ရာသီဥတုပူရင် စိတ်တိုလွယ်တယ်

သိပ်မထူးခြားလှပေမဲ့ စိတ်ဝင်စားစရာ သိပ္ပံဆောင်းပါးတစ်ပုဒ်ပါ။ အပူချိန် တက်လာမှုကြောင့် ရာဇဝတ်မှု၊ ပြည်တွင်းမသင့်မမြတ်ဖြစ်မှုတို့အပြင် ရဲ အရာ ရှိတွေရဲ့ ဆုံးဖြတ်ချက်တွေလည်း ပိုပြီးမှားယွင်းတတ်တယ် လို့ ဆိုထား ပါ တယ်။ ဒီ သုတေသနကို ကာလီဖိုးနီးယား တက္ကသိုလ်က ထုတ်ပြန်လိုက် တာပါ။

၁။ အမေရိကမှာ ၅.၄ အပူဒီဂရီ ဖာရင်ဟိုက်တက်လာတိုင်း ရာဇဝတ်မှုက နှစ် ကနေ လေး ရာခိုင်နှုံးအထိ တက်လာတယ်။

၂။ အီကွေတာနဲ့ နီးတဲ့ အာဖရိကနိုင်ငံတွေမှာ အပူဒီဂရီ ဖာရင်ဟိုက် တက် လာတာနဲ့အမျှ အုပ်စုချင်း မသင့်မမြတ်ဖြစ်မှုက ၁၁ ကနေ ၁၄ ရာခိုင်နှုံးအထိ တက်လာတယ်။

၃။ ပိုပြီး ပူပြင်းတဲ့ ရာသီ၊ ပတ်ဝန်းကျင်မှာဆို ရဲ အရာရှိတွေရဲ့ တရားခံကို အသေ ပစ်ခတ်ဖမ်းဆီးမှုက ပိုများလာတယ်။

၎။ အပူလှိုင်းကျရောက်ခြင်း ခံရတဲ့နိုင်ငံတွေမှာ မသင့်မမြတ်ဖြစ်ဖို့၊ ပြည်တွင်း စစ်ဖြစ်ဖို့ ရာခိုင်နှုံးပိုများလာတယ်။

သိပ်မထူးခြားလှဘူးဆိုတာ ဒါပါ။
မြန်မာပြည်ကိုကြည့်ပါ
အပူပိုင်းနိုင်ငံ၊ ရေ ရှားပါးစ ပြုနေပြီ၊
အဲယားကွန်း ဟုတ်တ်ပတ်တိ မရှိ၊ ရှိလည်း မီးမလာ၊
နေစရာအိမ်တွေက ပြွတ်ကျပ်သိပ်။ (အုပ်စုချင်း မသင့်မမြတ်ဖြစ်မှုက ၁၁ ကနေ ၁၄ ရာခိုင်နှုံးအထိ တက်လာလေအုံးမလား????)
ဘုရား ဘုရား

ဒါပေမဲ့ ဒီအဆိုကို အမေရိကန် တက္ကသိုလ်က International Relationship ပရော်ဖက်ဆာ၊ "Winning The War On War" စာအုပ် ပြုစုသူ ကမ္ဘာကျော် စာရေးဆရာကြီး Joshua Goldstein ကတော့ သဘောမတူလှပါဘူး။ ဒီ သုတေသနနဲ့ ရာဇဝတ်မှုတွေ ဆက်စပ်လို့မရဘူး။ အပြုသဘောဆောင်လာ တဲ့ နည်းပညာ၊ လူမှုရေး၊ စီးပွားရေး စတာတွေကြောင့် ရာဇဝတ်မှုဖြစ်ပွားနှုံး ဟာ အတိတ်နဲ့နှိုင်းစာရင် ကျဆင်းလာနေတယ်၊ ဆက်ပြီးလည်း ကျဆင်း လာနိုင် စရာရှိတယ်လို့ ဆိုပါတယ်။

၁၁၁ နှစ် သမိုင်း

လွန်ခဲ့တဲ့ နှစ် (၁၁၁) နှစ်က အမေရိက.... တဲ့

၁။ ပျမ်းမျှလူ့သက်တန်း ၄၇ နှစ်
၂။ ၈ ရာခိုင်နှုံးသောမိသားစုအိမ်မှာသာ တယ်လီဖုန်း ရှိ၊ ဒန်ဗာကနေ နယူးယောက်ခေါ်ရင် သုံးမိနစ် ၁၁ ဒေါ်လာကျ။
၃။ တစ်နိုင်ငံလုံး ကားစီးရေ ၈,၀၀၀ သာရှိပြီး ကားလမ်းကလည်း ၂၃၀ ကီလိုမီတာသာရှိ။
၎။ အမြန်နှုန်းက တစ်နာရီမှာ ၁၆ ကီလိုမီတာသာ မောင်းခွင့်ရှိ။
၅။ သာမန်လူတစ်ယောက်ရဲ့ တစ်နှစ် လုပ်အားခက ဒေါ်လာ ၂၀၀ ကနေ ၄၀၀။
၆။ အရည်အချင်းမီ အကောင်တင့် တစ်ယောက်ရဲ့ တစ်နှစ် လုပ်အားခ က ဒေါ်လာ ၂,၀၀၀၊ သွားဆရာဝန်က ဒေါ်လာ ၂,၅၀၀၊ တိရစ္ဆာန်ဆေးကု ဆရာဝန်က ၁,၅၀၀ ကနေ ၄၀၀၀၊ စက်မှုအင်ဂျင်နီယာက ၅,၀၀၀။
၇။ ၉၅ ရာခိုင်နှုံးမိခင်တွေ ကလေးမီးဖွားကြတာက အိမ်မှာပဲ။ ၉၀ ရာခိုင်နှုံး ဆရာဝန်တွေက တက္ကသိုလ်ဘွဲ့ရတွေ မဟုတ်ကြ။
၈။ သကြားတစ်ပေါင် ၄ ဆင့်၊ ကြက်ဥတစ်ဒါဇင် ၁၄ ဆင့်၊ ကော်ဖီတစ်ပေါင် ၁၅ ဆင့်။
၉။ အမျိုးသမီးအများစုက တစ်လ တစ်ခါသာ ခေါင်းလျှော်။
၁၀။ လူ အသေအပျောက် အများဆုံးရောဂါတွေက နမိုးနီးယား၊ တုပ်ကွေး၊ တီဘီ၊ ဝမ်းလျှောဝမ်းပျက်၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါ။
၁၁။ Las Vegas ရဲ့ လူဦးရေက ၃၀။
၁၂။ ဆယ်ယောက်မှာ တစ်ယောက်က စာ မရေးတတ် မဖတ်တတ်။
၁၃။ ၆ ရာခိုင်နှုံးသာ အထက်တန်းကျောင်း ပညာရေးရှိ။
၁၄။ တစ်နိုင်ငံလုံး လူသတ်မှု ၂၃၀ သာရှိခဲ့။

ယနေ့ အမေရိက???????

လွန်ခဲ့တဲ့ နှစ် (၁၁၁) နှစ်ကမြန်မာ၊ ကိုလိုနီလက်အောက်။
ယနေ့ မြန်မာ၊ စင်္ကာပူမီကိုဖို့ နှစ် နှစ်သာလို။ လျပ်စစ်မီး ရှိရှိ၊ မ ရှိရှိ၊ ကလေးတွေ ထင်းခွေရင်း မွေးမွေး မမွေးမွေး၊ ၂၀၁၅ ဆို စင်္ကာပူကိုမီပြီ။ ဒါပဲ။

မြန်မာ့ ဒီမိုကရေစီအတွက် ဘာသာရေး နားလည်သည်းခံမှုသည် အဓိက

Nehginpao Kipgen ရဲ့ စထရိတ်တိုင်း ဆောင်းပါး Religious tolerance key to Myanmar's democracy ကို အကျဉ်းချုပ် ပြန်ဆိုထားတာပါ။

ကမ္ဘာပေါ်ရှိတဲ့ အခြားနိုင်ငံတွေလိုပဲ မြန်မာဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိ တဲ့ နိုင်ငံဖြစ်တယ် သို့သော် ၁၉၄၀ ခုနှ်တွေကစလို့ ပါလီမန်ထဲမှာပင် ဘာ သာရေးက အခရာ ကျခဲ့တယ်။
မြန်မာပြည်ဟာ ဘာသာရေးနဲ့ ခွဲခြားထားတယ်၊ စစ်အစိုးရလက်ထက်မှာလည်း ဗုဒ္ဓဘာသာဝင် မဟုတ်သူများ ရာထူးမြင့်မြင့် မရကြ။
သူရရွှေမန်းက ဘာသာရေး ပြဿနာ မရှိဘူးလို့ ဒီလထဲမှာပဲ ဆိုခဲ့ပေမဲ့ တ ကယ်က ခွဲခြားမှုတွေ ရှိနေဆဲပါလို့လတ်တလောအနေအထားကို ထောက်ပြ တယ်။
ဗမာ၊ ရှမ်း၊ မွန်၊ တရုတ်တို့ကြားတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရေအတွက် များပြီး အစိုးရ စာရင်းဇယား အရ ဗုဒ္ဓဘာသာ ၈၉. ၂ ရာခိုင်နှုံး၊ ခရစ္စယန် ၅ ရာခိုင်နှုံး၊ မွတ်စလင် ၃. ၈ ရာခိုင်နှုံး၊ နတ်ကိုးကွယ်သူ ၁. ၂ ရာခိုင်နှုံး၊ ဟိန္ဒူ ၀. ၅ ရာခိုင်နှုံး ဖြစ်တယ်။

အခုအထိ ဆွေးနွေးညှိနှိုင်းရဆဲ ကချင်လက်နက်ကိုင် ပြဿနာဟာ ဗုဒ္ဓဘာ သာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေ ထုတ်ပြန်ခဲ့တဲ့ ဦးနု အစိုးရလက် ထက်မှာ စတင်ခဲ့ကြောင်း၊ မကျေနပ်တဲ့ ခရစ္စယန်ဘာသာဝင် ကချင် တိုင်း ရင်းသားများက စတင် ပုန်ကန်ခဲ့ကြောင်း ရေးသားထားပါတယ်။ ကရင်တိုင်းရင်းသားများ ကြားမှာလည်း ဘာသာရေးအခြေခံပြီး ကရင်းခြင်း ကွဲပြားနေကြောင်း၊ လက်နက်ကိုင်အဖွဲ့ဆိုရာ၌ပင် ဗုဒ္ဓဘာသာ၊ ခရစ္စယန်ဘာ သာ ဟု ရှိနေကြောင်း ရေးသားထားပါတယ်။

နောက်ပြီး ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟိန်ဂျာပြဿနာ၊ ဘူးသီးတောင် ၊ မောင်းတော နှစ်မြို့နယ်မှာထုတ်ပြန်ခဲ့တဲ့ ကလေးနှစ်ယောက် ဥပဒေ ကို သူက ဆက်ထောက်ပြတယ်။
လူထုတစ်ရပ်လုံးက အထူးလေးစားတဲ့ သံဃာ့အဖွဲ့ထဲမှာလည်း ရဟန်း တ ချို့ကြောင့် သဘောထား ကွဲလွဲမှုရှိနေနိုင်ကြောင်း အထူးသဖြင့် အမျိုးသားေ ရး ဝါဒ ပြင်းထန်သူ ဝိရသူနဲ့ ၉၆၉ လှုပ်ရှားမှုကြောင့်ဖြစ်နိုင်ကြောင်း၊ အမျို့စောင့် ဥပဒေ မူကြမ်းအကြောင်း၊ မွတ်စလင်တွေနဲ့ စီးပွားရေး အဆက်အဆံ မလုပ်ရေး လှုပ်ရှားမှုတွေအကြောင်း ဆွေးနွေးထားပါတယ်။

နောက်ဆုံး သူဆွေးနွေးရေးသားသွားတာကတော့ ဒီမိုကရေစီဆိုရာမှာ လွတ်လပ်စွာ ယုံကြည်မှု ရွေးချယ်ခွင့်၊ ယုံကြည်မှုအချင်းချင်း နားလည်၊ ခွင့် လွှတ်ခြင်း ဖြစ်တယ်။ နိုင်ငံရေးနဲ့ ဘာသာရေး လက်ပွန်းတတီးရှိလှ တဲ့ မြန် မာနိုင် ငံရဲ့ ဒီမိုကရေစီအတွက် ဘာသားရေးကိစ္စဟာ အရေးကြီးလှကြောင်း ပါပဲ။

Religious tolerance key to Myanmar's democracy.
By: Nehginpao Kipgen
The writer is general Secretary of the US-based Kuki international Forum, and researches on the politics of South and South-east Asia, with a concentration on Myanmar.

ဒီလို မွတ်စလင် ရှိတယ်


(၁)
မွတ်စလင် ဒေါက်တာ Izzeldin Abuelaish က "I Shall Not Hate" ငါ ဘယ်တော့မှ မမုန်းဆိုတဲ့ စာအုပ်ကိုရေးတယ်။ သူဟာ အောက်စဖို့နဲ့ ဟား ဘတ် ဘွဲ့ရ ဒေါက်တာတစ်ယောက်ပါ။
သူတို့ မိသားစုတွေဟာ ဘိုးစဉ်ဘောင်ဆက်ကတည်းက ပါလက်စတိုင်းမှာ လယ်ယာလုပ်ကိုင်စားရတဲ့ ဆင်းရဲသားမိသားစုတွေပါ။
သူတို့မိသားစု ပိုင်ဆိုင်တဲ့ မြေယာတွေအားလုံးကို Ariel Sharon ဆိုသူက သိမ်းပိုက်ပြီး သူတို့ကို ဒုက္ခသည်စခန်း ပို့လိုက်တယ်။
မိဘတွေကလည်း အတိုင်အခံလုပ်မနေကြပါဘူး။ အမုန်းသံသရာ ဆိုတာ တစ်ယောက်ယောက်က စဖြတ်ရတယ် (someone had to break the cycle of hate) လို့ ခံယူထားကြတယ်။
အကောင်းဖက်ကပဲ ကြည့်၊ အလုပ်ကြိုးစားပြီး ကလေးတွေ ကျောင်း ထားပေးနိုင်ဖို့ပဲ မိဘတွေက ဆုံးဖြတ်ကြတယ်။

(၂)

ကလေးတွေထဲမှာ Izzeldin ဟာ ဉာဏ်လည်းကောင်း ကြိုးလည်းကြိုး စားတော့ ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့တယ်။ သိပ်တော်လွန်းတော့ အစ္စရေးက ဆေးရုံမှာတောင် အလုပ်ရခဲ့တယ်။
ဒါပေမဲ့ ဂါဇာကနေ အစ္စရေးနယ်စပ်ဖြတ်တိုင်း နယ်ခြားစောင့် အစ္စရေး စစ် သားတွေရဲ့ မေးမြန်းစစ်ဆေးခြင်း၊ ပျက်ရယ်ပြောင်လှောင်ခြင်းတွေ အမြဲ ခံရတယ်။
ဒါတွေကိုသူ စိတ်ဝင်မစားပါဘူး။ သူ စိတ်ဝင်စားတာက သူ့ဝင်ငွေနဲ့ သူ့ကလေးတွေအတွက် အစားကောင်း၊ အဝတ်ကောင်းလေးတွေ အစ္စရေး ကနေဝယ်ပြီး အိမ်ပြန်ဖို့ပါပဲ။

အစ္စရေးစစ်သားတွေကို မမုန်းဘူးလားလို့မေးတော့
"မမုန်းပါဘူး။ အမုန်းသံသရာ ဆိုတာ တစ်ယောက်ယောက်က စဖြတ်ရတယ် (someone had to break the cycle of hate)" လို့ ဖြေတယ်။

(၃)
တစ်နေ့မှာတော့ သူတို့အိမ်ပေါ် ဒုံးကျည်တစ်စင်းကျလာတယ်။ အဲဒါ သူ့ သမီးလေး အခန်းပေါ် တည့်တည့်ပဲ။ အိမ်ထဲပြေးဝင်ကြည့်တော့..ကလေး လေးယောက်ရဲ့ ခန္ဓာကိုယ် အပိုင်း ပိုင်းတွေပဲ တွေ့ရတော့တယ်။
ကလေးတစ်ယောက်ကတော့ အသက်ရှင်နေဆဲ ဒါပေမဲ့ မျက်လုံး နှစ်ဖက် စလုံးက ကလေးရဲ့ ပါးပေါ်မှာ။
လူနာတင်ကားကိုခေါ်တော့ ဝင်ခွင့်မရလို့ မလာရဘူး တဲ့။ ဒါနဲ့ ကလေးကို ချီပြီး ဆေးရုံကို သွားခဲ့ရတယ်။
ဒုံးကျည်ပစ်လိုက်တဲ့ အစ္စရေးစစ်သားတွေကို မမုန်းဘူးလားလို့မေးတော့ "မမုန်းပါဘူး။ အမုန်းသံသရာ ဆိုတာ တစ်ယောက်ယောက်က စဖြတ်ရ တယ် (someone had to break the cycle of hate)" လို့ပဲ ဖြေပြန်တယ်။

I Shall Not Hate: A Gaza Doctor's Journey on the Road to Peace and Human Dignity [Paperback]
Izzeldin Abuelaish (Author)
အမေဇုန်က ဖြန့်ချီပါတယ်။


 ဇင်ဝေသော်

အော်.. အင်း.... ဘယ်လိုပြောရမလဲ???


မြန်မာ ဂျာနယ်လစ်ဇ်ဖြစ်တဲ့ ဆွေမင်းရဲ့ နယူးယောက် တိုင်းမှာပါတဲ့ ဆောင်း ပါးကို စထရိတ်တိုင်းမှာ ထပ်ဖော်ပြထားတယ်။ "When monks lose their way" ဘုန်းကြီးများ လမ်းကြောင်း လွဲလေသောအခါ တဲ့။

သူ့ကိုယ်သူပြည်ပြေးကျောင်းသားအမည်ခံ၊ ဟောင်ကောင်တက္ကသိုလ်မှာ ဂျာ နယ်လစ်ဇင် သင်ယူခဲ့ကြောင်း မိတ်ဆက်။

ဗုဒ္ဓဘာသာဆိုတဲ့ စစ်တပ်က ဘာလို့ လူထုကို ဒီလောက်ရက်စက်တာလဲဆို တဲ့ ပတ်ဝန်းကျင် အမေးကို အမည်ခံသက်သက်မို့လို့ ဖြေခဲ့ ရကြောင်း ပြောပြ ခဲ့။

လတ်တလော ဖြစ်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ပဋိပက္ခမှာ အဲသလို ဖြေလို့ မရတော့ကြောင့်း ရှင်းပြ။ မြန်မာတွေက အကြမ်းဖက်သူတွေဟာ ဘုန်းကြီး အတု လို့ ဆိုကြကြောင်း တင်ပြ။

ရှေးက သာသနာ့ဘောင်ထဲ ဝင်တယ်ဆိုတာ သူတော်ကောင်းအကျင့်ကို ကျင့် လိုလို့။ ယခု ရာစုဝက်လောက်အတွင်း စစ်အစိုးရလက်ထက်မှာ ဆင်းရဲ မွဲတေ၊ မှီခိုရာမရှိလို့ သာသနာ့ဘောင်ထဲရောက်လာပုံ ရှင်းပြ။

မြန်မာသံဃာတွေဟာ စစ်တပ်နဲ့ သိပ်မကွာလှ၊ တချို့ဆရာတော်တွေက စစ် တပ်အရာရှိတွေလိုပဲ ရက်စက် ကြမ်းကြုတ်ကြောင်း ရှင်းပြ။

သူကိုယ်တိုင် ဗုဒ္ဓဘာသာမိသားစုက မွေဖွားခဲ့၊ ငါးတန်းအောင်ပြီး သည်မှ စ နွေရာသီကျောင်းပိတ်ရက်တွေမှာ ဘုန်းကြီးကျောင်းတွေမှာပဲ အချိန်ကုန်ခဲ့။

ဘုန်းကြီးတွေက လာဘ်လာဘပေါများဖို့ ဗေဒင်ယတြာ လိုက်စား၊ ဒီနေ့ ဘုန်းကြီးတွေမှာ ဟန်းဖုန်း၊ ဇိမ်ခံကား၊ LCD တီဗွီ များရှိ၊ တချို့ဆို လောင်း ကစားပင် လုပ်ကြ။

တွေ့ရတဲ့ ဘုန်းကြီးတွေက ဘုရားအဆုံးအမကို အလေးမထား၊ အခြား ဘာ သာယုံကြည်မှုကို တန်ဖိုးမထားကြောင်း ရှင်းပြ။
စသဖြင့် စသဖြင့်............

စုန်းပြူးတော့ ရှိမှာပေါ့။
ဒီလို အားလုံးကိုဝါးလုံးရှည်နဲ့ ရမ်းပြီးရေးတဲ့ဆောင်းပါးမျိုး ကမ္ဘာ့ သတင်းစာ ကြီးပေါ်မှာ သူရေးသင့် မသင့် စဉ်းစားမိချိန်မှာ.......
ဒီဆောင်းပါးကို အင်္ဂလိပ်လို လက်လှမ်းမမီတဲ့ ပရိသတ်ကို ပြန်ချ ပြသင့် မပြ သင့်ကိုပင် ကိုယ်တိုင် ဝေခွဲချိန် မရလိုက်မိ။

Ref: "When monks lose their way" S.T. Apr,19, 2012


 ဇင်ဝေသော်

ကြိုးဟောင်းနဲ့ ပြန်ချည်လာတဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝ ( ၂ )


ကြိုးဟောင်းနဲ့ ပြန်ချည်လာတဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝ ( ၁ ) မှအဆက်

၃။ The Oscillating family narrative

အကျိုးသက်ရောက်မှု အကြီးမားဆုံးကတော့ သူတို့အရွယ်နဲ့အညီ အဆိုးတွေရော၊ အကောင်းတွေပါ ထိန်ချိန်မထားဘဲ ပြောပြခြင်းလို့ ဆိုပါတယ်။
“တို့ မိသားစုထဲမှာ အဆိုးတွေရော၊ အကောင်းတွေပါ ဆုံတွေ့ခဲ့ရတယ်။ ငါတို့ မိသားစုပိုင် စီးပွားရေးဟာ သိပ်ကောင်းခဲ့တယ်။ မင်းတို့ အဘိုးဆိုရင်လည်း ( ) အဖွဲ့အစည်းမှာ အလွန်အရေးပါခဲ့တဲ့ လူကြီးလူကောင်း တစ်ယောက်ပေါ့။ ပြီးတော့ ( ) ဆေးရုံရဲ့ ဘုတ်အဖွဲ့ထဲမှာလည်း ပါဝင်တယ်”
“အဲသလိုပဲ။ အဆိုးတွေလည်း ရင်ဆိုင်ခဲ့ရတယ်။ မင်း ဦးလေးဆိုရင် ( ) အမှုနဲ့ အဖမ်းခံခဲ့ရဖူးတယ်။ ( ) ခုနှစ်က ငါတို့ ရပ်ကွက် မီးလောင်လို့ တို့အိမ်ပါ ပါသွားတယ်။ ဘာမှ သယ်ယူချိန် မရခဲ့ဘူး။ ဒီကြားထဲ အဖေက လည်း အလုပ်မရှိ ဖြစ်နေရတာ အကြာကြီးပဲ။ ဘာတွေပဲ ဖြစ်ဖြစ် တို့မိသားစု က မိသားစုပဲ။ အဆိုးနဲ့ကြုံလည်း ဒီမိသားစု၊ အကောင်းနဲ့ကြုံလည်း ဒီ မိသား စု၊ လက်တွဲညီညီနဲ့ ရင်ဆိုင်ခဲ့၊ မျှဝေခဲ့စားခဲ့ကြတယ်။”

ဒီလို စကားတွေဟာ ကလေးရဲ့ မိသားစုအပေါ်ထားတဲ့ စိတ်ဓာတ်ပါ ပြောင်း လဲခိုင်မာ လာစေတယ်လို့ ဆိုပါတယ်။
သူတို့ကိုယ်တိုင် မိသားစုနဲ့ တစ်သားတည်း ဖြစ်သွားတော့မှ သူတို့ တွေး ပုံခေါ်ပုံတွေဟာ သူတို့အတွက်ဆိုတဲ့ အဆင့်ကို ကျော်သွားပြီး မိသားစု အ တွက် ဆိုတဲ့ အဆင့်ကို ရောက်သွားတယ်လို့ သိရပါတယ်။

မိသားစုနဲ့ ပတ်သက်တာတွေကို ပြောဖို့ အခွင့်အလမ်း ရှာကြရာမှာတော့ အရှေ့နဲ့အနောက် တူမယ် မဟုတ်တော့ပါဘူး။ အနောက် ယဉ်ကျေးမှု မှာတော့ မိသားစုလိုက် ဟောလီးဒေး ခရီးထွက်စဉ်၊ ဈေးဝယ်သွားစဉ် တွေမှာ ကြုံသလို ပြောပြပေးနိုင်ပါတယ်။
ဟောလီးဒေးတွေ ထွက်လေ့သိပ်မရှိတဲ့ မြန်မာတွေမှာတော့ ကလေးတွေနဲ့ အတူ အိပ်ယာဝင်ချိန် လသာတဲ့ ညအခါတွေမှာ သူတို့ အိပ်မပျော် ခင် ပြော ပနိုင်ပါလိမ့်မယ်။ ဒါကြောင့်ပဲ လူကြီးသူမတွေက အိပ်ယာဝင် ပုံပြင်တွေ ပြောပြခဲ့ကြတာကိုးလို့ စဉ်းစားမိရင်း ကျေနပ်ရပါတယ်။

ကိုယ့်ခံစားမှုနဲ့ ပြောရရင် ကျနော့်အဖေဟာ သုံးပတ်လောက် အချုပ်ကျ ခံခဲ့ရဖူးတယ်။ ဝါကုန်သည်လုပ်ရင်း တော်တော် ပိုက်ဆံရှိတဲ့အထဲ ပါဖူးတယ်။ ဒါပေမဲ့ ကျနော် လူမှန်း တကယ်သိလာတဲ့ အချိန်မှာတော့ ဒါတွေက မရှိတော့ပါဘူး။ ဒါပေမဲ့ အဖေဟာ အချုပ်ခံခဲ့ရဖူးတယ်ဆိုတာနဲ့ သူဟာ တောသား တစ်ယောက်အနေနဲ့ တိုင်းကိုယ်စားလှယ် (တောင်သူလယ်သမား) အဆင့်အထိ ရောက်ခဲ့ရဖူးတယ်ဆိုတဲ့ အဖေ၊ အမေတို့ ပြောပြခဲ့တာတွေဟာ ဒီနေ့အထိ ပြတ်ပြတ်ထင်ထင် ရှိနေဆဲပါပဲ။
ဒါကြောင့် ဒီစိတ်ပညာ သိပ္ပံဆောင်းပါးကို စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ခံစား ယုံကြည်လိုက်ရတယ်။

တကယ်တော့ ကျနော်တို့ခေတ်က လူတိုင်းလိုလိုဟာ အိပ်ယာဝင် ပုံပြင်တွေ နဲ့ သိပ် မဝေးခဲ့ကြပါဘူး။ လူတိုင်းကိုယ်စီမှာ မတူညီတဲ့ ပုံပြင်တွေ ရှိနေကြပါ တယ်။ ဒီပုံပြင်တွေဟာ ကျနော်တို့ဘဝရဲ့ ဦးတည်ရာကို တစ်တပ် တစ် အား ထောက်ပံ့ပေးခဲ့တယ်ဆိုတာ ငြင်းလို့ မရပါဘူး။

ကွန်ပျူတာ၊ အင်တာနက်တွေကြောင့် အိပ်ယာဝင် ပုံပြင်တွေနဲ့ ဝေးပြီး ရင်း ဝေးနေကြရတဲ့ မိသားစုဘဝတွေဟာ ပြဿနာကို ရင်ဆိုင်ရာမှာ အရင် လို စည်းစည်းလုံးလုံး မရှိလှဘူးလို့လည်း ထောက်ပြကြတယ်။ ဒါကြောင့် ဒီဆောင်းပါးဆရာကတော့ …

“If you want to have a happy family, create, refine, and retell the stories of your family’s positive moments and your ability to bounce from the difficult ones” လို့ ပြောထားတယ်။

ပိုပြီး ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ချင်ရင် ကလေးတွေကို စိတ်ဝင် စားဖွယ် ဖြစ်အောင် မိသားစုရဲ့ အားသာချက်၊ ကောင်းကွက်တွေကို ရှာကြံပြောပေးပါ။ အခက်အခဲတွေကြားက သင် ဘယ်လို ရုန်းကန် ထိုးဖောက်ခဲ့တယ်ဆိုတာကိုလည်း ပြောပေးပါတဲ့။

အိပ်ယာဝင် ပုံပြင်တွေဟာ ဘဝမှာ အရေးပါတယ်ဆိုတာ သိကြပေမဲ့ ဒါဟာ မိသားစု ပျော်ရွှင်ရေး သိပ္ပံပညာဆိုတာ အခုမှ သိခွင့်ရလိုက်တဲ့အတွက်တော့ Dr. Duke တို့ကို ကျေးဇူးစကား ပြောခဲ့မှ တာဝန် ကျေပါလိမ့်မယ်။


 ဇင်ဝေသော်

ကြိုးဟောင်းနဲ့ ပြန်ချည်လာတဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝ ( ၁ )


ကျွန်တော်တို့ ငယ်စဉ်ဘဝက လူကြီးသူမတွေ ပြောခဲ့ဖူးတဲ့ အိပ်ယာဝင် ပုံပြင်တွေဟာ ကြီးလို့ လူလားမြောက်လာတဲ့အထိ အသိထဲမှာ နက်နက်နဲနဲ ရှိနေတတ်တယ်။ ဒီပုံပြင်တွေရဲ့ ထိရောက်မှုကို ရှေးလူကြီးသူမတွေက ကိုယ် တိုင်ထပ်တူ ခံစားပြီး ပြောခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အိပ်ယာဝင် ပုံပြင်တွေရဲ့ အကျိုးသက်ရောက်မှုတွေဟာ ခေတ်သစ် စိတ်ပညာသိပ္ပံနဲ့ သက်သေပြလို့ ရတယ်ဆိုတာတော့ ကျနော်တို့ လူကြီးသူမတွေ သိသွားနိုင် မယ် မဟုတ်ပါဘူး။

" What a happy family life? " ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး မွေးစား ရင်း ဆောင်းပါး တစ်ပုဒ် ပြန်ရေးလိုက်မိပါတယ်။
ဒေါက်တာ Duke ဟာ ကလေးတွေနဲ့ဆိုင်တဲ့ စိတ်ပညာကို သုတေသနပြုနေ တဲ့ Emory တက္ကသိုလ်က ပါမောက္ခ တစ်ယောက်ပါ။ အထူးသဖြင့် အခက် အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ ဘယ်သူတွေက ပိုပြီး ခံနိုင်ရည် ရှိတယ် ၊ ပြဿနာကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တယ်၊ ပိုပြီး ရင့်ကျက်တယ် ဆို တာတွေနဲ့ ပတ်သက်လို့ သူ သိချင်နေခဲ့တာပါ။

အဖြေရဲ့ သဲလွန်စက တွေ့မယ့်တွေ့တောလည်း ကလေးတွေကို စာသင်ပေးေ နတဲ့ သူ့ရဲ့ဇနီး ဆာရာဆီက ရခဲ့တယ်။ သူမ သတိထားမိတာက မိသားစု ရဲ့ နောက်ခံသမိုင်းကို ကောင်းကောင်း သိထားတဲ့ ကလေးတွေဟာ အခြား ကလေးတွေထက် ပိုပြီး တည်ငြိမ်ရင့်ကျက်တယ် ဆိုတာပါ။

အဲဒီ သဲလွန်စကို အခြေခံပြီး ဒေါက်တာ Duke နဲ့ သူ့ လုပ်ဖော်ကိုင် ဖက် ဒေါက်တာ Robyn တို့က ‘Do you know’ ဆိုတဲ့ မေးခွန်း (၂၀) နဲ့ ကလေးတွေကို စတင် စမ်းသပ်ခဲ့ကြတယ်။ မင်းသိသလားဆိုတဲ့ မေးခွန်း (၂၀) ထဲမှာ …
- မင်း အဘိုးအဘွားတွေက ဘယ်မှာ မွေးပြီး ဘယ်မှာ နေခဲ့ကြတာလဲ။
- မင်းမိဘတွေက ဘယ်ကျောင်းမှာ တက်ခဲ့ကြတာလဲ။
- သူတို့ ဘယ်မှာ စတင် စုံတွေ့ခဲ့ကြတာလဲ။
- မိသားစုထဲမှာ ကျန်းမာရေးစတဲ့ ဘယ်လို ပြဿနာတွေ ကြုံတွေ့ခဲ့ရဖူးသလဲ
- မင်းကို ဘယ်မှာ မွေးခဲ့တာလဲ။
စတဲ့ သူတို့ဘဝနဲ့ ဆက်စပ်နေတဲ့ မေးခွန်းတွေပါ။ အံ့ဩစရာ ကောင်းတာက အဲသလို မေးခွန်းတွေကို ဖြေဆိုနိုင်တဲ့ ကလေးတွေဟာ အတန်းထဲမှာ တည်ငြိမ်မှု အရှိဆုံးနဲ့ ပညာရေး၊ ကိုယ်ကျင့်တရားစတဲ့ အခက်အခဲတွေကို သူများထက် ပိုပြီး ကောင်းကောင်း ရင်ဆိုင်နိုင်တယ်ဆိုတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒီတော့ ကလေးတွေကို မိသားစုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့ အရွယ်နဲ့အလိုက် အဆိုးရော၊ အကောင်းပါ အသိပေး ပြောပြထားသင့် ပါတယ်။ မိသားစုအကြောင်းကို ပြောပြရာမှာ သုံးမျိုး ခွဲပြထားပါတယ်။

၁။ Ascending Family narrative
မိသားစုဘဝ အစရဲ့ နောက်ခံသမိုင်းကို ပြောပြခြင်းပါ။ ငါတို့ ဒီမြို့ကို ရောက် လာတော့ ဘာပစ္စည်းမှလည်း မရှိ၊ အသိအကျွမ်း ဆိုတာလည်း ကောင်းေ ကာင်းကန်းကန်း မရှိ၊ ကြိုးစားလိုက်ရတာ မနည်းပဲ။ ဒီလိုနဲ့ ကိုယ်ပိုင် (မိသား စုပိုင်) စတိုးဆိုင်လေး ဖွင့်လာနိုင်တယ်။ မင်းအဘိုးဆိုရင် အထက်တန်း ပညာရေးလောက်ပဲ သင်ယူနိုင်ခဲ့တယ်။ အဖေနဲ့ အမေတို့ အလှည့်ရောက်ေ တာ့ မှ တက္ကသိုလ်ပညာကို သင်ယူနိုင်တာ။ သားရေ (သမီးရေ) … ဒီတစ်ခါ သားအလှည့် (သမီးအလှည့်) ရောက်လာပြီ စတဲ့ စကားမျိုးတွေပါ။

သူတို့ကို လေးလေးပင်ပင် ဆုံးမစကားတွေ ပြောတာထက် အဲသလို မိသားစု ရဲ့ နောက်ခံသမိုင်းတွေကို ပြန်ပြောင်း ပြောပြတာဟာ ကလေးအတွက် ပိုပြီး သင့်တော်သလို သူ့အတွက်လည်း ပိုပြီး ခွန်အားတွေ ဖြစ်စေပါတယ်။

၂။ The Descending family narrative
ဒုတိယ ပြောပြသင့်တဲ့ စကားတွေကတော့ မိသားစုအကြောင်း ဆိုတာထက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ရွေးထုတ်ပြောပြခြင်းပါ။ ကားစီးချင်တယ် ဆိုတဲ့ ကလေးကို အဘိုးအဘွားတို့ လက်ထက်က (သို့မဟုတ်) သား (သမီး) ကို မမွေးခင်က အဖေတို့ အမေတို့လည်း ကားရှိခဲ့ဖူးတယ်။ အိမ်ယာတွေ ပိုင် ဆိုင်ခဲ့ဖူးတယ်။ ကံမကောင်း အကြောင်းမလှလို့ ဒါတွေအားလုံး ဆုံးရှုံးခဲ့ရတယ်။ သား (သမီး) တို့အလှည့်ရောက်ရင် ဒါတွေ ပြန်ရအောင် လုပ်နိုင်ဖို့ အဖေတို့ အမေတို့က မင်းတို့ရဲ့ ပညာရေးကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးနေတာ၊ ကြိုးစားနော် … စတဲ့ စကားမျိုးတွေပါ။
(ဆက်ရန်)


 ဇင်ဝေသော်

လုပ်ချင်ရာ လုပ်ရရင် ပျော်တာပဲ (သိပ္ပံတဲ့လား … ပျင်းတောင် ပျင်းသေး …) ( ၂ )

ယဉ်ကျေးမှုနဲ့ ပတ်သက်လို့လည်း လက်တင်အမေရိကရှိ လူတွေက ဘာကြောင့် အာရှတိုက်သားတွေထက် ပိုပြီး ပျော်ရွှင်ကြရသလဲ ဆိုတာ ရှိသေးတယ်။ ဒါက အနောက်တိုင်းသားတွေရဲ့ ရှေးဟောင်း အယူအဆ စွဲ ဖြစ်ဟန်တူပါရဲ့။ ဒါနဲ့ ပတ်သက်လို့တော့ အာရှတိုက်သားတွေ မပျော်ရွှင် ကြရဘူးထင်ရင် တိဗက်ကို အလည်သွားကြည့်ပါဦးလို့ ဒေါက်တာ ဒီယင်နာ က အကြံပြုထားပါတယ်။

နောက်ပြီး စကင်နေဗီးယန်း (Scandinavians) တွေက ကမ္ဘာပေါ်မှာ အပျော် ရွှင်ရဆုံးတဲ့။ ဒါဖြင့် ဘာဖြစ်လို့ သူတို့နိုင်ငံတွေမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင် မှုတွေ မြင့်မားနေရတာလဲလို့ မေးစရာလည်း ရှိနေပြန်ပါတယ်။ ဒေါက်တာ ဒီယင်နာရဲ့ အယူအဆ အရကတော့ ပျော်ရွှင်မှုဆိုတာ ကျားမ၊ ယဉ်ကျေးမှု စတာတွေနဲ့ မဆိုင်ဘဲ လူတစ်ဦးချင်းစီရဲ့ ဘဝ၊ စိတ်နေစရိုတ်နဲ့ပဲ ဆိုင်ပါတယ်။

ပျော်ပျော်ရွှင်ရွှင် နေကြရတဲ့ သူတွေကို သူက VHPs လို့ ခေါ်ပါတယ်။ Very Happy People ပေါ့။ သူ့သင်တန်းတွေမှာ သူ အဓိက ဇောင်းပေးပြီးေ ဆွးနွေးတတ်တာကတော့ အဆင့်မြင့် လူမှုဆက်ဆံရေး “High-quality Social Relationship” ပါပဲ။ ဒါဟာ ဘဝပျော်ရွှင်မှုအတွက် အရေးပါလှပါ တယ်။

တချို့ကလည်း ပျော်ရွှင်မှုဆိုတာ စိတ်နဲ့ပဲ ဆိုင်တယ်လို့ ပြောတတ်ကြပါ တယ်။ ဒါကိုတော့ ဒေါက်တာက လက်မခံပါဘူး။

ပတ်ဝန်းကျင်နဲ့လည်း ဆိုင်တယ်။ စိတ်နဲ့ပဲ ဆိုင်တယ်ဆိုရင် ပတ်ဝန်းကျင်ကို ပိုကောင်းအောင် ဘာလို့ ကြိုးစားနေကြမလဲလို့ ထပ်ပြီး မေးခွန်း ထုတ်တယ်။ ပတ်ဝန်းကျင်ဆိုတဲ့ နေရာမှာ သက်မဲ့တွေပါသလို သက်ရှိတွေလည်း ပါတာေ ပါ့။ သက်ရှိတွေဆိုတာနဲ့ စောစောက သူပြောခဲ့တဲ့ “High-quality Social Relationship” ပါဝင်လာတော့တာပါ။

တကယ်က စိတ်ခံစားမှုနဲ့ ပတ်သက်တဲ့ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုက အခိုက် အ တန့်မျှသာ ဖြစ်တယ်လို့ သူက သက်သေထုတ်ပြတယ်။

“ဆိုပါတော့။ လူတစ်ယောက် သူ့မိခင် ဆုံးပါးသွားတယ်။ စိတ်ဝမ်းနည်း ကြေ ကွဲရတယ်။ သိပ်မကြာဘူး။ သူ ပုံမှန် ပြန်ဖြစ်သွားတယ်”

“မုဆိုးမ ဖြစ်ရရှာတဲ့ ဇနီးတစ်ယောက်ကိုလည်း ကြည့်ပါ။ သူမ ခင်ပွန်း နာဖျားနေပြီး မဆုံးပါးခင် သုံးနှစ်လောက်မှာ ကြေကွဲဝမ်းနည်း နေရပါတယ်။ တကယ် ခင်ပွန်း ဆုံးပြီးလို့ ငါးနှစ်လည်း ကြာရော အဲဒီဇနီးဟာ အရင် မူလ ပုံစံအတိုင်း ပြန်ကောင်းနေပါပြီ” လို့ စိတ်ခံစားမှုနဲ့ ဆိုင်တဲ့ ပျော်ရွှင်မှု၊ ဝမ်း နည်းမှုကို သူက ထပ်ရှင်းပြတယ်။

ပျော်ရွှင်တဲ့ဘဝကို ဘယ်လို တည်ဆောက်ယူရမလဲဆိုတာနဲ့ ပတ်သက် လို့တော့ တိကျတဲ့ အဖြေ မရှိကြောင်း၊ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရ မှာ ဖြစ်ေ ကြာင်း ကိတ်မုန့်ဖုတ်တာနဲ့ ဥပမာပေးပြီး ရှင်းပြခဲ့ပါတယ်။

(ကွမ်းစားတတ်တဲ့ မြန်မာတွေဆိုရင် ကွမ်းယာနဲ့ ဥပမာပေးတာက ပိုပြီး ထိရောက်နိုင်ပါတယ်။ ဒီကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေး အတူတူ ထည့် တာချင်း တူတာတောင် ယာတတ်သူယာမှ စားကောင်း သလိုမျိုးလို့ စိတ်ကူးရမိပါတယ်။)

အထက်က အချက်တွေက သိပ္ပံပညာက ပြောတဲ့ အချက်တွေပါ။

ဒါဆို ကျနော်တို့ကို ကျနော်တို့ ပြန်မေး ကြည့်လို့ ရပါပြီ။

ပျော်ရွှင်တဲ့ ဘဝကို ရဖို့ ဘယ်လို တည်ဆောက်ယူမလဲ???

သိပ္ပံက အဖြေပေး မထားခဲ့ဘူး။ ကိုယ်စီကိုယ်စီနဲ့ (Individuals) ပဲ ဆိုင် တယ်တဲ့။ ဒါကတော့ သူတို့ သိပ္ပံက ပြောမှလား။ ဘယ်ဘဝမှာပဲနေနေ ကိုယ်နေတတ်မှ ကိုယ်ပျော်ရွှင်မယ်ဆိုတာကတော့ လူတိုင်း သိနေတပဲ။

ဒီဆောင်းပါး (Dr. Happy) ကို ဖတ်ရင်း သတိရမိတာကတော့ ကလေးတွေရှေ့ ရယ်လိုက်ရင် အထင်များ သေးသွားမလား။ အရိုအသေများ တန်သွားမလား ဆိုပြီး ရယ်ချင်စိတ်ကို ထိမ်းထားတတ်တဲ့ လူတွေပါပဲ။ မဆီမဆိုင် ဒုက္ခရောက်နေ ကြရရှာတယ်။ သူတို့ မဆီမဆိုင် ဒုက္ခရောက် ရ တာကို ကျနော်ကလည်း မဆီမဆိုင် ဆွဲထည့်နေမိပြန်ပါတယ်။ မဆီမဆိုင်ပေမဲ့ သူတို့ကို သတိရတာက ရယ်တော့ ရယ်ရတယ်လေ။

ကဲ … ဒီဆောင်းပါးကို အဆုံးသတ်ပါတော့မယ်။

ဘယ်သူတွေရဲ့ ဘဝဟာ ပျော်ရွှင်ရသလဲ။

သိပ္ပံ ။ ။ ဝါသနာနဲ့ အလုပ် တစ်ထပ်တည်း ကျနေသူတွေရဲ့ ပျော်ရွှင်မှု ဟာ ရေရှည်ခံတယ်။

အရပ်စကား ။ ။ ကိုယ်လုပ်ချင်ရာ လုပ်နေရသူတွေရဲ့ ဘဝဟာ ပျော်စ ရာ ကောင်းတယ်။

ဒါပါပဲ။ ပျော်ချင်သလား။ ကိုယ်လုပ်ချင်ရာ လုပ်ချလိုက်။ သိပ္ပံတဲ့လား။ ပျင်းတောင် ပျင်းသေးတယ်။


 ဇင်ဝေသော်

ဂျိမ်းစ်ဘွန်း တိုင်တန်းနစ်နဲ့ ဘောလီးဝုဒ်


James Bond is on a mission. He ends up on a flight next to a guy from Andhra Pradesh who speaks Telugu.

Telugu Guy: "Hello. May I know your good name, please?"
James Bond: "The name’s Bond. James Bond. You are…?"

Telugu Guy: "The name’s Sai. Venkata Sai. Siva Venkata Sai. Laxminarayana Siva Venkata Sai. Srinivasula Laxminarayana Siva Venkata Sai. Rajasekhara Srinivasula Laxminarayana Siva Venkata Sai. Sitaramanjaneyula Rajasekhara Srinivasula Laxminarayana Siva Venkata Sai…”

If Titanic had been made by Bollywood:
(a) There would be ten times as many people on the ship.
(b) Kate Winslet would wear a white dress and sing in the rain.
(c) The movie would be seven and half hours long.
(d) Leo di Caprio would chase Kate Winslet around the ship, singing and dancing around pillars.
(e) The hero and the villain would turn out to be brothers, separated at birth.
(f) Leo would have a sister, brother, mother, father and uncle on board.
(g) Leo would survive and rescue his villainous brother, and the film would end with a musical family reunion.
( Indian jokes )


 ကမ်းလက် 

အာဆီယံရဲ့ ကလေးဆိုးများ


( ထိုင်းနိုင်ငံ၊ နေးရှင်းသတင်းစာက ဆရာကဝိ ( Kavi Chongkitta vorn ) တို့ရေးလိုက်ရင် မစားရ ဝခမန်းတွေချည်းပါပဲ။ ထိုင်း လူမျိုးဆိုတော့ သူတို့က ရှေ့ကို တော်တော်ကြီး ရောက်နေတာတောင် ခပ်လန့်လန့်ပဲ ထင် ပါရဲ့ )

အာဆီယံရဲ့ ကလေးဆိုးကြီးများဆိုတာ CLMV ကို ပြောတာပါ။ ကမ္ဘောဒီး ယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့ပါ။

ကမ္ဘောဒီးယားဆိုရင် သူတို့ပြည်တွင်းစစ်ကို ၁၉၉၁- ခုမှာ အဆုံးသတ်နိုင်ခဲ့ တယ်။ ဒီကာလအတွင်း ကုလသမဂ္ဂက စီးပွါးရေးပိတ်ဆို့ခဲ့တော့ တော်တော် ခံလိုက်ရတယ်။ ကမ္ဘောဒီးယား ဒီမိုကရက်တစ်နိုင်ငံဖြစ်လာဖို့ အားလုံး က မျှော်လင့်ထားခဲ့ကြပေမယ့် အာဏာရှင်စနစ်ကြောင့် အလုပ်မဖြစ်ခဲ့ပြန်ဘူး။

အပြောင်းအလဲဖြစ်လာတဲ့အထဲမှာ အင်ဒိုနီးရှားကတော့ အတိုးတက်ဆုံး လို့ ပြောရလိမ့်မယ် ထင်ပါတယ်။ ၁၉၉၈- မှာ ပြုပြင်ပြောင်းလဲရေးတွေ စတင် လာခဲ့ပြီး စီးပွါးရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးပါ တိုးတက် လာခဲ့လို့ အာဆီယံကို အများကြီး အထောက်အကူ ဖြစ်စေခဲ့ တယ်။ မြန်မာနဲ့ ပတ်သက်လို့ စဉ်းစားစရာရှိတာက မြန်မာဟာ အင်ဒိုလိုဖြစ်လာမလား ဆိုတာ ပါပဲ။

အရင်လကပဲ မြန်မာသမ္မတ စိုင်းမောက်ခန်းက နိုင်ငံရေးပြောင်းလဲမှုဟာ စီး ပွါးရေးပြောင်းလဲမှုရဲ့ အခြေခံဖြစ်တယ်လို့ ရန်ကုန်မှာ ပြောကြားခဲ့တယ် ။ မြန် မာခေါင်းဆောင်ပိုင်းတွေမှာ ဒီအမြင်မျိုးတွေ ရှိနေဖို့ဆိုတာ လွန်ခဲ့တဲ့နှစ်နှစ် ကဆိုရင် တွေးတောင်မတွေးရဲစရာပါ။

အခု မြန်မာအစိုးရက စီးပွါးရေးပြုပြင်ပြောင်းလဲမှုသက်သက်နဲ့ အာဆီယံနိုင် ငံတွေကို အမီလိုက်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်လာ ခဲ့ကြပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပါ တွဲပြီးလုပ်ဆောင်လာကြတယ်။ ဒီ အ ချက်ကသည်ပင် လာအို၊ ဗီယက်နမ်တို့နဲ့ ကွဲပြားနေတဲ့ အချက်တစ်ချက် ဖြစ် လာခဲ့တယ်။ အခြားအာဆီယံနိုင်ငံတွေ မလုပ်ရဲတာကို မြန်မာအစိုးရက လုပ် ချလိုက်တာဖြစ်တယ်။ အခုဆိုရင် သတင်းစာခေါင်းကြီးပိုင်းတွေကို မြန်မာ့ သ တင်းက တော်တော်စိုးမိုးထားတာ တွေ့လာရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အာဆီယံကို သိက္ခာတက်စေတာ အမှန်ပါပဲ။ ခရီးလည်း ပိုရောက်စေပါတယ်။ အခု သူတို့ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အာဆီယံနိုင်ငံတွေကို လာရောက်လေ့လာခွင့် ပြုခဲ့တယ်။
သူတို့အချင်း ချင်းဖြစ်နေတဲ့ လူမျိုးစုပြဿနာကိုသာ ဖြေရှင်းနိုင်ရင် ၂၀၁၅ - လောက်ဆို မြန်မာ့သိက္ခာဟာ တော်တော် တက်လာမှာဖြစ်ပါတယ်။

ဒါကသည်ပင် ၁၀- နှစ်လောက် အကြပ်ရိုက်ခဲ့တဲ့ အာဆီယံရဲ့ ချိန်ခွင် လျှာ ပြောင်းလာမယ့်သဘော ရှိနေပါတယ်။ မြန်မာ့ခေါင်းဆောင်တွေနဲ့ စ ကားပြောကြည့်ရာမှာလည်း အခုလို ပြောင်းလဲလာနိုင်မှုအပေါ် သူတို့ ဂုဏ် ယူမဆုံး ရှိနေကြတယ်ဆိုတာကို တွေ့ရပါတယ်။ ရိုးရိုးသားသားပြောရရင် မြန်မာလုပ်ချလိုက်ပုံဟာ အာဆီယံနိုင်ငံတိုင်းကို မျက်လုံးပြူးစေခဲ့တာ အမှန်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ကဆိုရင် မြန်မာရဲ့ပြိုင်ဘက်ဟာ အာဆီယံမဟုတ်၊ အာဆီယံကို ကျော်တက်နိုင်တယ်လို့ စောင်းပါးရိပ်ခြေပြောနေတာ အကြိမ်ေ ရမနည်းတော့ပါဘူး။ တိတိလင်းလင်း အကျယ်တဝင့်တော့ မပြောဘူးပေါ့။

တကယ်ဆိုရင် ဗီယက်နမ်နဲ့ လာအိုတို့က မြန်မာပြုပြင်ပြောင်းလဲရေး မစခင် ကတည်းက စခဲ့ကြတာပါ။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးလုပ်ပုံက ရဲရဲဝံ့ဝံ့ မရှိကြလေတော့ ၁၉၈၀- ခုနှစ်တွေက ပုံစံကို ပြန်ရောက်သွားကြတယ်။ လွန်ခဲ့တဲ့ နှစ်(၃၀) အတွင်း သူတို့ ပိုချမ်းသာလာကြတာကတော့ မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာတော့ တိုးတက်လာမှု သိပ်မရှိလှပါဘူး။ အာဆီယံ အဖွဲ့ ဝင် နိုင်ငံဖြစ်ဖို့အတွက်တော့ကျပြန်တော့ အာဆီယံရဲ့ မူအတိုင်း သူတို့ပြည် တွင်းနိုင်ငံရေး ဘယ်လိုပဲရှိနေနေ ပြဿနာမဟုတ်ပါဘူး။

မနှစ်က ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ သူတို့ဟာ ဒေသတွင်း အတိုးတက်ဆုံး နိုင် ငံတွေဖြစ်လာတယ်လို့ သိရပါတယ်။ သူတို့ စီးပွါးရေးဟာ နှစ်ဆနည်းပါးတက် လာခဲ့တယ်။ ဒါတောင် ထင်ရှားတဲ့ နိုင်ငံရေးပြောင်းလဲမှု ဘာမှ လုပ်ခဲ့တာ မ ဟုတ်ပါဘူး။ သူတို့ နိုင်ငံရေးဟာ ပိုမိုလွတ်လပ်လာတာ မှန်ပါတယ်။ ဒါပေ မယ့် မြန်မာနဲ့ယှဉ်လိုက်ရင် သူတို့ ပျောက်သွားတယ်။ မြန်မာနိုင်ငံရဲ့ ပွင့်လင်း လာတဲ့အစိုးရရဲ့စနစ်နဲ့ လူထုဗဟိုပြု ဒီမိုကရေစီအားဟာ အာဆီယံကို သေ ချာပေါက် ရိုက်ခတ်စေမှာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားကလည်း တိုးတက်လာတာတော့ မှန်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုသမိုင်းက တော်တော်ဆိုးဝါးနေဆဲပါ ။ မြန်မာ အာဆီယံထဲ ဝင်မလာခင်အထိတော့ ကမ္ဘောဒီးယားကလည်း အာ ဆီယံရဲ့ ကလေးဆိုးလေးပါပဲ။ အခု အနေအထားအရ အာဆီယံရဲ့ ကလေး ဆိုးတွေထဲမှာ လွတ်လပ်ခွင့်နဲ့ ကုန်သွယ်မှုမှာ ကမ္ဘောဒီးယားက ကျန်တဲ့ သုံးနိုင်ငံထက် သာနေပြီ။

ဒါက လတ်တလောအတိတ်ပါ။

အခု ဘာမှ မကြားသေးဘူး။ မြန်မာက သူတို့အားလုံးကို ကျော်တက်နေပြီး အခုသွားနေတဲ့ စံနှုံးကို ဘယ်လောက် ဆက်ထိန်းထားမလဲ စောင့်ကြည့်နေ ရုံသာ ရှိပါတော့တယ်။ ၂၀၁၅- မတိုင်မီ ကချင်နဲ့ လူမျိုးရေးပြဿနာကိုသာ ပညာသားပါပါရှင်းနိုင်ရင် မြန်မာဟာ ကလေးဆိုးလေးနိုင်ငံထဲမှာ အလား အလာ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေပါတော့တယ်။

Ref: Asian’s CLMV members face reform challenges.
By- Kavi Chongkittavorn. The Nation လက်ထောက် အယ်ဒီတာချုပ်။


 ဇင်ဝေသော် 

“လူပီသဖို့ ငိုရမယ် (I cry, therefore I am)”


Humanity’s sob story.
By Michael Trimble.

( နယူးယောက် တိုင်းက မျက်ရည်များရဲ့ သမိုင်း စစ်စစ်ပေါက်ပေါက် သုတေ သနဆောင်း ပါးပါ။ စိတ်ဝင်စားမိလို့ ပြန်လိုက်တာပါ။ ရှည်လွန်းလို့ သုံးရက် ခွဲတင်သွားပါမယ်။)

၂၀၀၈- ခုနှစ်တုန်းက ဂျာမဏီနိုင်ငံ Muenster မှာရှိတဲ့ တိရိစ္ဆာန်ရုံထဲက ဂါနာ (Gana) လို့ခေါ်တဲ့ ဂေါ်ဇီလာမကြီးက ဂေါ်ဇီလာလေး တစ်ကောင်မွေး တယ်။ သုံးလကြာတော့ ဂေါ်ဇီလာလေး ဆုံးသွားတယ်။ ဖြေဆည် မရ ကြေ ကွဲနေရှာတဲ့ ဂါနာရဲ့ဓာတ်ပုံတွေလည်း မီဒီယာပေါ်မှာ ပလူပျံလို့နေတာပဲ။ အသည်းကွဲ ဂေါ်ဇီလာမကြီးဟာ အသက်မရှိတော့တဲ့ ဂေါ်ဇီလာလေးကို ဝမ်းနည်းတကြီး ပွေ့ဖက်လို့ထားတယ်။ ဂေါ်ဇီလာမကြီးကိုကြည့်ချင်လို့ လာ ကြတဲ့ လူပရိသတ်ကြီးဆိုတာလည်း မနည်းမနောပဲ။

ပြောရမှာတော့ အားနာစရာပါ။ ဂါနာဟာ ဝမ်းနည်းတတ်ပေမယ့် ငိုတော့ မငို တတ်ပါဘူး။ ငိုကြွေးခြင်းနဲ့ မျက်ရည်ကျခြင်း တစ်ထပ်တည်းကျတာဆိုလို့ လူဆိုတဲ့ သက်ရှိသတ္တဝါပဲရှိပါတယ်။ ဒမ်ဘိုတို့ ဘန်ဘီတို့ကို တောင်းပန် စ ကား ပြောရပါလိမ့်ဦးမယ်။ တိရိစ္ဆာန်တွေ ငိုတတ်တယ်ဆိုတာ သိပ္ပံနည်းကျ သက်သေပြလို့ မရပါဘူး။

ဂေါ်ဇီလာတွေကို အထူးပြုလေ့လာနေတဲ့ Dian Fossey နဲ့ ချင်ပန်ဇီတွေကို အထူးပြုလေ့လာနေတဲ့ Jane Goodall တို့အဆိုအရ တိရိစ္ဆာန်တွေရဲ့ မျက်ရည်နဲ့ ကြေကွဲဝမ်းနည်းမှု ဆက်စပ်လို့ မရပါဘူး။ “the emotional Lives of Animals” စာအုပ်ကိုရေးတဲ့ Marc Bekoff အဆိုအရ တိရိစ္ဆာန်ရဲ့ မျက်ရည်ဟာ မျက်ရည်သက်သက်ပါ။ ဝမ်းနည်းပူဆွေးမှုနဲ့ ဆက်စပ်မနေပြန် ပါဘူး။ ဆင်တွေကို အထူးပြုလေ့လာနေတဲ့ မစ္စတာ Jeffery Moussaieff နဲ့ Mrs. Susan McCarthy တို့ကလည်း ဆင်တွေဝမ်းနည်းလို့ ငိုတယ်ဆိုတာ မတွေ့ဖူးသလောက်ပါလို့ ဆိုခဲ့ပြန်ပါတယ်။

တိရိစ္ဆာန်တွေ မျက်ရည်ကျတယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီမျက်ရည်က နာကျင်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုသက်သက် သဘာ ဝအရ ထွက်လာတဲ့မျက်ရည်မျှသာ ဖြစ်ပါတယ်။ မျက်ရည်က မျက်လုံး ရဲ့စွတ် စိုမှုကို အကာအကွယ်ပေးပါတယ်။ ပရိုတိန်းဓာတ်တစ်ချို့ကို လည်း စောင့်ရှောက်ပေးထားနိုင်ပါတယ်။ ကြေကွဲဝမ်းနည်းမှုနဲ့ မျက်ရည် ဆက် စပ်ပြီး ကျလာတာကတော့ လူသားမှာသာရှိတယ်ဆိုတာ ကျွန်တော်တို့ အခိုင်အမာ လက်ကိုင်ထားကြဆဲပါ။

ကလေးတစ်ယောက်ဆိုရင် မွေးပြီးလို့ နှစ်ရက်အတွင်းမှာပဲ ဝမ်းနည်းတဲ့ မျက်နှာ ဝမ်းသာတဲ့မျက်နှာကို ဖော်ပြတတ်နေပါပြီ။ မွေးကင်းစ ကလေး တစ်ယောက်ဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ မငိုတတ်ဘူးဆိုရင် အသက်ရှင်ဖို့ လမ်းစမရှိပါဘူး။

ကလေးမွေးပြီးလို့ လေးငါးလအတွင်းမှာပဲ အဲဒီကလေးနဲ့ ပတ်ဝန်းကျင်ရဲ့ ဆက်ဆံရေးဟာ ခံစားမှုတွေနဲ့ ပြည့်သိပ်ဖွဲ့ချည်နေပါတော့တယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ခံစားချက်ကိုဖော်ပြဖို့ ကလေးက ငိုပြတာမျိုးတွေပါ။

ကျွန်တော်တို့ ကြီးပြင်းလာပြန်တော့လည်း မျက်ရည်ဆိုတာ ကျွန်တော်တို့ လူမှုဆက်ဆံရေးနယ်ပယ်ရဲ့ အထင်ကရ ဆက်သွယ်ချက်တစ်ခု ဖြစ်နေပြန်ပါသေးတယ်။ ငိုကြွေးခြင်းဆိုတာ ရယ်မောခြင်း လိုပါပဲ။ လူသားရဲ့ စကြာဝဠာဆိုင်ရာ ခံစားမှုပြယုဂ်တစ်ခုပါ။ ဒါပေမယ့် ယဉ်ကျေးမှုတွေအပေါ်အခြေခံ၊ လိင်ကွဲပြားမှုတွေအပေါ်မှာ အခြေခံပြီး ရယ်မောမှုလောက်တော့ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်မပြ တတ်ကြပါဘူး။ လက်လည်းသိပ်မခံကြပါဘူး။ တကယ်က ပျော်ရွှင်မှု ထက် ကြေကွဲမှုက ပိုပြီးအရောင်အသွေးစုံလင်ပါတယ်။ တကယ်လို့ ကြေကွဲပြီး ငိုမိကြတယ်ဆိုရင်တောင် ငိုကြွေးပုံတွေက အမျိုးမျိုး အသွင်ကွဲနေတတ်ပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုငိုတတ်ပြီး ပိုပြီးလည်း ရှိုက်ကြီး တငင် ရှိတတ်ပါတယ်။ အထူးသဖြင့် သူတို့ခံစားမှု အရှိန်မြင့်မားနေတဲ့ အချိန် မျိုးတွေမှာပေါ့။ ဒါဟာ ကွဲပြားတဲ့ ဟိုမုန်းဓာတ် သဘာဝကြောင့်ဖြစ်နိုင်သလို လိင်ကွဲပြားမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ငိုကြွေးခြင်းလိုပါပဲ၊ စိတ်ဓာတ်ကျခြင်းနဲ့ပတ်သက်လို့လည်း ကမ္ဘာတစ်ဝှမ်းလုံး မှာ အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုပြီး ဖြစ်တာများပါတယ်။ ဒါဟာ အမျိုးသမီးတွေက ဆယ်စုနှစ်ပေါင်းများစွာ အမျိုးသားတွေနဲ့တန်းတူ အခွင့် အရေး မရခဲ့တဲ့ အားနည်းချက်ကြောင့်များ ဖြစ်လေမလားဆိုတဲ့ အကြောင်းပြ ချက်လည်း ရှိနိုင်ပါတယ်။ ပြီးတော့ လူမှုရေးနှိမ်ချခံရတာ၊ တခါတရံ အကြမ်း ဖက်မှု ခံရတာတွေအထိ ရှိတတ်တာတွေလည်း ပါနိုင်ပါတယ်။

" မျက်ရည်ကျဖို့ သေးမွှားတဲ့ကိစ္စရယ်လို့ မရှိ "

အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ငိုတဲ့အချိန်ပိုနည်းတာတင် မကပါ ဘူး။ သူတို့ ဘာကြောင့် မျက်ရည်ကျရတယ်ဆိုတာကိုလည်း အမျိုးသမီးေ တွလောက် ပွင့်ပွင့်လင်းလင်း ပြောမပြတတ်ပါဘူး။ အများအားဖြင့် သူများ မသိအောင် ယောင်္ကျားတွေက ခိုးခိုးငိုတတ်ပြီး သူတို့ငိုတာ သူများတွေ သိသွားရင်လည်း တောင်းပန်စကား အမျိုးသမီးတွေထက် ပိုပြောတတ်ကြ တယ်။ သူတို့ တကယ်ချစ်မြတ်နိုးသူတွေ ဆုံးပါးတဲ့အခါနဲ့ ဘာသာရေး ဓလေ့ထုံးစံနဲ့ ပတ်သက်ရင်တော့ အမျိုးသားတွေလည်း အမျိုးသမီးတွေလိုပဲ မျက်ရည်ကျတတ်တယ်လို့ သုတေသနအရ သိရပါတယ်။

အထူးသဖြင့်တော့ သူတို့ကိုယ်တိုင်က တာဝန်ယူထားရသူ၊ စောင့်ရှောက် ထားရသူ၊ ကာကွယ်ပေးထားရသူတွေ ဆုံးပါးသွားရင် ယောင်္ကျားတွေက ပိုငိုတတ်တယ်လို့ ဆိုပါတယ်။

ရှိတ်စပီးယားရဲ့ ကမ္ဘာကျော် Coriolanus ထဲမှာတော့ “ It is no little thing to make mine eyes to sweat compassion” လို့ ပြောထားတယ်။ ငါ့မျက်လုံးထဲမှာ ကရုဏာမျက်ရည်ဝေဖို့ သေးမွှားတဲ့ အရာရယ်လို့ မရှိဘူး လို့ ပြန်ရင် သင့်တော်မယ်ထင်ပါတယ်။


ဇင်ဝေသော်

အိမ်နီးချင်းနိုင်ငံ လူဦးရေ လျော့တော့ ပတ်ဝန်းကျင်း ငြိမ်းချမ်းတယ်


( ဒီနေ့ထုတ် စထရိတ်တိုင်းထဲက လီကွမ်းယုရဲ့ " Declining populations make peaceful neighbors " ဆောင်းပါးပါ။ )

နိုငံရဲ့လူဦးရေးတိုးပွားလာရင်အကောင်းမြင်ဝါဒနဲ့အတူ နယ်ချဲ့လိုစိတ်ပါ တွဲပါ လာတတ်တယ်။ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်နဲ့ ဂျပန် ဘာကြောင့် စစ်ဖြစ်ခဲ့ရ သလဲဆိုတာ ဒီအချက်ပါ။
၁၉၃၁ ခု တုန်းက ဂျပန်ရဲ လူဦးရေဟာ ၆၄. ၅ မီလျံရှိပြီး နိုင်ငံရဲ့ ၁၄၅၈၈.၂ စကွဲယားမိုင်ကို လူဦးရေက သမ်းပိုက်ထားတယ်။ ( ၁၉၃၀ ခုနှစ်တွေမှာ ဂျ ပန်ရဲ့  ကလေးမွေးဖွားနှူံးက ၄.၁ ရှိတယ်။ အဒီအခါ ဂျပန်က သယံဇာ တကြွယ်ဝတဲ့ မန်ချူးရီးယားကို ရှရှားတွေနဲ့အတူ မျက်စောင်းထိုးလာတော့ တယ်။
၁၉၃၁ ခု စက်တင်ဘာလည်းရောက်ရော ဝင်ရောက် ကျူးကျော်တော့တာပဲ။
အဲ့ဒီအချိန်မှာ တရုတ်ရဲ့ လူဦးရေက ၄၉၂. ၁ ပဲရှိတယ်။ စကွဲယားမိုင် ၃. ၇ ကိုပဲ လူဦးရေက သမ်းပိုက်ထားတယ်။ ဒါပေမဲ့ ညီညီညွတ်ညွတ် မရှိဘူး။ ဂျပန်က တရုတ်ပြည်ကိုပါ မျက်စောင်းထိုးလာတော့ နှစ်နိုင်ငံ မသင့် မမြတ် ဖြစ်လာခဲ့တာ ၁၉၃၇ လည်းရောက်ရော စစ်ပွဲအသွင်ဆောင်လာ ခဲ့တော့တယ်။ ၁၉၃၈ အောက်တိုဘာမှာ တရုတ် ကူမင်တန်စိုးရက တရုတ်ပြည်တောင်ပိုင်း ချောင်းကင်းအထိ ဆုတ်ပေးခဲ့ရတယ်။ ၁၉၄၁ ရောက်တော့ နှစ်နိုင်ငံနယ်စပ် ပင်လယ်ကမ်းခြေတိုင်း ဂျပန်လက်အောက် ရောက်နေပြီ။ ပြင်သစ်လက်အောက်ရှိ အင်ဒိုချိုင်းနား အပါအဝင်ပဲ။

၁၉၄၁ ဂျူလိုင်လမှာ အမေရိကန်တွေက အင်ဒိုချိုင်းနားကနေ ဆုတ်ပေး ရင်ပေး မပေးရင် ရေနံမရောင်းနိုင်တော့ဘူးလို့ ဂျပန်ကို သတိပေးလာခဲ့ တယ်။ အဲဒီတုန်းက အမေရိကရဲ့ လူဦးရေက ဂျပန်ထက် သန်း ၁၃၀ ကျော်တယ်၊ ကုန်ထုတ်လုပ်နိုင်မှုမှာလည်း ဂျပန်တွေထက် အပြတ် အသတ် သာနေတယ်။ ၁၉၄၁ ဒီဇင်ဘာ ၇ ရက်ရောက်တော့ ဂျပန်တွေက အရဲစွန့်ပြီး တိုက်လေယာဉ်၊ ဗုံးကျဲလေယာဉ်၊ တော်ပီဒို ၃၅၀ ကျော်ကို လေ ယာဉ်တင်သင်္ဘော ၆ စင်းနဲ့ တင်သွားပြီး ပုလဲဆိပ်ကမ်းကို ဗုံးကျဲတော့တာပဲ။ ( ကံကောင်းတော့ အမေရိကန်ရေတပ်သင်္ဘောတွေက ပင်လယ်ထဲ ရှိမနေဘူး ) ဒါမအောင်မြင်တော့ ဂျပန်တွေက ဒတ်ခ်ျပိုင် ရေနံတွေကိုရဖို့ အရှေ့တောင်အာရှကို ဝင်သိမ်းတော့တယ်။

အမေရိကန်တွေကလည်း သူတို့ရေတပ်ကို စစ်ပွဲအတွင်း ၁၉၄၂ ခု ဂျွန်လမှာ အပြီး ချက်ချင်း ပြန်တည်ဆောက်ပြီး ဂျပန်ရဲ့ လေယာဉ်တင်သင်္ဘောတိုင်း ကို ပင်လယ်ထဲ လိုက်မြှုတ်တော့တယ်။
ဒါပေမဲ့ ဂျပန်တွေကလည်း အသေသာခံမယ် လက်နက်တော့ မချဘူး အစား ထဲက၊ ဒါကြောင့် ကမ္ဘာစစ်အတွင်းက ဂျပန်စစ်တပ်ဟာ ကမ္ဘာမှာ အရက်စက် ဆုံး၊ ညှာတာမှူ အကင်းမဲ့ဆုံးစစ်တပ်ဖြစ်ခဲ့တော့တယ်။ အမေရိကန်၊ ဂျပန်စစ် က ပြင်းထန်လွန်းတော့ ဂျပန်ပြည်ကို သိမ်းပိုက်နိုင်ဖို့ဆို လူပေါင်း သန်း ချီပြီးသေနိုင်တယ်ဆိုတာ အမေရိကန်တွေက တွက်မိတယ်။ ဒါနဲ့ပဲ ဟီရိုရှီး မားနဲ့ နာဂါစကီမြို့တွေပေါ် အနုမြူဗုံးချလိုက်ကြတယ်။

ဂျာမဏီမှာလည်း ဒီပုံစံနဲ့ ခပ်ဆင်ဆင်ပဲ။ အဲဒီ ၁၉၃၉ ခုတွေ တုန်းက ဂျာမဏီ ရဲ့ ကလေးမွေဖွားနှုန်းက ၂.၆ ရှိတယ်။ အခြားအကြောင်းတွေလည်းရိမှာပေါ့၊ ဒါပေမဲ့ ဂျာမန်တွေ အဓိကစိုးရိမ်တာက " lebensraum " " နေစရာ မြေ "။ ဒါနဲ့ ဟစ်တလာက ယူကရိန်းနဲ့ ရှရှားမှာရှိတဲ့ ( ယူဂို ) ဆလပ်လူမျိုးတွေဆီ နယ်ချဲ့တော့တယ်။ ရုရှားစစ်တပ်အင်အားနဲ့ ရာသီဥတုအအေးဒဏ် ကို လျှော့ တွက်ခဲ့ကြလို့ ဒုက္ခအကြီးအကျယ်တွေ့သွားရတယ်။



ကျနော်တို့ ဘာတွေ လေ့လာခဲ့ကြပြီလဲ

အခု ဂျပန်ရော ဂျာမဏီပါလူဦးရေတွေ လျော့ကျလာနေတယ်။ ဂျာမဏီရဲ့ ၂၀၁၂ ခု ကလေးမွေဖွားနှုန်းက ၁. ၄ ပဲရှိတယ်။ လူတစ်ထောင်မှာ ကလေး ရှစ်ယောက်ပေါ့။ ဂျပန်ရဲ့ ကလေးမွေဖွားနှုန်းကလည်း ၁. ၄ အထိ ကျသွာပြီ။ ၂၀၆၀ ဆိုရင် လက်ရှိ ဂျပန်ရဲ့လူဦးရေ ၁၂၈ သန်းက ၈၇ သန်းပဲ ရှိတော့ မယ်လို့ ခန့်မှန်းထားကြတယ်။ ဒါဆို ဂျပန်ရော ဂျာမဏီပါ စစ်ဖြစ်ဖို့ စိတ်တောင် မကူးဝံ့ကြတော့ဘူး။

ကမ္ဘာရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ပတ်သက်တဲ့နောက်တစ်ချက်က ဖွံ့ဖြိုးပြီးနိုင် ငံတိုင်းရဲ့ ကလေးမွေဖွားနှုန်းက ၂. ၁ ပဲရှိတယ် ( စင်္ကာပူက ၁. ၂ ) ဖွံ့ဖြိုးစ နိုင်ငံတချို့ရဲ့ ကလေးမွေဖွားနှုန်းကလည်း မများလှဘူး။ တရုတ်ဆိုရင် ၂၀၁၂ ခု ၁. ၆ ပဲ ရှိတယ်။ အချို့ ဖွံ့ဖြိုးစ နိုင်ငံတွေမှတော့ မြင့်နေဆဲပဲ။
ဥပမာ ၂၀၁၂ အိန္ဒိယရဲ့ ကလေးမွေဖွားနှုန်းက ၂. ၆ ရှိတယ်။ ဒါကြောင့် သူတို့ကျောင်း၊ ဆေးရုံ စတာတွေမှာ မနိုင်မနင်းဖြစ်နေတာ။ အဖရိက နိုင်ငံတွေက ဖွားနှုန်းပိုမြင့်တယ်။ အစားထိုးဖို့ လိုအပ်တာက ၂. ၁၊ မွေး ဖွားနှုန်း ၄ ကနေ ၇ ရာခိုင်နှုန်းအထိ ရှိနေတယ်။
ကမ္ဘာဟာ လူဦးရေမျာပြားခြင့်ကြောင့် ကမ္ဘာ့စစ်ဒဏ် အကြီးအကျယ် ခံစားခဲ့ရ ပြီးပြီ။ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်သလဲ။ ဒါတွေအတွက် ကျနော်တို့ ပြင်ဆင်ထားပြီးကြပြီလား။

( ကဲ လီကွမ်းယုကတော့ သူ့သားအစိုးရရဲ့ စက္ကူဖြူစီမံကိန်းကို ဆော် လိုက်ပြီ၊ နေစရာ lebensraum ပြဿနာတဲ။့ ဒါပေမဲ့ ခပ်ပါးပါးပဲ )

မူရင်းဆောင်းပါး
Declining Populations Make Peaceful Neighbors By Lee Kuan Yew
PDF from Forbes.com



 ဇင်ဝေသော်

မိသားစုလွန် လူမှုရေး


လွန်ခဲ့တဲ့ ဂျင်နရေးရှင်းတွေနဲ့ ပြန်ပြီးနှိုင်းယှဉ်ကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံး ဆိုင်ရာ လူသားမျိုးဆက်ဟာ “မိသားစုလွန်” လူမှုရေးစနစ်ဆီကို ဦးတည်နေ ပြီဆိုတာ သိသာနိုင်ပါတယ်။ ဒီအပြောင်းအလဲက မြန်ဆန်သလို အရှိန် အ ဟုန်လည်းကောင်းပါတယ်။ ဟိုတချိန်ကဆိုရင် အရွယ်ရောက်လာကြပြီ ဆို တာနဲ့ အိမ်ထောင်ပြု၊ မိသားစုဘဝကို တည်ထောင်ပြီး ပျော်ပျော် ရွှင်ရွှင်နေနို င်ကြဖို့ပဲ စိတ်ကူးတတ်ကြပါတယ်။ ဒီနေ့ လူတွေရဲ့ အနာဂတ်စိတ်ကူးဟာ အိမ်ထောင်ပြုမှုအပြင် အခြားအကြောင်းတရားတွေ အများကြီးဖြစ် လာနေ ပါပြီ။

၁၉၅၀ ခုနှစ်တွေတုန်းက (၉) ရာခိုင်နှုံးသာရှိတဲ့ အမေရိကန်တွေသာ အိမ်ထောင်မပြုပဲ နေတတ်ကြပေမယ့် ဒီနေ့မှာတော့ (၂၈) ရာခိုင်နှုံးအမေရိ ကန်တွေဟာ အိမ်ထောင်ပြုခြင်းဟာ မရှိမဖြစ်ကိစ္စ မဟုတ်သလို ကလေးရှိမှ မိသားစုဘဝက စိုစိုပြေပြေရှိတယ်ဆိုတာကိုလည်း မယုံကြည်ကြတော့ပါဘူး။ အခု အမေရိကန်တွေရဲ့အိမ်တွေမှာဆိုရင် ကလေးတွေထက် အိမ်မွေး တိရိစ္ဆာန်တွေက ပိုများလာနေတာကိုတွေ့ရပါတယ်။

ဒီအပြောင်းအလဲက အမေရိကမှာပဲဖြစ်နေတာ မဟုတ်ပါဘူး။ Scandinavia နိုင်ငံတွေမှာဆိုရင်လည်း ၄၀- ကနေ ၄၅- ရာခိုင်နှုံး လူဦးရေတွေဟာ တစ်ကိုယ်တည်းပဲ နေကြပါတယ်။

စပိန်နိုင်ငံမှာဆိုရင်လည်း ၁၉၇၃- ခုနှစ်တွေတုန်းက တနှစ်အတွင်း အိမ်ထောင်ပြုသူဦးရေဟာ နှစ်သိန်းနှစ်သောင်းရှိရာက ဒီနေ့မှာဆိုရင် တစ်သိန်းခုနှစ်သောင်းပဲ ရှိပါတော့တယ်။ အလားတူပဲ သူတို့ရဲ့ ကလေးမွေး ဖွားနှုံးကလည်း တရှိန်ထိုးကျဆင်းလို့ လာနေပါတယ်။ (၃၀) ရာခိုင်နှုံးရှိတဲ့ ဂျာမန်အမျိုးသမီးတွေက ကလေးယူဖို့ စိတ်မဝင်စားကြပါဘူး။ ၂၀၁၁- ခုက သုတေသနအရ အသက်ငါးဆယ်အောက် အမျိုးသမီးအများစုဟာ ကလေး မလိုချင်ကြဘူးလို့ ဆိုပါတယ်။ ဘရာဇီးနိုင်ငံက အသက် (၃၅) နှစ်အောက် အမျိုးသမီးတွေရဲ့ ကလေးမွေးဖွားနှုံးကလည်း ၄.၃ ကနေ ၁.၉ အထိ ကျဆင်း လာနေပါတယ်။

ဒီနေ့ကမ္ဘာဟာ “မိသားစု” လူနေမှုစနစ်ကနေ မိသားစုမရှိလည်း ဘာမှမဖြစ်ပါ ဘူးဆိုတဲ့ မိသားစုလွန်လူမှုရေးစနစ်ဆီကို အရှိန်အဟုန်ကောင်းကောင်း နဲ့ ရွေ့လျားလို့နေတယ်။

ဒီပြောင်းလဲမှုစနစ်ကို The Rise of Post- Famalism; Humanity’s Future? ဆိုတဲ့အမည်နဲ့ Joel Kotkin Anuradha Shroff နဲ့ Wendell Core စတဲ့ ပညာရှင်တွေက လေ့လာနေကြပါတယ်။

ဒီအပြောင်းအလဲဟာ ဘာကြောင့်ဖြစ်လာရတာလဲ။
အဖြေတွေက အများကြီးပေးထားပါတယ်။ ဘာသာတရားကို လူတွေ သိပ် မကိုင်းရှိုင်းကြတော့ဘူး။ တစ်ကမ္ဘာလုံးရှိလူတွေဟာ စီးပွါးရေးအလား အ လာနဲ့ ပတ်သက်လို့ သိပ်အကောင်းမမြင်ကြသလို စီးပွါးရေးနဲ့ ဆက်နွယ်နေ တဲ့ ဖိအားတွေအများကြီး ခံစားနေကြရတယ်။ ကမ္ဘာရပ်ဆိုင်ရာ အရင်းရှင် စီးပွါးရေးစနစ်ရဲ့ လက်ချက်လည်းမကင်းဘူးလို့ ဆိုကြပါတယ်။ အထူးသဖြင့် အရင်းရှင်စီးပွါးရေးစနစ်ကို နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်နေရတဲ့ အာရှတိုက်မှာပါ။ အာရှတိုက်သားအများစုဟာ အလုပ်ကိုပဲ အာရုံစိုက်နေကြရပြီး အရှိန် အဟုန်လျော့လိုက်တာ၊ အလုပ်လုပ်ချိန်လျော့လိုက်တာနဲ့ သူ များတွေ က ကျော်တက်သွားတော့မှာပဲဆိုတဲ့ ဖိအားတွေနဲ့ နေကြရတာဖြစ်ပြီး ဒီ စိတ် ဓာတ်ကသည်ပင် သူတို့ရဲ့ လိုက်(ဖ်) စတိုင်ကို ပြောင်းလဲပေးလိုက်တာလို့ ယူ ဆကြပါတယ်။

ဂျပန်နိုင်ငံ National Institute of Population and Society Security အဖွဲ့ကလည်း Toru Suzuki ရဲ့ ဦးဆောင်မှုနဲ့ ဒါကိုလေ့လာဆန်းစစ်နေ ကြ ပါတယ်။ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကလေးတစ်ယောက်ကို ပြုစု ပျိုးထောင်ဖို့ ကုန်ကျတဲ့ငွေက အဲဒီကလေးဆီက ရလာတဲ့ကျေနပ်ပျော် ရွှင်မှု ကို ကျော်လွန်လို့နေတယ်လို့ တွေးမြင်တတ်ကြပါတယ်။

စင်္ကာပူဆိုရင်လည်း တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ အခြား အာရှနိုင်ငံတွေလို စင်္ကာပူဟာလည်း မိသားစုစနစ်ကို အခြေခံခဲ့ပါတယ်။ ဒါပေမယ့် စီးပွါးရေးတိုးတက်လာတာနဲ့အမျှ မိသားစုစနစ်ဟာလည်း လက်မြှောက်လာခဲ့ရပါတော့တယ်။ ဒီနေ့ စင်္ကာပူဟာ ကလေးမွေးဖွားမှု အနည်းဆုံး ကမ္ဘာ့နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ စင်္ကာပူနိုင်ငံသားတွေဟာ ဘဝကို ဘယ်လိုပျော်ပျော်ရွှင်ရွှင် နေကြမယ်ဆိုတာထက် စာမေးပွဲမှာ အမှတ်ကောင်းဖို့၊ စီးပွါးရေး သူများထက်သာဖို့တွေနဲ့ပဲ အချိန်ကုန်နေကြ တယ်လို့ စင်္ကာပူကို သုတေသနလုပ်နေတဲ့ ပညာရှင်တစ်ယောက်က ဆိုပါ တယ်။

လာမည့်အနာဂတ်မှာ ကလေးမွေးဖွားနှုံး သိသိသာသာမကျဆင်းတဲ့ အမေရိ ကန်လို နိုင်ငံတွေက အဆင်ပြေပြီး ကလေးမွေးဖွားနှုံး သိသိသာသာကြီး ကျ ဆင်းလာနေတဲ့ ဂျပန်လိုနိုင်ငံတွေဟာ အခြေအနေသိပ်ကောင်းမှာ မဟုတ် ဘူးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။
နေရာအားဖြင့်ကြည့်ရင် လူပျိုအပျို လူလွတ်တွေဟာ မြို့ပြကြီးတွေ မှာ နေထိုင်တတ်ကြပြီး အိမ်ထောင်ရှင်တွေဟာ ဆင်ခြေဖုန်းတွေမှာ နေထိုင် တာပိုများလာပါတယ်။ အမေရိကရဲ့ နိုင်ငံရေးကိုကြည့်ရင် အိမ်ထောင်ရှင်တွေ က ရီပတ်ဗလီကန်ကို ထောက်ခံပြီး လူပျိုအပျို လူလွတ်တွေက ဒီမိုကရက် တစ်ပါတီကို ထောက်ခံတာပိုများတယ်ဆိုတာ တွေ့ရှိရပါတယ်။ Mitt Romney ဟာ အိမ်ထောင်ရှင်တွေရဲ့ ထောက်ခံမဲတွေကို အများကြီး ရခဲ့ပေ မယ့် လူလွတ်တွေရဲ့ မဲအများစုက အိုဘားမားဆီကို ရောက်ကုန်ပါတယ်။ လူလွတ်တွေရဲ့ ထောက်ခံမဲတွေမှာ အိုဘားမားကို ထောက်ခံသူက (၆၂) ရာခိုင်နှုံးရှိပြီး ရွမ်နေက (၃၅) ရာခိုင်နှုံးပဲ ရလိုက်ပါတယ်။

၂၀၁၂- ရွေးကောက်ပွဲက ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် အားပြိုင်မှု ဆိုတာ အပြင် မိသားစုစနစ်နဲ့ မိသားစုလွန်စနစ်တို့ အားပြိုင်မှုလို့လည်း ပြောရင် ရ လာပါတယ်။ လူဟာ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေရရင် အ လုပ်ကို ပိုကောင်းအောင်၊ ပိုအကျိုးရှိအောင် လုပ်နိုင်တယ်ဆိုတဲ့ အမြင်လည်း ရှိလာပြန်ပါတယ်။ တကယ်တော့ ဒီအယူအဆက အမှားကြီးပါ။ လူဟာ မိသားစုနဲ့နေ၊ အသိုင်းအဝိုင်းနဲ့နေမှ သူလုပ်ရမယ့် တာဝန်နဲ့ ဝတ္တရားတွေကို ပိုပြီးလေးလေးနက်နက်ရှိလာတာပါ။ နိုင်ငံအတွက်၊ လူ့အဖွဲ့အစည်း အတွက် လည်း သူတို့ကပိုပြီး အကျိုးသက်ရောက်စေပါတယ်။
နောက်ပြီး ရှေးဟောင်းအစဉ်အလာဖြစ်တဲ့ မိသားစုစနစ်ဟာ အခြားသူတွေကိုလည်း ပိုပြီးနားလည်ပေးနိုင်မယ့် လူတွေကို မွေး ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ ဥပဒေကလည်း လူတွေကိုအိမ်ထောင်ပြုဖြစ်ဖို့ အားပေးတဲ့ ဥပဒေတွေဖြစ်လာအောင် ပြင် ဆင်ထားသင့်ပါပြီ။ ဥပမာ ခွင့်ရက်ရှည်ကလေးမွေးဖွားခွင့်နဲ့ အခြား အခွင့် အရေးတွေ ရက်ရက်ရောရောပေးတာမျိုးပါ။ ဒါမှလည်း ကလေးမွေးဖွားနှုံး တက်လာမှာပါ။

လူအချင်းချင်း ရိုင်ပင်းကူညီတတ်ဖို့အတွက် ဖြေရှင်းချက်က မိသားစုစနစ် တစ်ခုအပေါ်မှာ မူတည်တယ်လို့ ပြောလို့မရပါဘူး။ ကျွန်တော်တို့အားလုံးဟာ ပိုပြီးများပြားလာတဲ့ ဘဝနဲ့ပတ်သက်တဲ့ ရွေးချယ်မှုတွေကြား မှာ နေထိုင်နေ ကြရတာပါ။ ဒါကြောင့် ချဉ်းကပ်ပုံ၊ ရွေးချယ်ပုံတွေကလည်း မတူကွဲပြား လာ ရတာပါပဲ။

ဒီပုံစံအတိုင်းသာ ဆက်သွားနေလို့ကတော့ လူသားမျိုးဆက်တော့ ငရဲဆိုက် လိမ့်မယ်ဆိုတဲ့ ကောက်ချက်အစား တစ်ယောက်ကိုတစ်ယောက် နားလည်ပေးမှု၊ ရိုင်းပင်းကူညီမှုတွေရှိအောင် စတင်ကြိုးစားလာကြမယ်ဆို ရင် အဆင်ပြေနိုင်ပါတယ်။ တကယ်အရေးကြီးတာက ဒီမိသားစုစနစ် အပြောင်းအလဲကို ချက်ချင်းကြီး ပြောင်းလဲပစ်ဖို့မဟုတ်ပဲ အရွယ်ရောက်လာ သူတိုင်းဟာ အသိတွေလည်းမြောက်လာပြီး တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီရင်း ကိုယ့်ရွေးချယ်မှုအတိုင်းပဲ နေထိုင်သွားကြဖို့ပါ။


By David Brooks
New York Times.


 ဇင်ဝေသော်

ကချင်နဲ့ မြန်မာအစိုးရ၊ တရုတ်နဲ့ အမေရိကန် စစ်ဆင်ရေး

"ပဋိပက္ခ ငြိမ်းသွားတယ်။ ကချင်က ပေးတဲ့ ဒုက္ခမရှိတော့ဘူး။ ရေနံပိုက်လိုင်း အတွက်လည်း စိုးရိမ်စရာ မရှိတော့ဘူး။
ပဋိပက္ခ မငြိမ်းဘူး။ သူတို့တော့ (တရုတ်ပြည်အနေနဲ့တော့) ဒုက္ခ နည်းနည်း ခံရမယ်။ ဒီအတွက် အမေရိကန် မြန်မာ ဆက်ဆံရေး ပို တင်းမာလာနိုင်တဲ့ အကျိုးအမြတ် သူတို့ ရမယ်။
သေချာတာကတော့ ကချင်လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်က ကျည်ဆံချင်း ပစ်ခတ်နေချိန်မှာ တရုတ်နဲ့ အမေရိကန်တွေကလည်း ပေါ်လ စီချင်း ပစ်ခတ်နေကြတာပါပဲ။ "

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ပြည်တွင်းရေးတွေ ပါဝင်နေသ လို နိုင်ငံခြား ဆက်ဆံရေးတွေ လည်း ပါဝင်နေပါတယ်။ အထူးသဖြင့် တရုတ် ကိုပဲ မှီခိုနေရတဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ လုံးဝ အလုပ် မဖြစ်နိုင်တော့ဘူး ဆိုတာတော့ အစိုးရအနေနဲ့ သေချာပေါက် သဘောပေါက်ခဲ့ပြီလို့ အခု အ တိုင်းဆို ပြောလို့ ရနေပါပြီ။

ဒီ ခပ်ဟဟ မြန်မာနိုင်ငံရဲ့ တံခါးပေါက်ထဲကို အထင်ကရ ဝင်လာတာက အမေရိကန်တွေ ဖြစ်နေတယ်။ ပြုပြင်ပြောင်းလဲ လာနေတဲ့ ပြည်တွင်းရေး ၊ နိုင်ငံခြားရေး မူတွေကြောင့်ဆိုပြီး ပိတ်ဆို့ထားတဲ့ စီးပွားရေး တံခါးတွေကို တစ်စချင်း ဖွင့်ပေးလာခဲ့တယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလက သမ္မတ အိုဘားမား ကိုယ်တိုင်ပင် သမိုင်းဝင် အလည်အပတ်ခရီး ရောက်လာခဲ့သေးတယ်။ အဲ့ဒီ အချိန်အထိ ဘာမှ ပြောသံဆိုသံ ကြီးကြီးကျယ်ကျယ် မကြားရသေးပါဘူး။

ဒီအသံတွေကို ထွက်လာအောင် ဆွပေးလိုက်တာကတော့ ကချင်လက် နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား လတ်တလော ဖြစ်ပွားနေတဲ့ အတိုက် အခိုက် ကိစ္စပါ။ ဒါလည်း ဖြစ်ရော အမေရိကန် အစိုးရဟာ မြန်မာအစိုးရ အပေါ် ထားတဲ့ သဘောထားကို ပြန်လည် စီစစ်သင့်ပြီ၊ စီးပွားရေး ပိတ်ဆို့ မှုတွေ ဖွင့်ပေးတာ၊ အိုဘားမား အလည်အပတ် သွားတာ စောလွန်းတယ် စတဲ့ လေသံတွေ သမ်းလာတယ်။

သူတို့ ဘယ်လိုပဲ ဝေဖန်ဝေဖန် အမေရိကန် အစိုးရကလည်း မြန်မာ အစိုးရ အပေါ် လက်ရှိ ထားထားတဲ့ ဆက်ဆံရေးမူဝါဒကို ပြန်လည် စီစစ်ဖို့ လေသံ လုံးဝ မဟပါဘူး။ ဒါတင် မကဘူး။ အရင်ကတည်းက အစီအစဉ် ရှိနေခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်သား (၇၃၀) ကျော်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှာဖွေဖို့ ဟာဝိုင်ယီ အခြေစိုက် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ကို လွှတ်ဖို့ ရှိနေပါတယ်။ ဒါနဲ့ ပတ်သက် ပြီး နေမထိ ထိုင်မသာ ဖြစ်နေရှာတာက တရုတ်ပါပဲ။

ကချင်၊ မြန်မာကြား အပစ်အခက်နဲ့ ပတ်သက်လို့ တရုတ်မှာ ခံစားချက်နှစ်မျိုး ရှိနေနိုင်ပါတယ်။
၁။ ကချင်နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေးလည်း ရစေချင်တယ်။
၂။ ငြိမ်းချမ်းရေးလည်း မရစေချင်ဘူး။

ကချင်နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေး ရစေချင်တယ် ဆိုတာက တရုတ် အရေး သက်သက်ပါ။ ဒီစစ်ပွဲကြောင့် အနည်းနဲ့အများ တရုတ်ကိုလည်း သွား ထိပါတယ်။ အခု လက်ရှိမှာကိုပဲ ယူနန်ပြည်နယ်ထဲမှာ ထောင်ပေါင်း များစွာသော ကချင်ဒုက္ခသည်တွေ ပြေးဝင်လာကြတယ်။ ပြီးတော့ ဒေါ်လာ နှစ်ဘီလီယံ တန်ဖိုးရှိတဲ့ ရေနံပိုက်လိုင်းကိစ္စကိုလည်း မထိခိုက်စေချင်ပါဘူး။ ဒါ့ကြောင့် ဒီပဋိပက္ခ အမြန်ပြေလည်သွားဖို့ တရုတ်က ဆန္ဒရှိတယ်ဆိုတာ ငြင်းလို့ မရဘူး။

တစ်ချိန်တည်းမှာပဲ ဒီပဋိပက္ခကို ဒီအတိုင်းပဲ ရှိစေချင်ပုံ ရတယ်ဆိုတဲ့ သုံးသပ် ချက်ကိုလည်း ပညာရှင်တချို့က သံသယအဖြစ် ချန်ထားခဲ့ကြပြန်ပါတယ်။ ဒါကတော့ အမေရိကန် အစိုးရနဲ့ လုံးဝ ပတ်သက်နေပါတယ်။ ဆိုလိုတာက ဒီပဋိပက္ခ ငြိမ်းအေးသွားရင် အမေရိကန် မြန်မာ ဆက်ဆံရေးဟာ ပိုပြီး ချောမွေ့လာစရာ ရှိပါတယ်။ ဒီပဋိပက္ခက ဒီအတိုင်းပဲ ရှိနေမယ် (သို့မဟုတ်) ဒီထက် ဆိုးရွားလာမယ်ဆိုရင် တစ်နည်းမဟုတ် တစ်နည်း အမေရိကန်မြန်မာ ဆက်ဆံရေးကို ထိခိုက်လာနိုင်ပါတယ်။

တရုတ်ပြည်ရဲ့ ဒီသဘောထားကို ရိပ်မိတဲ့ အမေရိကန်တွေကလည်း မြန်မာနဲ့ သူတို့ ဆက်ဆံရေးဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနဲ့သာ ဆိုင်ပြီး အခြားနိုင် ငံ တစ်နိုင်ငံနဲ့ (တရုတ်နဲ့) မြန်မာ့ ဆက်ဆံရေး အားနည်းသွားအောင် လုပ်လို တဲ့ဆန္ဒ လုံးဝမပါကြောင်း အစိုးရပိုင်းက ပြောလာတယ်။ သူတို့ ပြောတာတွေ ကိုလည်း တရုတ်ပြည်က မယုံကြည်ပြန်ဘူး။

ဒီထက်ပိုပြီး ကျယ်ကျယ်လောင်လောင် ဝေဖန်လာတာတွေကတော့ တရုတ်ပြည်က သတင်းစာ ဆောင်းပါးတွေပါ။

သူတို့အဆိုအရ အရှေ့တောင်အာရှနဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရုတ် စီး ပွားရေးနဲ့ တရုတ်မဟာဗျူဟာကို ဟန့်တားဖို့ အမေရိကန်တွေက ခြေသွက် လက်သွက် ဝင်ရောက်လာတာ ဖြစ်တယ် ဆိုတာပါ။

ဒီထက် ပိုပြင်းထန်တဲ့ ဝေဖန်သံက စောစောပိုင်းက ဖြစ်ပွားခဲ့တဲ့ လက်ပန်းတောင်း အရေးအခင်းမှာတောင် အမေရိကန်တွေရဲ့ လက်ချက် လုံးဝ မကင်းနိုင်ဘူးဆိုတဲ့ အချက်ပါ။ ဒီအချက်ကတော့ တရုတ် အမြင် နည်းနည်း ချော်နေတယ်လို့ ဆိုရမှာပါ။ လက်ပန်းတောင် အရေးအခင်း က ပြည်တွင်းက ပြည်သူတွေရဲ့ ဆန္ဒသာ ဖြစ်ပြီး အမေရိကန်တွေ ရဲ့ နိုင် ငံရေးပေါ်လစီ ဝင်ရောက် စွတ်ဖက်ခွင့် တော်တော်နည်းတယ်လို့ ဆိုရမယ် ထင်ပါတယ်။

လက်ပန်းတောင်ကိစ္စကို အမေရိကန်တွေရဲ့ စနက် မကင်းဘူးလို့ ကြံဖန် ဝေ ဖန်လို့ ရပေမဲ့ ကချင်လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခကိုတော့ အမေရိကန်စနက် မကင်းဘူးလို့ ပြောလို့ လုံးဝ မရနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

ဒီတော့ ကချင်နဲ့ မြန်မာအစိုးရကြားက ပဋိပက္ခကိုတော့ တရုတ်က မြွေမသေ၊ တုတ်မကျိုးဝါဒကို ကိုင်ထားပါလိမ့်မယ်။

ပဋိပက္ခ ငြိမ်းသွားတယ်။ ကချင်က ပေးတဲ့ ဒုက္ခမရှိတော့ဘူး။ ရေနံပိုက်လိုင်း အတွက်လည်း စိုးရိမ်စရာ မရှိတော့ဘူး။
ပဋိပက္ခ မငြိမ်းဘူး။ သူတို့တော့ (တရုတ်ပြည်အနေနဲ့တော့) ဒုက္ခ နည်းနည်း ခံရမယ်။ ဒီအတွက် အမေရိကန် မြန်မာ ဆက်ဆံရေး ပို တင်းမာလာနိုင်တဲ့ အကျိုးအမြတ် သူတို့ ရမယ်။
သေချာတာကတော့ ကချင်လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်က ကျည်ဆံချင်း ပစ်ခတ်နေချိန်မှာ တရုတ်နဲ့ အမေရိကန်တွေက လည်း ပေါ် လစီချင်း ပစ်ခတ်နေကြတာပါပဲ။

 ဇင်ဝေသော်

နည်းပညာ ခိုးယူမှုကို အနံ့ခံခြင်း


Stealing ahead of time 
by Peter A. Coclanis

( မနေ့က စထရိတ်တိုင်းမ်ထဲက ဆောင်းပါးပါ၊ ပြုံးရတယ်။ အမေရိကန်တွေ လည်း သူးခိုးတွေပဲဆိုကာကို အမေရိကန် ပညာရှင်တွေကပဲ သုတေသန လုပ်ပြီးရေးကြတာ။ )


လွန်ခဲ့တဲ့ လေးနှစ်က တရုတ်ပြည်ကို ရောက်ပြီး ပီကင်းတက္ကသိုလ်ထဲ မှာ ဟောပြောပွဲတစ်ခု ဟောပြောခဲ့ရဖူးပါတယ်။ ဟောပြောပွဲ ပြီးတဲ့နောက် တရုတ်ပါမောက္ခတွေက သူတို့ ယဉ်ကျေးမှုအရ ညစာစားပွဲ ဧည့်ခံပေးခဲ့ပါ တယ်။ မောက်တိုင်း (Moutai) သုံးလေးခွက်လောက် ဝင်သွားပြီးတဲ့နောက် အနောက်တိုင်း စီးပွားရေးမဂ္ဂဇင်းမှာ ကျွန်တော် ဖတ်ခဲ့ရတဲ့ ဆောင်းပါး အကြောင်း သူတို့နဲ့ ဆွေးနွေးကြည့်မိတယ်။ ဆောင်းပါးမှာ ဖော်ပြထားတာက တရုတ်ပြည်ထဲမှာ သုံးနေတဲ့ နည်းပညာဆိုင်ရာ (၇၅) ရာခိုင်နှုန်းဟာ ခိုးယူ ထားတာတွေ ဖြစ်ပါတယ် တဲ့။ ဒါကို ကျွန်တော်က ပြောပြတော့ ပါမောက္ခတွေအားလုံး သဘောမတူသလိုလို ခေါင်းတွေ ရမ်းကြတယ်။ သူတို့ထဲက တစ်ယောက်က ထပြီး “ဒါကို ကျွန်တော်တို့ လုံးဝ သဘော မတူပါဘူး။ သူတို့ သတင်းစာတွေ ဖော်ပြထားတဲ့ ရာခိုင်နှုန်းဟာ သိပ် နည်းလွန်းနေပါတယ်” တဲ့။

သူပြောလိုက်တဲ့ စကားက ကျွန်တော့် ခေါင်းထဲမှာ နှစ်ပေါင်းများစွာ စွဲ ထင်နေပါတယ်။ တရုတ်ပြည်က ဆော့(ဖ်)ဝဲယား ခိုးယူမှု၊ နည်းပညာရပ်တွေ ခိုးယူမှု၊ ဆိုက်ဘာခရိုင်း(မ်) စတဲ့ သတင်းတွေကလည်း အမြဲလိုလို ဖက်နေ ကြရတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

Bloomberg Business Week မှာ မနှစ်က စာလုံးမည်းကြီးနဲ့ကို ချဲ့လင်း လုပ်ထားတာ တွေ့လိုက်ရပါတယ်။ “ဟေ့ တရုတ်၊ ငါတို့ နည်းပညာတွေ ခိုးတာရပ်” တဲ့။ (Hey China! Stop stealing our stuff). အမေရိကန်ရဲ့ နောက်ဆုံး ရွေးကောက်ပွဲ ကာလမှာတုန်းကတောင် သတင်း အချက်အလက်တချို့ ခိုးယူတာ ခံလိုက်ရတယ်ဆိုတဲ့အကြောင်း ဖတ်လိုက်ရ ပါသေးတယ်။

အခု လတ်တလော အချိန်အထိပဲ တရုတ်ပြည်ရဲ့ နည်းပညာ ခိုးယူမှုတွေဟာ (၉၀) ရာခိုင်နှုန်းကို ကျော်နေဆဲဆိုတာ သိရပါတယ်။ စီးပွားရေး လေ့လာ သုံး သပ် သူတွေအားလုံး သဘောတူထားတာက ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အားလုံးမှာ ဒီ နည်းပညာခိုးယူမှုဟာ အကြီးမားဆုံး ပြဿနာဆိုတာနဲ့ မဖွံ့ဖြိုးသေး တဲ့ နိုင်ငံတွေမှာတော့ ဒီပြဿနာက ပိုလို့တောင် ကြီးကျယ်သေးတယ် ဆိုတာပါပဲ။

တရုတ်ပြည်ကိုယ်တိုင်လည်း ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အသည်းအသန် ကြိုးစားနေတာပါပဲ။ ဒါပေမဲ့ ဒီပြဿနာက ချက်ချင်းတော့ ပြေလည်သွားဦး မယ့် သဘော မတွေ့ရသေးပါဘူး။

ဒါတင် မကဘူး။ နည်းပညာ ခိုးယူမှုအကြောင်းသာ ပြောကြစတမ်းဆိုရင် ဖွံ့ဖြိုးပြီး နိုင်ငံတွေလည်း ခိုးယူခဲ့ကြတာပဲ။ ဒီအထဲမှာ အမေရိကလည်း ပါတယ် လို့ တရုတ်စတဲ့ နိုင်ငံတွေက ခွန်းတုန့်ပြန် လာခဲ့ကြပါတယ်။

ကမ္ဘာ့ပညာရှင်တွေထဲမှာ မစ္စတာ ဒေးဗစ် ဂျေ၊ ဂျရမီး (Mr. David J. Jeremy) နဲ့ မစ္စတာ ဒိုရန်ဘင်အတာ (Mr. Doron Ben. Atar) ဆိုရင် အထင်ကရ အရှိဆုံးတွေပါ။ သူတို့က နိုင်ငံတော်ရဲ့ စီးပွားရေး တည်ဆောက် ယူနေစဉ်မှာ စက်မှုဆိုင်ရာ နည်းပညာတွေ ခိုးယူတဲ့အထဲမှာ အမေရိကန်တွေဟာ လက်အသွတ်ဆုံး ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

သက္ကရာဇ် (၁၇၈၀) နဲ့ (၁၈၂၀) ခုနှစ်တွေ ကြားမှာ နည်းပညာ ခိုးယူမှုကို အမေရိကန်တွေက လက်ရဲဇက်ရဲကို လုပ်ခဲ့ကြပါတယ်။ အထူးသဖြင့် စက်မှု စီးပွားရေးနဲ့ ဆိုင်တဲ့ နည်းပညာတွေပါ။ သူတို့ ခိုးယူခဲ့တာက အဲ့ဒီအချိန်မှာ ဖွံ့ဖြိုးပြီး ဖြစ်နေတဲ့ ဗြိတိန်စတဲ့ နိုင်ငံတွေကပါ။

အဲ့ဒီအချိန်တုန်းကတော့ နည်းပညာ ခိုးယူမှုကို ဘယ်သူကမှ အရေးတယူ လုပ်မနေကြပါဘူး။ အရေးတယူ မလုပ်တဲ့အပြင် " ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး " ၊ " အသုံးချ နည်းပညာများကို လက်ဆင့်ကမ်းရေး " လို့တောင် ဆိုခဲ့ကြပါသေးတယ်။ အဲ့ဒီအထဲမှာ အမေရိကန် အစိုးရတောင် ပါပါသေး တယ်။

တိုးတတ်ပြန့်ပွားအောင် လုပ်ဆောင်ရာမှာ လုပ်ဆောင်ပုံတွေကလည်း ပုံစံ အမျိုးအမျိုး ရှိနိုင်ပါတယ်။ စက်မှုဆိုင်ရာ နည်းပညာတွေ ခိုးယူမှု၊ အစီ အစဉ်တွေ ကို ခိုးယူမှု၊ အခြားနိုင်ငံရဲ့ မော်ဒယ်တွေလို ကိုယ့်ပြည်တွင်းထဲ ခိုးယူမှု စတာတွေပါ။

ထိပ်တန်းအေးဂျင့်တွေကို ငှါးရမ်း၊ ငွေကြေးမက်လုံးတွေ ပေးပြီး တီထွင်ဖန် တီးရှင် ပညာတတ်တွေ အမေရိကထဲ ခိုဝင်လာအောင် ဖြားယောင်းမှုတွေ လည်း ရှိခဲ့တာပါပဲ။

ဘဏ္ဍာရေးနဲ့ ပတ်သက်လို့လည်း အင်္ဂလန်ဘဏ်တွေထဲ ခိုးဝင်လေ့လာပြီး သူတို့ ငွေကြေးလည်ပတ်ပုံ စနစ်တွေကို ခိုးယူခဲ့ကြပါတယ်။ ဒါတွေ စာရင်း ချပြရရင် ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ အဲ့ဒီအထဲမှာ အထင်ကရ နိုင် ငံရေးသမားကြီးတွေလည်း တစ်ပုံတစ်ပင်ပဲ။

စက်မှုဆိုင်ရာ နည်းပညာ ခိုးယူမှုကို အားပေးခဲ့သူတွေထဲမှာ ဘင်ဂျမင် ဖရင် ကလင် (Benjamin Franklin)၊ အဲလက်ဇန်းဒါး ဟာမစ်တန် (Alexander Hamiton)၊ တင့်(ခ်ျ) ကောက်(က်စ်) (Tench Corx) နဲ့ ဂျွန် အဒမ် (John Adans) တို့တောင် ပါဝင်ပါတယ်။ သူ့ခေတ်နဲ့ သူ့အခါမို့ သူတို့ ဒီလို အားပေး တာကို အပြစ်ရှိတယ်လို့ မထင်ကြသလို စိတ်ဝင်စားစရာ ကိစ္စလို့လည်း မထင်ကြပါဘူး။

စိတ်ဝင်စားစရာ ကောင်းတာက ဒါကို လက်မခံနိုင်ခဲ့တဲ့ သောမက် ဂျက်ဖာဆင် လို လူမျိုးပါ။

မစ္စတာ ဘင် အတာက ဒါကို ထပ်ပြီး ရှင်းပြပြန်ပါတယ်။ သောမက် ဂျက်ဖာဆင် လို ပုဂ္ဂိုလ်တောင် နည်းပညာရပ်ဆိုင်ရာ ခိုးယူမှုနဲ့ လုံးဝ ကင်းရှင်းတာတော့ မဟုတ်ပါဘူး။ အဝတ်အထည်နဲ့ ပတ်သက်တဲ့ Richard Arkwright ရဲ့ နည်းပညာတွေကို (၁၇၈၀) ခုတွေမှာ ပြင်သစ် သံအမတ် အဖြစ် တာဝန် ထမ်းဆောင်စဉ်က ခိုးယူခဲ့ပါတယ်လို့ ထောက်ပြတယ်။

ပညာရပ်ဆိုင်ရာ မူပိုင်ခွင့်တွေအကြောင်း ပြောရင် (၁၈) ရာစု နှောင်းပိုင်း၊ (၁၉) ရာစု ဦးပိုင်းနဲ့ ဒီနေ့ခေတ်က လုံးဝကို ခြားနားနေပါပြီ။ (၁၈) (၁၉) ရာစုတွေတုန်းက ဒီမူပိုင်ခွင့်တွေ ရှိလာဖို့ စတင် အကောင်အထည်ဖော်စပဲ ရှိပါသေးတယ်။ ဒီနေ့မှာတော့ အပြည်အပြည်ဆိုင်ရာ နိုင်ငံတွေအထိ ဒီမူပိုင်ခွင့်တွေကို လက်ခံကျင့်သုံး လာနေကြပါပြီ။

ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရား ကောင်းလှပြီလို့ ထင်ပြီး တရုတ်ကို သူခိုး ရိုးနေမဲ့အစား ကျွန်တော်တို့ အမေရိကန်တွေလည်း “ ဒီလို ပညာရပ်ဆိုင်ရာတွေ ဥရောပနိုင်ငံတွေဆီက မခိုးယူခဲ့ဘူးဆိုရင် ဒီနေ့ ရှိနေတဲ့ စီးပွားရေးပါဝါကို ရနိုင်ဖို့ မလွယ်ဘူး” ဆိုတာကို အမှတ်ရပါလို့ သတိပေးထား ခဲ့ပြန်ပါတယ်။

အထူးခြားဆုံးကတော့ ဆင်မြူရယ် စလိတ်တာ (Samuel Slater) ပါပဲ။ သူ အမေရိကန်ထဲကို ခိုဝင်နေထိုင်လာခဲ့တော့ သူနဲ့အတူ Arkwright ရဲ့ စီးပွားရေး အခြေခံမူတွေပါ ယူလာခဲ့တယ်။

သူ့ကို အမေရိကန်တွေက အမေရိကန် စက်မှုစီးပွားရေးတော်လှန်ရေးရဲ့ ဖခင် (Father of the American Industrial revolution) လို့ ခေါ်ပြီး ဗြိတိန်မှာတော့ သူ့နာမည်က သစ္စာဖောက် စလိတ်တာ ( Traitor Slater) တဲ့။



The writer is Albert R. Newsome distinguished professor of history and Global Research Institute director at University of North Carolina-Chapel Hill.



 ဇင်ဝေသော်

သင်္ဃမိတ္တာနေ့ (သို့မဟုတ်) မဟာဗောဓိနေ့ မှတ်စု

        ဗုဒ္ဓဘာသာများ၌ပင် သီဟိုဠ်ဗုဒ္ဓဘာသာက ဗောဓိပင်ကို ပို၍ အလေးထားသည်။ ဘုရားရှိခိုးရာ၌ပင် ဗောဓိပူဇာ (ဗောဓိပင် ရှိခိုးပူဇော်ခြင်း) ဖြင့် အစပြုတတ်ကြသည်။ အငြင်းပွားဖွယ်တော့ မရှိ။ သူတို့ ဗုဒ္ဓဘာသာကို ရလိုက်ခြင်းကပင် ဗောဓိပင်နှင့် တွဲ၍ ရခဲ့ခြင်းကြောင့်ပင်။ သင်္ဃမိတ္တာနှင့် ဗောဓိပင်တို့ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) ရောက်ရှိသည်ဟု ယုံကြည်ကြသည့် ဇေဋ္ဌနက္ခတ် ယှဉ်ခိုက်၊ မြန်မာလို တန်ဆောင်မုန်းလပြည့်နေ့ကို သင်္ဃမိတ္တာနေ့ဟု သက်မှတ်ကြခြင်း ဖြစ်သည်။
        ဤနေ့ကို ဂုဏ်ပြုသောအားဖြင့် “မဟိန္ဒနှင့် သင်္ဃမိတ္တာ” ဟူသော ဇာတ်လမ်းလေးကို “Asoka, the Great” စာအုပ်မှ ယူ၍ တင်ပေးလိုက်ပါသည်။
မြန်မာပြန်အကျဉ်း

        မဟိန္ဒမထေရ်၏ မိခင်သည် ဝိဒိသမြို့သူ မဟာဒေဝီ ဖြစ်သည်။ သူမက သူဋ္ဌေးသမီးဖြစ်ပြီး အသောကမင်းသားကို ခမည်းတော် ဗိန္ဒုသာရက ဝိဒိသမြို့သို့ စေလွှတ်ရာ နှစ်ယောက်တွေ့ဆုံပြီး ချစ်ခင် စုံမက်သဖြင့် လက်ဆက်ခဲ့ကြသည်။ သူတို့မှ သား မဟိန္ဒနှင့် သမီး သင်္ဃမိတ္တာတို့ ဖွားမြင်ခဲ့သည်။
        မဟိန္ဒမင်းသား (၁၄) နှစ်သား အရွယ်၌ အသောကမင်း ပါဋလိပုတ်ပြည့်ရှင် ဖြစ်လာခဲ့သည်။ ထို့နောက် အသောက က ပါဋလိပုတ်၌ ရွေ့ပြောင်းနေထိုင်ခဲ့သော်လည်း မိဘုရား မဟာဒေဝီကတော့ မိဘများနှင့်အတူ ဝိဒိသမြို့မှာပင် နေရစ်ခဲ့သည်။
        အသောက နန်းတက်ပြီး (၇) နှစ်မြှောက်၌ အသက် (၂၁) နှစ်အရွယ်ရှိ မဟိန္ဒ ရဟန်းပြုခဲ့သည်။ ပရိယတ္တိစာပေများ သင်ကြားပြီးသောအခါ အခြား ရဟန်းတော်များနှင့်အတူ သီရိလင်္ကာနိုင်ငံ (သီဟိုဠ်) သို့ သာသနာပြုရန်ကြွရန် တာဝန်ပေးခဲ့ရသည်။ သီရိလင်္ကာ မသွားမီ ပြင်ဆင်သည့်အနေဖြင့် ရာဇဂြိုဟ်တဝိုက်ရှိ ဘုန်းကြီးကျောင်းတိုက်များသို့ သွားရောက်ကာ ပညာတတ် ရဟန်းတော်များထံမှ ဗုဒ္ဓဒေသနာတော်များကို ဆက်လက် လေ့လာခဲ့သည်။
        မဟိန္ဒမထေရ် သီရိလင်္ကာအကြွ လမ်းခရီး၌ ဝိဒိသမြို့ရှိ မယ်တော် မဟာဒေဝီကို ဝင်ရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ မဟာဒေဝီက သားတော်ကို ရဟန်းတစ်ပါးအနေနှင့် ဖူးမြင်ရခြင်း၊ သီရိလင်္ကာနိုင်ငံသို့ သာသနာပြု ကြွရောက်ခြင်းအပေါ် များစွာ ကျေနပ် ဖြစ်မိသည်။ သို့သော် သီရိလင်္ကာသို့ မကြွမီ မယ်တော်နှင့် တစ်လခန့်အတူ သီတင်းသုံးရန် လျောက်ထားသဖြင့် မဟိန္ဒမထေရ်ကလည်း လက်ခံခဲ့သည်။
        ထိုအချိန် သီရိလင်္ကာနိုင်ငံ၌ ဒေဝါနံပိယတိဿဘုရင် မင်းပြုနေ၏။ နှစ်နိုင်ငံ မြဲမြံသော သံတမန်ရေး ရှိနှင့်ပြီး ဖြစ်သည်။ အသောကမင်းကြီးက မဟိန္ဒမထေရ်နှင့် အခြား ရဟန်းတော်တို့ကို သီရိလင်္ကာသို့ သာသနာပြု စေလွှတ်ခဲ့သည်။ တိဿဘုရင်ကိုလည်း အကြောင်းကြားလွှာ ပါးခဲ့သည်။ မဟိန္ဒမထေရ် ရဟန်း (၄) ပါးနှင့်အတူ သီရိလင်္ကာရောက်သော သက္ကရာဇ်က ဘီစီ (၂၅၄) ဖြစ်ပြီး ထိုအချိန်၌ မထေရ်၏ သက်တော် (၃၂) နှစ် ရှိပြီး ဖြစ်သည်။
        မဟာဝံသကျမ်းအဆိုအရ မဟိန္ဒမထေရ် တမ္ဗပဏ္ဍိ (သီရိလင်္ကာ) ရောက်သည့်နေ့မှာ လပြည့်နေ့ ဖြစ်ပြီး တိဿဘုရင်က အခြွေအရံများနှင့် နက္ခတ်ပွဲသဘင် ဆင်ယင် ကျင်းပနေသည်။ မဟိန္ဒမထေရ်က ထိုသတင်းကို ကြားရပြီး တိဿဘုရင်ရှိရာ မိဿကတောင်သို့ ကြွရောက် တွေ့ဆုံခဲ့သည်။ ဇမ္ဗူဒီပဘုရင် အသောကမင်းကြီးက စေလွှတ်လိုက်သည့် သာသနာပြု ရဟန်းတော်များ ဖြစ်ကြောင်း မထေရ်က ပြောပြသည်။ ထိုအကြောင်းကို သိနှင့်ပြီးသား ဖြစ်သော ဒေဝါနံပိယတိဿမင်းကြီးက မထေရ်နှင့်တကွသော သာသနာပြု တစ်ဖွဲ့လုံးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။


        ထို့နောက် မထေရ်လည်း သာသနာပြုလုပ်ငန်း စတင်တော့သည်။ တိဿဘုရင်နှင့် အခြွေအရံများ အားလုံးကို အရှင်သာရိပုတ္တရာမထေရ် သာဝတ္ထိမြို့၌ ရဟန်းတော်တို့ကို ဟောကြားခဲ့သည့် ဟတ္ထိပဒေါပမသုတ်ကို ဟောကြားခဲ့ပြီး ဒေသနာအဆုံး၌ မင်းကြီးနှင့်တကွ လေးသောင်းလေးထောင်သော မင်းခစားတို့ ဗုဒ္ဓဘာသာအဖြစ် ခံယူကြသည်။ ထို့နောက် တိဿဘုရင်၏ ထောက်ပံ့မှုဖြင့် သီရိလင်္ကာနိုင်ငံ သာသနာပြု လုပ်ငန်းကို ဆက်လက် ဆောင်ရွက်တော်မူခဲ့သည်။
        ဒေဝါနံပိယတိဿ၏ ခယ်မတော်ဖြစ်သူ၊ ညီတော်၏ ကြင်ယာတော် အနုလာမင်းသမီးသည် သူမကိုယ်တိုင် ရဟန်းပြုခွင့်ရရန် ဘုရင်ကြီးထံ ခွင့်ပန်သည်။ မင်းကြီးက ဝမ်းသာမဆုံးဖြစ်ပြီး မဟိန္ဒမထေရ်ကို လျှောက်ထား တောင်းပန်ရာ “အမျိုးသမီးကို ရဟန်းပြုပေးရန် ငါ့မှာ အခွင့်အာဏာ မရှိ၊ သာသနာတော် ပြန့်ပွားရေး ဖြစ်သဖြင့် တားလည်း မတားမြစ်အပ်၊ ဤအကြောင်းကို ခမည်းတော် အသောကမင်းကြီးထံ အကြောင်းကြားပြီး သင်္ဃမိတ္တာကို စေလွှတ်ပေးရန် မေတ္တာရပ်ခံပေးမည်” ဟု မထေရ်က မိန့်လိုက်သည်။
        မထေရ်၏ ဩဝါဒအတိုင်း ဒေဝါနံပိယတိဿက ပါဋလိပုတ်သို့ တမန်တော်များ စေလွှတ်ပြီး အသောကမင်းကြီးထံ သဝဏ်လွှာ ဆက်သသည်။ သားရဟန်းတော်၏ အောင်မြင်သော သာသနာပြုခရီးကို နှစ်ထောင်းအားရ ရှိလှသော အသောကမင်းကြီးက သမီးတော် သံဃမိတ္တာနှင့်အတူ ဗုဒ္ဓဂယာမှ ညောင်ကိုင်းတစ်ကိုင်းပါ လက်ဆောင် ပေးလိုက်လေသည်။ ထိုညောင်ပင်ငယ်ကို ဓမ္မသင်္ကေတ တစ်ခုအနေဖြင့် သီရိလင်္ကာ၌ စိုက်ပျိုးစေသည်။ ထိုညောင်ပင်က ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ကြာဆုံး သစ်ပင်ဟု ဆိုနိုင်သည်။
        သင်္ဃမိတ္တာထေရီ သီရိလင်္ကာသို့ ရောက်သည့်အချိန်တွင် ကြီးကျယ်စွာ ကြိုဆိုခဲ့ကြသည်။ အိမ်ရှေ့မင်းသား၏ ကြင်ယာတော် အနုလာဒေဝီနှင့် အလုပ်အကျွေး မောင်းမမိဿံ ငါးရာတို့ ဘိက္ခူနီသာသနာထဲ ဝင်ကြစဉ် မဟိန္ဒမထေရ်ကလည်း ဘုရင်၏တူတော် အရိဋ္ဌနှင့် သူငယ်ချင်း ငါးရာတို့ကို သူတော်ကောင်းတရား၌ တည်စေခဲ့သည်။
        အနုရာဓပူရမြို့ရှိ မဟိန္ဒမထေရ် သီတင်းသုံးခဲ့ရာ ကျောင်းတော်သည် ယနေ့တိုင် ဗုဒ္ဓဘာသာဝင်တို့ အတွက် အထွဋ်အမြတ် ထားရာ နေရာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
        မဟိန္ဒမထေရ် သီရိလင်္ကာ သာသနာပြုကာလသည် (၃၈) နှစ် ဖြစ်ပြီး သက်တော် (၇၀)၊ ဘီစီ (၂၀၀) ၌ ပျံလွန်တော် မူခဲ့သည်။
        ထို့နောက် နှစ်နှစ်ခန့်အကြာတွင် သင်္ဃမိတ္တာမထေရ်လည်း ပျံလွန်တော်မူခဲ့လေသည်။ ဤမောင်နှမ နှစ်ယောက်တို့ ကြိုးစား သာသနာပြုခဲ့မှု့ကြောင့် အလှမ်းဝေးကွာလှသော သီရိလင်္ကာကျွန်း၌ ဗုဒ္ဓသာသနာလည်း ထွန်းလင်းတောက်ပ လာခဲ့ရတော့သည်။
        ဤကား အသောကမင်းကြီး၏ သာသနာပြု အစီအမံ တစ်ခုပင်တည်း။


Mahinda and Sanghamitta


Mahinda’s mother’s name was Devi or Mahadevi, and she belonged to Vidisa. While a prince, Asoka was sent by Bindusara as a regent to Vidisa, where he married the daughter of a ‘setha’ or millionaire. The girl was named Devi. She bore Asoka a son, Mahinda, and a daughter, Sanghamitta, in that order. Asoka was crowned the king at Pataliputra when Mahinda was fourteen. Though Asoka settled there, Rani Devi lived in her parental home at Vidisa.

    Mahinda was initiated by sthavira Mahadeo in the seventh year of Asoka’s coronatin. Mahinda was twenty-one by then. After his initiation, Mahinda was dispatched to Sri Lanka with some monks to preach dhamma. During the six months preceding his mission to Sri Lanka, Mahinda went about visiting the Buddha Viharas around Rajagriha and gained knowledge in the company of learned monks. He met his mother at Vidisa on his way to Sri Lanka. His mother gave him a reception fitting a noble sramana. She was glad that her son was going to preach dhamma in Sri Lanka. His mother’s affection compelled Mahinda to stay a month at Vidisa.

    It happened during the reign of King Devanampiya Tissa in Sri Lanka. He had strong friendly ties with King Asoka. As Asoka dispatched Mahinda to Sri Lanka in the company of some monks to preach dhamma, he sent his emissary to inform the king. Asoka was crowned in 272 BC, and Mahinda landed at Singhala dweepa in 254 BC in the company of four monks. Mahinda was thirty-two at the time.

    According to the Mahavansa, when Mahinda arrived in Tamraparni, it was the Full-moon’s day in the lunar month of Jyestha – a day of festive celebrations in the land. King Devanampiya Tissa had gone to the Misraka mountain to hunt and celebrate the occasion with forty-four thousand men. When Mahinda received the information, he joined the king at the mountain with the monks. He told the king – “I am a preacher sent by Asoka from Jambudeepa.” The kind, who already had Asoka’s message, received Mahinda with sheer warmth. Mahinda started his work at once. He preached to the king the Hastipadopamasutta, which was originally delivered by Sariputta in the presence of the order of the monks at Savatthi. Consequently, Devanampiya Tissa was instantly converted to Buddhism along with his forty-four thousand men.Subsequently, Mahinda completed his task in Sri Lanka with the help of the king.

Devanampiya Tissa’s wife’s name was Anuloma or Anula. Inspired by the wave of Buddhism in the land, Queen Anuloma sought the king’s permission to join the dhamma. Tissa was too happy to refuse her. But, Mahinda said – “I am not authorized to initiate women. But, it is not fair to obstruct the expansion of the dhamma either.” He added – “I will send a message to my father, and you should also ask him that he may send Sanghamitta here for the purpose.”

    Accordingly, Devanampiya Tissa dispatched a messenger to Pataliputra. Asoka was delighted to receive the news of his son’s success. He asked for a branch of the bodhi-tree from Bodhgaya and dispatched Sanghamitta to Sri Lanka with it. The Branch was planted there as a symbol of dhamma. The tree still stands in Sri Lanka and is, incidently, the oldest tree in the world.

    In Sri Lanka, a royal welcome was extended to Sanghamitta with the branch. Queen Anuloma Devi and another five hundred inmates of the harem were initiated by Sangha, while Mahinda initiated the king’s nephew, Arista and his five hundred friends into dhamma. Mahinda stayed at Anuradhpur Vihara, which has become a pilgrim’s place for the Buddhists. In Sri Lanka, Mahinda preached for thirty-eight years and established Buddhism as the official religion of Sri Lanka. Landing in Sri Lanka at the age of thirty-two years, Mahinda died there at seventy, i.e. in 200 BC. The place of his death is still held sacred by the Sri Lankans. Sanghimitta passed away two year after Mahinda’s death. The two were dedicated to the propagation of Buddhism in a remote land by their righteous father. Such was the greatness of Asoka.

  

သီဟနာဒ

တရုပ် အမေရိကန်တို့ ကွဲပြားတဲ့ အခြေခံစိတ်


အမေရိက ဆင့်ဒီ ဝုဒ် အယ်လီမင်ထရီ ကျောင်းမှာ သေနပ်သမား ဝင်ရမ်း သွားတဲ့နေ့နဲ့ တစ်နေ့တည်း မှာပဲ အရင်နှစ်က တရုတ်ပြည်က အယ်လီမင်ထ ရီ ကျောင်းမှာလည်း လူရမ်းကား တစ်ယောက်က ဓားနဲ့ ဝင်ရမ်းသွားတယ်။

သူတို့ကလေးတွေရဲ့ လုံခြုံရေးအတွက် ကျောင်းအုပ်ကြီး အပါအဝင် အမေရိ ကန်ဆရာတွေက ကျည်ဆံကို ဝင်ခံပြီး အသက်ပေးသွားကြတယ်။ တရုတ်ဆရာတွေကတော့ ထွက်ပြေးသူက ပြေး၊ ပုန်းနေသူက ပုန်း။ ကလေးပေါက်စတွေနဲ့ ဓားသမားကို လွှတ်ထားကြတယ်။

အကြမ်းဖက်မှုသတင်းကို အာဏာပိုင်တွေဆီ အကြောင်းကြားတော့
အမေရိကန် အာဏာပိုင်တွေက ချက်ချင်း တုန့်ပြန်ပြီး တရုတ်အာဏာ ပိုင်တွေက ဟန်းဖုန်းနဲ့ ဂိမ်းကစားတာတောင် မပျက်ဘူး။


အကြမ်းဖက်မှု သတင်းနဲ့ ပတ်သက်ပြီး သတင်းဌာနတွေက မေးတော့
အမေရိကန် အာဏာပိုင်တွေက တလေးတစား သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးတယ်၊ တရုတ်အာဏာပိုင်တွေက " No point talking about it " ဒီအကြောင်းပြောနေလို့ ဘာ အဓိပ္ပါယ်ရှိမှာတုန်း လို့ ဖြေတယ်။

လက်နက် " ကွဲ " တာကလွဲရင် အကြမ်းဖက်လိုမှု စိတ်ရိုင်းကတော့ အတူတူ ပါပဲ။
အခု ပုံစံနဲ့ဆို တရုတ် အကြမ်းဖက်သမားလက်ထဲ သေနတ်ရောက် သွားရင် ကလေးတွေ အတွက် မတွေးရဲစရာပဲ။
အပြစ်မဲ့တဲ့ ကလေးလေးတွေဟာ ဘာကြောင့်များ စိတ္တဇသမားတွေရဲ့ ပစ် မှတ်ဖြစ်နေရသလဲဆိုတာ စိတ်ပညာရှင်တွေ ခေါင်း ရှုပ်နေရတဲ့ ပြဿ နာ ဖြစ်နေဆဲပါ။

ဒီခေတ်ကြီးထဲမှာ ကျောင်းဆရာ တစ်ယောက်ဟာ စာသင်ပေးရတာထက် တာဝန်တွေ အများကြီး ပိုလာနေပြီ။
မဖြူဖြူသင်း ရေ။ ကလေးအားလုံး ဘေးရန်ကင်းဖို့ ဆုတောင်းကြရအောင်။ တကယ်လို့ တစ်ခုခုဆိုရင်လည်း အမေရိကန်တို့ သမိုင်းက လှတယ်။ ဘာသာတရားတိုင်းက ချီးမွမ်းတယ်။ လူသားတိုင်းက လေးစားတယ်။

အဖြူ နဲ့ အမည်း။ ကလေးနဲ့ သေနတ်၊ ဓား။ အတ္တစိတ်နဲ့ အနစ်နာခံစိတ်။
အမေရိကန်ဆရာတွေ နဲ့ တရုတ်ဆရာတွေ။ အမေရိကန် အာဏာပိုင်တွေနဲ့ တရုတ်အာဏာပိုင်တွေက ပြယုဂ်တစ်ခု အပိုပေးထားခဲ့သေးတတယ်။

BEIJING - There were fewer children injured and no deaths in a knife attack at a school in China that happened on the same day as the Sandy Hook Elementary School massacre in the United States. But the soul-searching is no less intense.

In the attack in China - the latest in a series of similar incidents since 2010 - a knife-wielding man slashed 22 children in a primary school in Guangshan county in central Henan province. Coincidentally, it happened last Friday, the same day 20 pupils were murdered in the Connecticut school.

As in the US, the attack triggered renewed concerns over school safety and questions on how the mentally ill are treated. But for many, the most pressing worry is the conduct of the Chinese teachers, whose actions were in sharp contrast to those of their US counterparts.

During the Henan attack, which saw most of the pupils aged six to 11 suffering head wounds, teachers were nowhere to be seen. They had reportedly either fled for their lives or were slow in arriving at the scene.


 ဇင်ဝေသော်

မြန်မာသမ္မတ ( သို့ ) နှီးဖျာတစ်ချပ်ရဲ့ ဗီတာမင် ရေကြည်တစ်ပေါက်


အင်တာဗျူးဆောင်းပါး ။    ။ Childhood Poverty inspired success
By Nirmal Ghosh. Indochina Bureau Chief.
The Straits Times. Saturday, Dec 15, 2012.

ဒီဆောင်းပါးက သတင်းဆောင်းပါးသာဖြစ်ပြီး ရသအား မပါလာဘူး။ အဖြူစာရေးဆရာ ( မိုက်ကယ် အဲရစ်၊ ဒေါ်စု တို့ မိတ်ဆွေ ) ရေးတဲ့ " ကကြိုးလေးထွေနဲ့ အောင်ဆန်းစုကြည် " ဆောင်းပါးနဲ့တော့ တစ်ခြားစီ လို့ဆိုရမှာပါ။
အချက်အလက် အနေနဲ့ ပြောရရင်လည်း မြန်မာတွေ သိပြီးသားက တော်တော်များများပါ။ ဒါပေမဲ့ သူတို့ကတောင် ကိုယ့်နိုင်ငံ သမ္မ တ အကြောင်းကို စာမျက်နှာ နှစ်မျက်နှာပြည့် ဖော်ပြပေးထားတော့......
ချန်မထားခဲ့ချင်လို့ အဆင်ပြေသလို ပြန်ပေးလိုက်ပါတယ်။ အနည်ဆုံး သမ္မတကြီးရဲ့ ရိုးသားတဲ့ နောက်ခံကာလာကို ဂုဏ်ပြုရာ ရောက်တယ်လို့ပဲ ရိုးသားစွာ ခံယူမိပါတယ်။

ကွဲလွဲတဲ့ ယုံကြည်မှူတိုင်းကို လေးစားစွာ လက်ခုပ်တီးပါတယ်။ တာရာမင်းဝေ ပြောသလို " ၅ " ဂဏန်းခြင်းတူရင် မင်းက " ၉ " က ဆင်းလာတဲ့ " ၅ " လား၊ " ၁ " ကနေ တက်လာတဲ့ " ၅ " လားလို့ မေးမယ်၊ စိန်ခေါ်မယ်။ ကျနော်တို့ဟာ ဒီမိုကရေစီ ဈေးကွက်မှာ " ဇီးရိုး " က တက်လာခဲ့ရတာပါ။ ရှုံးစရာ မရှိတဲ့အိပ်ကပ်နဲ့ အမြတ်ရသရွေ့ အိမ်အပါယူပြီး အိမ်ကွင်းမှာ လှလှပပ ကစားနိုင်ဖို့ အင်တယ်လက်ကျူယယ် သံသယ တချို့ကို မမြင်ယောင်ဆောင်ထားမယ်။ ကိုယ့်ရှိတဲ့ ဉာဏ်တစ်ထွာနဲ့ ကြည့်မိတော့ အရှေ့ အနောက် ဖြန့်ကစားနေတဲ့ ဦးသိန်းစိန်နဲ့ ဒေါ်စု အတွဲလောက် ဂိုးရနိုင်ခြေရှိတဲ့ တိုက်စစ်  အတွဲလည်း မမြင်မိဘူး။ ဒီလိုနဲ့ " ကကြိုးလေးထွေ " ကခဲ့တဲ့နောက် " နှီးဖျာတစ်ချပ်ရဲ့ ဗီတာမင် ရေကြည်တစ်ပေါက် " ကို ငုံ့သောက်မိခဲ့ရပြန်ပါလေ ရော။
(ဇင်ဝေသော် ၊ ဘာသာပြန်သူ)



           နေပြည်တော်မှာ ရှိတဲ့ သမ္မတအိမ်ဆိုတာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ကျုံးကူးဆိုတဲ့ ရွာကလေးကနေ လှမ်းကြည့်ရင် အတော် အလှမ်းဝေးလှတဲ့ နေရာတစ်ခုပါ။ ဒီကြားထဲ မလောက်မငှ ကျောင်းဆရာလစာကို နှီးဖျာယက်ရင်း ကျားကန်ထားခဲ့ရတဲ့ သူ့အဖေရဲ့ လစာပါ ထည့်ပေါင်းရင် ပိုလို့တောင် ဝေးကွာ သွားပါသေးတယ်။

           ဒါပေမဲ့ သမ္မတအိမ်တော်ခရီးကို လျှောက်လှမ်းခဲ့ရာမှာတော့ ကလေးဘဝက ဆင်းရဲမွဲတေမှုဟာ အဓိက မောင်းနှင်အားတစ်ခု ဖြစ်နေခဲ့တယ်ဆိုတာ မလွဲမသွေပါပဲ။

           “ကလေးဘဝကစလို့ တွန်းအား အဖြစ်စေဆုံး အချက်ကတော့ ဆင်းရဲမွဲတေမှုပါပဲ” လို့ စစ်ဗိုလ်ချုပ်ကြီး တဖြစ်လဲ သမ္မတ ဦးသိန်းစိန်က  အတိတ်ဆီကို လှမ်းပြီး လက်ညှိုး ညွှန်ပြပါတယ်။ ကျနော်တို့ စထရိတ်တိုင်းမ်က အရင်အပတ် ကြာသာပတေးနေ့ (၁၃၊ ၁၂၊ ၂၀၁၂) က သမ္မတကြီးကို အင်တာဗျူးခဲ့ကြပါတယ်။ ဒီမှာသူက

           “ဆင်းရဲမွဲတေမှုဟာ အကြီးမားဆုံး စိန်ခေါ်မှုပါ။ ဒီအခြေအနေကနေ ရုန်းထွက်နိုင်အောင် ကျနော်လည်း တတ်နိုင်သရွေ့ ကြိုးစားနေတာပါပဲ။ ဒါ့ကြောင်း ဆင်းရဲမှု လျော့ပါး၊ ပပျောက်ရေး စီမံချက်ဟာကျနော့်အတွက်အလွန်အရေးပါနေပါတယ်။နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးမှာလည်း ဒီကိစ္စက အထူးဦးစားပေးကဏ္ဍ ဖြစ်ပါတယ်”

           အထက်တန်းပညာရေး ပြီးတဲ့နောက် မိဘတွေက တက္ကသိုလ် ထားမပေးနိုင်ခဲ့တော့ သူဟာ ( လူမွဲ သားထွက်ပေါက်ဟာ ကိုရင်ဝတ်မလား၊ စစ်တက္ကသိုလ် တက်မလား ) စစ်တက္ကသိုလ်ကို တက်ခဲ့ရတယ်။ စစ်တက္ကသိုလ်မှာ စစ်ဘက်ဆိုင်ရာ ပညာရပ်တွေ သင်ကြားခဲ့ရသလို ဘူမိဗေဒနဲ့ လူမှုရေး သိပ္ပံ၊ နိုင်ငံရေးသိပ္ပံလို ဘာသာရပ်တွေပါ ပူးတွဲလေ့လာခဲ့ပြီး ဘီအေ ဝိဇ္ဇာဘွဲ့ ရခဲ့တယ်။

           “လက်ရှိ အနေအထား ရောက်လာအောင် သင်ကြားခဲ့ရတဲ့ ပညာရပ်တွေက အထောက်အကူ ပြုခဲ့တာပါ” လို့ သူက ဆိုတယ်။
“စစ်တပ်ထဲ ရောက်ပြီးတဲ့နောက် ဒုဗိုလ်ဘဝကနေ ဗိုလ်ချုပ်ကြီးအဆင့် ရာထူးအထိ အဆင့်ဆင့် တက်ခဲ့ရတယ်။ စစ်အစိုးရလက်ထက် အတွင်းရေးမှူး (၁) ရာထူး ယူခဲ့တယ်။ အဲ့ဒီနောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့တယ်။ ဒီဘဝတွေကို ဖြတ်သန်းရင်း နိုင်ငံတော်နဲ့ လူထုအပေါ် နားလည်မှုတွေလည်း တိုးပွားလာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတာလို့ ယုံကြည်ထားပါတယ်” လို့ သူက ဆက်ပြောတယ်။

           ကျယ်ပြန့်လွန်းလှတဲ့ ပြုပြင်ပြောင်းလဲရေး ကဏ္ဍတွေထဲမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးတဲ့ ကဏ္ဍတွေထဲက တစ်ခုပါ။ “တည်ငြိမ်အေးချမ်းမှု ရှိပါမှ တရားဥပေဒ စိုးမိုးမှုကလည်း ရှိနိုင်မယ်” လို့ သူက ပြောပါတယ်။

           “နိုင်ငံရေးတည်ငြိမ်မှု ရရှိရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းသူပြည်သားတွေ လုံခြုံစိတ်ချစွာ နေနိုင်ရေး စတာတွေအတွက် အခြားနိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သူတို့နဲ့ သဘောတူညီမှု ရယူ၊ ပန်းတိုင်တစ်ခုတည်းထားပြီး အလုပ် လုပ်သွားနိုင်ကြမယ်ဆိုရင် ကျနော်တို့ လိုအပ်နေတဲ့ နိုင်ငံရေး တည်ငြိမ်မှုလည်း ရလာနိုင်ပါတယ်”

           သူ့အသက် လေးဆယ်ကျော်ကျော်မှာ ပြည်ပခရီးစဉ်အနေနဲ့ တရုတ်နဲ့ စင်္ကာပူကို ရောက်ဖူးခဲ့တယ်။ ၂၀၀၇ - ခုနှစ်မှာ စစ်တပ်အစိုးရရဲ့ ဝန်ကြီးချုပ် ရာထူးကို သူ ရယူခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ပါလီမန်အသစ် အောက်မှာတော့ သူဟာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပေမဲ့ အစပထမပိုင်းမှာတော့ သူဟာ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွေးရဲ့ ရုပ်သေးလို့ ထင်မှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဦးသိန်းစိန်ဟာ ဘယ်သူရဲ့ ရုပ်သေးမှ မဟုတ်ဘူးဆိုတာ တဖြည်းဖြည်းချင်း သက်သေ ပြလာနိုင်ခဲ့တယ်။ အဲ့သလို ပြသလာနိုင်တာနဲ့အမျှ လူထုရဲ့ ထောက်ခံမှုလည်း သူ ရလာခဲ့တယ်။ စစ်အရာရှိတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ဒုတိယအကြိမ် ရွေးချယ်တင်မြှောက်တာ ခံခဲ့ရပြန်ပါတယ်။

           သမ္မတဦးသိန်းစိန်နဲ့ ပတ်သက်လို့ ပြောစမှတ် ရှိနေတာက သူကိုယ်တိုင် သမ္မတ ဖြစ်လာခဲ့ပေမဲ့ သူ့ရဲ့ ဇာတိရွာလေးကတော့ အရင်အတိုင်း ရွှံ့ဗွက်ထူထူ၊ မီးမှန်မှန် မလာတဲ့ ရွာငယ်ဇနပုဒ်မီးလေးမှိတ်တုတ် တစ်ခု ဖြစ်နေဆဲ ဆိုတာပါပဲ။ သူ့အာဏာကို သုံးပြီး သူ့ရွာအတွက် ဘာမှ လုပ်မပေးခဲ့ပါဘူး။ သူ့ရဲ့ အသက်သုံးဆယ်ကျော် သမီးနှစ်ယောက်ဆိုရင်လည်း ရိုးရိုးကုတ်ကုတ်ပဲ နေကြလို့ လူ သိပ်မသိကြပါဘူး။ တစ်ယောက်ကဆိုရင် သူ့ဖခင် ဗိုလ်ချုပ်ကြီး ဖြစ်နေတာတောင် လူထုသုံး ဘက်(စ်) ကားကိုပဲ စီးပြီး အလုပ်သွားတတ်တယ်လို့ ဆိုပါတယ်။

           ဦးသိန်းစိန်နဲ့ ပတ်သက်လို့ အထူး အသိအမှတ် ပြုထားရတာကတော့ သူဟာ အမြဲတမ်း နှိမ်နှိမ်ချချပဲ နေတတ်တယ်ဆိုတာပါပဲ။

           အကြံပေးလာရင်လည်း ဂရုတစိုက် နားထောင်တတ်တယ်။ မေးလာရင်လည်း စနစ်တကျ ဖြေတတ်တယ်။ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ပြောစကားအရ အာဏာသုံးစရာ ရှိရင်တောင် သိမ်သိမ်မွေ့မွေ့ပဲ သုံးတတ်တယ်လို့ သိရပါတယ်။ ဧည့်သည်တွေကို ခမ်းနားတဲ့ သမ္မတ ဧည့်ခန်းမျိုးမှာ တွေ့ဆုံပေမဲ့ သူ့ဖက်က ဆက်ဆံရေးကတော့ ဟိတ်ကြီးဟန်ကြီး မရှိဘဲ နွေးနွေးထွေးထွေး တွေ့ဆုံ ဧည့်ခံတတ်တယ်လို့ သိခဲ့ရပြန်ပါတယ်။ သူ နေထိုင်မကောင်း ဖြစ်ခိုက် သူ့အတွက် သာစေ၊ မာစေဖို့ ဆုမွန်ကောင်း တောင်းပေးကြတဲ့ မက်ဆေ့ခ်ျတွေဟာလည်း အင်တာနက်ပေါ်မှာ ပလူပျံသလို ရှိနေခဲ့တယ်။ စစ်တပ်ကို အမုန်းကြီး မုန်းနေတဲ့ နိုင်ငံတစ်နိုင်ငံက သူလို စစ်ဗိုလ်ချုပ်ကြီးဟောင်းအပေါ် ဒီလောက် မေတ္တာထားနိုင်တာဟာ အံ့ဘနန်း ဖြစ်စဉ်တစ်ခုလို့ ပြောရမှာပါ။

           ရန်ကုန်အခြေစိုက် တမ္ပဒီပ လေ့ကျင့်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ ဒါရိုတ်တာ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက်ဖြစ်တဲ့ ဒေါက်တာခင်ဇော်ဝင်းကတော့ “လူတိုင်း နှစ်ရှည်လများ စက်ဆုပ် ရွံမုန်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း တဖြစ်လဲ ဒီနိုင်ငံ့ခေါင်းဆောင် တစ်ယောက်ကို ဒီလောက်ကြီး ထောက်ခံနေကြတာက ရယ်စရာပဲ။ ဦးသိန်းစိန် လက်ထက်မှာ ပြောင်းသွားခဲ့တယ်။ ကျနော် ပြောရဲတယ်။ သမိုင်းမှာ ဘယ်စစ်တပ် ခေါင်းဆောင်မှ ဦးသိန်းစိန်လောက် ထောက်ခံမှု မရခဲ့ဖူးဘူး”

           သမ္မတဦးသိန်းစိန်ရဲ့ တစ်ကိုယ်ရေ အောင်မှုဟာ ရိုးသားနှိမ်ချခြင်း တစ်ခုကြောင့်တော့ မဟုတ်ပါဘူး။ သူဟာ မှန်ကန်ပြီး ကိုယ်ကျင့်တရား မပျက်ခဲ့သူတစ်ယောက် ဖြစ်ခဲ့တာလည်း ပါဝင်ပါတယ်။

           ၁၉၈၀ - ခုနှစ်တွေက ပြည်ပကို ထွက်လာပြီး အစိုးရကို ဆန့်ကျင်သူ၊ နိုင်ငံရေး သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကိုဇော်ဦးကတော့ “သူဟာ တော်တော် နောက်ကြောင်း ရှင်းခဲ့တဲ့လူပဲ။ ဘယ်သူကမှ သူ့ကို ကိုယ်ရေးကိုယ်တာ ဖောက်ပြန်မှုနဲ့ စွပ်စွဲလို့ မရဘူး။ အဓိက အကြောင်းတရားကတော့ သူ့ကိုယ်ကျင့်တရားပါပဲ” လို့ ပြောခဲ့တယ်။

           သူ့ဘဝရဲ့ စံပြပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲလို့ မေးတဲ့အခါမှာတော့ ဦးသိန်းစိန်က “ကျနော်တို့ နိုင်ငံရဲ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကျနော့်ရဲ့ တစ်ယောက်တည်းသော စံပြပုဂ္ဂိုလ်က လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပဲ”။ မျိုးချစ်စိတ် ပြင်းထန်ပြီး လူထုတစ်ရပ်လုံး လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ၁၉၄၇ - ခုနှစ်မှာ လုပ်ကြံခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည်ရဲ့ ဖခင် ဦးအောင်ဆန်းပါ။ အခြားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မော်စီတုန်း၊ ချူအင်လိုင်း၊ လီကွမ်းယုနဲ့ ပတ်ချုံဟီးတို့ကိုလည်း သူ လေးစားကြောင်း ဦးသိန်းစိန်က ဆက်ပြောခဲ့ပါသေးတယ်။

           “ဒီနိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ကို ယုံကြည်ချင်ပန်းတိုင်နဲ့ လူထု လိုအပ်ချက်ကို နားလည် သဘောပေါက်ခြင်းပဲ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ လူထုရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရင် အောင်မြင်မှာပါပဲ” လို့ သူ့ယုံကြည်ချက်ကို ဆက် ရှင်းပြပါတယ်။

ဦးသိန်းစိန်ရဲ့ စံပြပုဂ္ဂိုလ်ကြီးများ
ဗိုလ်ချုပ်အောင်ဆန်း
မော်စီတုန်း
ချူအင်လိုင်း
လီကွမ်းယု
ပတ်ချုံဟီး

သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ
အဝေးက အနောက်နိုင်ငံတွေနဲ့ပဲ ဖြစ်ဖြစ်၊ အနီးက အရှေ့ပိုင်းနိုင်ငံတွေနဲ့ ဖြစ်ဖြစ် မိတ်ဆွေရင်းတွေပဲ ဖြစ်နေချင်ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ကိုကြည့်ရင် တရုတ်ဆိုတာ အိမ်နီးချင်း ဖြစ်နေသလို မိတ်ဆွေဟောင်းလည်း ဖြစ်နေခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးဟာလည်း အတူတကွ ပူးပေါင်းလုပ်ဆောင်သွားကြရမယ့် မိသားစုတွေလို့ သဘောထားပါတယ်။

ဘယ်သူရဲ့ ဩဇာခံမှ မဖြစ်ရအောင် ကျနော်တို့ အကောင်းဆုံး ကြိုးစားသွားကြမှာပါ။

တိုင်းရင်းသား လူမျိုးစုများအပေါ် သဘောထား
နိုင်ငံတော်အေးချမ်းဖို့ဆိုတာ နိုင်ငံရဲ့ ပေါ်လစီအပေါ်မှာ မူတည်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားတွေ အားလုံးဟာ အချင်းချင်း ရန်သူတွေလို သဘောမထားကြဘဲ ညီရင်းအကိုလိုပဲ သဘောထားကြမယ်ဆိုရင် ဒီကိစ္စကလည်း စကားစပြောလို့ ရပါပြီ။

ခေါင်းဆောင်မှု စွမ်းရည်
အခြေခံ လိုအပ်ချက်နဲ့ လူထုရဲ့ လိုအပ်မှုတွေကို ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။


 ဇင်ဝေသော်

အသက်ကြီးသူတွေ အလိမ်ပိုခံရတယ်


နယူးယောက် တိုင်းမ်၊ ဂျူဒီ ဂရေဟမ် ရဲ " For the elderly,less sense of whom to trust " ဆေးပညာရပ်ဆိုင်ရာ ဆောင်းပါးလေး ဖတ်မိလို့ တင်လိုက်ပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ မကြာခဏကြုံကြရတတ်တာက သူတို့ဟာ ဆွေမျိုးတွေကိုတော့မယုံ တစိမ်းတွေကိုမှ သွားပြီးယုံနေတတ်တာမျိုးပါ။ သံသယ ဖြစ်သင့်သူတွေကို မဖြစ်၊ သံသယ မ ဖြစ်သင့်သူတွေကို သံသယ ဖြစ် တတ်တာဟာလည်း ဒီ အကျိုးသက်ရောက်မှုပါပဲ။ University of California, Los Angeles ( UCLA ) ရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ သုတေသနအရ သိပ္ပံနည်းကျတယ်လို့ ဆိုရမှာ။

အသက်ကြီးလာတာနဲ့ အမျှ ဘယ်သူ့ကို ယုံကြည်ရမလဲ ဆိုတဲ့ အသိဉာဏ်အားတွေလည်း လျော့ကျလာတယ်လို့ သိရပါတယ်။
ဒီ သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာ တေလာရဲ့ ဖခင်ဟာ သူနဲ့မသိ၊ လမ်းမှာတွေ့တဲ့ လူနှစ်ယောက်ကို ယုံကြည်ပြီး ဒေါ်လာ တစ်သောင်း ခွန်နှစ်ထောင် ( ၁၇၀၀၀ ) ပေးလိုက်ရာကနေ ဒီ သုတေသနကို စတင်ခဲ့ကြတာပါလို့ ဆိုပါတယ်။
ဆေးပညာဆောင်းပါးပေမဲ့ ဒါကို သိထားရင် ဆွေမျိုးတွေကိုတော့မယုံ တစိမ်းတွေကိုမှ သွားပြီးယုံတာတွေ တွေ့ရရင် စိတ်မပျက်၊ စိတ်မတိုမိတော့ဘဲ သူတို့ကို ပိုလို့စာနာမိနိုင်ပါတယ်။

သူတို့ လက်ထဲမှာ အဖိုးတန် ပစ္စည်းတွေ အပ်မထားမိဖို့၊ အသုံးငွေ အများကြီး ပေးမထားမိဖို့ စတာတွေကလည်း ဆင်ခြင်စရာတွေပါ။ နောက်ပြီး သိပ္ပံနည်းကျ လူလိမ်တွေက လူငယ်တွေထက် လူကြီးတွေကို အာရုံပိုကျနိုင်တယ် ဆိုတာကိုလည်း သတိထားလို့ ရနိုင်တာပေါ့။


 ဇင်ဝေသော်

ကမ္ဘာဦး လူမှုရေးဆက်ထုံး

ယောက္ခမ၊ ချွေးမ၊ ခမည်းခမက်ဇာတ်လမ်းတွေက မြန်မာတွေကြားမှာတော်တော်များများ ရှိသလို အမှန်တ ကယ်လည်း ဒါတွေက ဖြစ်နေတတ်တဲ့ သဘော ရှိပုံရပါတယ်။ ဒါပေမယ့် ဒီပြဿနာက မြန်မာတွေ မှာ တင် ဖြစ် တတ်တာမဟုတ်ပဲ ဂလိုဘယ်ဖြစ်နေတဲ့သဘောလည်း ရှိပါတယ်။ သူတို့ ဟာသလေးတွေ တစ် ချို့ ကို ဖတ်ကြည့်ပါ။

“ယောက္ခမနဲ့ စကားမပြောဖြစ်တာ (၁၈) လ ရှိပါပြီ။ သူပြောနေတာတွေ အနှောက်အယှက်ဖြစ်သွားမှာ စိုး လို့ ဝင်မပြော
တာပါ”

“အလွန်ပျော်စရာကောင်းတဲ့ ခရီးတစ်ခုကနေ ပြန်လာတာပါ။ အဲဒါ ကတော့ ယောက္ခမ ကို လေဆိပ် လိုက် ပို့တာပါပဲ”

ကျွန်မယောက္ခမကပြောတယ်။ “နင်သေရင် နင့်အုတ်ဂူပေါ် တက်ကမယ်” တဲ့။
ဒါနဲ့ ကျွန်မကလည်း “ မျှော်လင့်ထားပြီးသားပါ။ ဒါကြောင့် ကျွန်မသေရင် ပင်လယ်ထဲမှာမြှုပ်ဖို့ ဆုံးဖြတ်ထား တယ်” လို့။

“ကျွန်မယောက္ခမနဲ့ ကျွန်မနဲ့ဆိုရင် နှစ်ပေါင်းနှစ်ဆယ်လုံးလုံး ဘာပြဿနာမှ မရှိပဲပျော်ပျော် ရွှင်ရွှင်နေနိုင် ခဲ့ကြပါတယ်။ အဲ အနှစ်နှစ်ဆယ်ကျော်မှ တစ်ယောက်နဲ့တစ်ယောက်တွေ့ကြ တာလေ။

အိမ်ထောင်ရေး ပြဿနာလို့ သုံးစွဲဖို့တော့ အားနာစရာ နည်းနည်းကောင်းပါ လိမ့်မယ်။ ဒါပေမယ့် ဇနီးမောင်နှံတွေရဲ့ အိမ်ထောင်ရေး ကတော့ယောက္ခမတွေကြောင့် အကျိုးသက် ရောက်မှု အများကြီး ရှိနေတယ် ဆိုတာ တွေ့ကြရပါတယ်။

ပထမဆုံးကတော့ အီတလီပါ။ အီတလီက အမျိုးသားတွေဟာ (ma ma’s boys-မေမေ့ သားလေး) လို့တင်စားခေါ်ကြပြီး မိခင် ရဲ့လွှမ်းမိုးမှု လည်းတော်တော်ရှိဟန် တူပါတယ်။ ဒါကြောင့် အိမ်ထောင်ရေး မပြေလည် မှုတွေထဲကယောက္ခမကြောင့်ဖြစ်ရတာက ၃၀ရာခိုင်နှုန်းတောင် ရှိပါသတဲ့။ ကမ္ဘာ့အမြင့်ဆုံးလို့ ယူဆရမှာပါ။

မလေးရှား မှာလည်း MIL (Mother In Law) Syndrome လို့ ယောက္ခမတွေကို တင်စား ခေါ်ဝေါ်ကြ ပါ တယ်။ ရာခိုင်နှုန်းတွနဲ့ အတိ အကျဆိုမထားပေမယ့် ယောက္ခမတွေ ကြား ဝင်လို့ အိမ်ထောင်ရေး ပြိုကွဲ မှုက ရာခိုင်နှုန်းအတော်များတယ်လို့ သိရပြန်ပါတယ်။

၂၀၀၈- ခုနှစ်က အိုဆာကာ တက္ကသိုလ်ရဲ့ သုတေသနပြုချက်အရ ယောက္ခမတွေနဲ့အတူတူနေ ရ တဲ့ ချွေးမတွေ ဟာ နှလုံးရော ဂါဖြစ်ပွါးနှုန်းပိုများတယ်ဆိုတာကို တွေ့ရှိကြရပါ သတဲ့။ ဒါပေမယ့် ၂၀၁၀- ခုရောက်တော့ ချွေးမတွေလည်း လက်စားချေတာကို ခံလိုက်ရပြန်ပါ တယ်။ ၂၀၁၀- ခု သုတေသနအရ သား၊ ချွေးမတွေနဲ့ အတူနေရ တဲ့ ယောက္ခမတွေဟာ သမီး၊ သမက်နဲ့ အတူနေရ တဲ့ ယောက္ခမတွေထက် အသက်ပိုတိုကြတယ် လို့တွေ့လာ ရပြန်ပါတယ်။

ဒီနေရာမှာ ထူးခြားမှုဖြစ်နေတာ တစ်ခုက ချွေးမရဲ့ စောင့်ရှောက် ကူညီ မှုနဲ့ နေကြရ တဲ့ ယောက္ခထီးကြီးတွေကတော့ သူတို့ ဇနီး ကိုယ်တိုင်စောင့်ရှောက်မှုအောက်မှာ နေရတာ ထက် အသက်ပို ရှည် တတ်တာ တွေ့ကြရပြန်ပါသတဲ့။ ဒါကြောင့် ချွေးမနဲ့ ယောက္ခမက ပနံ မရဖြစ်တတ်ပေမယ့် ချွေးမနဲ့ယောက္ခ ထီးတွေရဲ့ ဆက်ဆံရေးကတော့ အဲသလို မဟုတ်ပြန် ဘူးဆိုတာ တွေ့လာရပြန်ပါတယ်။ ဒီ ထက်ပိုပြီး ထူးခြား တာက ဒီသုတေသန တွေထဲမှာ သားမက်နဲ့အ တူနေရ တဲ့ ယောက္ခမ ၊ ယောက္ခထီးတွေ အကြောင်း ထူးထူးခြားခြားပြောထား တာမရှိခြင်းပါ။ သားမက်ကြောင့် အသက်တို၊ ရှည်၊ နှလုံးရောဂါ ရ၊ မရ ဆိုတာတွေ မတွေ့ ရပါဘူး။ သား မက်ကတော့ ဘာသိဘာသာ ပဲ နေ ကြပုံရပါတယ်။

လူမှုရေးဥပဒေတွေ ဘယ်လောက်ပြောင်းပြောင်း၊ လူမှုရေး အသိစိတ်နဲ့ သက်ဆိုင်တဲ့စာအုပ်တွေ၊ ပညာပေး ကဏ္ဍတွေ ဘယ်လောက်ပဲ လုပ်လုပ် ယောက္ခမ၊ ချွေးမဇာတ် လမ်း တွေ ကတော့ နိုင်ငံ ဆင်းရဲချမ်းသာ မရွေး ရှိနေတတ်တယ်လို့ ဆိုပါတယ်။

ဒီဆောင်းပါးမှာလည်း ပညာရှင်တွေက ထပ်ပြီးလမ်းညွှန်ထားတာတွေ တွေ့ရ ပါတယ်။ သိပ်တော့ မထူးခြားလှပါဘူး။

၁။ သား (သို့) သမီးအိမ်ထောင်ပြုသွားတာနဲ့ မိမိရဲ့ မိခင်ဘဝကဆုံး ပါးသွားတာမဟုတ် ပါဘူး။ ဒါကို အံဝင်ခွင်ကျဖြစ် သွားအောင် နေတတ် သွားဖို့ပဲ လိုပါတယ်လို့ ပညာရှင် Anne Hollands က ယောက္ခမတွေကို လှမ်းတို့လိုက်ပါတယ်။ ဒါကြောင့် သိပ် မထူးခြားလှဘူး လို့ ပြောတာပါ။
မြန်မာတွေမှာလည်း သား(သို့) သမီး အိမ်ထောင်ပြုတာကြောင့် သား(သို့) သမီးဆုံးရှုံးမ သွားဘူး။ မဆုံးရှုံရုံတင်မက သမီး (သို့) သားတစ်ယောက်ပါအဆစ်ရလိုက် တယ် လို့ဆို တတ်ကြပါတယ်။

၂။ ယောက္ခမက ဘယ်လောက်ပဲဆိုးဆိုး ကိုယ့်ဖက်က ရိုရိုသေသေ နဲ့လေးလေး စားစား ဆက်ဆံတတ်ဖို့ လိုပါတယ်လို့ သူမ ကပဲ ချွေးမတွေကို လက်တို့ခဲ့ပြန်ပါတယ်။ ချွေးမအတွက် ဆုံးမစကားနဲ့ ပတ်သက်လို့ ကတော့ မြန်မာတွေဆီမှာ ပိုများပါတယ်။ဝိသာခါ ကို ဆုံးမလိုက်တဲ့ သူမဖခင်ရဲ့ဆုံးမစကား ဆယ်ခွန်း က တော်တော် လေး ပြည့်စုံပါတယ်။

၃။ ပြဿနာတစ်ခုခုဖြစ်ရင် ရေရှည်အတွက် စဉ်းစားပြီး ဆုံးဖြတ်ပါလို့လည်း ပြောခဲ့ပါတယ်။ ဒါကလည်း သိပ်တော့ မထူးခြားလှပါဘူး။

ဒါတွေထဲမှာ ထူးထူးခြားခြားရှိတာကတော့ ကိန်းဘရစ်ခ်ျတက္ကသိုလ်စိတ်ပညာပါမောက္ခ ဒေါက်တာ Terri Apter ရဲ့ သုံးသပ် ချက်ပါ။ သူမပြောတာက “ယောက္ခမရော ချွေးမပါ သူ တို့ အသားမကျသေးတဲ့ ဘဝတွေကို အခုမှ နဖူးတွေ့ ဒူးတွေ့ ရင် ဆိုင်ကြ ရ တာဆိုတော့ ပြဿနာ တစ်ချို့ ရှိလာတတ်တာပါ။ အဓိကအားဖြင့် မတူတဲ့မိသားစုတွေရဲ့ခံယူချက်၊ သိက္ခာ၊ မာနစတာတွေကြောင့် အလျှော့မပေးလို စိတ်တွေ ဖြစ် လာတတ်ရာကစတင်တတ် တယ်” လို့ ဆိုပါတယ်။

တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်။ မိန်းကလေးတစ်ယောက်ဟာ အိမ်မှာလည်းသန့်ရှင်း ရေးလုပ်၊ ထမင်းချက်၊ ဟင်းချက် လုပ် ကြ မှာပါ။ ဒါပေမယ့် ယောက္ခမကခိုင်းရင်တော့ ဒီပြင် လူတွေမခိုင်းပဲ ငါ့ကိုယ်မှ ရွေးခိုင်းတယ်ဆိုတဲ့အတွေးမျိုး ရောက်သွားနိုင်ပါတယ်။ သူ့အိမ်မှာ ဘာမှမလုပ်ခဲ့ရတဲ့ မိန်း ကလေးဆိုရင်တော့ ဒီကိစ္စက ကြည့်ကောင်းမယ့် ပွဲတောင်ဖြစ်သွား နိုင်ပါတယ်။

Terri Apter ကတော့ သိပ်မလိုအပ်လှတဲ့ “သိက္ခာ” ဆိုတာကြောင့် ဒီ လူမှုရေးပြဿနာ က ဖြစ်လာ တတ် တာဖြစ်ပြီး ဒါကိုကျော် လွှားနိုင် ရင် အဆင်ပြေသွားတဲ့ ယောက္ခမ၊ ချွေးမတွေ အများကြီးရှိပါတယ် လို့ ဆို ထားပါတယ်။ ဟုတ်ပါတယ်။ တချို့ဆိုရင် ချွေးမကသမီးလိုဖြစ်ပြီးသားကပင်
ားမက်လိုဖြစ်နေတတ်တာ တွေပင်ရှိနေတတ်ပါတယ်။

ဘာပဲပြောပြော ဒီလူမှုရေးဆက်ထုံးကလည်း ကမ္ဘာဦးကစလို့ နောင်လည်းရှိနေဦးမည့် သဘောပါပဲ။

Ref: Reader’s Digest, October, 2012.
How to tame your mother in law.



ဇင်ဝေသော်