ကြွက်သေတစ်ကောင်နှင့်ခေတ်သစ်စီးပွားရေးမူ(၇)ချက်

 ၁။ (က)ကျွမ်းကျင်ပညာရှင်တို့၏စကားကို မှတ်သားတတ်ခြင်း။
    (ခ)အကျိုးအမြတ်မရှိလှဟု ထင်ရသော်လည်း ရဲရဲဝံ့ဝံ့လုပ်ကိုင်ရဲခြင်း။
ဇာတ်တော်ထဲလာလူငယ်သည် "ဤကြွက်သေကို အရင်းအနှီးပြု၍ စီးပွားရေးလုပ်စားတတ်လျှင် ကောင်းစွာချမ်းသာလိမ့်မည်" ဟူသောဘုရင့် ဘဏ္ဍာတော်ထိမ်း၏ စကားကို မှတ်သားခဲ့သည်။(က)
ထို့နောက် ကြွက်သေကိုကောက်ယူကာ မေးမြန်းစုံစမ်းခြင်းအနည်းငယ်ပြုက ကြောင်စာကျွေးသူများထံ တစ်ပြားဖြင့် ရောင်းပြီး သူ့စီးပွားရေးကိုစတင်ခဲ့သည်။(ခ)




၂။(က) သုံးသပ်ဆင်ခြင်မှု၌ ပါးနပ်ခြင်း။
    (ခ)  အရှုံးခံရင်းနှီးမှုကိုပြုလုပ်ပြီး ဆားဗစ်တန်ဖိုးကို မြှင့်တင်ခြင်း။
ကြွက်သေရောင်း၍ရသော တစ်သပြာသောငွေဖြင့် အိုးတစ်လုံးကိုဝယ်ယူခဲ့သည်။ အိုးကိုရေဖြည့်ပြီး ပန်းခူးရာမှ မောမောပန်းပန်းပြန်လာကြသောပန်းခူးသမားတို့ကို အေးချမ်းသောရေဖြင့် ဧည့်ဝတ်ပြုခဲ့သည်။(က)
ပန်းခူးသမားတို့က ကျေးဇူးဆပ်သ့်အနေဖြင့် သူ့ကိုပန်းများပြန်ပေးကြသည်။ ထိုပန်းများကိုပြန်ရောင်းပြီး ရှစ်ဆပိုသောဝင်ငွေကို ထပ်ရှာခဲ့ပြန်သည်။(ခ)




၃။(က) အခြားသူများက ပြဿနာထင်နေသော အခြေအနေကို အခွင့်အရေးတစ်ခုဟု သုံးသပ်နိုင်ခြင်း။
    (ခ) သူတစ်ပါးတို့ကို့ စည်းရုံးသိမ်းသွင်းနိုင်ခြင်း။


လေပြင်းမုန်တိုင်းကျသောနေ့ မင်းဥယျာဉ်ထဲ၌ အမှိုက်များဖြင့်ရှုပ်ပွနေ၏။ ဤသတင်းကိုကြားရပြီး အမှိုက်ရှင်းခြင်းကို သူလုပ်ပေးမည်ဟု မင်းဥယျာဉ်စောင့်ထံသွားပြီး ကန်ထရိုက်ယူခဲ့သည်။        
အမှိုက်ရှင်းခြင်းအတွက် ခေါင်းကိုက်နေသောမင်းဥယျာဉ်စောင့်က သဘောတူခဲ့သည်။(က)
ဆော့ကစားပြီး ရေငတ်နေသော ကလေးများထံသွားကာ အမှိုက်ရှင်းပေးပါက ရေအဝ တိုက်မည်ဟု ကလေးများကိုစည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။(ခ)





၎။ (က) ဆိုရှယ် Network ကို အသုံးချနိုင်ခြင်း။
    (ခ) ရိုးသားမှုကိုအခြေခံပြီး အတွင်းသတင်းအချက်အလက်များကိုစုစောင်းနိုင်ခြင်း။
သူ့မှာရှိသောငွေတစ်ချို့ဖြင့်ရေအိုးကြီးတစ်လုံးနှင့် ရေအိုးငယ်များစွာတို့ကို ဝယ်ယူခဲ့ပြီး မြက်ရိတ်သမားတို့အပြန်လမ်းမြို့တံခါးဝ၌စောင့်ကာ သူတို့ကို ရေ အလကားတိုက်သည်။ မြက်ရိတ်သမားတို့က ဘာပြန်ပေးရမလဲ မေးသောအခါ လိုအပ်မှပြောမည်ဟု ဆိုခဲ့သည်။(က)
ထိုအတွင်း ခရီးသွားကုန်သည်၊ ပင်လယ်ရေကြောင်းကုန်သည်တို့နှင့် မိတ်ဆွေဖွဲ့ခဲ့သည်။ မြင်းငါးရာနှင့်ကုန်သည်တစ်စု ဤမြို့သို့ ရောက်လာကြိမ့်မည်ဟူသောသတင်း ရရှိခဲ့သည်။(ခ)


၅။မားကက်တင်း Manipulate လုပ်နိုင်ခြင်း(ဤခေတ်၌ အက်သစ်ကယ်မဖြစ်ဟု ဆိုကြသည်)
ထိုသတင်းကို အလျင်ဦးစွာရယူပြီး မြက်ရိတ်သမားများထံမှမြက်ထုံး တစ်ထုံးစီတောင်းယူခဲ့ပြီး သူ မရောင်းရသေးသမျှမည့်သူ့ကိုမှ မြက်မရောင်းရန် ပြောဆိုခဲ့သည်။
မြင်းကုန်သည်များ ရောက်လာပြီး ဘယ်မှာမှ မြက်ဝယ်မရသောအခါ ထိုလူငယ်ထံမှ မြက်များကို ဈေးကြီးကြီးပေးဝယ်၍ မြင်းစာကျွေးခဲ့ကြရသည်။



၆။(က) ယုံကြည်မှုရှိသူဖြစ်သည်နှင့်အညီ စီပွားရေးသဘောတရား ကောင်းကောင်းနာလည်သူ ဟူသော သူ့ အင်းမေ့ဂ်ျ ကိုလူထုထံရောက်စေပြီး လူထုယုံကြည်မှုကိုရအောင်ယူနိုင်ခြင်း။
    (ခ) သေသေချာချာ တွက်ချက်ပြီး အရင်းအနှီးကြီးကြီးရင်းကာ အရဲ စွန့်ရဲခြင်း။
ရက်အနည်းကြာသောအခါ ပင်လယ်ကူးသင်္ဘောတစ်စီး ဆိပ်ကမ်းကပ်လာမည်ဖြစ်ကြောင်း ခရီးသွားကုန်သည်ထံမှရရှိသည်။ ထို့နောက် အကောင်းစားမြင်းရထားတစ်စီးကို ငှားယူကာ စတိုင်ကျကျဝတ်စားပြီး(က)
ကာဂိုတစ်ခုလုံး အကြွေးဖြင့် ခပ်တည်တည်ဖြင့်ဝယ်ယူလိုက်သည်။(ခ)




၇။ ထို့နောက် ဆိပ်ကမ်း၌ ကြီးမားသော ရွက်ဖျင်တဲထိုးကာ အလုပ်သမာများစွာကိုခန့်ထားပြီး တစ်စုံတစ်ယောက်က သူ့ကိုတွေ့လိုပါက လမ်းပြသုံးယောက်ကပြပေးမှသာ သူ့ကိုတွေ့နိုင်ကြောင်းမှာကြားထားလိုက်သည်။ သင်္ဘောဆိုက်ကပ်၍ မြို့နေကုန်သည်များ ဆိပ်ကမ်းသို့ရောက်သောအခါ ကာဂိုတစ်ခုလုံး လူငယ်တစ်ယောက်ကဝယ်ယူလိုက်ပြီဖြစ်ကြောင်း ကြားသိကြရသည်။ ကုန်သည်များ တစ်ယောက်ပြီးတစ်ယောက် လူငယ်ထံသွားကာ ရှယ်ယာများ ဝယ်ယူကြသည်။






နောက်ဆုံးလူငယ်လေးသည် ကုန်သည်ကြီး သမီးနှင့် လက်ဆက်ကာ ဘဝသက်ဆုံးပျော်ရွှင်စွာ နေထိုင်သွားလေတော့သည်။    ။


မူရင်းကျောရိုးက အေ တူဇက်ထဲကယူထားတာပါ။  တော်တော်လေးစိတ်ဝင်စီစစ်ထားရှာတာပါ။ စားစရာကောင်းအောင်  ကြွက်သေတစ်ခုအရင်းပြုဆိုတဲ့စကားပုံလေးကို တော်တော်ကြီးသည်အထိ ဘုရားဟောလို့ မထင်ခဲ့မိဘူး။ ဘာပဲဖြစ်ဖြစ် ဆရာတော် ဦးဓမ္မိက ချယ်သမှုကြောင့် ကြွက်သေလေး ပိုပြီးအဖိုးတန်လာသလိုဖြစ်သွားတာကိုတော့ ရိုးသား ရိုကျိုးစွာ ဝန်ခံရမှာပါ။ စီးပွားရေးပညာရှင်တွေနဲ့ စီးပွားရှာရဦးမဲ့သူတွေ ဖတ်ကြည့်သင့်ပါတယ်။




ဇင်ဝေသော်












Copyright © 2011 ကမ်းလက်. All rights reserved.

Post a Comment