အကျဉ်းထောင် အားကစားကွင်း ( ငွေနဲ့ အားကစား )


ရန်ကုန် မန္တလေးတို့မှာရှိတဲ့ အောင်ဆန်းကွင်းတို့ ဗထူးကွင်းတို့ကို အကျဉ်း ဦးစီး အားကစားကွင်းလို့ နာမည်ပြောင်းပေးလိုက်ရမယ်ဆိုရင် မြန်မာတွေ ဘယ်လို တုန့်ပြန်လာကြမလဲ။ ဒီခေတ်ထဲမှာတော့ လမ်းပေါ်ထွက် ဆန္ဒပြ ကြရမှာပေါ့။

အရင်တစ်ပတ်က Florida Atlantic University က သူ့အားကစားကွင်း နာ မည် ကို GEO group Stadium လို့ နာမည်ပြောင်းပေးခဲ့ကြတယ်။ အဲ့ဒီ GEO group က ပုဂ္ဂလိက အကျဉ်းထောင်တွေနဲ့ စီးပွားရှာနေတဲ့အ ဖွဲ့ ဖြစ်နေတော့ မဖြစ်သင့်ဘူး စသည် ပွက်လောရိုက်ခဲ့တာပေါ့။ အဲ့ဒီ GEO group ရဲ့ ချဲယားမန်း George Zoley ဆိုသူက Florida Atlantic University ဘွဲ့ရ ( နှစ်ဘွဲ့တောင် တဲ့ ) ပြီးတော့ အမေရိကန်ဒေါ်လာ ၆ သန်းလှုဒါန်းခဲ့တယ်။ ငြင်းဖို့ခက်တဲ့ ငွေပမာဏပေါ့။ ဒါနဲ့ပဲ GEO group Stadium ဖြစ်သွားခဲ့ရတော့တယ်။

အားကစားရုံတွေ ပုဂ္ဂလိကနာမည် စပြီးပေးတာလည်း အမေရိကန်တွေပါ။ ၁၉၁၂ ခုနှစ်၊ ဘောစ်တွန်တက္ကသိုလ် အားကစားရုံကို Fenway Park လို့ စတင်အမည်ပေးခဲ့ရာကနေ စခဲ့တာလို့ သိရပါတယ်။ အမေရိကန်တွေ ရှေ့ကပြတော့ ကမ္ဘာက နောက်ကလိုက်တယ်။ဒီနေ့ ဆိုရင် ဘိုင်ယန်မြူးနစ်က Allianz ကစားကွင်းမှာ ကစားနေတယ်။
အာဆင်နယ်က Emirates Stadium မှာ၊
မန်စီးတီးက ၂၀၀၂ ခုက ဓနသဟာယအားကစားပြိုင်ပွဲ အတွက် ဆောက်ခဲ့ တဲ့ ကွင်းကနေ Etihad Stadium ကို ပြောင်းသွားပြီ။

တခါတခါမှာတော့ ဆန္ဒပြမှုတွေ ရှိတတ်တယ်။ နယူးကာဆယ် ဥက္ကဋ္ဌ Mike Ashley က wonga.com ဆီက ထောက်ပံ့ငွေတွေယူပြီး အားက စားကွင်း နာမည်ကို St James' Park ကနေ the Sporting Direct Arena လိုပြောင်း မယ်လုပ်တော့ ပရိသတ်က သပိတ်မှောက်မယ်လို့ ကြုံးဝါးကြတယ်။ ဒါနဲ့ wonga.com က ငွေကြးကိစ္စပဲ ကိုင်တွယ်မယ် ကစားကွင်းနာမည်ကိုတော့ St James' Park လို့ပဲ ထားမယ်ဆိုမှ ပြဿနာ အေးသွားတယ်။ ပရိသတ်က ဘာကြောင့် ဒီလောက်ဖြစ်နေရတာလဲဆို့တော့ အဲ့ဒီ wonga.com က ငွေ တိုးပေး အမြတ်ကြီးစား ကုမ္ပဏီတစ်ခု ဖြစ်နေလို့ပါပဲ။

ဒါပေမဲ့ အားကစားလောက က တဖြည်းဖြည်းနဲ့ စီးပွားရေး ပိုပိုဆန် လာလေတော့ ဒီပြဿနာကလည်း မကြိုက်ရင်သာနေရမယ် ဒီအတိုင်း ပဲခရီး ဆက်သွားနေပါလိမ့်မယ်။
မယုံရင် ချယ်လ်ဆီး စပွန်စာတွေကိုကြည့်ပါ။ အဲဒီအထဲမှာ ကမ္ဘာ့အမွဲဆုံးနိုင် ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ မြန်မာပြည်က ကုမ္ပဏီတစ်ခုပါတယ်။ အဲ့ဒီ ကုမ္ပဏီက ဂုဏ်သရေရှိအရက်ဆိုင်။ ။


ဇင်ဝေသော်
 

Post a Comment