ကလေး လေးသိန်းအဖေ ဂျက်ကို(Jocko) သေဆုံး


ကမ္ဘာတစ်ဝှမ်းလုံးရှိ နို့၊ နို့ထွက်ပစ္စည်းများနှင့်ပတ်သက်နေသော အသိုင်းအဝိုင်းကြီးတစ်ခုလုံး ဂျက်ကို ခေါ်သည့်စပ်နွားကြီးသေဆုံးမှုနှင့်ပတ်သက်၍ ဝမ်းနည်းတကြီးဖြစ်နေကြရသည်။ အသက်ကြီး၍သဘာဝအရသေဆုံးခြင်းဖြစ်ပြီး သူနှင့်သားဖောက်ခဲ့သော နို့စားနွားပေါင်း လေးသိန်းခန့်ရှိသည်ဟုဆိုသည်။ သက်တန်း ၁၇ နှစ်အတွင်း ပြင်သစ်နှင့် ကမ္ဘာတစ်ဝှမ်းလုံးသို့
သုက်သွေးပေါင်း ၁.၇ မီလျံလှူဒါန်းခဲ့ပြီး သူ၏မျိုးဆက်မှာ အဖြူအမည်း စပ်ကြားနို့စားအမျိုးဖြစ်သည်။
Prim'Holstein ဟုခေါ်သည်။

ကမ္ဘာ၌ တတိယအများဆုးံအသုံးပြုခဲ့သောမျိုးဆက်ဖြစ်သည်ဟု  Creavia ကဆိုသည်။
ယင်းတို့အဆိုအရ ဂျက်ကို၌မျိုးဆက်သစ်ပါင်း သုံးသိန်းမှလေးသိန်းအထိရှိနိုင်သည်ဟုဆိုသည်။ သို့သော်တရားဝင်အထောက်အထားများအရ ၁၆၁,၈၈၈ မျှသာဖြစ်သည်။ အကြောင်းကား အချို့နိုင်ငံများ၌ တရားဝင်မှတ်တမ်းများမရှိခြင်းကြောင့်ဖြစ်၏။

"ပြင်သစ် တစ်နိုင်ငံထဲမှာပဲ ၂၃,၃၇၀ သော နွားခြံတွေဆီသူ့မျိုးဆက် နို့စားနွားမတွေဖြန့်ဝေနိုင်ခဲ့ပါတယ်။"
လို့ Creavia ကဆိုပြန်ပါတယ်။ အရေအတွက်ထဲမါဝင်သော နွားသိုးများ များစွာရှိနေသေးသည်။
ဂျက်ကိုက သူ့သခင်အတွက် ပေါင်ငွေ ၁၅ သန်းရှာဖွေပေးနိုင်ခဲ့သည်။
ဂျက်ကိုသည် ၁၉၉၄ ခုတွင်မွေးဖွာပြီး သူ့ကို Gikdas Fertil ကုမ္ပဏီကပိုင်ဆိုင်သည်။ မနှစ်ကမှအနားယူခဲ့သည်။ တိရစ္ဆာန်တစ်ကောင်ကို ထိုသို့အနားပေးခြင်းကလည်း သူ့ကိုရှားရှားပါးပါးဂုဏ်ပြုခြင်းဖြစ်ကြောင်းသိရသည်။

ထိုထက်ထူးခြားသောဂုဏ်ပြုခြင်းမှာ သူ့အသားကို မရောင်းချဘဲ ပြင်သစ်နိုင်ငံ
သဘာဝအမျိုးသားပြတိုက်၌ ထားရှိပြီး ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

REUTERS,AGENCE FRANCE-PRESSE.
Slice of life,The Straits Times. Mar 16,2012.
Original Story >> Cows worldwide to mourn superstud Jocko the bull












Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment