လူ့ပြည်မှာရှိနေတဲ့ သံသယနဲ့ ပတ်သက်ပြီး အငြင်းပွားစရာရှိနေလို့ကာယကံရှင်ဖြစ်တဲ့ ပဉ္စသီခနဲ့ တွေ့မေးမှပဲ ကိစ္စပြတ်တော့မယ်ဆိုပြီး အင်တာဗျူးခွင့် ရက်ချိန်းယူခဲ့ပါတယ်။ သူကလည်းတာဝတိံသာမှာ ဟော့(တ်)နေတဲ့ စောင်းသမားဆိုတော့ တော်တော်လေးစိတ်ရှည်ရှည် စောင့်ခဲ့ရပါတယ်။
ဆိုပါတော့ ။ ဒါကကျနော်သူ့ကို ဗျူးခဲ့တာတွေပါ။
ဦးကိုမောင်။ ။ စောင်းဆရာကြီး - အားလုံး
အိုကေပဲ မဟုတ်လား ။
ပဉ္စသီခ ။ ။ ပွဲဆက်များတာကလွဲလို့ အိုကေပါတယ်ဗျာ ။
ဒါနဲ့ ခင်ဗျားက -
ဦး ။ ။ ကျနော်က ဦးကိုမောင်ပါ။ ဆရာကြီးရဲ့ နာမည်ကတော့
လူ့ပြည်မှာတောင် ဟိုးလေးတကြော်ပဲဗျို့။
ပဉ္စ ။ ။ ရတနာသုံးပါးရဲ့ကျေးဇူး ၊ ဘသိကြားရဲ့ကျေးဇူးကြောင့်ပါဗျာ
။
ဦး ။ ။ ဒါနဲ့ သူရိယ၀စ္စသာရော ကျန်းမာရဲ့မဟုတ်လား။
ပဉ္စ ။ ။ ကျန်းမာပါ့ဗျာ။ ကျေးဇူးပါပဲ။ ဒါနဲ့ ခင်ဗျားမေးချင်တယ်ဆိုတာက
… ။ စိတ်မရှိပါနဲ့ဗျာ ။
ပွဲဆက်များနေလို့
မြန်မြန်လေး ။
ဦး ။ ။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ခါနီးမှာ ခင်ဗျား
စောင်းကြိုးညှိခဲ့တယ်ဆိုတာ မှန်ပါသလား။
ပဉ္စ ။ ။ မှန်ပါတယ်။ ဒါများ အဆန်းလုပ်လို့ဗျာ။
ခင်ဗျားတို့လူ့ပြည်က ဂစ်တာသမားတွေလည်း
ဂစ်တာမတီးခင်
ကြိုးညှိရတာပဲ မဟုတ်ဘူးလား။ ကျုပ်လည်း စောင်းမတီးခင် စောင်းကြိုးတော့ ညှိရတာပေါ့ဗျာ။
ဦး ။ ။ ခင်ဗျားက သိဒ္ဓတ္ထမင်းသားကို စောင်းကြိုးညှိပြရင်း
လမ်းပြပေးခဲ့တယ်ဆိုတာ မှန်ပါသလား။
ပဉ္စ ။ ။ မဆီမဆိုင်ဗျာ။ ကျုပ်ဘာသာကြိုးညှိတာပါ။
ပြီးတော့ တီးတာပါ။ ကျုပ်လိုစောင်းသမားနတ်က
သိဒ္ဓတ္ထမင်းသားကို
ဘယ်လိုလုပ် ပညာပေးနိုင် လမ်းပြပေးနိုင်မှာလဲဗျာ။ စဉ်းစဉ်းစားစားလည်းလုပ်ကြပါဦး။
ဦး ။ ။ ဒါဆို “လျော့လွန်းတော့ပတ်၊ တင်းလွန်းတော့ပြတ်
“ ဆိုတဲ့ လက်ဆင်ပေးခဲ့တာ မဟုတ်ဘူးပေါ့။
ပဉ္စ ။ ။ အပ်ဗဆိုလုတလီ နိုးပါဗျာ။
ဦး ။ ။ သိဒ္ဓတ္ထမင်းသားကတော့ ခင်ဗျား စောင်းကြိုးညှိတာကိုကြားပြီး
မလျော့မတင်းကျင့်လို့
ဘုရားအဖြစ်ကိုရောက်သွားခဲ့တယ်နော်။
ပဉ္စ ။ ။ သိဒ္ဓတ္ထမင်းသားက အားလုံးပြည့်စုံနေပြီ။
ဘုရားဖြစ်ဖို့ပဲ ကျန်တော့တာဗျ။ ကျုပ်ကတော့ ညှိပြတာ
မဟုတ်ဘူး ။
ဘုရားအလောင်းကြားတာကတော့ ဟုတ်တယ်။ ကျုပ်စောင်းသံမကြားလည်း အခြား တစ်ခုခုကိုကြားပြီး
ဘုရားဖြစ်မှာပဲ။ ပညာရှင်တွေဆိုတာ ရေစီးတာ လေတိုက်တာကို မြင်ပြီးလည်း အသိတွေရတတ်တယ်လေဗျာ။
ပဉ္စ ။ ။ ဒါဆို ခင်ဗျားကို ကျုပ်မေးမယ်။ နယူတန်ဆိုတဲ့လူကြီး
ပန်းသီးကြွေတာကိုကြည့်ပြီး
ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိသွားခဲ့တယ်မဟုတ်လား။
ဦး ။ ။ ဟုတ်ပါတယ်။
ပဉ္စ ။ ။ ဒါဆို ပန်းသီးက နယူတန်ကိုပညာပေးဖို့ သစ်ပင်ပေါ်ကနေ
ကြွေကျလာတာလား။
ဦး ။ ။ ဒီလိုတော့ မဟုတ်ဘူးပေါ့။
ပဉ္စ ။ ။ ဒါဆိုရှင်းရောပေါ့။ ပန်းသီးကနယူတန်ကိုပညာပေးတာမဟုတ်ဘူး။
နယူတန်ကိုယ်တိုင်ကဒါကိုသိတာ။
ပန်းသီးမဟုတ်ပဲ ထန်းသီးဖြစ်လည်းနယူတန်ကတော့ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိမှာပဲ။
ကျုပ်ဖြင့် အံ့ဩလို့မဆုံးဘူးဗျာ။ ကျုပ်ပာဘာသာ စောင်းကြိုးညှိတာကို ။ငရဲတွေကြီးကုန်တော့မှာပဲ…။
ဦး ။ ။ ကျေးဇူးပါပဲဗျာ။ ရှင်းသွားပါပြီ ၊ ခွင့်ပြုပါဦး။
ပဉ္စ ။ ။ ကောင်းပါပြီဗျာ။ နောက်မရှင်းတာရှိလည်း
လာခဲ့ဦးပေါ့။
ကဲ- ဒါပါပဲဗျာ။
ပဉ္စသီခကတော့ ဒီလိုဖြေခဲ့ပါတယ်။ အသံသွင်းခဲ့ပေမယ့် နတ်အသံက ရက်ကော်ဒါထဲမ၀င်၊
ဓါတ်ပုံရိုက်ခဲ့ပေမယ့် ဓါတ်ပုံကလည်း ကင်မရာထဲမ၀င်မို့ သက်သေတော့ မရှိဘူးပေါ့ဗျာ။
ယုံချင်မှသာ
ယုံပါ။
ဦးကိုမောင်
Copyright © 2011 ကမ်းလက်. All rights reserved.
Post a Comment