နာမည်သတိ၊ ပြောသတိ


တောင် အာဖရိက အထက်တန်းကျောင်းရဲ့ နာမည်က " Thighs of a Virgin High School " တဲ့။ ဒါကို တရားဝင်နာမည်ပြောင်းဖို့ အာဏာ ပိုင်တွေက ပြင်ဆင်တော့ တချို့က သဘောမတူကြဘူး။
တောင် အာဖရိကမှာ ရယ်စရာ နာမည်နဲ့ ကျောင်း အမည်တွေ တော်တော် များတယ်။
Pickpocket Primary School ( ခါးပိုက်နှိုက် မူလတန်းကျောင်း ),
Drink Primary School ( ယမကာ မူလတန်းကျောင်း ) and
Prison Primary School. ( အကျဉ်းထောင် မူလတန်းကျောင်း) စတာတွေ တဲ့။

Thighs of a Virgin High School ကတော့ အလွန် "Thighs " လှတဲ့ အမျိုး သားတစ်ယောက်ကို ဂုဏ်ပြု မှည့်ခေါ်ထားတာဖြစ်လို့ တချို့ကသဘော မတူ ကြတာ လို့ဆိုပါတယ်။

ဒါနဲ့ ( "Thighs " ) နဲ့ ဆက်စပ်ပြီး အဖြူတွေနဲ့တွေ့၊ သူတို့ မသိဘူးဆို ပြီး မြန်မာစကား အရမ်းကာရော ပြောလိုက်မိလို့ ဒုက္ခရောက်ရပုံလေး ရှဲ ချင် လို့ပါ။
တက္ကသိုလ်ထဲ ရောက်လာတဲ့ အဖြူ ( ဂျာမန် ) အမျိုးသမီး တစ်ယောက် ကို နောက်ကနေကြည့်ပြီး ကျောင်းသားတစ်ယောက်က
" တိုးရစ်မကြီးက တောင့်တာ " လို့ အသံထွက် မှတ်ချက်ပြုတယ်။
အဲ့ဒီ တိုးရစ်မကြီးက နောက်လှည့်ပြီး

" ကျေးဇူးပါ၊ ဒါပေမဲ့ အဲသလိုပြောတာ သိပ်မကောင်းဘူးလေ၊ တိုးရစ်မကြီး က " ချော "  လိုက်တာလို့ ပြောရင် ပိုလို့ ပျော်စရာ ကောင်းတာပေါ့ " လို့ ပြန်ပြောတယ်။
သေလိုက်ပေါ့ ရွှေမြန်မာ ကျောင်းသား။ အဲ့ဒီ ဂျာမန် အမျိုးသမီးကြီး က မြူးနစ်တက္ကသိုလ်က မြန်မာစာ ပါမောက္ခကြီး။


 ဇင်ဝေသော်

Post a Comment