ္စလမ်နဲ့ ပတ်သက်တဲ့ စာအုပ်တစ် အုပ်ရေးဖို့ တိုက်တွန်းကြတာ ကြာပါပြီ။ လီကွမ်းယုရဲ့ နားဝင်မချိုထဲက အ ခန်းခြောက်ကို ဖတ်ပြီး စိတ်ကူးရကြဟန်တူပါတယ်။ ကိုယ်တိုင်အနေနဲ့ လည်း လုပ်နိုင်ရင် လုပ်သင့်တယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ လွယ်လှတဲ့အလုပ် မဟုတ်ကြောင်း သဘောပေါက်မိပါတယ်။ ပေါ့သေးသေး ကိစ္စ မဟုတ်ပါဘူး၊ အစ္စလမ်နဲ့ ပတ်သက်တဲ့ ပညာရှင်တွေရဲ့ အမြင်၊ သုံးသပ် မှုတွေကို အရင်သိထားဖို့လိုအပ်ပါတယ်။
ဒါနဲ့ ခြေရာခံကြည့်တော့ ပထမဆုံး တွေ့လိုက်ရတာက ဆရာ့ ဆရာကြီးနှစ်ေ ယာက်ရဲ့ မတူညီတဲ့ ရှုမြင်မှုတွေပါ။
သူတို့ကတော့ Samuel Huntington နဲ့ Graham E.Fuller တို့ပါ။ Samuel Huntington က ကမ္ဘာကျော်ကြီးဖြစ်သလို Graham E.Fuller ကလည်း ပေါ့ခေခေမဟုတ်ပြန်ဘူး၊ စီအိုင်အေ ဒု ဥက္ကဋ္ဌဟောင်း၊ ပါမောက္ခ လည်းဖြစ်နေ ပါ။
ယဉ်ကျေးမှု ထိပ်တိုက်ရင်ဆိုင်ခြင်း မဖြစ်ခင် သူတို့ချင်းလည်း အယူအဆတွေ ထိပ်တိုက်တွေ့နေကြပါတယ်။
Graham E.Fuller ရဲ့ A World without Islam ဆိုတဲ့စာအုပ်ဟာ Samuel Huntington ရေးခဲ့တဲ့ "The clash of Civilization" (ယဉ်ကျေးမှု ထိပ်တိုက်ရင်ဆိုင်ခြင်း သို့ ယဉ်ကျေးမှုပဋိပက္ခ) စာအုပ်ပါ "Islam's bloody borders" ကို (အဓိကအားဖြင့်) တုန့် ပြန်ရေးတဲ့ စာအုပ်ပါ။

ဒီစာအုပ်ရဲ့ ဒုတိယပိုင်းမှာ အရှေ့အလယ်ပိုင်း၊ ရုရှား၊ ဥရောပ၊ အိန္ဒိယနဲ့ တရုတ်ပြည်မှာရှိတဲ့ အစ္စလမ်တွေကို စေ့စေ့ငုငုကြည့်ထားတာတွေ့ရပါတယ်။ အထူးသဖြင့် အိန္ဒိယမှာ မွတ်စလင်အားကောင်းလာတဲ့အချက်ဟာ ဇာတ် စနစ်ခွဲခြားမှုတွေကြောင့် ဇာတ်နိမ့်တွေက မလွှဲမရှောင်သာ ဘာသာပြောင်း သွားရတဲ့အကြောင်း၊ မွတ်စလင် ယဉ်ကျေးမှု မပါရင် အိန္ဒိယရဲ့ သမိုင်းဟာ ဒီလောက်အရောင်အသွေးစုံမယ်မဟုတ်ကြောင်း၊ တကယ်လို့ "The clash of Civilization" ခေါ်ချင်ရင် ဟိန္ဒူတွေ၊ မွတ်စလင်တွေထက် သူတို့ကို ဆွဲပေါင်းပေးခဲ့တဲ့ ဗြိတိသျှအင်ပါယာကိုပဲ လက်ညှိုးထိုးသင့်ကြောင်း စတာတွေ ဆွေးနွေးထားပါတယ်။

အာလုံးမဟုတ်ရင်တောင် အနှစ်ချုပ်လောက်တော့ အဆင်ပြေသလို တင်ပြ သွားပါမယ်။
လေးစားစွာဖြင့်

ကစာနည်း


"တချို့ကစာနည်းတွေက တခြားအချိန်တွေမှာ သိပ်တွေ့ရလေ့မရှိဘဲ လွတ်လပ်ရေးနေ့ကျမှ ဘာကြောင့်ပြိုင်ကြသလဲ။ မုန့်စားပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ မျက်စိကို အဝတ်စီးပြီး သံပုံးရိုက်တဲ့ပွဲ ၊ ချောတိုင်တက်ပွဲ။ ဒါတွေက လွတ်လပ်ရေးနေ့မှာ မပါလို့မဖြစ်။ လွတ်လပ်ရေးအထိန်းအမှတ်တစ်ခုလို ယှဉ်တွဲပါလာခဲ့လေသလားတောင် ထင်ရသည်။............
လွတ်လပ်ရေးရခဲ့တာ ၆၄ နှစ် ကျော်လာခဲ့ပြီ ခုတိုင်အောင် ကျွန်တော်တို့သည် အစားပြိုင်နေကြတုန်း။
တစ်ယောက်နှင့် တစ်ယောက် အောက်ပြုတ်ကျအောင် အသေအလဲ ဆော်နေကြတုန်း။ အပြစ်မရှိတဲ့ သံပုံးကို မမြင်မစမ်းနဲ့ လိုက်ရှာရိုက်ကြတုန်း၊ တိုင်ထိပ်က မဖြစ်စလောက် ဆုကြေးငွေလေးကို မက်မောပြီး အချင်းချင်း ခွနင်းကျော်တက် လုယက်ကြတုန်း။"

မင်းလူ
(ပေါ်ပြူလာ၊ ဇန်နဝါရီ၊ ၂၀၁၂)

A World without Islam


အိန္ဒိယမှာတော့ မွတ်စလင်တွေက ပေါင်းလို့သင်းလို့ပိုကောင်းတယ်ဆိုတဲ့ ဆရာတွေရဲ့စကားကိုကြားခဲ့ရပြီး စဉ်းစားနေခဲ့မိတာ အဖြေမရခဲ့ဘူး။ ဒီနေ့ Graham E.Fuller ရဲ့ A World without Islam ဆိုတဲ့စာအုပ် မဖတ်ခင် အထိပါပဲ။ သူ့ သုံးသပ်ချက်က ဒီအဖြေကို သွယ်ဝိုက်ပြီး ပေးသွားတယ်။

npr book interview with author



"အားလုံးကိုခြုံငုံသုံးသပ်တော့ မွတ်စလင်တွေရဲ့ မဟာဗျူဟာလေးချက်ကို ကျွန်တော်တို့ တွေ့ရပါတယ်။
၁။ အသားကျအောင် မွေးစားနေထိုင်နိုင်ခြင်း
၂။ စုစည်းမှုရှိခြင်း
၃။ တစ်ခါတစ်ခါ တော်လှန်ခြင်း
၎။ သို့သော် မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေမှာ လူနည်းစု မွတ်စလင်တွေ ပဲ ဖြစ်နေရင် အခြေအနေမှန်ကို သဘောပေါက်က်ခံနိုင်ခြင်း တို့ဖြစ်ပါတယ်"

၃ နဲ့ ၄က ဆက်စပ်နေသလို ၄ ကနေ ၃ ဖြစ်သွားဖို့လည်း နီးစပ်နေပြန်တယ်။

ကျနော်နဲ့ ယမမင်း အင်တာဗျူး (၂)


ကျနော်နဲ့ ယမမင်း အင်တာဗျူးက နည်းနည်းကြာသွားတော့ အဆက်ပြတ် သွားမှာစိုးလို့ နှစ်ကို ပြန်ခေါ်ပြီး ဆက်ပေးလိုက်ပါတယ်။ အခု ရီဖောင်းမစ်တ် ငရဲကို ဆက်ပါမယ်။

ကျနော် ။ ။ ဒါနဲ့ ငရဲပြည်ရောက်လာသူတွေကို ဘယ်သူက ဘယ်ငရဲကို သွား ရမယ်ဆိုတဲ့ သတ်မှတ်ထားတဲ့ ဥပဒေ ရှိပါသလား၊ ဒါမှမဟုတ်သူတို့သဘော နဲ့ သူတို့ လား။
ယမမင်း ။ ။ သူတို့ သဘောနဲ့ သူတို့ပါ။ ငရဲပြည်မှာ ဒီမိုကရေစီ အပြည့်အဝ ရှိပါတယ်။ အမည်ခံ မဟုတ်ပါဘူး။ တတ်နိုင်တဲ့ လူတွေကတော့ အကောင်း ဆုံး ငရဲကို ရွေးကြတာပေါ့။ ငရဲပြည်မှာလည်း ဆင်းရဲချမ်းသာရှိသလို လူတန်း စား ကွာဟမှုပြဿနာလည်း ရှိနေဆဲပါ။

ကျနော် ။ ။ ဗျာ။ ငရဲပြည်မှာ ဆင်းရဲချမ်းသာဆိုတာက ဘယ်အပေါ်မှာ မူ တည်ပြီး သတ်မှတ်တာလဲ ခင်ဗျား။
ယမမင်း ။ ။ ခင်ဗျားကလည်း ဟုတ်မလိုလိုနဲ့ တော်တော်အူတာပဲ။ ငရဲပြည်ရဲ့ အင်တာနေရှင်နယ် ရီဆာ့ဗ် ကာရင်စီက အကုသိုလ်ကံ လေ။ ငရဲပြည်မှာ အကုသိုလ်များများရှိတဲ့လူကို မီလျံနာ၊ ဘီလီယံနာ လို့ခေါ်တယ်။ ခင်ဗျားနိုင် ငံက ဘီလျံနာတချို့ ငရဲပြည်မှာရှိတယ်၊ တော့ပ် တင်း ဝင်တယ်၊ လျှော့ မ တွက်နဲ့။ ဝင်တွေ့ချင်ရင် စီစဉ်ပေးမယ်။

ကျနော် ။ ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ အဆင်ပြေရင် တွေ့ချင်ပါတယ်။ ဒါနဲ့ ငရဲ မီလျံနာ၊ ဘီလီယံနာတွေက ဘယ်ငရဲမှာ နေဖို့ဆုံးဖြတ်ကြပါသလဲ။
ယမမင်း ။ ။ သူတို့ကတော့ အကောင်းဆုံး ကက်ပီတယ်လစ်စ် ငရဲမှာ နေကြ တာများပါတယ်။

ကျနော် ။ ။ ဘာကြောင့်ပါလဲ။
ယမမင်း ။ ။ ကက်ပီတယ်လစ်စ် ငရဲမှာ မီးပျက်တယ်၊ ဂက်စ်ပြတ်တယ်၊ေ ရ ပြတ်တယ်ဆိုတာ မရှိဘူး။ ဒီတော့ ငရဲအိုးထဲက သံရေပူတွေက လည်း ၂၄ နာရီ ပွက်ပွက်ဆူပဲလေ။ ပေးထားတဲ့ ဆားဗစ်ကလည်း ပထမတန်းစားတွေ ချည်းပဲ စိတ်ချမ်းသာတာပေါ့။
ငရဲသားတွေရဲ့ လှံတွေကလည်း အခြားငရဲပြည်တွေမှာလို တုံးတိတိကြီးတွေ မဟုတ်ဘူး၊ မျိ ရှနေတာ။ ဗိုင်းရပ်ကာကွယ်ဖို့ တစ်ခါသုံး လှံတွေကို အခု စ သုံးနေတယ်။ ငရဲသားတွေအားလုံး အရပ် ခြောက်ပေ နှစ်လက်မ ရှိရတယ်၊ သူတို့ကိုလည်း စပယ်ရှယ် ထရိန်နင်ပေးထားရတာ။ ငရဲရောက် ဘီလျံနာ ကာစတန်မာတွေ စိတ်ချမ်းဖို့ အကောင်းဆုံး ဖြည့်ဆည်းပေးထားပါတယ်။

ကျနော် ။ ။ ၂၄ နာရီ ပွက်ပွက်ဆူနေတာက၊ ငရဲသားတွေရဲ့ လှံတွေ မျိ ရှနေတာ၊ ဒါတွေက စိတ်ချမ်းသာစရာလား ဗျာ။
ယမမင်း ။ ။ ဟာ ခင်ဗျားက အူပြန်ပြီ။ ဒီကိုရောက်လာတဲ့လူတွေက အကု သိုလ်ချမ်းသာတဲ့ လူတွေ။ ငရဲပြည်ရောက်မှတော့ ငရဲစည်းစိမ် အပြည့် အဝ ခံစားချင်တာပေါ့။ ငရဲပြည်ရောက်ပါတယ်ဆို ငရဲအိုးထဲက ရေက မပွက် တပွက်၊ ကိုယ့်ကို ထိုးတဲ့ လှံက တုံးတိတိဆို ဘယ်ကလာ အဓိပ္ပါယ် ရှိ ပါတော့ မလဲ။
လူ့ပြည်က ဖလော်တွေ ငရဲပြည် ယူမလာနဲ့လေ။ အက်ပလီကေဘယ် မဖြစ်ဘူး။
"When in ငရဲ၊ do as ငရဲသား do" ပဲ။
ဒါနဲ့ ငရဲခြောက်ထပ်မှာ ဘယ်အထပ် ကို အရင် လေ့လာချင်သလဲ။

ကျနော် ။ ။ ဖြစ်နိုင်ရင် ရီဖောင်းမစ်တ် ငရဲကို အရင် လေ့လာချင်ပါတယ်။
ယမမင်း ။ ။ ဟဲ ဟဲ ဟဲ၊ ခင်းဗျားက ရီဖောင်းမစ်တ် နိုင်ငံကကိုး။ ကဲ လာ၊ ဒါဆို သွားကြမယ်။

ကျနော် ။ ။ ရီဖောင်းမစ်တ် ငရဲရဲ့ ထူးချားချက်က ဘာဖြစ်မလဲ ခင်ဗျာ။
ယမမင်း ။ ။ အထင်နဲ့အမြင် တစ်ခြားစီဖြစ်နေတတ်တာပဲ။ မင်း ရောက်ေ တာ့ တွေ့လိမ့်မပေါ့။

ကျနော် ။ ။ ရီဖောင်းမစ်တ် ငရဲက လူဝင်လူထွက်တော့ တော်တော်များသားပဲ ဗျ။
ယမမင်း ။ ။ မင်း မကြားလိုက်ဘူးလား။ ရီဖောင်းမစ်တ် ငရဲရဲ့ စလိုဂမ်က "Look, learn and leave" ဆိုတာလေ။

( ရီဖောင်းမစ်တ် ငရဲကို ရောက်တယ်ဆိုရင်ပဲ ဆူဆူပွက်ပွက် ငရဲအိုးတွေ ၊ ချောချောလှလှ ငရဲသူ ကောင်မလေးတွေ တွေ့ရပါတယ်။ ချောချောလှလှ ဆိုတာ နောက်ကနေ မြင်နေရတာကို ပြောတာပါ။ သူတို့မျက်နှာတွေကို မတွေ့ရပါဘူး။ တစ်နေရာအရောက်မှာတော့ ကျနော်တို့ငယ်ငယ်က သိဖူးတဲ့ လူကြီးတစ်ယောက်ကို ရီဖောင်းမစ်တ် ငရဲမှာ သွားတွေ့ရပါတယ်။ ခွင့်လွှတ် ပါ။ ဘယ်သူလဲဆိုတာတော့ စာနယ်ဇင်းကျင့်ဝတ်အရ ပြောပြလို့ မဖြစ်ပါဘူး။ ငရဲလို့သာပြောရတယ် သူ့ကြည့်ရတာက ငရဲရောက်နေပုံနဲ့ လုံးဝ မတူပါ ဘူး။ ချောချောလှလှ ငရဲသူနှစ်ယောက်ကို ဖက်ပြီး ဘီယာသောက်နေ တာပါ။ ဒါနဲ့ စိတ်မထိန်းနိုင်လို့ ယမမင်းကိုပဲ မေးရပါတော့တယ်။)

ကျနော် ။ ။ ယမမင်းကြီးခင်ဗျား၊ ငရဲဆိုလို့သာ ငရဲလိုက်ရတယ်။ ကျနော့် မျက်စေ့နဲ့ မြင်တွေ့နေရတာတွေက ငရဲနဲ့လည်း တစ်ခုမှ မတူဘူးဖြစ်နေ ပါတယ်။
ယမမင်း ။ ။ ညံ့ပါ့ ငါလူရာ၊ ဒါမှ ငရဲနဲ့တူမှာပေါ့။ ငါပြောတဲ့ စကားကို မင်း မေ့နေပြီလား။

ကျနော် ။ ။ ဘယ်ဟာပါလိမ့် ယမမင်းကြီး၊ များတော့ မေ့သွားတာပေါ့ ဗျာ။
ယမမင်း ။ ။ အထင်နဲ့အမြင် တစ်ခြားစီဖြစ်နေတတ်တယ်ဆိုတာလေ


ကျနော် ။ ။ ဘာတွေများ တစ်ခြားစီဖြစ်နေလို့လဲဗျာ။
ယမမင်း ။ ။ ငါပြောမယ်။ မင်းက သူဘီယာသောက်နေတယ် ထင်တာမဟုတ် လား။ အဲဒါက ဟန်ပဲရှိတာ။ သူ့ ဘီယာဂျားနဲ့ ဘီယာခွက်က အလယ်ခေါင်မှာ အပေါက်ကြီးနဲ့။ အထဲမှာ ဘာ ဘီယာမှ မရှိဘူး။
ပြီးတော့ သူက အင်္ဂလိပ်လို တိုးတိုးလေးပြောတယ်။
"While beer jar and cup have the big holes in the center, the two girls don't have any, including eyes." တဲ့။

့ဆရာတော်ရဲ့ ဝါသနာ


သီဟိုဠ်က မပြန်ခင်တစ်ရက်ရောက်မှပဲ ဂင်္ဂါရာမာယကျောင်း (Gangaramaya) ကို ရောက်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဆရာတော်က ကားဟောင်းတွေ စုစောင်းတာ ဝါသနာပါတယ်လို့ သီဟိုဠ်ကိုယ်တော် က ပြောလို့ စိတ်ဝင်တစားနဲ့ ရောက်ဖြစ်ခဲ့ရတာပါ။ တံဆိပ်ခေါင်းစုတဲ့ ဝါသနာ ထက် ဒီဝါသနာက ငွေကုန်ကြေးကျ ပိုများတယ်မဟုတ်လား။ ကံကောင်းတော့ လိုက်ပို့တဲ့ အတူနေကိုယ်တော်က ဟိုက တာဝန်ရှိ ကိုယ်တော်နဲ့ သူငယ်ချင်းတွေ ဖြစ်နေလို့ သာမန်ဧည့်သည် ကြည့်ခွင့်မရ တဲ့ နေရာတွေအထိ ဓာတ်မီးနဲ့လိုက်ပြလို့ ကားပြတိုက်ကြီးတစ်ခုလုံး ကို မြင် ခွင့်ရခဲ့တယ်။
ကားဟောင်း၊ ကားသစ် အစုံရှိတယ်။ ဂျပန်ကားတွေအသားထား ဖို့ဒ်တို့၊ BMW တို့ကအစ အဟောင်းဆုံးကနေ နောက်ဆုံးပေါ်မော်ဒယ်အထိ ရှိတယ်။ အဲဒီအထဲမှာ အနာဂါရိက ဓမ္မပါလ စီးခဲ့တဲ့ကားတောင် ရှိတယ် (ဆရာတော်က ဓာတ်မီးနဲ့ ထိုးပြနေတဲ့ ကားအနက်ပါ)။

ဆရာတော်က ကားဟောင်းတွေစုစောင်းတာ ဝါသနာပါတယ်လို့ လို့ တွေးခဲ့ မိသမျှ ကျောင်းရောက်မှ မှားမှန်းသိရပါတယ်။ ကားရယ်မဟုတ်ပါဘူး။ သူ့ကျောင်းမှာ ပြတိုက်အရှုံးပေးရမယ့် ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ စစ်ပွဲဆိုင်ရာ ရှေးဟောင်းပစ္စည်းအစုံရှိပါတယ်။
သိရသလောက်ကတော့ အဲဒီဆရာတော် ပိုင်ဆိုင်မှု ဘယ်လောက်ရှိသလဲ ဆိုတာ ဘယ်သူမမသိဘူးတဲ့။
နောက်ဆုံးပုံကတော့ ဆရာတော်နဲ့ သူ့ အချစ်တော် မကြာခင်ကသေသွား တဲ့ ရာဇ ဆိုတဲ့ဆင်ကြီးပါ။






You can...


You can lead a horse to a river, but you can't make it drink.
(Saying)

You can lead a man to Congress, but you can't make him think.
(Milton Berle)

ဖေ့စ်ဘုတ်နဲ့ နွားနို့အကြောင်း


အမေရိကမှာ ဖေ့စ်ဘုတ်သုံးတဲ့ လူကြီးတွေ အရေအတွက်တိုးလာပေမဲ့ လူ ငယ်တွေကတော့ ၂၀၁၃ မှာ လျော့သွားတယ်လို့ သိရပါတယ်။ အကြောင်း ကတော့ (လူကြီးများအတွက်) သူတို့ သား၊ သမီးတွေ၊ မြေးတွေ ဘာတွေ လုပ်နေကြသလဲဆိုတာ ခြေရာခံကြည့်ချင်ရင် ရနိုင်လို့ပါတဲ့။ ဒါကို သိသွားတဲ့ လူငယ်တွေကျပြန်တော့ မိဘ၊ အဖိုး၊ အဘွားတွေက သူတို့အကြောင်း အ ကုန် သိနေနိုင်တော့ လွတ်လပ်ခွင့် ဘယ်ရှိတော့မလဲဆိုပြီး မသုံးကြတာလို့ ဆိုပါတယ်။
ဒါက အမေရိကမှာပါ။ အာရှမှာတော့ ဖေ့စ်ဘုတ်က ပန်းပန်ဆဲပါ။

အိန္ဒိယက အမျိုးသမီးတစ်ယောက်ဟာ ကလေးနှစ်ယောက်ကို နို့တိုက် ဖို့ နွားမကြီးတစ်ကောင် မွေးထားခဲ့တယ်။ တစ်ညမှာတော့ အဲဒီနွားမကြီးကို ကျားတစ်ကောင်က ဝင်ဆွဲတယ်။ ခါတိုင်းဆိုရင်တော့ ရွာသားတွေက တုတ် ဆွဲ၊ ဓားဆွဲနဲ့ ကျားကြီးကို ဝိုင်းသမကြမှာပေါ့။ အခုတော့ ဖေ့စ်ဘုတ်နဲ့ စမတ် ဖုန်းတွေလက်ချက်ကြောင့် တုတ်ဆွဲ၊ ဓားဆွဲရမယ့်အစား စမတ်ဖုန်းပဲဆွဲပြီး ဓာတ်ပုံရိုက်၊ သူ့ထက်ငါ အရင်ဦးအောင် ဖေ့စ်ဘုတ်ပေါ်တင်ဖို့ပဲ လုပ်နေ ကြတော့ (လိုက်ခ် ရဖို့က အရေးကြီးတယ် မဟုတ်လား) ကျားကြီးက လွတ် သွားပြီး နွားမကြီးကတော့ သေသွားရှာရော။ ဖေ့စ်ဘုတ်မပေါ်ခင်ကဆိုရင် ကျားသေပြီး နွားချမ်းသာမယ့် အနေအထားပေါ့။
ဖေ့စ်ဘုတ်က အားလုံးပြောင်းလဲပေးလိုက်တယ်။ ဒါတင်မကဘူး။ ဖေ့စ်ဘုတ် ကနေ အဲဒီ လိုက်ဗ်ရှိုး ယူကျုကနေတင်ပြီး အလှူခံလိုက်တော့ နွားမ တစ်ေ ကာင်ဖိုး ချက်ချင်းပြည့်သွားရောတဲ့။

ဒါနဲ့ စကားမစပ်။ ဒါကတော့ မဆီမဆိုင် အိန္ဒိယနဲ့ နွားနို့ ဇာတ်လမ်းပါ။
အိန္ဒိယမှာ ဓနသဟာယ အားကစားပွဲတော်ကျင်းပတော့ အားကစား သမားတွေက အားကစားကျေးရွာထဲ နွားမတွေကိုဆွဲလာကြတယ် တဲ့။
"နွားမတွေက ဘာကိစ္စပါလာရတာလဲ" အရာရှိကမေးတော့
"အားကစားပွဲတော်အတွင်း နွားနို့သောက်ရဦးမယ်၊ နွားနို့က နွားမဆီမှာရှိနေတယ်"
"မရဘူး၊ နွားမတွေကို အပြင်မှာပဲ ထားခဲ့ရမယ်၊ နွားနို့သောက်ချင်ရင် ဗူးနဲ့အသင့်ထည့်ထားတာပဲ သောက်ရမယ်" လို့ အရာရှိက အမိန့်ထုတ်လို့ အားလုံး ဒုက္ခရောက်ကြရတယ်။

ခေတ်သစ်နွားကျောင်းသား ?


ကလေးဘဝက လူကြီးတွေပြောပြောနေတာကြားခဲ့ရဖူးတယ်။ နွားကျောင်း သားဆိုတာ ဘုရားပွဲနေ့တောင် နားရက်မရှိသူ တဲ့။ ဘာနေ့ပဲဖြစ်ဖြစ် နွားတွေ ကို အငတ်ထားလို့မရတော့ နွားကြောင်းထွက်နေရတာပဲ။

ဒီနေ့ ခေတ်ကတစ်ပတ်လည်လာတယ်။ မီလျံနာ ပရီမီးယားလဂ် ဘောလုံး သမားတွေ တစ်ကမ္ဘာလုံးနားနေတဲ့ နှစ်ဆန်းတစ်ရက်နေ့တောင် အနား မရ ကြဘူး။
သူတို့ရဲ့ မော်ဒယ်ရည်းစားတွေနဲ့ သူတို့မောင်းနေတဲ့ ပြိုင်ကားတွေတော့ ပြော စရာရှိမှာပေါ့လေ။
ဒါပေမဲ့ နွားကျောင်းသားမှာ ကွမ်းတောင်ကိုင်ရည်းစားလေးရှိပြီး နွားပြာ ကြီးကျောပေါ်မှာစီး ပုလွေသံနဲ့ တေးကြူခွင့်ရမယ်ဆိုရင် ခံစားမှုဝါဒအရ ထူးခြားမှု မရှိနိုင်ဘူး။
အထူးသဖြင့် အံဆွဲထဲက ငွေ စိတ်မချရသလို ဘဏ်ထဲကငွေလည်း (အကြီးမတို့လို)အခိုးခံရနိုင်တဲ့ ခေတ်ကြီးမှာလေ။

ဒါနဲ့ စကားမစပ် ဆွမ်ဆီး ၁၊ မန်စီးတီး ၁။ ပထမပိုင်းပြီးပြီ။
၁၅ မိနစ်အတွင်း ဆွမ်ဆီး လုံးဝမရှုံးနိုင်တော့ဘူး။

တနင်္ဂနွေ ဓမ္မကျောင်း


တနင်္ဂနွေ ဓမ္မကျောင်းက ကျောင်းသားလေးတွေရဲ့ လက်ရာနဲ့ ပြက္ခဒိန်ပါ။
လမ်းကြုံရင် ယူလို့ရတယ်။
ကတညုတ ကတဝေဒီကို ဦးစားပေးထားတော့ သူတို့ဆွဲတဲ့ပုံ၊ ပြောတဲ့  စကားတွေကလည်း ကျေးဇူးတရားနဲ့ ဆက်စပ်နေပါတယ်။
ကြားဖူးတဲ့စကားကတော့.....
သူများဆီက ပိုက်ဆံချေးပြီး တစ်ခါတောင်းရုံနဲ့ ပြန်ပေးလိုက်မိရင် ဟိုလူ က ကျေးဇူးတင်ရမှန်းမသိတော့ဘူး တဲ့။