= Break even =

တနင်္ဂနွေနေ့၌ ဒကာ ဒကာမတို့က အားသဖြင့် ဆွမ်းစား ၊ ပရိတ်ရွတ်စသည် ပင့်၏။
ထိုနေ့၌ ရဟန်းတော်များက မအားတတ်ကြ ။
သို့ဖြင့်ပင် အကုသိုလ်မဖြစ်သော်လည်း ကုသိုလ်လည်းမရလိုက်ကြ။
ထို့ကြောင့် Break even ဟုသော စကားပေါ်ပေါက်လာ၏။

ဒကာ ဒကာမတို့က သံဃာ သုံးပါး ပင့်လို၏။
သုံးပါးကား မရ။ တစ်ပါး သို့ နှစ်ပါး သာရနိုင်၏။
ထို့ကြောင့် Fail to fulfill public demands ဟူသော စကားပေါ်ပေါက်လာ၏။ နားလည်သင့်၏။

နိုင်ငံခြားဥပဒေအရ ရဟန်းတော်များလည်း လူများအလုပ်လုပ်ခွင့် ပါမစ်များအတိုင်း လိုက်ကြရ၏။
ထိုအခါ သံဃာ အတိုးအဆုတ် ဖြစ်၏။ ယင်းပြဿနာကို အခြေခံပြီး လိုသလောက် ၊
လိုသလို သံဃာပင့်၍မရသောအခါ Reliable service မဖြစ်ဟု ဆိုကြကုန်၏။
(ဘုရားရှိခိုးခြင်း ၊ ဆွမ်းတော်ကပ်ခြင်း စသည်ကိုပင် Service ဟု အသုံးများကြောင်း အမှတ်ရပေးကြပါ။)

သီဟနာဒသည် Break even အုပ်စုတွင် ပါဝင်၏။
နိုင်ငံခြားရောက် သံဃာတို့နှင့် နိုင်ငံခြားရောက် မြန်မာဗုဒ္ဓဘာသာ တို့ကြား
ကြုံတွေ့ရတတ်သော ပြဿနာကို အရဲစွန့် ရေးလိုက်မိသည်။
ယင်းကို Taking the risk or taking the opportunity ဟု ဆိုရမည်ထင်၏။



သီဟနာဒ
(3D ဘာသာရေးတာဝန်ခံ ၊ ကမ်းလက်)







Copyright © 2012 ကမ်းလက်. All rights reserved.

▼တွင်းတူးသူ▼

တစ်ခါက အညာမြို့လေးတစ်မြို့ထဲကဈေးထဲမှာ ဘာသာရေးနဲ့ နွယ်တဲ့ အဝတ်အစားတွေဝတ်ထားတဲ့လူတစ်ယောက်က ရေရှားတဲ့အရပ်အတွက် အဝီစိတွင်းတွင်းတူးဖို့ အလှူလိုက်ခံတယ် တဲ့။ မြန်မာတွေကတော့ ကြုံလာရင် နည်းများမဆို လှူလိုက်ကြတာပါပဲ။ ဖြစ်ချင်တော့ အဲဒီ ဈေးထဲမှာမနက်က အလှူခံခဲ့တဲ့လူက ညနေရောက်တော့ အရက်ဆိုင်ထဲမှာ ကျကျနန ပွဲတော်တည်နေတော့သတဲ့။ ဒီအခါမှာ အလှုရှင်တွေထဲက သူ့ကိုကောင်းကောင်းကြီးမှတ်မိတဲ့လူနဲ့ ထိပ်တိုက် တွေ့ပါလေရော၊ ဒါနဲ့ အဲဒီလူက


"ဈေးထဲမှာ မနက်က အဝီစိတွင်းတွင်းတူးဖို့ အလှူလိုက်ခံနေတာ ခင်ဗျားမဟုတ်လား၊ ခင်ဗျား လူလိမ်ပဲ"

"အလှူလိုက်ခံတာတော့ ဟုတ်ပါတယ်၊ လူလိမ်တော့ မဟုတ်ပါဘူး၊ အခု တကယ်ပဲ အဝီစိတွင်းတူးနေတာပါ၊ ကျုပ်သေရင် သွားရမဲ့ အဝိစိတွင်းလေဗျာ" တဲ့။


ခပ်နက်နက်လေး ထပ်တူးဖို့ အရက်ဖိုးလေးတောင် ထပ်ပူဇော်ရဦးမလိုလို။


( မိတ်ဆွေရဟန်းတစ်ပါး ရဲ့ စကားကို ပြန်ရှဲတာပါ။)



သီဟနာဒ(ကမ်းလက်)








Copyright © 2012 ကမ်းလက်. All rights reserved.

"ဓာတ်တော်"

ဒီခေတ်ကြီးထဲမှာ ဓာတ်တော် နှစ်မျိုးပဲ ရှိတော့တယ်။
တစ်မျိုးက ပျံလွန်တော်မူသွားတဲ့ ဆရာတော်ရဲ့ အဓိဋ္ဌာန်နဲ့ သီလ၊ သမာဓိ၊ ပညာ ကြောင့်
နောက် တစ်မျိုးက လူတွေ ပျံလွန်တော်မူတဲ့ ဆရာတော် အချင်းချင်း ပြိုင်ကြလို့ ကျလာတဲ့ ဓာတ်တော်။


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

ရီလေးတစ်ဗတီ သီအိုရီ


 အိုင်းစတိုင်း သူ့မိတ်ဆွေကိုပြောနေတယ်
"ရီလေးတစ်ဗတီ သီအိုရီ မှန်ကန်ကြာင်းထင်ရှားရင် ဂျာမန်တွေက ကျနော်ဟာ ဂျာမန်လူမျိုးဖြစ်တယ်လို့ပြောကြပြီး ပြင်သစ်တွေကတော့ ကမ္ဘာ့နိုင်ငံသား လို့ပြောကြလိမ့်မယ်။
 ရီလေးတစ်ဗတီ သီအိုရီ မမှန်ဘူးဆိုရင်တော့ ကျနော်ဟာ ဂျာမန်လူမျိုးလို့ ပြင်သစ်တွေကပြောပြီး ဂျာမန်တွေကတော့ ကျနော်ဟာ ဂျူးလူမျိုးလို့ပြောကြလိမ့်မယ်။"

အဲဒီအချိန်မှာ မီးဖိုထဲက အသံ တစ်သံထွက်လာတယ်။
"ဘယ်သူတွေ ဘာပဲပြောပြော ရှင်ဟာ ကျမယောင်္ကျား ပါလို့ပြောဖို့တော့ တော်တော်ခက်နေပြီ"
အိုင်းစတိုင်းကြီး ဒီတော့မှ ငြိမ်သွားတယ် တဲ့။အဲဒီ ရီလေးတစ်ဗတီ သီအိုရီ က ညစာနဲ့ပိုနီးနေတာကိုး။


ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

မဆိုလည်းခက် ဆိုလည်းခက်၏


ဘီစီ (၆) ရာစု
သမီးနဲ့သဘောမတူနိုင်တဲ့ သူဋ္ဌေးကြီးက ကောင်ကလေးကို စာရေးပေးပြီး တစ်ခြားရွာကို လွှတ်လိုက်တယ်။ စာက"ဒီစာ ယူလာတဲ့ကောင်ကလေးကို ဖြောက်ဖျက်ပစ်လိုက်ပါ" တဲ့။
စာမဖတ်တတ်ပေမယ့် ဘီစီ (၆) ရာစုတုန်းကဆိုတော့ ကောင်လေးက ကြံကြံဖန်ဖန် အသက်ချမ်းသာရာ ရသွားသတဲ့။


အေဒီ (၂၁) ရာစု
ကောင်လေးက စာဖတ်တတ်နေပြီ၊ ဒါနဲ့ သွားမပေးတော့ဘူး။ ဒုတိယအကြိမ် ကံဆက်ကောင်းဖို့က မလွယ်လှဘူးလို့လည်း တွေးနေသတဲ့။ ပြီးတော့ အခုကာလက အေဒီ (၂၁) တဲ့။
လူထုကြီး စိတ်ဝင်စားနေတာက စာပဲပြင်ရေးမလား "ဒီစာ ယူလာတဲ့ကောင်ကလေးကို သမီးနဲ့ ပေးစားလိုက်ပါ" ဆိုသလိုမျိုးပေါ့။

စာမပြင်ဘူးဆိုရင် ဒီစာနဲ့ပတ်သက်ပြီး ကောင်လေးကရော ဘယ်လိုဆက်လက်ဆောင်ရွက်မလဲ .........

၂၁ ရာစုဇာတ်ထုပ်ဆိုတော့ အလှည့်အပြောင်းက ပိုခေတ်မီလာတယ်။ စောင့်ပဲ ကြည့်ရတော့မှာပဲ။

အင်း...

".................ကျမ်းသစ္စာကား မဆိုလည်းခက် ဆိုလည်ခက်၏"



ကမ်းလက်







Copyright © 2012 ကမ်းလက်. All rights reserved.

ပြောရေးဆိုခွင့်


တစ်ညနေမှာ မတ်ရဲ့အဖေက မတ်ကိုကျောင်းလာကြိုတယ်။ကျောင်း
ကပွဲအတွက် မတ် အရွေးချယ်ခံရတယ်ဆိုတာသိတဲ့ သူ့ဖေဖေက
"သား ဘယ်အခန်းကနေ ပါဝင်ကပြခဲ့ရသလဲ"
"အိမ်ထောင်သက် အနှစ် နှစ်ဆယ်ရှိတဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့ သရုပ်ဆောင်ခဲ့ရပါတယ်"
"ကောင်းပါလေကွယ်၊နောက်တစ်ခါဆိုရင် သားကို စကားပြောရတဲ့အခန်းမှာ ထည့်ပေးကြမှာပါ။"



ကမ်းလက်
 







Copyright © 2012 ကမ်းလက်. All rights reserved.

D.I.Y

"အတ္တာဟိ အတ္တနော နာထော"
"မိမိကိုယ်သာ ကိုးကွယ်ရာ"
"One relies on oneself "

တော်တော်လူကြိုက်များတဲ့ဒေသနာတစ်ခုဖြစ်ပြီး 
မကြာမကြာလည်းကိုးကားတတ်ကြတယ်။

ခက်တာက အရေးအကြီးဆုံးဖြစ်တဲ့အပိုဒ်ကို ချန်ချန်ထားတတ်ကြတယ်။
"အတ္တနာဟိ သုဒန္တေန "
"မိမိကိုယ်ကို ထိမ်းသိမ်းလေ့ကျင့်ပေးခြင်းအားဖြင့် "
"By disciplining oneself "

ကိုယ့်ကိုယ်ကို မထိန်းကြောင်းရသေးလျှင် ကိုယ့်ကိုယ်ကို  မှီခိုဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။
ဒီဝါကျကို မကိုးကားမိတော့ ဗုဒ္ဓဘာသာက လေလုံးထွားသလို ဖြစ်နေတတ်ပါတယ်။

ဒေသနာတွေကိုကြည့်ရင် မိမိကိုယ်ကို ထိန်းသိမ်းလေ့ကျင့်ပေးခြင်းဟာ အချက်အချာအကျဆုံးဆိုတာတွေ့ရပါလိမ့်မယ်။











Copyright © 2011 ကမ်းလက်. All rights reserved.

ကျနော့် အမြင် (Bertrand Russel)

"ပညာအားဖြင့်ဖြစ်စေ ကိုယ်ကျင့်တရားအားဖြင့်ဖြစ်စေ
သမိုင်းအရ တစ်ချို့လူတွေမြင်နေကြသလို
ဂျီးဇက်ခရိုက်ဟာ သိပ်အမြင့်ကြီးမှာရှိတယ်လို့ မထင်မိဘူး။

 ပညာနဲ့ သီလ အကြောင်းပြောရင်
ဗုဒ္ဓ ကို ဂျီးဇက်ခရိုက်ရဲ့ အထက်မှာ ကျနော်တော့ထားမိမယ်"

"I can not myself feel that either in the matter of wisdom
or in the matter of virtue Christ stands quite as high as
some other people know to history.

I think I should put Buddha above him in those respects."
(Bertrand Russel, Why I am not a Christian.)






Copyright © 2011 ကမ်းလက်. All rights reserved.

နှိုင်းယှဉ်ကြည့်ခြင်း

 "ဘာသာတရားတွေကို နှိုင်းယှဉ်ကြည့်နေရတဲ့ကျောင်းသားတစ်ယောက်အနေနဲ့
ဗုဒ္ဓဘာသာဟာ ကမ္ဘာမှာရှိတဲ့ ဘာသာတရားတွေထဲမှာ အပြည့်စုံဆုံးဘာသာလို့ထင်တယ်။

ဗုဒ္ဓရဲ့အတွေးအခေါ်၊အီဗိုလူးရှင်းသီအိုရီ နဲ့ ကံ ကံ၏အကျိုးဆက်စပ်ပြဆိုမှုတွေမှာ
အခြားခေတ်ပြိုင်ဘာသာတွေထက် အပြတ်အသတ် သာနေတယ်။"

"As a student of comparative religions,I believe that
Buddhism is the most perfect one the world has ever seen.

The philosophy of the Buddha,the theory of revolution and
the law of kamma were far superior to any other creed."
(Prof.Karl Gustay Jung,a leading psychologist)







Copyright © 2011 ကမ်းလက်. All rights reserved.

ဥုံ မဏိ ပဒ်မေ ဟုမ်( Om mani Padme Hum)

ဥုံ မဏိ ပဒ်မေ ဟုမ် ဆိုတာ သက္ကဋစကားဖြစ်ပြီး
မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ကရုဏာကုကိုယ်စားပြုတဲ့
အဝလောကိတစွာရ ကို ဆုတောင်းအရိုအသေပြုတဲ့ စကားပါ။

ဒီစကားက ခရစ်ယန်တွေရဲ့ "Praise the Lord" နဲ့
မွတ်စလင်တွေရဲ့ " God is Great!" နဲ့ ဆင်ဆင်တူပါတယ်။

ဒီစကားကို သက္ကရစ် လေးရာစုနဲ့ ခွန်နှစ်ရာစု ကြားမှာပေါ်ထွက်ခဲ့တဲ့
Karandavyaha Sutra ထဲမှာ ပထမဆုံးတွေ့ခဲ့ရတာပါ။
ဒါပေမဲ့ ဒီစကားကို သုံးစွဲနေကြတာကတော့ ဒီထက်အများကြီးရှေးကျပါတယ်။

အဲဒီစကားခြောက်လုံးထဲမှာ ဥုံ နဲ့ ဟုမ်က အဓိပ္ပာယ် ထွေထွေထူးထူးမရှိပါဘူး၊
ma ni pad me လေးလုံးက ရတနာရွှေကြာ လို့အဓိပ္ပာယ်ရပါတယ်။
အဝလောကိတစွာရ ကိုညွှန်းဆိုတယ်လို့ ဆိုရင်လည်းရပါတယ်။

ဥုံ မဏိ ပဒ်မေ ဟုမ် ဆိုတာအဝလောကိတစွာရဆီက အကူအညီတောင်းတာ၊
ကရုဏာဂုဏ်ကိုကြည်ညိုတာ၊အနုဿတိပွားများတာ အထိ အဓိပ္ပာယ်ရှိပါတယ်။
A Guide to Buddhism A to Z.



Copyright © 2011 ကမ်းလက်. All rights reserved.

အဖြစ်အပျက်နဲ့ အပျက်အဖြစ်

 "အဖြစ်+အပျက်+အဖြစ်+အပျက်+အဖြစ်+အပျက်+အဖြစ်+အပျက်+"
"သံဝေဂဉာဏ်ရဖို့ဆိုရင် အဖြစ်+အပျက် ကိုရှုရတယ်။
လောကီကြီးပွားဖို့ဆိုရင်အပျက်+အဖြစ် ကိုလည်းရှုရတယ်၊
ဒါမှအပျက်ကိုမမှုတော့တာ။

ပျက်ပါစေပေါ့၊
ပျက်ပြီးရပ်နေတာမှမဟုတ်တာ၊
ဖြစ်ဖို့ပျက်ပေးရတာ။

ဘုန်းကြီးတို့ မလေးရှားမှာမနေရတော့ အမေရိကကိုရောက်သွားရော။
အမေရိကကိုရောက်ဖို့ကို မလေးရှားမှာနေလို့မရတော့တာ။
အဖြစ်နဲ့အပျက်ပဲရှုရင် ၅၀ ရာခိုင်နှုန်းပဲမှန်တယ်၊
အပျက်အဖြစ်ပါရှုမှ ရာနှုန်းပြည့်တယ်။"

(မဟာသန္တိသုခကျောင်းတော်ကြီးနှင့်ပတ်သက်၍ပေးခဲ့သော ပီနန်ဆရာတော်ကြီး၏ဩဝါဒမှ)





Copyright © 2011 ကမ်းလက်. All rights reserved.

အမျိုးသားရေးစိတ်ဓာတ်(Nationalism)


 အမျိုးသားရေးဝါဒအကြောင်းကိုပြောလျှင် ဘုရားရှင်မှာပင် လူမျိုးရေးစိတ်ဓာတ်ရှိသည်ဟု ဆိုနိုင်ပေသည်။ သာကိယ(သို့)သကျဟု ဘုရားရှင်မကြာမကြာသုံးစွဲတတ်သည်။သာကိယ(သို့)သကျဟူသည် လူမျိုးရေးအမည်ဖြစ်၏။
နည်းများမဟူ လူတိုင်း၌ အမျိုးသားရေးစိတ်ဓာတ်ရှိတတ်၏၊ဒေသစွဲစိတ်ဓာတ်ရှိတတ်၏။ မွေးဖွားကြီးပြင်းရာ ဝန်းကြင်၊ကျင့်သုံးသည့်ဓလေ့စရိုက်၊စားဖူးသည့် အစားအသောက်တို့သည်မေလျော့ပစ်ရန်ခက်ခဲပြီး မြတ်နိုးဖွယ်လည်းဖြစ်တတ်၏။

အမျိုးသားရေးစိတ်ဓာတ် ဟူသည် နားလည်၍ရပြီး ဂုဏ်ယူစရာတစ်ခု လည်းဖြစ်သည်။
သို့သော် ထိုအမျိုးသားရေးစိတ်ဓာတ်လွန်ကဲနေလျှင်မလိုလားအပ်သော လူမျိုးရေးပြသနာများ ဖြစ်ပွားစေနိုင်ပြန်၏၊အခြားလူမျိုးများကို အထင်အမြင်သေးခြင်းလည်းဖြစ်ပွားစေနိုင်ပြန်၏။
ထို့အပြင် အစွန်းရောက် အမျိုးသားရေးဝါဒသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ အပြည်ပြည်ဆိုင်ရာ ဝင်ဆန့်ရေးတို့အတွက် ကြီးမားသောအဟန့်အတားဖြစ်စေနိုင်သည်။

ဂလိုဘယ်ဆန်လာသောကမ္ဘာ၌ ပြည်တွင်းအားတစ်ခုတည်းဖြင့် မလုံလောက်တတ်၊လုံလောက်သည်ဆိုစေ တိုးတက်မှုနှေးကွေးတတ်၏။ ဗုဒ္ဓအဆုံးအမအနေဖြင့်ကား ဤကိစ္စသည် အရေးမပါလှပေ။

လူတစ်ယောက်သည် ယခုဘဝ ဤနိုင်ငံ၍မွေးသော်လည်း နောက်ဘဝ အခြားနိုင်ငံ၍မွေးဖွားနိုင်ပြန်သည်။
(A guide to Buddhism.A to Z ၏ Nationalism ကိုမှီးသည်။)




































Copyright © 2011 ကမ်းလက်. All rights reserved.

ကလေး လေးသိန်းအဖေ ဂျက်ကို(Jocko) သေဆုံး


ကမ္ဘာတစ်ဝှမ်းလုံးရှိ နို့၊ နို့ထွက်ပစ္စည်းများနှင့်ပတ်သက်နေသော အသိုင်းအဝိုင်းကြီးတစ်ခုလုံး ဂျက်ကို ခေါ်သည့်စပ်နွားကြီးသေဆုံးမှုနှင့်ပတ်သက်၍ ဝမ်းနည်းတကြီးဖြစ်နေကြရသည်။ အသက်ကြီး၍သဘာဝအရသေဆုံးခြင်းဖြစ်ပြီး သူနှင့်သားဖောက်ခဲ့သော နို့စားနွားပေါင်း လေးသိန်းခန့်ရှိသည်ဟုဆိုသည်။ သက်တန်း ၁၇ နှစ်အတွင်း ပြင်သစ်နှင့် ကမ္ဘာတစ်ဝှမ်းလုံးသို့
သုက်သွေးပေါင်း ၁.၇ မီလျံလှူဒါန်းခဲ့ပြီး သူ၏မျိုးဆက်မှာ အဖြူအမည်း စပ်ကြားနို့စားအမျိုးဖြစ်သည်။
Prim'Holstein ဟုခေါ်သည်။

ကမ္ဘာ၌ တတိယအများဆုးံအသုံးပြုခဲ့သောမျိုးဆက်ဖြစ်သည်ဟု  Creavia ကဆိုသည်။
ယင်းတို့အဆိုအရ ဂျက်ကို၌မျိုးဆက်သစ်ပါင်း သုံးသိန်းမှလေးသိန်းအထိရှိနိုင်သည်ဟုဆိုသည်။ သို့သော်တရားဝင်အထောက်အထားများအရ ၁၆၁,၈၈၈ မျှသာဖြစ်သည်။ အကြောင်းကား အချို့နိုင်ငံများ၌ တရားဝင်မှတ်တမ်းများမရှိခြင်းကြောင့်ဖြစ်၏။

"ပြင်သစ် တစ်နိုင်ငံထဲမှာပဲ ၂၃,၃၇၀ သော နွားခြံတွေဆီသူ့မျိုးဆက် နို့စားနွားမတွေဖြန့်ဝေနိုင်ခဲ့ပါတယ်။"
လို့ Creavia ကဆိုပြန်ပါတယ်။ အရေအတွက်ထဲမါဝင်သော နွားသိုးများ များစွာရှိနေသေးသည်။
ဂျက်ကိုက သူ့သခင်အတွက် ပေါင်ငွေ ၁၅ သန်းရှာဖွေပေးနိုင်ခဲ့သည်။
ဂျက်ကိုသည် ၁၉၉၄ ခုတွင်မွေးဖွာပြီး သူ့ကို Gikdas Fertil ကုမ္ပဏီကပိုင်ဆိုင်သည်။ မနှစ်ကမှအနားယူခဲ့သည်။ တိရစ္ဆာန်တစ်ကောင်ကို ထိုသို့အနားပေးခြင်းကလည်း သူ့ကိုရှားရှားပါးပါးဂုဏ်ပြုခြင်းဖြစ်ကြောင်းသိရသည်။

ထိုထက်ထူးခြားသောဂုဏ်ပြုခြင်းမှာ သူ့အသားကို မရောင်းချဘဲ ပြင်သစ်နိုင်ငံ
သဘာဝအမျိုးသားပြတိုက်၌ ထားရှိပြီး ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

REUTERS,AGENCE FRANCE-PRESSE.
Slice of life,The Straits Times. Mar 16,2012.
Original Story >> Cows worldwide to mourn superstud Jocko the bull












Copyright © 2011 ကမ်းလက်. All rights reserved.

_/\_ သဲပုံစေတီ၊ (Stupa or Pagoda) _/\_


Stupa  သည် သက္ကဋဘာသာမှဆင်းသက်လာသောစကားဖြစ်သည်၊
ပါဠိဘာသာ၌ ထူပ( Htupa)ဟုလာရှိသည်။ အစုအပုံဟုအဓိပ္ပာယ်ရလေသည်။
အကြီးမာဆုံး Stupa ကား အေဒီလေးရာစုက သီရိလင်္ကာနိုင်ငံ မဟာသေနဘုရင်
တည်တားကိုးကွယ်ခဲ့သော ဇေတဝန စတူးပ(JetavanaStupa ) ဖြစ်သည်။
ထို Stupa တည်ရာ၌အုတ်ချပ်ရေပေါင်း ၆၂၀ မီလျံ၊အလေးချိန် ၆၅၇,၀၀၀ တန်ရှိသည်ဟုဆိုကြသည်။

Pagoda    ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ Templeများကို Pagoda ဟုဖော်ပြကြသည်။
အမှန်မူ Stupa နှင့် Pagoda တို့ကြား အဓိပ္ပာယ် ခြားနားမှုသိပ်မရှိပေ။
အံဩဖွယ်ကောင်သည်မှာ Pagoda ဟူသောအမည်သည် ဗုဒ္ဓဘာသာကျင့်သုံးသောနိုင်ငံများ၏ ဘာသာစကားနှင့်လုံးဝဝေးကွာနေခြင်းဖြစ်သည်။ Pagoda ဟူသောအမည်သည်
ပါရှန်းဘာသာမှဆင်းသက်သော ပေါ်တူဂီစကား Butkadahဖြစ်ပြီး အဓိပ္ပာယ်မှာ
"Idol house" ရုပ်တုထားရာအရပ် ဟုဖြစ်လေသည်။

The Stupa,A.H.Longhurst,1997. 






Copyright © 2011 ကမ်းလက်. All rights reserved.

◎ အစမထင်သံသရာ ◎

ဒီကမ္ဘာကြီးရဲ့အစ  ရှိကိုရှိရမယ်လို့
စဉ်းစာစရာကို အကြောင်းမရှိဘူး၊

အရာခပ်သိမ်းတိုင်း
အစ ရှိနေမယ်ဆိုတဲ့ အယူအဆဟာ
ဆင်ခြင်မှုချို့တဲ့ရာကနေ ဖြစ်လာတာပဲ။  ။

"There is no reason to suppose that the world had a beginning at all.
The idea that things must have a beginning is due to the poverty of our imagination."
~ Bertrand Russell (Why I'm not a Christian) ~








Copyright © 2011 ကမ်းလက်. All rights reserved.

လူနဲ့မြွေ

မြွေဆိပ်ဖြေဆေး လူကိုလှူရင် လူဆိပ်ဖြေဆေးမြွေကိုလှူရအုံးမလား၊ မသိဘူး။
မြွေကိုအိပ်မက်မက်ရင် ငွေဝင်သတဲ့ ၊ မက်ရက်နဲ့ မဝင်ရင် ဘယ်သူ့ဆီသွားတောင်းရမလဲ၊ မသိဘူး။
လင်းမြွေက လူကိုက်တော့ လူဘာမှမဖြစ်ဘူး၊ နွားကိုကိုက်ရင် တုံးကနဲသေတတ်တယ်။
နွားက လင်းမြွေဟာ မြွေဆိုးတဲ့။

ဗုဒ္ဓစာပေက မြွေဆိုးလေးကောင်အကြောင်း ထပ်ရှင်းတော့ ဓာတ်လေးပါးဖောက်ပြန်မှုက မြွေလေးကောင် အဆိပ်သင့်ခြင်းနဲ့တူသတဲ့။ မြွေကိုက်တဲ့လူ ဆေးမမီရင်သေတယ်၊ လူကိုကိုက်တဲ့မြွေရဲ့ အလောင်းလည်း သိပ်ဝေးဝေး ရှာစရာမလိုပဲ တွေ့ရတတ်တယ်။

ရဟန်းတစ်ပါးက မြွေသားမစားကောင်းပေမဲ့ မြွေဆိပ်သင့်သူကို ကူညီတာတော့ဝိနည်းလွတ်ကောင်းထင်ပါရဲ့။
ဒီစကားစုနဲ့ အညာသိအန်ကယ်၊ ကိုသောင်းတန် တို့အဖွဲ့သားတွေရဲ့ အားထုတ်မူတွေကို အမြတ်တနိုးဂုဏ်ပြုမိပါတယ်။








Copyright © 2011 ကမ်းလက်. All rights reserved.

ကွန်ဖလစ်

၁၉၈၆ခု အမေရိကန် အက်ဖ် ဘီ အိုင် ရဲ့အစီရင်ခံစာအရ ၂၈ မိနစ်မှာ လူတစ်ယောက် အသတ်ခံနေရသတဲ့။
မနှစ်က ကုလသမဂ္ဂ အစီရင် ခံစာတမ်းမှာတော့ ဒီနှုံးထားက ခေါက်ချိုးတက်သ္ပားပြီ တဲ့။
a) Micro conflicts
b) Macro conflicts
လူနည်းစု ကြားမှာ ပြဿနာဖြစ်ပ္ပားမှူကို Micro conflicts လို့ခေါ်ပြီး
အစိုးရ အဆင့်နိုင်ငံတော် အဆင့်ဖြစ်နေတဲ့ ပြဿနာတ္ပေကိုတော့ Macro conflicts လို့ ခေါ်ရင် ရပါတယ်။

ဒါကိုပဲ
Inter-nation conflicts
International conflicts လို့ ခေါ်နိုင်ပါတယ်။


















Copyright © 2011 ကမ်းလက်. All rights reserved.

❀အာ့တ်၊ အနုပညာ❀

ဘိက္ခု ဘိက္ခူနီတ္ပေ ကျောင်းကိုမြေမှုန့်လိမ်းကျံပြီး တန်ဆာဆင်တာ၊ ပန်းစသည်တို့နဲ့
တန်ဆာဆင်တာတ္ပေကို ခ္ပင့်ပြုတော်မူတာကြည့်ရင် ဘုရားရှင်ဟာ အနုပညာကို
တန်ဖိုးထားတယ်ဆိုတာ သိသာထင်ရှားပါတယ်။

ဗုဒ္ဓဘာသာပြန့်နှံ့ ခဲ့တာကကို ပန်ချီ၊ ပန်းပု၊ ကဗျာ၊ပြဇာတ်၊
အနည်းငယ်သော ဂီတတ္ပေကို အမှီပြုပြီး ပျံ့နှံ့ခဲ့တာပါ။
ဒါကို ငြင်းလို့မရပါဘူး။












Copyright © 2011 ကမ်းလက်. All rights reserved.

အပေါ့စတေစီ၊ ဘာသာကူးပြောင်းခြင်း

 
မိမိဘာသာကို စ္ပန့်လွှတ်သ္ပားတဲ့အတ္ပက် ပစ်ဒဏ်ပေးရမယ်၊
ငရဲရောက်သ္ပားလိမ့်မယ်လို့ ဘုရားရှင် ဘယ်တုန်းကမှ မမိန့်ခဲ့ဖူးပါဘူး။

ဘာသာကူးပြောင်းသ္ပားလို့ တရားစွဲအရေးယူတာမျိုးတ္ပေ
ဘယ် ဗုဒ္ဓဘာသာနိုင်ငံမှာမှ မရှိပါဘူး။




Copyright © 2011 ကမ်းလက်. All rights reserved.

အဲနီးမဲလ်၊တိရစ္ဆာန်

 
ကမ္ဘာမှာရှိတဲ့ ဘာသာတရား အများစုက လူသားအချင်းချင်း ချစ်ခင်ရိုင်းပင်းမှုအကြောင်းပြောနေချိန်မှာ ဗုဒ္ဓဘာသာကတော့ မေတ္တာတရားကို စကြဝဠာ အဆုံးအထိ ချဲ့ဖြန့်လိုက်ပါတယ်။

ဗုဒ္ဓါစရိတ ကတော့ တရစ္ဆာန်တ္ပေအပေါ် သနားကြင်နာမှုဟာ အစစ်မှန်ဆုံး ဘာသာတရားပါ တဲ့။
တိရစ္ဆာန်တ္ပေအပေါ် ညှာတာထောက်ထားကြဖို့ ပထမဆုံး ဥပဒေ ရေးဆ္ပဲခဲ့တာဟာ ဘီစီ သုံးရာစုက ဗုဒ္ဓဘာသာမင်းတစ်ပါး ဖြစ်တဲ့ အသောက မင်းမြတ်ပါပဲ။








Copyright © 2011 ကမ်းလက်. All rights reserved.