လူငယ် ။ ။ အဘ ...
အဘ ။ ။ ဟေ ..
လူငယ် ။ ။ လူတွေက မြေနိမ့်ရာ လှံစိုက်တတ်ကြတယ်၊ ဘာကြောင့်လဲဗျ။
အဘ ။ ။ လှံစိုက်ကြတာပါကွာ၊ မြေနိမ့်ရာရယ် ဘာရယ်မဟုတ်ပါဘူး၊
လူလေးက ကုန်းပေါ်မှာစိုက်ထားတဲ့လှံတွေကို မတွေ့ဖူးသေးလို့။
သစ်ပင်ကြီးတွေရဲ့ ပင်စည်တွေထဲလည်း လှံစိုက်ကြပါတယ်။
လူငယ် ။ ။ အဲဒါ ဘာကြောင့်လဲဗျ။
အဘ ။ ။ ကောင်းကင်ပေါ်တက်ပြီးလှံစိုက်မရလို့ဖြစ်မှာပေါ့။
ကျောက်တုံးပေါ်မှာလည်း လှံကစိုက်ထားလို့မရဘူးလေကွယ့်။

Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment