မြောက်ကိုရီးယား (သို့မဟုတ်) ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသူ (၁)


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)

မြောက်ကိုရီးယားကို ကျွန်တော် မရောက်ဖူးပါဘူး။ သွားချင်စိတ်လည်း ဘယ်တုန်းကမှ မပေါက်ခဲ့ ဖူးဘူး။ အလွန်ထူးဆန်းလှတဲ့နိုင်ငံ ဖြစ်ပါတယ်။ တရုတ်ပြည်က လူတွေတောင် အခွင့်အရေးတချို့ကို ရရှိကြတယ်။ မြောက် ကိုရီးယားနိုင်ငံက လူထုတစ်ရပ်လုံးဟာ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်၊ လုံးဝ ဖိနှိပ်ခြင်းကို ခံနေကြရပါတယ်။ တိတိကျကျ ပြောရရင် ကင် (မ်) မိသားစုဟာ တစ်နိုင်ငံလုံးကို သုဿာန်တစပြင်မှာ ကျိန်စာတိုက်နေသလိုကို အုပ်ချုပ်ခဲ့ကြ တာပါ။
ဝါဒ မှိုင်းအသွင်းခံထားရတဲ့ ကိုရီးယားလူထုကြီးအတွက် ကင် (မ်) မျိုးဆက် ဟာ နတ်ဘုရားတစ်ပိုင်းပါ။ သူတို့ကိုယ်တိုင် လှောင်ချိုင့် ထဲ ရောက်နေတာ ကို သတိမထားမိဘဲ သူတို့မိသားစုကို လူထုက ကြောက်ရွံ့နေအောင် ပုံစံဆွဲ အုပ်ချုပ်ခဲ့ကြတယ်။ တောင့်တောင့်တင်းတင်းနဲ့ အမျိုးသား၊ အမျိုးသမီးတွေ အားမာန်အပြည့် စစ်ရေးပြနေတာတွေဟာ သူတို့ကို ဂုဏ်ပြု ပူဇော်နေမှု တစ်မျိုးပါပဲ။ ဆိုရှယ်လစ် ရည်မှန်းချက်ဖြစ်တဲ့ “လူ့ပြည်က ကောင်ကင်ဘုံ” ဆိုတာနဲ့ ဝေလာဝေးလို့ မြောက်ကိုရီးယားဟာ အဆိုးဝါးဆုံး အစိုးရရဲ့ အုပ် ချုပ်မှုကို ခံနေရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဓိကအခြေခံ လိုအပ်ချက်ေ လးတွေမှ မရှိ၊ ဝဝလင်လင်တောင် လူထုကို ကျွေးမထားနိုင်တဲ့ နိုင်ငံပါ။

ဒီလို ပွင့်လင်းလွတ်လပ်လာတဲ့ ခေတ်ကြီးထဲမှာ သူတို့ရဲ့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတဲ့ အချိုးနဲ့ ဒီလောက်ကြီး အချိန်ကြာအောင် အုပ်ချုပ် ထားနိုင်တာကိုပဲ အတော်ကြီး ထူးဆန်းနေပါတယ်။ သူတို့မှာ အိုင်ဖုန်းမရှိ၊ စလဲလိုက်တီဗွီ မရှိ။ သူတို့မှာသာ ဒါတွေရှိရင် သူတို့ အလိမ်အညာ ဇာတ် လမ်းကြီး ဆက်ကလို့ ရမှာ မဟုတ်တော့ပါဘူး။ တချို့ မြောက်ကိုရီးယား သားတွေဆိုရင် နိုင်ငံထဲကနေ ရအောင် ထွက်လာ ခဲ့ကြပြီးတဲ့နောက် ကမ္ဘာကြီး ဘယ်လောက် ဖွံ့ဖြိုးနေတယ်၊ အထူးသဖြင့် တောင်ကိုရီးယား ဘယ်လောက် ပြောင်းလဲ တိုးတက်လာနေတယ် ဆိုတာကို တွေ့မြင်နေ ကြရတယ်။ ဒါပေမဲ့ ဒီလူစုက တကယ့်ကို လူနည်းစုလေးပါ။
အဲဒီလူနည်းစုလေးကပဲ လက်ရှိဘဝကို မခံနိုင်တော့လို့ ဘယ်လို အန္တရာယ်ပဲ ကြုံရကြုံရဆိုပြီး တရုတ်ပြည် (သို့မဟုတ်) တောင်ကိုရီးယားထဲကို ခိုးဝင်နို င်အောင် အရဲစွန့်ကြတော့တယ်။ တချို့ အောင်မြင်သွားတာလည်း ရှိပါတယ်။ အများစုကတော့ မအောင်မြင်ကြရှာပါဘူး။ တချို့ဆို သစ်သားလှေတွေနဲ့ ပင်လယ်ပြင်ကို သက်စွန့်ဆံဖျား ဖြတ်၊ တချို့ဆိုရင်လည်း ဖိနပ်မပါ ကုန်းကြောင်းခရီးကနေ နယ်စောင့်တပ်တွေရဲ့ ဖမ်းဆီးခံရမှု စတာတွေကို ရင်ဆိုင်ပြီး အရဲစွန့် ထွက်ပြေးဖို့ ကြိုးစားနေကြရတယ်။
မြောက် ကိုရီးယား လူထုထဲက အများစုသာ အဲသလို သိမြင် တုန့်ပြန်လာ ကြရင် အဲဒီနိုင်ငံရဲ့ အနေအထားက ကမောက်ကမနဲ့ ထိန်းမရသိမ်းမရဖြစ်ပြီး အမှောင်ကမ္ဘာထဲ ပြန်ရောက်သွားနိုင်တယ်။ ဒီအဖြစ်က တွေးတောင် မတွေး ရဲစရာပါ။ ဒီတော့ လက်ရှိ စစ်အာဏာရှင် အစိုးရကိုပဲ (နိုင်ငံပြိုကွဲမသွားေ အာင် ထိန်းထားတဲ့အတွက်) ကျေးဇူးတောင်တင်နေရ မလိုလိုပါ။ နိုင်ငံပြို ကွဲသွားရင် စစ်အာဏာရှင်စနစ်တော့ နိဂုံးချုပ်ပြီပေါ့။

ကံမကောင်း၊ အကြောင်းမလှစွာပါပဲ၊ မြောက်ကိုရီးယား အာဏာရှင် စစ် အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်တော့မယ်ဆိုရင်တောင် အချိန်တွေ သိပ်ပြီး နောက်ကျနေနိုင်ပါတယ်။ သူတို့ ပြောင်းလဲမှု စတင်ဖို့ တရုတ်ပြည် ကလည်း အမျိုးမျိုး လမ်းပြနေတာပါပဲ။ မြောက်ကိုရီးယား ခေါင်းဆောင်တွေ ကို ရှန်ဟိုင်း၊ ဂွမ်ကျောက်၊ ရှင်ကျင့်မြို့တွေကို ခေါ်ပြ၊ အာဏာ လက်မ လွှတ်စေဘဲ ပြောင်းလဲယူလို့ ရတယ်ဆိုတာကို ပြသနေကြတာပါပဲ။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ တရုတ်တို့ရဲ့ အနေအထားချင်းက လုံးဝ မတူ ဘူး ဖြစ်နေပါတယ်။ မြောက်ကိုရီးယားရဲ့ အခုလက်ရှိ အနေအထားက ကျိန်စာ အတိုက်ခံထားရသလို ဖြစ်နေတယ်။ ဒီအနေအထားကနေ ရုတ် တရက်ကြီး ပြောင်းလဲပြီး တံခါးဖွင့်စနစ်ကို ကျင့်သုံးလိုက်မယ်ဆိုရင် နိုင် ငံလည်း ပြိုကွဲထွက်သွားလိမ့်မယ်။
မြောက်ကိုရီးယား လူထုတစ်ရပ်လုံး သူတို့ ဆယ်စုနှစ်များစွာ အလိမ်ခံလိုက် ရပြီဆိုတဲ့ အသိနဲ့ အိပ်ယာက လန့်နိုးလာကြမှာ။ ကင် (မ်) မိသားစုကို အ ဟုတ်ကြီးမှတ်ပြီး ကိုးကွယ်ခဲ့မိတဲ့ သူတို့တတွေဟာ ဘယ်လောက် ဦးနှောက် မဲ့ခဲ့ကြတယ်၊ ကမ် (မ်) မိသားစုပြောတဲ့ ကမ္ဘာ့စံပြနိုင်ငံတော်ကြီးကို ယုံကြည် ခဲ့ကြခြင်းဟာ ဘယ်လောက် ရူးသွတ်ခဲ့ကြတယ်၊ တောင်ကိုရီးယား ဘယ်ေ လာက် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီလဲ ဆိုတာကိုလည်း သူတို့ တွေ့မြင်ကြရလိမ့်မယ်။

မြောက်ကိုရီးယားဟာ တံခါးဖွင့်ပေးရုံနဲ့ လုံးဝ မလုံလောက်တော့ပါဘူး။
ဒီထက်ပိုပြီး ရှုတ်ထွေးစေတဲ့အချက်က မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့ ဘဝနဲ့ လုံခြုံရေးကလည်း သိပ် မသေချာလှပါဘူး။ သူတို့တွေဟာ တောင် ကိုရီးယား ခေါင်းဆောင်တွေကို လုပ်ကြံခြင်း၊ အက်ဒမန်ကျွန်းမှာ ခရီးသည် တင် လေယာဉ်ကို ဖောက်ခွဲဖျက်ဆီးခြင်း၊ ဂျပန်အပါအဝင် နိုင်ငံခြား သားတွေကို ပြန်ပေးဆွဲခြင်းစတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်။
အဲဒီခေါင်းဆောင်တွေထဲမှာ တချို့ကတော့ သေဆုံးသွားကြပြီ၊ တချို့က အသက်ရှင်လျက် ရှိနေကြသေးတယ်။ သူတို့ ညွှန်ကြားချက် မပါဘဲ ဒါတွေ ဖြစ်မလာနိုင်တော့ အသက်ရှင်ကျန်ရှိနေသူတွေ အတွက်လည်း မပြေးသော် ကန်ရာရှိဖြစ်နေမယ်။

ခန့်မှန်းလို့ ရသမျှ အနာဂတ်အထိကတော့ ကိုရီးယားကျွန်းဆွယ်ဟာ လက် ရှိအနေအထား အတိုင်းပဲ ရှိနေပါလိမ့်မယ်။ ပါဝါအပြောင်းအလဲ ဖြစ်လာနိုင် စရာ မမြင်မိပါဘူး။ မြောက်ကိုရီးယားရဲ့ လက်ရှိ ပြဿနာကို စိတ်ဝင်စားတဲ့ တရုတ်နဲ့ အမေရိကန် အပါအဝင် နိုင်ငံအားလုံးကလည်း တောင် ကိုရီးယား နဲ့ မြောက်ကိုရီးယား စစ်ဖြစ်မှာကိုရော အချိန်တိုအတွင်းမှာ သူတို့ ပေါင်းစည်း သွားမိကြမှာကိုပါ မလိုလားကြလောက်ပါဘူး။ ဘာလို့လဲဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက် အန္တရာယ်တွေက အများကြီး မို့ပါ။

၁၉၅၀ - ခုနှစ်မှာ တောင်ကိုရီးယားကို သိမ်းပိုက်ဖို့ စစ်ပြင်သလိုမျိုး လည်း မြောက်ကိုရီးယားက မလုပ်ရဲတော့ပါဘူး။ အဲသလို တိုက်ပွဲဖြစ်လာ ရင်တောင် တောင်ကိုရီးယားဘက်ကနေ စစ်ရေးအရ အကူအညီပေးလာမယ့် အမေရိကန်တွေကို သူတို့ ယှဉ်လို့ မရဘူးဆိုတာ သိထားကြပါပြီ။ အမေရိ ကန် မပါဘူးဆိုရင်တောင်မှ တစ်နိုင်ငံချင်း မြောက်ကိုရီးယားက နိုင်ဖို့ မလွယ်တော့ပါဘူး။ စစ်တပ်အင်အားရှိဖို့ ပထမဆိုတဲ့ ပေါ်လစီနဲ့ သူတို့က စစ်တပ်ကို အားဖြည့်ခဲ့ပေမဲ့ တောင်ကိုရီးယားရဲ့ စီးပွားရေး အားအစွမ်းက အများကြီး သာလွန်နေပါတယ်။ ဒါကို မယုံကြည်ဘူးဆိုရင်တော့ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်ကို ဥပမာအနေနဲ့ ယူကြည့်နိုင်ပါလိမ့်မယ်။ အမေရိကန်တွေရဲ့ ရေတပ်သင်္ဘောတွေကို အရင်ဖျက်ဆီးပြီး ကမ္ဘာစစ် မှာ ရှေ့ကနေ အသာစီးယူဖို့ ကြံစည်ခဲ့ကြတယ်။ ဒါပေမဲ့ အမေရိကန်တွေရဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှု အားအစွမ်းက ပျက်စီးသွားတာတွေကို အစားထိုး ထုတ်လုပ်နိုင်ရုံသာမက ဒီထက်ပိုများအောင်ကို ထုတ်လုပ်နိုင် ခဲ့တယ်။
ဘာမှ မကြာလိုက်ပါဘူး၊ စစ်အင်အား စုစည်းပြီး ဂျပန်ကို ပညာပေး လိုက် ကြတော့တာပဲ။ နောက်ဆုံးတော့ ကိုယ့်နိုင်ငံမှာ ခွန်အား ဘယ်ေ လာက် ရှိတယ်ဆိုတာ လက်နက်၊ စစ်သင်္ဘော အရေအတွက်နဲ့ ဆုံးဖြတ်တာ မဟုတ် ဘဲ ထုတ်လုပ်နိုင်မှုစွမ်းအား ဘယ်လောက်ရှိသလဲ ဆိုတာက ဆုံးဖြတ်တာပါ။ ကိုယ့်မှာ လက်နက်ပဲရှိပြီး စီးပွားရေးနောက်ခံ မတောင့်တင်းဘဲ စစ်ပွဲထဲ ဝင်သွားမယ်ဆိုရင် ဒီစစ်ပွဲကို ကြာရှည်ထိန်းမထား နိုင်ပါဘူး။ မြောက် ကိုရီး ယားက လူတွေလည်း အရူးတွေ မဟုတ်တော့ ဒါလောက်တော့
သေ ဘာက်ပေါက်ကြပါတယ်။

ဆက်ရန်

Post a Comment