စစ်ပွဲရဲ့ ချိုသာတဲ့ အင်္ဂလိပ် ဝေါဟာရများ


1943 ကမ္ဘာစစ်မီး တငြီးငြီးလောင်နေစဉ်မှာ Admiral Williams F. Halsey က သူ့ကွန်မန်ဒို စစ်သားတွေကို ဒီလိုပြောတယ်
" Kill Japs, Kill Japs and kill more Japs " Japs ဆိုတာ အာရှက လူစွာ ဂျပန်လေးတွေကိုပြောတာ။
အခုလည်း အမေရိကန်ခေါင်းဆောင်တွေက စစ်သားတွေကို စစ်မြေပြင် လွှတ်နေတုန်းပဲ။ အဲ " kill " ဆိုတဲ့ ဝေါဟာရတော့ မသုံးတော့ဘူး။

မှတ်မှတ်ရရ 1943 ကနေစပြီး " Department of War " လို့ သုံးလာရာ ကနေ 1949 ခုလည်းရောက်ရော " Department of Defense " တဲ့။
ကျနော်တို့ပြောတာကို မယုံရင် စောင့်သာကြည့်၊ အနှေးနဲ့အမြန်ပဲ Department of Defense ကနေ " Department of Peace " ဖြစ်လာလိမ့် မယ်။
မလှဘူးလား။ War ကနေ Peace ဖြစ်သွားတယ်။ စစ်ပွဲကတော့ စစ်ပွဲပေါ့။

အောက်က ဝေါဟာရလေးတွေကို ကြည့်ပါဦး။
armed intervention=war
a military solution=war
police action=war
uprising=war
use of force=war

( civil war ) ပြည်တွင်းစစ်ကိုတော့ ဒီနေ့ internal matter လို့ သုံးကြတယ်။
စစ်ပွဲမှာ ဒဏ်ရာရ၊ သေဆုံးရတဲ့ လူတွေ ( wounded and dead people ) ကိုတော့ "causalities " တဲ့။


 ဇင်ဝေသော်

Post a Comment