ညီမလေး….
ရေ
ရှေးတုန်းက
(တကယ့်ကိုရှေးတုန်းက) သမ္မ္မတကြီးက
ပရောဖက်ဆာကြီးကို ဆုချမယ်၊ ဘာဆုယူမလည်းလို့မေးသတဲ့။ ဒါနဲ့ မယားကြောက်ရတဲ့
ပရော်ဖက်ဆာကြီးက အိမ်ပြန် တိုင်ပင်ပါရစေဦးခင်ဗျာလို့ ပြောသတဲ့။
အိမ်ပြန်ရောက်လို့
သူ့မိန်းမကို ဘာလိုချင်သလဲ လို့မေးတော့ ရှင်ကရော ဘာလိုချင်နေလို့လဲလို့
သူ့ကိုပြန်မေးသတဲ့။
ဒါနဲ့
ပုဏ္ဏားကြီးက
"
ငါကတော့ စူပါမားကတ်ကြီး တစ်ခုလိုချင်တယ်" တဲ့။
ဒါနဲ့သားကိုမေးတော့
" ဘရန်းနယူး ပိုရှေးတစ်စီး" လို့ဖြေသတဲ့။
ချွေးမကိုမေးပြန်တော့
" ကျွန်မကတော့ ပြင်သစ်ထုတ်ပဲ တင်တဲ့ဖက်ရှင်စတိုး
" ကိုတောင်းဆိုသတဲ့။
" ကျွန်မဖြင့် ဝေါရှင်း မက်ရှင်း ရရင်တော်ပါပြီ
" လို့ဆိုသတဲ့။
အဲသလို မတူတဲ့ အလိုတွေကို သမ္မတကြီးထံတင်ပြတော့
သမ္မတကြီးကပြုံးသတဲ့။ ပြုံးစရာကောင်းတဲ့အထဲမှာ ဝေါရှင်းမက်ရှင်းက ပြုံးစရာ
အကောင်းဆုံးဖြစ်နေသတဲ့။
လူဆိုတာ ကိုယ်လိုရာကို တောင်းကြတာပဲပေါ့ကွယ်။
ဒါပေမယ့် တကယ်ဇာတ်တော်ထဲမှာတော့ (ဘုရားဟောထဲမှာတော့)
ပုဏ္ဏားပရော်ဖက်ဆာကြီးက ရွာစားဆု
ပုဏ္ဏားကတော်က နို့စားနွားမတစ်ရာ
သားကတော့ အာဇာနည်မြင်း ကတဲ့ရထားကြီး
ချွေးမကတော့ ပတ္တမြားနားတောင်း
ခုဇ္ဇာဆိုတဲ့ ကျွန်မကတော့ ငရုတ်ဆုံ တဲ့ကွဲ့။
ညီမလေး နားရှုပ်မှာစိုးလို့ နည်းနည်း အက်ဒစ်လုပ်လိုက်တာ။
တကယ်လည်း ကိုယ်ကြိုက်တာ ကိုယ်ကြိုက်ဖို့၊ ကိုယ်လိုတာကိုပဲ သိဖို့က အရေးကြီးတာပဲ မဟုတ်လား။
ဆယ်လူလာဖုန်းယူ၊ ပါဂျဲရိုးကားကို ကိုယ်တိုင်မောင်း၊
အဲကွန်းတပ်ထားတဲ့ တောအုပ်ထဲက ကျောင်းဆီ စားစရာတွေအပြည့်ထည့်ပြီး တောထွက်ပြီလို့
တီဗွီကတော့ မကြေညာလိုက်ပါနဲ့ကွယ်။
ဇင်ဝေသော်
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment