တရုတ် ဝူကန်ရွာ အရေးအခင်းနဲ့ မြန်မာ့လယ်ယာမြေ ဆုံးရှုံးမှု

၂၀၁၁ ခု စက်တင်ဘာလက Guangdong ပြည်နယ်ရှိ ဝူကန်ရွာ( Wukan) မှာ တောင်သူလယ်သမားတွေရဲ့ လယ်ယ်မြေ ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး ဆန္ဒပြ မှုတွေဖြစ်ခဲ့တယ်။ ကန်ထရိုက်သမားတွေက အစိုးရ အရာရှိတွေနဲ့ပေါင်းပြီး လယ်ယ်မြေ တွေကိုသိမ်းယူမှုပါပဲ။ မြန်မာပြည်ရဲ့ လတ်တလော အနေ အ ထားတွေနဲ့ ဆင်ဆင်တူပါတယ်။ ဒီက ရလာတဲ့ အကျိုး အမြတ်တွေ ကျေ တာ့ တောင်သူလယ်သမားတွေအတွက် ခံစားခွင့် လုံးဝမရှိဘဲ ကန်ထရိုက် သမားတွေနဲ့ အစိုးရ အရာရှိတွေဆီသာ အကျိုးအမြတ်တွေအားလုံးရောက် သွားတယ်။
ဒါကို မကျေမနပ်ဖြစ်ရာကတဆင့် ဆန္ဒပြမှုတွေဖြစ်လာခဲ့တယ်။
အစပိုင်း မှာတော့ ရွာသားအနည်းအကျဉ်းလောက်ပါပဲ။ ဒီ ဆန္ဒပြမှုကို အ ကြမ်းဖက် နှိမ်နှင်းရာမှာ ရွာသားအချို့ အဖမ်းခံရပြီးရွာသားတစ်ယောက် သေ ဆုံးခဲ့တယ်။ ရွာသားတစ်ယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး ဆန္ဒပြမှု အရှိန် အ ဟုန် အားကောင်းလာပြီး ဒီဇင်ဘာလမှာ ရွာသား နှစ်သောင်းလောက်
အထိ ဖြစ်လာခဲ့တယ်။ ရိုးရိုးဆန္ဒပြရုံတင်မကတော့ဘဲ သူတို့မှာရှိတဲ့ လက် နက်တွေကို ဆောင်ယူလာကြတဲ့ အထိပါပဲ။



ဒီမှာ တရုတ်ကွန်မြူနစ် အစိုးရရဲ့ ကိုင်တွယ်ပုံက စိတ်ဝင်စားစရာပါ။ Guangdong ပြည်နယ်ရဲ့ လက်ထောက် ပြည်နယ်မှုးကိုယ်တိုင် ရွာအထိ ဆင်းပြီး ဖြေရှင်းပေးတယ်။ လယ်သမားတွေ ဆုံးရှုံးတဲ့ မြေတချို့ ပြန်ပေး တယ်၊ ဆန္ဒပြမှုမှာ အဖမ်းခံထားရသူတွေကို လွှတ်ပေးတယ်။ ပြီးတော့ အဲ့ဒီရွာအတွက် ရွေးကောက်ပွဲ ကျင်းပပေးတယ်။ ရွေးကောက်ပွဲမှာ ဆန္ဒပြမှုရဲ့ လူထုခေါင်းဆောင်က မဲ အပြတ်နဲ့ နိုင်သွားတယ်။ ဒီတော့ လက်ထောက် ပြည်နယ်မှုးက သူ့ကို ရွာသူကြီး ခန့်ထားပေးခဲ့တယ်။

ဒါက ကွန်မြူနစ်လို့ အမည်ခံထားတဲ့ တရုတ်အစိုးရရဲ့ ဖြေရှင်းပုံပါ။
*********************************************


ကျနော်တို့နိုင်ငံက တောင်သူလယ်သမားတွေရဲ့ လယ်ယ်မြေ ဆုံးရှုံးမှု နဲ့ နောက်ဆက်တွဲပြဿနာတွေကိုတော့ အွန်လိုင်းပေါ်မှာ လူတိုင်းက ကျနော့်ထက် ပိုသိနိုင်လို့ (ကိုယ်တိုင်လည်း ကျကျနန မသိလို့) မရေးတော့ ပါဘူး။
ကျနော် မျှဝေချင်တာက လီကွမ်းယု ကောက်ချက်ချသလို "တရုတ်အစိုးရက ကွန်မြူနစ် ပုလင်းအခွံထဲထည့်ထားပေမဲ့ "ဝိုင်" က ကွန်မြူနစ် မစစ်တော့ ဘူး" ဆိုတာပါပဲ။

သူ့ ဝိုင် ကွန်မြူနစ် စစ်၊ မစစ် က ကိုယ်နဲ့မဆိုင်လှပေမဲ့ လူလည်ကြီးများ၊ အ ကျင့်ပျက် အရာရှိကြီးများနဲ့ လယ်ယာမြေ ဆုံးရှုံးရတဲ့ တောင်သူ လယ်သ မားတွေရဲ့ အဖြစ်ဆိုးက နိုင်ငံအဝှမ်းလိုက် ကြုံတွေ့နေကြရတယ်။

အင်္ဂလိပ်ခေတ်က ဖောင်စီးရင်း ရေငတ် စကားပုံ တွင်ကျယ်ခဲ့တယ်။ ကုန်းမြေအချမ်းသာဆုံး ရှေ့တောင်အာရှနိုင်ငံက တောင်သူတွေ မြေမရှိတော့ဘူး၊ လူလတ်တန်းစား ပညာတတ်တွေ နေစရာ မြေပိုင် မဝယ်နိုင်တော့ဘူး။
မြန်မာ (ဒီမိုကရေစီ) အစိုးရနဲ့ တရုတ် (ကွန်မြူနစ်) အစိုးရ ပြည်သူ့အပေါ် သဘောထား ဘယ်သူသာမလဲ။

Ref: One Man's View of The World. LKY.

28/08/2013

တဖြည်းဖြည်းနဲ့တော့ အာဖဂန်နဲ့ တူလာပြီ။


ဒါ(တက်တူး)က တားမရဘူး၊ တစ်ဦးချင်းကိစ္စ၊ မိတ်ကပ်အထူအပါး၊ နှုတ်ခမ်းနီ အထူအပါး၊ ဘောင်းဘီအတိုအရှည်ကိစ္စမျိုးပဲ။ ဘာသာရေး၊ ယဉ်ကျေးမှု၊ အလုပ် အကိုင်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက သူတို့ပိုင်နက်ထဲမှာ တားမြစ်နိုင်ပါ တယ်။ လမ်းပေါ်လျှောက်သွားနေတဲ့ လူငယ်ကို တားမြစ်လို့မရသလို အစိုးရ လုပ်ရမယ့်ကိစ္စလည်း မဟုတ်ပါဘူး။ ဟိုတစ်နေ့ကပဲ ဘီးလ်ဂိတ်ပုံ ခြေသလုံးမှာ ထိုးထားတဲ့ကောင်လေး တစ်ယောက်တွေ့ရတယ်။ ဒါမျိုးကို သူ့မိဘတွေကလည်း သဘောမတူနိုင်ပါဘူး။ ဘာတတ်နိုင်မှာလဲ။ (လီကွမ်းယုလေသံနဲ့ ငါက ကုမ္ပဏီ ပိုင်ရှင်ဆိုရင်တော့ သူတို့ကို မခန့်ဘူး ပေါ့။ ဒါပဲရမှာပေါ့) အောက်က စာက တို လွန်းသွားလို့ပါ။
ဟိုဟာတားချင်၊ ဒီဟာတားချင်နဲ့ မွတ်စလင်အစွန်းရောက်နဲ့ သိပ်မကွာတော့ဘူး လို့ ပြောချင်တာ။
(12/22/2014 at 5:58 pm)

ဒါ အနောက်ယဉ်ကျေးမှုမဟုတ်ပါဘူး၊ လူငယ်ယဉ်ကျေးမှု (သို့) တစ်ခေတ်ပြန်ဆန်းယဉ်ကျေးမှုပါ။
အစွန်းရောက်အုပ်စုသိရင် လက်ဖြတ်ခံရမှာသိလျက်နဲ့ တက်တူးထိုးနေကြတာ တဲ့။
(12/22/2014 at 5:01 pm)



၇ နှစ်သား အကိုတစ်ယောက်ရဲ့ ဆုံးမစကား

ညီလေး
ဖေဖေနဲ့ ရန်ဖြစ်ပြီးစ မေမေက ခေါင်းဖီးပေးမယ်ဆိုရင် အဖီးမခံနဲ့။ ထွက်ပြေးပါ။ ဘာဖြစ်မယ်ဆိုတာ ကိုကို သိတယ်။

ညီလေး
ဆံပင်ညှပ်ခံနေရင်း နှာမချေမိပါစေနဲ့။ ကိုရင်မဝတ်ခင် ဆံချတာမျိုးဆို ပို ဂရုစိုက်ပါ။ ဘာဖြစ်မယ်ဆိုတာ ကိုကို သိတယ်။

ညီလေး
ပီကေကို ဆက်မဝါးချင်တော့ဘူးဆိုရင် သူများရှေ့က စာသင်ခုံအောက်မှာ ကပ်ထားရတယ်။



ညီလေး
"ဝိုင်နှစ်ခွက်လောက် သောက်ပြီးမှ ဖေဖေ့ဆီက မုန့်ဖိုးတောင်းပါ" ဆိုတဲ့စကားက မမှန်ဘူး။
မူးနေရင် တောင်းစရာတောင်မလိုတော့ဘူး။ ကြိုက်သလောက် နှိုက်ယူထား လို့ရတယ်။
မနက်ရောက်ရင် ဖေဖေနဲ့ မေမေ ရန်ဖြစ်တာကိုပါ ချောင်းကြည့်လို့ ရသေး တယ်။

ညီလေး
ခဲဖျက်မပါတဲ့ ခဲတန်ဟာ ဘောလ်ပင်နဲ့ အတူတူပဲဆိုတာ မှတ်ထားပါ။ စာမေးပွဲ မဖြေနိုင်ရင် ခဲတန်ကို ကိုက်နေတတ်တယ်။ ခဲဖျက်ပေါ်က သံ ပတ်လေးပေါ်မှာပဲ ကိုက်ပါ။

ညီလေး
ရန်မဖြစ်နဲ့၊ လူလည်ကျလွန်းလို့ မကျေနပ်တဲ့ကောင်ရှိရင် မှတ်ထား၊
နိုင်ငံတော်အလံကို အလေး ပြုရင်း မသိသလိုလိုနဲ့ သူ့ခြေသန်းလေးပေါ် တက်နင်းပါ။ ခြေမပေါ်ထက် ခြေသန်းလေးပေါ်တက်နင်းတာက ပို ထိရောက်တယ်။

ညီလေး
အပေါက်ဆိုးဆိုး ဆရာမက ပြုံးပြီးခေါ်ရင် မသွားနဲ့။ လူမမြင်ရင် ခေါင်းခေါက်မလို့။ အရမ်းနာတယ်။

ညီလေး
အရေးအကြီးဆုံးကတော့ အတန်းထဲမှာ တော့ပ် သရီး မရစေနဲ့။
မင်း ကျောင်းပျက်ရင် လူတိုင်းသိတယ်။

ချစ်တဲ့
ကိုကို

22/05/2013  

နယူးယောက် မာရသွန်ပွဲ


နယူးယောက် မာရသွန်ပွဲပြိုင်အတွက် အချိန်ကုန်ခံပြီး ဘာကြောင့် ဒီလောက်ပြင် ဆင်နေကြတယ်ဆိုတာကို ကျနော်တော့ နားမလည်နိုင်တော့ဘူး။
ကင်ညာနိုင်ငံက လူတစ်ယောက်ကိုခေါ်ပြီး လည်ပင်းမှာ ဆုတံဆိပ်ဆွဲပေး လိုက်ရင် ပြီးနေပြီ။ ဒါဆို ဘယ်သူမှ အလုပ်မရှုပ်တော့ဘူး။
(နယူးယောက် ပရိသတ်တစ်ဦး)

လူဝင်စား


စစ်တပ်အကြီးအကဲတွေက သမိုင်းထဲက ဘုရင်တွေကို လူဝင်စားလုပ်နေကြချိန်မှာ
ဘုန်းကြီးလူဝင်စားသံကိုတော့ မကြားရသေးဘူး(ကိုယ်မသိတာလည်းဖြစ်မယ်)၊
ဥပမာ ရှင်အရဟံတို့၊ ဆရာတော်ဗုဒ်တို့ကို ဝင်စားတယ်ဆိုတာမျိုးပေါ့။
လက်ရှိအနေအထားကိုကြည့်ရတာကတော့ ဒါလည်း ပေါ်လာနိုင်မယ့်သဘောပဲ။

စစ်တပ်ထဲရော ခရိုနီထဲမှာပါ နတ်သျှင်နောင်ဝင်စားတယ်ဆိုတာတော့ မကြားသေးဘူး။ ကလောင်ထက်လို့ မဝင်စားရဲတာလား၊ ပိုက်ဆံ ကုန်တင်ကားနဲ့ သယ်ရလောက်အောင် ချမ်းသာတဲ့ဘဝမဟုတ်လို့ စိတ်မဝင်စားတာလားတော့ မသိဘူးပေါ့။
ဝန်မခံပေမဲ့ ရှင်အဇ္ဇဂေါဏကိုဝင်စားသလိုလို ဘုန်းကြီးတွေတော့ ရှိတယ်။

အမေရိကန်တွေရဲ့ အားသာချက်


အမေရိကန်တွေရဲ့ အားသာချက်က ဉာဏ်ကောင်းတာမဟုတ်ဘူး၊ မှားမှန်းသိ ရင် တောင်းပန်ရဲတာ၊ ပြင်ရဲတာ(အူတူတူ ခေါင်းမာတာမျိုးမဟုတ်)တဲ့။ (တမြန်နေ့ကဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရ)
ပင်လယ်ကွေ့စစ်ပွဲပြီးတော့ စစ်ပွဲတွင်းမှာ အမှားတွေဘယ်လောက်များခဲ့သလဲ ဆိုတာ စာရင်းလုပ်ဖို့ ဘုရှ်နဲ့တိုနီဘလဲယားတို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး အမှား ရှာခဲ့ကြတယ်။
တို့ဆီက အဘတွေပဲနားအေးတယ်။ အမွဲဆုံးနိုင်ငံဖြစ်နေတာကို အမှားလည်း မရှာ၊ မှားမှန်းလည်း မသိ၊ သိလည်း မတောင်းပန်။

ဖေ့စ်ဘုတ်သာ ဆိုင်လေးတစ်ဆိုင်ဆိုရင်


ဖေ့စ်ဘုတ်သာ ဆိုင်လေးတစ်ဆိုင်ဆိုရင် လူအလာနည်းရင်နည်း၊ ပတ်ဝန်းကျင် သန့်ပြီး လူကြီးလူကောင်းတွေပဲလာတတ်တဲ့ ဆိုင်လေးမျိုးဖြစ်နေစေချင်တယ်။ မနက်ပိုင်း အောင်ခြင်းရှစ်ပါး၊ နေ့၊ ညပိုင်းတွေမှာ ဆင်ဖိုနီတေးသွားလေးတွေနဲ့ လွင်နေတာမျိုးပေါ့။
အမူး၊ အရမ်း၊ မိမဆုံးမ ဖမဆုံးမတွေ မလာစေချင်ဘူး။ ဖေ့စ်ဘုတ်က အမြဲ လှဲကျင်းနေတော့ လူရမ်းကားမလာဘူး။
သူတို့က ဂူဂဲလ်ပလပ်သွားပြီး တောင်ရေးမြောက်ရေး၊ အုပ်စုလိုက်ဖြစ်မယ်။ တတ်နိုင်သရွေ့တော့ လှဲကျင်းရမှာပဲ။ ဒါမျိုးတော့ အားမပေးချင်ဘူး။

သူများနိုင်ငံတွေရဲ့ အားနည်းချက်ကိုထောက်ပြတိုင်း အဘတို့အုပ်စုကို ရွဲ့ပြောနေသလိုပါပဲ။


ဖတ်ကြည့်ကြပါအုံး။

နောက်ဆုံးအနေနဲ့ သူတို့ရင်ဆိုင်ဖြေရှင်းရမှာက လာဘ်ပေးလာဘ်ယူမှု ပါပဲ။ ပြည်နယ်အရာရှိတွေကလည်း သူတို့ဝေစုကို ရဖို့ကြိုးစားနေကြတာဆိုတော့ ခရိုင်အုပ်ချုပ်ရေးစနစ်ကလည်း လာဘ်ပေးလာဘ်ယူမှုကင်းပျောက်အောင် လုပ် မပေးနိုင်ပါဘူး။ ကိုယ်ကျင့်တရားပျက်မှုက အဆင့်ဆင့်မှာကို အမြစ်တွယ်နေတာ ပါ။ ပရောဂျက်တစ်ခုအတွက် တစ်ဒေါ်လာသုံးမယ်ဆိုရင် ဆယ်ဆင့်က ဟိုနေရာရောက်သွား၊ ဆင့်နှစ်ဆယ်က ဒီနေရာရောက်သွား စတာတွေနဲ့ပဲ အမှန် တကယ်ရောက်ရမယ့် နေရာရောက်တော့ သိပ်မကျန်တော့ပါဘူး။ အကျင့်ပျက်မှု သန္ဓေတည်သွားပြီဆိုရင် ဒါကိုတော်လှန်ဖို့ တော်တော်ခက်တယ်ဆိုတာ သမ္မတ ယူဒိုယူနိုက သဘောပေါက်တယ်။ ဒါကို တွန်းလှန်ဖို့ ခိုင်ခိုင်မာမာနဲ့ ပြတ်ပြတ် သားသား ကိုင်တွယ်မှရမယ်။ ဒါကလည်း ဗဟိုကနေ စမှရမယ်။ တကယ်လို့ လာဘ်ပေးလာဘ်ယူပြဿနာကို ကျော်လွှားနိုင်တယ်ဆိုရင်တော့ သူတို့အနာဂတ်တောက်ပပြီး အင်ဒိုနီးရှားအသစ် ဖြစ်လာနိုင်ပါတယ်။
(လီကွမ်းယု၊ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်)

အင်ဒိုနီးရှား အရာရှိကြီးတွေ


လက်ရှိအစိုးရဟာ လမ်းပန်းဆက် သွယ်ရေးနဲ့ပတ်သက်တဲ့ အစည်းအဝေး ကြီးတွေ ခေါ်နေတာကြာပါပြီ။ ဘာမှတော့ဖြစ် မလာသေးပါဘူး။ ဒါတွေ အကောင်အထည်မပေါ်ရတဲ့အထဲ အင်ဒိုနီးရှား အရာရှိကြီးတွေက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ စင်ကာပူကိုလာပြီး ဇိမ်ခံနေကြတာဟာ ပြည်သူတွေ အတွက် စိတ်ပျက်စရာဖြစ်နေခဲ့ပြန်ပါတယ်။ ဒီကိုလာပြီး ပြန်ပြန်သွားကြတိုင်းလည်း သူတို့ကားလမ်းတွေ၊ လေယာဉ်ကွင်းတွေ ကို ပိုကောင်းအောင်လုပ်ရမယ်ဆိုတဲ့ စိတ်ကူးပါသွားကြတာချည်းပါပဲ။

ဆူဟာတို


ဆူဟာတို အနေနဲ့ သူ့နိုင်ငံအပေါ် ဘယ်လောက်အကျိုးပြုခဲ့သလဲဆိုတာ တိတိ ကျကျသိရဖို့ မြန်မာပြည်နဲ့ နှိုင်းယှဉ်ကြည့်ရမှာဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံလုံးဟာ တိုးတက်မှုအတူတူလောက်နဲ့ တာထွက်ခဲ့ကြတာပါ။ နှစ်နိုင်ငံလုံးမှာ သဘာဝ အရင်းအမြစ်တွေရှိတယ်။ စစ်တပ်အကြီးအကဲက ခေါင်းဆောင်နေရာမှာ ရှိခဲ့ တယ်။ ဒါပေမယ့် မြန်မာ့ခေါင်းဆောင် နေဝင်းဟာ (အဲဒီအချိန်တုန်းက ဘားမား) ဆိုရှယ်လစ်လမ်းစဉ်ကို လိုက်သွားခဲ့ပါတယ်။ တကယ်လို့ ဆူဟာတိုသာ ခေါင်း မာမာနဲ့ ဖွံ့ဖြိုးရေးကို မလုပ်နိုင်ခဲ့ဖူးဆိုရင် အင်ဒိုနီးရှားလည်းပဲ မြန်မာလိုဖြစ်နေ မှာပါ။ ဆူဟာတိုဟာ လာဘ်စားမှု၊ သူ့မိသားစုအသိုင်းအဝိုင်းကို ဦးစားပေး မှုကြောင့် နာမည်ဆိုး ထွက်ကောင်း ထွက်ပါလိမ့်မယ်။ ဒါပေမယ့် သမိုင်းဟာ သူ့လုပ်ရပ်တွေနဲ့ အောင်မြင်မှုတွေကိုပါကြည့်ပြီး တိုင်းထွာဆုံးဖြတ်တာဖြစ်ပါ တယ်။ သူ့လူထုကို သူပညာသင်ပေးခဲ့တယ်။ စီးပွါးရေး တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ လမ်းတွေ၊ အဆောက်အဦးတွေ ဆောက်ပေးခဲ့တယ်။