တရုတ် (သို့) ရွက်ပုန်းသီး (၃)



"ဒါ့ကြောင့် အာရှတိုက်ထဲက အာစီယံအပါအဝင် အာရှနိုင်ငံတွေအားလုံး ဟာ ပါဝါညီမျှနေအောင် အမေရိကန်တွေ ဆက်လက်ရှိနေဖို့ ဆန္ဒရှိနေကြ တယ်။ အမေရိကန်လို အတိုက်အခံသာ မရှိဘူးဆိုရင် ဘယ် အာရှနိုင်ငံမှ တရုတ်ကို ရင်ဆိုင်လို့ မရနိုင်တော့ဘူး" (လီကွမ်းယု)

ဒီမှာ အမြင်နှစ်မျိုး ရှိတယ်။
တစ်က တရုတ်ပြည်ဟာ ဘယ်သူ့ကိုမှ အနိုင်ကျင့်တာမျိုး မလုပ်ဘဲ တိတ် တိတ်ကလေး တိုးတက်အောင် ကြိုးစားရင်း မသိမသာနဲ့ လွှမ်းမိုးမှု ဖြစ် လာအောင် ကြိုးစားလိမ့်မယ်။ နောက်တစ်ချက်ကတော့ သူတို့မှာရှိတဲ့ အင် အားကို ထုတ်ပြရင်း သူတစ်ပါးကို ခြိမ်းခြောက်လိမ့်မယ်။

ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ သူတို့ဟာ ပထမလမ်းစဉ်ကိုပဲ လိုက်ပြီး တစ်ချိန်တည်းမှာပဲ အားကောင်းသထက် ကောင်းလာအောင် အားမွေးနေကြ လိမ့်မယ်။ တိန့်ရှောင်ဖိန်ရဲ့ ယုံကြည်ချက်က တရုတ်ပြည်ဟာ နှိမ့်နှိမ့် ချချ နဲ့နေရင်း ခွန်အားကောင်းလာအောင် ကြိုးစားတာဟာ ပညာသား ပိုပါတယ် ဆိုတာ ဖြစ်ပါတယ်။ သူ့အယူအဆက အစွယ်တပြပြ လုပ်မနေနဲ့ ဆိုတဲ့ သဘောပါ။ အခြား ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် တရုတ်ပြည် အတွက် နောက်ထပ် နှစ်သုံးဆယ်၊ နှစ်လေးဆယ်လောက် ငြိမ်းငြိမ်း ချမ်း ချမ်းလေး နေဖို့ လိုအပ်နေသေးတယ်ဆိုတာ တရုတ်တွေ သဘောပေါက် ကြတယ်။ ဒီတော့ သူတို့နောက်ဆုံးဆွဲတဲ့ ကောက်ချက်က လက်ရှိ အနေ အ ထားအတိုင်း ရှေ့ခရီးဆက်ချင်တယ်ဆိုရင် လက်ရှိရထားတဲ့ အင်အားကို မရို ဖရဲ မဖြစ်စေဘဲ လူတိုင်းနဲ့ တည့်အောင် နေထိုင်ရင်း စွမ်းအားပိုကောင်းလာေ အာင် ကြိုးစားခြင်း ဖြစ်တယ်ဆိုတာပါပဲ။
ဒါဆိုရင် သူတို့ပြည်တွင်းရေးကို ဖြေရှင်းဖို့လည်း အချိန်ရ၊ စီးပွားရေးအင်အား လည်း ပိုကောင်းလာနိုင်ပါမယ်။

နောက်ပြီး သတိထားဖို့ လိုအပ်တာက ဂျပန်နဲ့ ဂျာမဏီတို့ လျှောက်ခဲ့တဲ့ လမ်း စဉ်ကို မလိုက်မိဖို့ပါ။ ဥရောပနဲ့ အာရှမှာ ဂျာမဏီနဲ့ ဂျပန် တက်လာတော့ အာ ဏာတွေ၊ ပါဝါတွေ လုရင်း သယံဇာတတွေကို မျက်ဇောင်းထိုးရင်းနဲ့ (၂၀) ရာ စုမှာ ကြောက်မက်ဖွယ် စစ်ပွဲကြီးနှစ်ပွဲ ဖြစ်ခဲ့တော့တာပဲ။ သူတို့ တိုးတက် လာမှုတွေလည်း အဆုံးသတ်သွားတယ်။ လက်ရှိအခြေအနေအရ တရုတ် သာ စစ်ပွဲတစ်ပွဲပွဲထဲမှာ ပါဝင်လိုက်မိပြီဆိုရင် ပြည်တွင်း မငြိမ်သက်မှုတွေ၊ အခြား ပြဿနာတွေ အများကြီး ကြုံတွေ့လာစရာ ရှိတယ်။
ရှေ့နှစ်နိုင်ငံရဲ့ လမ်းစဉ်ကိုများ လိုက်မိရင်တော့ ပြန်ပြီး နာလံထူဖို့ ဟိုနိုင် ငံတွေထက် ပိုပြီး အချိန်ကြာသွားနိုင်ပါလိမ့်မယ်။ ဒီတော့ တရုတ်ပြည် အ တွက် အကျိုးအကြောင်း ညီညွှတ်တဲ့ သုံးသပ်မှုဟာ “ဖွံ့ဖြိုးပြီး ကမ္ဘာတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အချိန်တွေ အကြာကြီး စောင့်စားခဲ့ကြရတယ်။ ဒီလို ပုံမှန် တိုးတက်လာနေတာကို ဖရိုဖရဲဖြစ်အောင် ဘာဖြစ်လို့ ရှေ့လော ကြီး ကြမှာလဲ” ဆိုတာမျိုးပဲ ဖြစ်နေပါလိမ့်မယ်။

ဒီလိုဆိုလို့ တရုတ်နိုင်ငံနဲ့ အငြင်းပွားစရာ ကြုံလာရတိုင်း တရုတ်ပြည်ဟာ ဘာမှ မပြောဘဲ ငုံ့ခံနေတာမျိုးတော့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ ပါဝါချိန်ခွင် လျှာ ပြောင်းလာပြီဆိုတာနဲ့ ကိုယ်ကြိုက်တာ၊ မကြိုက်တာကိုလည်း ပိုပြီး လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့် ရလာတာပဲ။ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ယန်းကျေ့ချီ (Yang Jiechi) ပြောခဲ့သလိုပဲ၊ တရုတ်ပြည်ဟာ သူတို့ အမှန်တ ကယ် စိတ်အားထက်သန်နေတဲ့ ကိစ္စတွေမှာ အတိုက်အခံ ဖြစ်လာရင် သူတို့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာထားပြီး ကာကွယ်ကြပါလိမ့်မယ်။ တရုတ်နဲ့ အနီးဆုံး အိမ်နီးချင်း နိုင်ငံတွေဆိုရင် ဒီအကြောင်းကို ကောင်းကောင်း ကြုံတွေ့ခံစားနေကြရပါပြီ။
၂၀၀၈ - ခုနှစ်မှာ ဗီယက်နမ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်မှာရှိတဲ့ သူ ပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ရေပြင်ထဲမှာ ရေနံတူးဖော်ခွင့်ကို အမေရိကန် ကုမ္ပဏီ Exxon Mobile ကို ပေးလိုက်တော့ တရုတ်က ကန့်ကွက်တယ်။ တရုတ်ရေတပ်က အဲဒီကုမ္ပဏီကို ထွက်ခွာပေးဖို့ ပြောတယ်။ တရုတ်အစိုးရ ကလည်း ဒီလို တားမြစ်နေတဲ့ကြားကနေ ရှေ့ဆက်နေမယ်ဆိုရင် တရုတ်ပြည်ထဲမှာရှိတဲ့ Exxon Mobile ရဲ့ စီးပွားရေးတွေ အကြီးအကျယ် ထိခိုက်စေလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်တယ်။ အဲဒီအချိန်မှာ အမေရိကန်ေ ရတပ်ကလည်း သူတို့ကို ကာကွယ်၊ ထောက်ခံမပေးတော့ ဒီကုမ္ပဏီ လည်း နောက်ဆုတ်လိုက်ရတော့တယ်။

၂၀၁၀ - ခုနှစ်တုန်းကလည်း တရုတ်ငါးဖမ်းသင်္ဘောနဲ့ ဂျပန်ကင်းလှည့် မော်ေ တ်ာဘုတ် ဝင်တိုက်မိလို့ ဂျပန်တွေက တရုတ်ငါးဖမ်းသင်္ဘောကပ္ပတိန်ကို ဖမ်း ဆီးထားလိုက်တယ်။ ဂျပန်တွေက သူတို့ဥပဒေအတိုင်း ကပ္ပတိန်ကို တရား စီ ရင်ဖို့ ဆန္ဒရှိကြတယ်။ ဒါပေမဲ့ တရုတ်ပြည်ဘက်က ပေးလာတဲ့ ဖိအားတွေေ ကြာင့် အဲဒီကပ္ပတိန်ကို နောက်ဆုံး လွှတ်ပေးလိုက်ကြရတယ်။
ဒီနေ့ ဂျပန်တွေ ရင်ဆိုင်နေရတဲ့ တရုတ်ဟာ ဒုတိယကမ္ဘာစစ်တုန်းက တစ်နိုင် ငံလုံးနီးပါး ဂျပန်တွေအောက် ရောက်သွားမတက် ဖြစ်ခဲ့ရတဲ့ တရုတ် မဟု တ်တော့ဘူး။ ဂျပန်နိုင်ငံရဲ့ ပမာဏထက် ဆယ်ဆပိုကြီးနေတဲ့ တရုတ်နိုင် ငံ ဖြစ်နေတယ်။ ဂျပန်တွေ လက်လျှော့လိုက်တယ်ဆိုတာ တကယ့် အခြေ အနေမှန်ကို လက်ခံလိုက်တာမျိုးပါပဲ။ သူတို့ ရင်ဆိုင်နေရတဲ့ လက်ရှိ တရုတ်ပြည်ဟာ စည်းစည်းလုံးလုံးနဲ့ စည်းကမ်းသေဝပ်တဲ့ တရုတ်ပြည်ပါ။ ဗဟိုဦးစီးမှုအောက်မှာ ဆုံးဖြတ်ချက်အတိုင်း ပြုမူကြမယ်ဆိုတာကို ဂျပန်တွေ သဘောပေါက်ထားကြတယ်။

လတ်တလော နှစ်တွေကို ပြန်ကြည့်ရင် တရုတ်ပြည်ဟာ ဘာဖြစ်ဖြစ် ငြိမ် ခံနေမယ် မဟုတ်ဘူးဆိုတာ တွေ့မြင်လာရတယ်။ သူတို့လိုချင်တာကို ရဖို့ တက်တက်ကြွကြွ လုပ်ဆောင်နေကြတယ်။ ဒီမူအတိုင်းလည်းပဲ ဆက် ရှိနေလိမ့်မယ်။ ဒီပတ်ဝန်းကျင်မှာ သူတို့ဟာ အကောင်အကြီးဆုံး၊ သူတို့မှာ စွမ်းအားပိုကောင်းလာရင် အိမ်နီးချင်းတွေက သူတို့ကို ပိုမိုလေးစားလာပြီး သူတို့ရချင်တဲ့ အခွင့်အလမ်းတွေလည်း ပိုရလာလိမ့်မယ်လို့ သဘောပေါက် ထားကြတယ်။ ဒါ့ကြောင့် အာစီယံအပါအဝင် အာရှနိုင်ငံတွေအားလုံးဟာ ပါဝါညီမျှနေဖို့ အာရှတိုက်ထဲမှာ အမေရိကန်တွေ ဆက်လက်ရှိနေဖို့ ဆန္ဒရှိနေ ကြတယ်။ အမေရိကန်လို အတိုက်အခံသာ မရှိဘူးဆိုရင် ဘယ်အာရှနိုင်ငံမှ တရုတ်ကို ရင်ဆိုင်လို့ မရနိုင်တော့ဘူး။ သစ်ပင်ကြီးနှစ်ပင် ရှိနေရင် ဘယ် သစ်ပင်ရဲ့ အရိပ်အောက် ဝင်မလဲဆိုတဲ့ ရွေးချယ်ခွင့်တော့ ရှိသေးတာပေါ့။ အမေရိကန်တွေအတွက်လည်း ပစိဖိတ်ဒေသတွင်းမှာ ရှိနေဖို့ အရေးကြီးတာ ပဲ။ နို့မဟုတ်ရင် ဒီနယ်တစ်ဝိုက်မှာ သူတို့ဩဇာ မရှိနိုင်တော့ဘူး။ တကယ်ဆို ကမ္ဘာနဲ့ချီပြီးတောင် သူတို့ဩဇာ ဆုံးရှုံးသွားနိုင်တယ်။

အမေရိကန်နဲ့ တရုတ်အာဏာလုပွဲက ဒီနယ်တဝိုက်မှာ ဖြစ်နေခဲ့ပြီးပါပြီ။ ၂၁ - ရာစု နှောင်းပိုင်းအထိလည်း ဒီအတိုင်းပဲ ရှိနေလိမ့်ဦးမယ်။ နောက်ဆုံးတော့ အမေရိကန်၊ တရုတ် ဆက်ဆံရေးဟာ စစ်အေးကာလက အမေရိကန်နဲ့ ဆိုဗီ ယက်ပြည်ထောင်စု ပုံစံမျိုး မဟုတ်တော့ဘဲ အပြန်အလှန် အပေးအယူ မျှတ တဲ့ ဆက်ဆံရေး ဖြစ်နေဖို့ အရေးအကြီးဆုံးပါပဲ။ စက်တင်ဘာ (၁၁) ရက် ကိစ္စအပြီးမှာ အီရက်၊ အာဖကန်နစ္စတန် စစ်ပွဲတွေကြောင့် အမေရိကန်ေ တွ ခြေလှမ်း ပျက်သွားခဲ့ရတယ်။ အဲဒီအချိန်တွေ အတွင်းမှာ တရုတ်ပြည် ကတော့ ဒေသတွင်းနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် စာ ချုပ်တွေ ချုပ်ဆိုရင်း တိတ်တိတ်လေး အားသစ်မွေးလာနိုင်ခဲ့တယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်တုန်းက တရုတ်ဝန်ကြီးချုပ်ဟောင်း ဇူရောင်ကျီး (Zhu Rongji) က တရုတ်အာစီယံ စီးပွားရေးဇုန်ကို အဆိုပြုတော့ အာစီ ယံနိုင်ငံတိုင်း ယုံရခက်ခက် ဖြစ်နေကြရတယ်။ ကျွန်တော် တို့အားလုံးက အပြန်အလှန် သဘောတူညီမှုစာချုပ်တွေ လက်မှတ်ထိုးဖို့ လက်တွန့်ေ နခဲ့တာလေ။
ကျွန်တော့်အမြင်ကတော့ သူတို့ ဒီလိုပြောနေခြင်းဟာ "တရုတ်ရဲ့ စီးပွားရေး တိုးတက်လာတာဟာ အာစီယံနိုင်ငံတွေအတွက် အဟန့်အတား မဟုတ်ဘူး၊ ခွန်အားသာ ဖြစ်တယ်" ဆိုတာ ပြသချင်တဲ့ စနစ်တကျ ဗဟာဗျူဟာလို့ ထင် မိပါတယ်။
ဒါနဲ့ အမေရိကန်က စီးပွားရေးကိုယ်စားလှယ်တွေကို လာမယ့် ဆယ်နှစ်၊ အနှ စ်နှစ်ဆယ်အတွင်းမှာ အာစီယံနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကူး သန်းရောင်း ဝယ်ရေးစာချုပ် ချုပ်နိုင်ရင်ချုပ်၊ မချုပ်နိုင်ဘူးဆိုရင်တော့ တရုတ် စီးပွားေ ရး ဈေးကွက်က ကြီးသထက် ကြီးလာပြီး အာစီယံဒေသတွင်းမှာ အမေရိ ကန်ဟာ ဒုတိယအနေနဲ့ပဲ ရှိနေတော့မယ်လို့ ပြောခဲ့ဖူးတယ်။

စစ်တပ်အင်အားနဲ့ နည်းပညာမှာတော့ အမေရိကန်ဟာ ရှေ့အများကြီး ကြိုရောက်နေပါတယ်။ တရုတ်ပြည်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ နှစ်စဉ် ဆတိုး တက်လိုက်နေတာတောင်မှ အမေရိကန်ကို ခြောက်ပုံတစ်ပုံနဲ့ နောက် က လိုက်နေတုန်းပါ။ အမေရိကန်ရဲ့ နည်းပညာက ဘယ်လောက် သာနေသ လဲဆိုတာကို ဒီအချက်က ပြောပြနေပါတယ်။ တရုတ်တွေကလည်း အမေရိ ကန်နဲ့ တန်းတူအဆင့် ရောက်အောင် ကြိုးစားနေကြမှာပဲ။ ဒါပေမဲ့ ဒီ အဆင့် ကိုရောက်ဖို့ ဆယ်စုနှစ်များစွာ ကြာနေဦးမယ်လို့ ကျွန်တော် ယူဆပါတယ်။

ဆက်ရန်.....
ဇင်ဝေသော်


လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်(၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၂)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၄) 

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၅)

တရုတ် (သို့) ရွက်ပုန်းသီး (၂)  

Post a Comment