လွယ်လွယ်ပြော ရသားနဲ့ ( အင်္ဂလိပ် ဝေါဟာရများ ) နှစ်


လွယ်လွယ်ပြော ရသားနဲ့ဆိုပေမဲ့သတင်းကိုသတင်းလိုပဲရေးတတ်ကြ ပြီး ဆောင်းပါးတွေကိုတော့ ဆောင်းပါးဟန်နဲ့ပဲ ရေးကြရပါတယ်။
သတင်းက လူတန်းစားအစုံကိုရည်စူးပြီးရေးတော့ လွယ်နေ တတ်ပြီး ဆောင်း ပါးတွေကတော့ ပိုခက်တာပေါ့။ အီဒီယံက အီဒီယံအဘိဓာန်မှာ ရှာလို့ရပေမဲ့ တချို့ ဝေါဟာရတွေက အီဒီယံကမဟုတ်တော့ မသိရင်ဒုက္ခတော်တော် ဒုက္ခပေးပါတယ်။
ဒါ့ကြောင့် သူတို့ထုတ်ပေးထားတဲ့ နောက်ထပ် အသုံးများ ဝေါဟာရဆယ်ခုကို ထပ်တင်ပေးလိုက်ပါတယ်။

ဒါကို မဖတ်ခင် စာမျက်နှာပေါ်က မိတ်ဆွေ တစ်ယောက်ရဲ့ဖေ့စ်ဘုတ်ကနေ ယူပြီး တင်ပေးလိုက်တဲ့ မြန်မာစာကြောင်း တစ်ကြောင်းကို အချိန်ရရင် အဓိပ္ပါယ် ပြန်ကြည့်ကြပါဦး။

Lk Wt မှ ယူထားပါသည်

" မြန်မာစာကို မြန်မာ ဖတ်ပြီး မြန်မာ မူးသွားတယ်။ ဘာလို့ အဲ့လိုမျိုးကြီး နားလည်ရခက်အောင်ရေးတာလဲ မသိဘူး။ @-@"

>>> သစ္စာရှိမှုဟူသော ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ အရှင်သခင် တစ်ဦး အပေါ်၌ အလုပ်အကျွေးပြုခြင်းဟု အနက် အဓိပ္ပါယ်ကောက်ယူပါက အဆိုးအကောင်းသိတတ်သည့် မိမိ၏ စိတ်နှင့် မဆန့်ကျင်သော အရာတစ်ခု ကို သစ္စာရှိစွာ လုပ်ပေးရမည်ဟူသော အယူအဆနှင့် ဆန့်ကျင်မှု အပေါ်၌ အလေးအနက် မထားကြပေ။ <<
အဓိပ္ပါယ် ပြန်လို့ ရကြပါပြီလား။ ရပြီဆိုရင်တော့ ထပ်မူးကြတာပေါ့။

လွယ်လွယ်ပြော ရသားနဲ့ ဝေါဟာရ ဆယ်လုံး

1 ) we must=it is imperative that we
2 ) requires=is highly dependent on
3 ) offers=is at the forefront of providing
4 ) organizes=brought about the organization of
5 ) speed=significantly expedite the process of
6 ) then=at which time
7 ) ultimately=in the final analysis
8 ) works=is committed to
9 ) works=is focus on
10 )when=at such time



ဇင်ဝေသော် 

Post a Comment