ငွေပဲသိသူအတွက် သမိုင်းဆိုတာ အုတ်ခဲဟောင်း


နေမင်းရဲ့ တော်ဝင်မြို့တော်တဲ့ ဟဲ့ ဟဲ့

ဒီကိစ္စမပြောခင် နေပြည်တော်ကို အင်္ဂလိပ်လို ပြန်ထားပုံအကြောင်းနဲ့ စချင်ပါ တယ်။ "The royal city of the Sun" လို့ စထရိတ်တိုင်းမ်မှာ တွေ့လိုက်ရ တယ်။ တကယ်တော့ ဒီကိစ္စကို ပညာရှင်တွေပြောတာက ပိုသင့်မှာပါ။ ကနဦးမှာ ရာဇဌာနီ=မင်းနေပြည်လို့ သုံးကြပါတယ်။ ပါဠိကို တိုက်ရိုက်မြန်မာ မှုပြုထားတာပါ။ မင်းနေပြည်ကနေ နေပြည်တော်။ ဒီမှာ နေ ဟာ the Sun ဆိုတဲ့ အဓိပ္ပါယ်ထက် နေထိုင်ခြင်း အဓိပ္ပါယ်ပိုရှိပါတယ်။ ဘုရင်ကိုနေနဲ့နှိုင်းတဲ့ ယဉ်ကျေးမှုရှိပေမဲ့ မူရင်းကိုလိုက်ရင် အဓိပ္ပါယ်သိပ်မကောင်းဘူးထင်ပါတယ်။ The royal city, The Capital (စူပါမားကက်နဲ့ ရောသွားမှာ စိုးလို့လားတော့ မသိ) ဆိုရသားနဲ့ (The royal city of the Sun ) နေမင်းရဲ့ တော် ဝင်မြို့တော်ဖြစ်သွားရော။ ကြီးကျယ်ချင်လွန်းတဲ့ ရောဂါအနုစားထင်ပါရဲ့။ ပညာရှင်သတ်မှတ်ခံထားရသူ တစ်ယောက်ယောက်က ပြောတာမဟုတ်ရင် စထရိတ်တိုင်းမ်က ထည့်မှာမ ဟုတ်ဘူး။



ငွေပဲသိသူအတွက် သမိုင်းဆိုတာ အုတ်ခဲဟောင်း

မလေးရှား၊ ပီနန်မြို့အနီးက ခေဒ (Kheda) မှာရှိတဲ့ ဘူဂျန်းဗဲလေး (Bujang Valley) အကြောင်းကို ကြားဖူးနေတာကြာပါပြီ။ အန်ကောဝပ်ထက် ရှေးကျ တဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေ အဲဒီနယ်တစ်ဝိုက်မှာ တွေ့ရတယ်။ တချိန်က တမီးလ် မြို့တော်ဟောင်းလို့ ယူဆစရာရှိပြီး ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ကိုတောင် တွေ့ရတယ်လို့ ပီနန်ဆရာတော်ကြီးမိန့်ဖူးတာကို သတိရမိတယ်။ မလေး အစိုးရက ဖျက်းဆီးတဲ့အထဲလည်းမပါ၊ ထိမ်းသိမ်းတဲ့အထဲလည်း မပါ။
တွေ့ရှိမှုတွေကလည်း မောင်းထုတ်ပစ်ထားတဲ့ ဘာသာရေးအမွေ အနှစ်တွေ ဆိုတွေ့ တူးဖော်လို့ တွေ့ပြန်ပြီဆိုရင်တောင်
" အော်.. အင်း၊ဟုတ်လား.." လောက်ပဲ။
အခုတော့ အေဒီ ရှစ်ရာစုက ရှေးဟောင်း ဘုရားကျောင်းနံပါတ် ၁၁ နေရာကို ဖြိုပြီး ဆောက်လုပ်ရေးလုပ်မယ်ဆိုမှ သမိုင်းပညာရှင်တွေက ကန့်ကွက်လို့ အသံတွေထွက်လာတယ်။ ဆောက်လုပ်ရေး ကန်ထရိုက်က ဘာပြောလဲဆိုတော့ "သမိုင်းတန်ဖိုးရှိမှန်း မသိလို့" တဲ့။

အဲဒါ အရှေ့တောင်အာရှမှာ ရှေးအကျဆုံး ယဉ်ကျေးမှုအမွေအနှစ်တွေပါ။ ပုဂံထက် သုံးရာစုလောက် ရှေးကျပါတယ်။

Post a Comment