သိက္ခာရှိရှိ


သိက္ခာရှိတဲ့ ခေါင်းတွေက
သိက္ခာရှိရှိ နေတယ်
သိက္ခာရှိရှိ နာတယ်
သိက္ခာရှိရှိ ဆေးရုံတက်တယ်
သိက္ခာရှိရှိ သေတယ်
သိက္ခာရှိရှိ သတင်းထုတ်ပြန်တယ်။


  Image Source: The Straits Time

မစ္စတာလီရဲ့နေဝင်ချိန်မှာတမ်း


ကမ်းလက် shared Ashin Kavissara's photo.
 
 
မစ္စတာလီရဲ့နေဝင်ချိန်မှာတမ်း
(ဇင်ဝေသော် ဘာသာပြန်)
ကျနော့်ဘဝရဲ့ အမှတ်ရစရာအကောင်းဆုံးတွေက စင်္ကာပူကို ကိုယ်ကျင့်တရား မပျက်တဲ့နိုင်ငံ၊ အရည်အချင်းကို ရှေ့တန်းတင်တဲ့နိုင်ငံ၊ နိုင်ငံသားတိုင်း သာတူညီမျှ ရှိတဲ့နိုင်ငံဖြစ်လာဖို့ လူထုကို စည်းရုံးခဲ့ရတာတွေပါ။ ဒါတွေက ကျနော်သေတဲ့နောက်အထိ ကျန်နေရစ်မယ့် အကျိုးတရားတွေဖြစ်ပါတယ်။ ဒီဥပဒေတွေရှိနေရင် စင်္ကာပူလည်း ပန်းပန်နေနိုင်မှာပါ။ ဒါဟာ ကျနော့်ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်ပါတယ်။
လုပ်စရာရှိတာတွေကို အကောင်းဆုံးလုပ်ခဲ့ပြီးတဲ့နောက် ဒီဘဝနဲ့ပတ်သက်လို့ ဘာမှ အလွမ်းသယ်နေစရာလည်း မလိုတော့ပါဘူး။
သူများတွေယုံကြည်သလို ကောင်းကင်ဘုံမှာ ကျနော်နဲ့ကျနော့်ဇနီး ပြန်တွေ့ရမယ် လို့လည်း မယုံကြည်ပါဘူး။
သူလည်း ပြာအိုးပဲကျန်တယ်၊ ကျနော်လည်း ပြာအိုးပဲ ကျန်ရစ်မှာပါ။
(From One Man's View of the World)

လီကွမ်းယုက ဘာမှ ပြန်ပြောလို့မရအောင် ခေါင်းမာတဲ့လူမျိုး မဟုတ်ပါဘူး


SINGAPORE: Mr Lee Kuan Yew, who was Singapore’s first Prime Minister when the country gained Independence in 1965, has died on Monday (Mar 23) at the age of 91.
(CNA)

Hard Truths ကို နားဝင်မချိုတဲ့အမှန်တရားများ (May not be music to your ears) လို့ ဘာသာပြန်ထားကြောင်းပြောတော့ မစ္စတာလီရဲ့ စကားတွေကို တိုက်ရိုက်ပဲ ဘာသာပြန်စေချင်ကြောင်း၊ အနုအရွတွေနဲ့မဖွဲ့နွဲ့စေလိုကြောင်း လီကွမ်းယုရုံးက အကြောင်းပြန်ခဲ့ပါတယ်။ ဒါ့ကြောင့် Hard Truths နဲ့ Tough Love စကားလုံးနှစ်လုံးကို တိုက်ရိုက် မြန်မာပြန်ဆိုလို့ လုံးဝ မရနိုင်ကြောင်း သူတို့ကို ပြန်ရှင်းပြခဲ့ရဖူးပါတယ်။ ဒီတော့လည်း We understand ဆိုပြီး လီကွမ်ယုရုံးက လက်ခံသွားပါတယ်။
လီကွမ်းယုက ဘာမှ ပြန်ပြောလို့မရအောင် ခေါင်းမာတဲ့လူမျိုး မဟုတ်ပါဘူး။




လီဗာပူလ် ၀၊ မန်ယူ ၂


ဒုတိယပိုင်း ၄၅ စက္ကန့်နဲ့ စတိဗ် ဂျီ အနီကတ်ထိ။ မတန်ဘူး။
လီဗာပူးအတွက် မန်ယူက စပိန်သား မက်တာက ရီယယ်လီ မက်တာ ဖြစ်နေတယ်။
မရလောက်တော့ဘူး။ ၁၂ ယော်ချင်းကတည်းက ကွင်းလယ်မှာ မန်ယူက ချုပ်ထားတာ။
အိမ်ကွင်းမှာ လီဗာပူးလ် ဒုတိယမ္ပိ ရှုံးတော့မယ်။

နိုး မိုး(ရ်) ဗိုင်အိုလင့်စ် ပလိစ်


လေဒီးစ် အင်ဒ် ဂျင်တဲလ်မဲန်း
အကြမ်းဖက်ခြင်း မိုခါးက
ကမ္ဘာ့ ဘယ်နေရာမှာပဲ ရွာရွာ
တစ်ကမ္ဘာလုံးရှိ စာနာတဲ့ နှလုံးသားတိုင်းကို
အကြီးအကျယ် စွတ်စို ထိခိုက်စေတယ်။

ဒီလိုပါပဲဗျာ
သူတို့ရဲ့ မခြောက်သေးတဲ့ မျက်ရည်နဲ့
No violence စာတန်းကို
ဆီမီးလေးတွေနဲ့ရေးဆွဲပြီး
ဘုရားရှေ့မှာ
No more please လို့ ဆုတောင်းကြတယ်။

ဟင့်အင်း
မကြီးကျယ်ပါဘူး
မခန်းနားပါဘူး
အရိုးသားဆုံး ပြပွဲလေးတစ်ခုမျှသာပါ။






"ဘုန်းဘုန်းလည်း လာလေ" တဲ့
အဟိံသတရားက တို့ဘုရား လက်ကိုင်ပေါ်လစီလေ
ရဟန်းနဲ့ အကြမ်းဖက်မှု
ဘယ်လိုသမုဒယနဲ့မှ ဆွေမျိုးစပ်လို့ မရဘူး။

ဒါနဲ့
သူတို့ဘေးမှာ
ကိုယ်လည်း ဝင်ရပ်လိုက်တယ်။
နိုး မိုးရ် ဗိုင်အိုလင့်စ် ပလိစ်
ဂျင်နရေးရှင်းအဆက်ဆက်က
ငြိမ်းချမ်းရေးတွေ ငတ်မွတ်လို့။ ။

ဇင်ဝေသော်