ယောက်ျားနဲ့ ဘစ်ဂါး အင်းမေ့ဂ်ျ


ယောက်ျားဆိုတာက မိန်းမ မွေးနေ့၊ မင်္ဂလာ နှစ်ပတ်လည်နေ့ စတာတွေကို သိပ် သတိရတတ်တာမျိုး မဟုတ်ဘူး။
သူတို့ကို ဂရုမစိုက်ရလား လို့ သွားမပြောနဲ့ ပိုပြီးအရေးကြီးတာတွေ အာရုံစိုက်နေရလို့ လို့ ပြောတတ်ကြတယ်။
အင်္ဂလိပ်လို နည်းနည်းပါးပါး တီးမိ ခေါက်မိ မြန်မာတွေဆိုရင် ဘစ်ဂါး အင်းမေ့ဂ်ျ ( Bigger image ) ကို ဖော့ကပ်စ် ( focus ) လုပ်နေရတာ ဘယ် သတိရနိုင်မလဲ လို့တောင်  ပြောဦးမယ်။
ယောက်ျားတစ်ယောက်က ဒီနှစ်တော့ ရန်လုပ်မခံရအောင် ဆိုပြီး ဘယ်လင်တိုင်း ဒေး ကို သတိရတာနဲ့ ချစ်သူများနေ့ ကတ် လှလှလေး တစ်ခု ဝယ်ပြီး သူ့မိန်းမကို လက်ဆောင်ပေးတယ်။
ပျော်သွားတဲ့ သူ့မိန်းမရဲ့ အပျော်က ခဏပဲ ခံ တယ်။ နောက်တောက်တောက် ကတ်ထဲမှာ ရေးထားတာက
" With Deepest Sympathy ” တဲ့။
ဒီတော့ မှ ကတ်ထဲမှာ ရေးထားတာကို မဖတ်ခဲ့မိကြောင်း သတိရတယ် တဲ့။
ယောက်ျားဆိုတာ ဘစ်ဂါး အင်းမေ့ဂ်ျကိုပဲ ဖော့ကပ်စ် တယ်ဆိုတာ ( သို့ ) တခါတခါ အူလည်လည် ဆိုတာ ရှင်းနေတာပဲ။

လူမှားဗျူးတဲ့ ဘီဘီစီ

အပြစ်ကင်းတဲ့ အမှားတွေကို ပြန်ကြည့်ရင် ဘီဘီစီ တို့ လုပ်ချလိုက်တဲ့ အမှားက ပိုပြီး ပေါ်ပြူလာဖြစ်တယ်။
တကယ်တမ်း အင်တာဗျူးရမှာက Kewney ဆိုတဲ့ ပုဂ္ဂိုလ်၊ သူက Newswireless.net ရဲ့ အယ်ဒီတာ။ ဗျူးလိုတဲ့ အကြောင်းက " Apple vs Apple court case " ပါ။
သူ့ အစား ကမ္ဘာကို ရုပ်သံလွှင့်နေတဲ့ အခန်းထဲခေါ်ပြီး  ဘီဘီစီ အင်တာဗျူးလိုက်တာက ကွန်ဂို နိုင်ငံသား  ဂိုးမား ( Goma ) ဆိုတဲ့လူဖြစ်နေတယ်။
ဂိုးမားကလည်း ဒေတာနဲ့ ပတ်သက်တဲ့ အလုပ်တစ်ခုရဖို့ လျှောက်လွှာ တင်ထားသူပါ။ သူက ပြောတယ်။
" ခေါင်း တော်တော်စားသွားတယ်ဗျာ၊ အင်တာဗျူးမှာ မေးတာတွေကလည်း ကျနော် လျှောက်ထားတဲ့ အလုပ်နဲ့ ဘာမှလည်း မဆိုင်ဘူး "
"  ဘီဘီစီ မှားခဲ့တာနဲ့ ပတ်သက်လို့ လူတွေကို ပြန်ပြောပြဖို့ စိတ် ကသိကအောက် မဖြစ်မိပါဘူး " တဲ့။ ( သူက တကယ်လည်း လျှောက်ပြောတယ် )
သူမပြောရင်တောင် ဘီဘီစီ ကိုယ်တိုင်က ဒီ အင်တာဗျူးကို ကမ္ဘာလွှင့်လိုက်ပြီးပြီပဲ။
တော်တော် အူလည်လည်နိုင်တဲ့ အင်တာဗျူးဆိုပဲ။ ဒါမျိုး အမှားက ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် ရယ်တောင်ရယ်ရသေးတယ်။ ကောင်းတယ်။
ဘီဘီစီ တို့  ကမ္ဘာကျော်တယ်ဆိုတာ ဒါမျိုးလည်း အင်တာတိန်း လုပ်တတ်လို့။

( BBC News 'wrong Guy' is revealed
    Guy Goma
Guy Goma faced questions about the Apple vs Apple court case
The true identity of a man who was mistakenly interviewed on BBC News 24 has been revealed. )
ပေါ့ပေါ့ ပါးပါးလေးပါ

ဇင်ဝေသော်

Post a Comment