ကိုယ့် ငါးချဉ်နဲ့ ကိုယ်


ဒီလမှာ ရီဒါး ဒိုင်ဂျက်က နှစ် ၉၀ ပြည့်ပြီလို့ ဆိုပါတယ်။ နှစ် ၉၀ အတွင်း သူတို့ အကြိုက်ဆုံးစာလေးတွေကို ပြန်ဖော်ပြထားပါတယ်။ ဒီနေ့ အလုပ် နည်းနည်း ရှုပ်နေလို့ သူတို့လည်းကြိုက်၊ ကိုယ်လည်းကြိုက်၊ ပြုံးစရာ လည်းကောင်းတဲ့ စကားလေးနှစ်ခွန်းကိုပဲ ဘာသာပြန်ပေးလိုက်ပါတယ်။

ပြုံးစရာကောင်း သလို ကြည်နူးစရာလည်း ကောင်းပါတယ်။ ဇနီးကို ဘယ်လောက်ချစ်ကြောင်း ညွှန်းဆိုကြသမျှတွေထဲမှာ အလှဆုံး စကားလို့တောင် ရီဒါး ဒိုင်ဂျက်ကတော့ ဆိုချင်ပါတယ်။
မစ္စတာ Joseph H. Choate ကို လူတစ်ယောက်က မေးတယ်
" ဒီဘဝမှာ Joseph H. Choate သာ ဖြစ်ခွင့် မရခဲ့ဘူးဆိုရင် မစ္စတာ Choate ဖြစ်ချင်တဲ့လူက ဘယ်လိုလူမျိုး ဖြစ်နိုင်ပါသလဲ "
သူက စဉ်းစားတောင် မနေဘဲ ချက်ချင်း
" မစ်စက်စ် Choate ရဲ့ ဒုတိယ ခင်ပွန်း ဖြစ်ချင်ပါတယ် " တဲ့။ သူ့ ဇနီး ဟတ်ထိနိုင်တာပေါ့။
By: Williom I Jones. RD Feb, 1930

Mrs Agatha Christine က စုံထောက် ဝတ္ထုတွေရေးတဲ့ စာရေးဆရာမပါ။ သူမ အမျိုးသားက ရှေးဟောင်း သုတေသနဆရာဖြစ် ပြီး အရေးကြီး ရှာဖွေ တူးဖော်စရာတွေရှိလို့ ဘဂ္ဂဒက် မှာ အနေများတာယ်၊ ဒီတော့ သူမဘဝက လည်း ဘဂ္ဂဒက်က ခွာမရ ဖြစ်နေခဲ့ရ တာပေါ့။ သူမ အမျိုးသားရဲ့ ဝါသနာနဲ့ သူ့ အလုပ်အပေါ်မှာ စိတ်မပျက်ဘူးလား မေးတော့ Mrs Agatha Christine က
" ရှေးဟောင်း သုတေသန ပညာရှင် ခင်ပွန်းဆိုတာ အမျိုးသမီးတစ်ယောက် ရနိုင်တဲ့ ခင်ပွန်းတွေထဲမှာ အကောင်း ဆုံးေ ယာက်ျားတွေပဲ၊ သူတို့က ရှေးကျလေလေ စိတ်ဝင်စားလေလေ၊ ကျမ အရွယ် ရလာလေလေ သူက စိတ်ဝင်စားလေလေပဲ " တဲ့။
RD, Mar, 1952.


ဇင်ဝေသော်

Post a Comment