မျဉ်းပြိုင်တို့ဆုံရာ


"၃။ မင်းကိုနိုင်ဆီမှာ
(က) နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု(Loyalty to the Nation State)
(ခ) ကဗျာဆရာရဲ့ ရိုးသား၊ နှိမ်ချမှု (Poetic humanity and humility) နဲ့
(ဂ) ကိုယ့်အထွာကိုသိမှု (self-actualization)................"


၁။ စထရိတ်တိုင်းမ်က ဒီနှစ်အတွက် Man of Asia ဆုကို အိန္ဒိယက မိုဒီကိုပေး လိုက်တဲ့အကြောင်း အရင်တစ်ပတ်က သတင်းမှာပါလာတယ်။ အခု အန္ဓာရမှာ အိန္ဒိယန်း စကာင်္ပူမြို့တော် တည်ဆောက်မယ့် စီမံကိန်းအကြောင်းတွေ ဆက် တိုက်ပါလာတယ်။ တိုက်ဆိုင်မှုလေလား။


၂။ အရှေ့တောင်အာရှဘောလုံးပြိုင်ပွဲမှာ ငချွတ်လေး ဖိလစ်ပိုင် ခြေစွမ်းတွေပြ လာတာကို(လေတစ်လုံးမိုးတစ်လုံးတို့ကတော့ ၁၀ ယောက်နဲ့မို့ ကြက်ဥကွဲ)တွေ့ လိုက်ရသလို သဘာဝဘေးရန်တွေ့ကြုံတဲ့အခါမှာလည်း အစိုးရရဲ့ ကယ်ဆယ်ရေး အစီအမံတွေ ကောင်းလွန်းလို့ဆိုတဲ့ ချီးမွမ်းသံတွေ ထပ်ကြားရပြန်တယ်(တိကျ၊ မှန်ကန်၊ မြန်ဆန်ဆိုတဲ့ ဆရာကြီးတွေရဲ့ ကိုယ့်ဂုဏ်ကိုဖော် သတင်းစာတွေ မှာ ဖော်ပြဖို့ ရှက်စရာ သတင်းမျိုးပေါ့)။ ဒါတွေဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်နိုင်ဘူး။



၃။ မင်းကိုနိုင်ဆီမှာ
(က) နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု(Loyalty to the Nation State)
(ခ) ကဗျာဆရာရဲ့ ရိုးသား၊ နှိမ်ချမှု (Poetic humanity and humility) နဲ့
(ဂ) ကိုယ့်အထွာကိုသိမှု (self-actualization)
သုံးခုစလုံး အလုံအလောက်ရှိနေတာကို တွေ့လိုက် ရလို့ ဝမ်းသာ၊ ဂုဏ်ယူဖြစ်မိပါ တယ်။
(၃ က တော်တော်တွေ့ရခဲတယ်၊ လေတစ်လုံးမိုးတစ်လုံးတွေဆီမှာ ဇီးရိုးပြနေ တတ်တဲ့တန်ဖိုးပဲ)

တန်ဖိုးသိတဲ့ (ရဟန်း၊ ရှင်၊) လူတွေအတွက် လေးစားမြတ်နိုးထိုက်သူဖြစ်ကြောင်း လည်း အသိအမှတ်ပြုလိုက်ပါတယ်။

ကမ္ဘာမြေကိုကယ်တင်မယ်၊ ဘိုဝင် ဘက်မန်း(Bowen Beckman)၊ ၆ နှစ်၊ မူကြို


ဒေါ့ကူမင်ထရီတွေ ဘယ်နှခါကြည့်ဖူးကြပါသလဲ။ ဒေါ့ကူမင်ထရီထဲ က ရေခဲေ တွပြိုဆင်းလာမှုကြောင့် အိမ်ယာမဲ့ဖြစ်လာရတဲ့ ရေခဲတောင်ဝက်ဝံတွေရဲ့ဘဝကို သနားမိလို့ မစ္စတာ ဘိုဝင်ကတော့ ဒီစီမံကိန်းကို စတင်ခဲ့ပါသတဲ့။ သူ့စီမံကိန်းကတော့ သူနေတဲ့ ကွန်ဒိုတွေဆီက ရီဆိုက်ကယ်စွန့်ပစ် ပစ္စည်း (စက္ကူ၊ ရေဗူး၊ ပုလင်းခွံ)တွေကို စနစ်တကျသိမ်းဆည်းပြီး သူ့အမှိုက်ပုံးနဲ့သူ စွန့် ပစ်ခြင်းပါ။ အင်္ဂါနေ့တိုင်း မနက် ငါးနာရီထပြီး သူအမှိုက်သိမ်းတယ်။ သူ့လက် ထဲမှာ အမှိုက်အိပ်လေးအိပ်ထက်ပိုမဆွဲနိုင်တော့ အမှိုက်ပုံးကို လိုက် တွန်းပေး ရသူကတော့ အမေရိကန်လူမျိုး၊ အာခီတက်ပညာရှင် ကာ့တ်ဘက်မန်း (Kurt Beckman) ပဲပေါ့။

"တစ်ခါတစ်ခါ အိပ်ယာက ထဖို့တော့ခက်တာပေါ့၊ ဒါပေမဲ့ ဒီအလေ့ အကျင့်ေ ကာင်းကို ကျနော်ဆက်လုပ်မယ်၊ ကမ္ဘာမြေကိုကယ်တင်မယ်ရမယ်" လို့ မစ္စတာ ၆ နှစ်သားကဆိုထားလေရဲ့။

ဒါတွေကို သူလုပ်ဆောင်နိုင်ဖို့ ကွန်ဒိုအုပ်ချုပ်ရေးအဖွဲ့ရဲ့ခွင့်ပြုချက်လည်း ရယူရ ပါတယ်၊ ဒီ ခွင့်ပြုချက်ရအောင်လည်း သူကိုယ်တိုင် အစီအစဉ်တွေဆွဲ၊ သူကိုယ် တိုင်ပဲ ခွင့်ပြုမိန့်တောင်းခံခဲ့တာပါ။ ဘုတ်အဖွဲ့လူကြီးတွေအတွက်တော့ မျက် လုံးပြူးသွားစရာပါ။ အခုဆို သူနဲ့အရွယ်တူကလေးအဖွဲ့ ၁၈ ယောက်တောင် ရှိနေပြီး ကမ္ဘာမြေကိုကယ်တင်နေကြပါပြီ။
သူရတဲ့ လစဉ်မုန့်ဖိုး ဒေါ်လာ ၇၂ ထဲကနေ သူ့အဖေရဲ့ အာဖရိက စာသင်ေ ကျာင်းဆောက်လုပ်နိုင်ရေး စီမံကိန်းအတွက် လစဉ် ဒေါ်လာ ၅၀ လှူနေတယ်။
"ကမ္ဘာကို ပြောင်းလပစ်ချင်တယ်၊ ကျနော်နဲ့ အရွယ်တူကလေးတွေကို ဒီသတင်း အကြောင်း ပြောပြရင်းနဲ့ ဖြစ်ဖြစ်ပေါ့" တဲ့။





လူကြီးတွေက အချိန်နှောင်း၊ ခေါင်းမလို့များ သူပြောပြချင်တဲ့စာရင်းထဲ ထည့် မသွားတာလေလားလို့ ဒီနေ့မနက် စဉ်းစားနေမိပါတယ်။

ကွန်ဂရက်ကျူလေးရှင်း ဘွိုင်း။ ယူ ဂျင်တယ်ဘွိုင်း ဂေါ့တဆေ့ဗ် သဝါးဒ်။
(Congratulations boy. You, gentle boys gotta save the world.)

ရှီ ဒါဒါ၊ ပိန် မာမာ


"ကမ်းလက်စာမျက်နှာမှာ"ဘပြောင်"ဆိုတဲ့ဝေါဟာရမသုံးဖို့ မေတ္တာရပ်ခံပါတယ်။ ဒါဟာ အက်သစ်အရ မှားပါတယ်။ ဦးသိန်းစိန် နဖူးပြောင်တာက ပြင်လို့ မရပါ။ မိတ်ကပ်တွေနဲ့ ဒေါ်စု မျက်နှာပြောင်တာက ပြင်လို့ရပါတယ်။ ပြင်မရတာကို ပျက်ရယ်ပြုခြင်းကမှားပြီး ပြင်လို့ရတာကို ဝေဖန်ခြင်းက အက်သစ်အရ မှန်ပါတယ်"

အခုတလော တရုတ်သမ္မတ ရှီအကြောင်းတွေများနေပါတယ်။ စိတ်မရှိကြပါနဲ့၊ ဒီနေ့မနက်လည်း လာပြန်ပါပြီ။
တရုတ်သမ္မတကို လူထုက အတော်သဘောကျလာဟန်ရှိပါတယ်။ သူတို့ လင်မယားနှစ်ယောက်အကြောင်း ရေးစပ်ထားတဲ့သိချင်းက တော်တော်ပေါ်ပြူ
လာဖြစ်နေသတဲ့။ ဒေါင်းလုပ် ၄၅ သန်းတောင် ရှိဆိုပဲ။ ဒါတောင် ဆိုရှယ်မီဒီယာ မဟုတ်လို့။ သီချင်းရဲ့အဓိကအချက်ကတော့ သူတို့ဇနီးမောင်နှံ ဘယ်လောက် လိုက်လျောညီထွေရှိတယ်၊ ပြည်သူတွေအပေါ် ဘယ်လောက် ဩဇာလွှမ်းမိုးမှု ရှိတယ်၊ သူ့ဇနီးက သူ့အပေါ် ဘယ်လို လွှမ်းမိုးမှုရှိတယ်ဆိုတာတွေပါ(ပွဲတစ်ပွဲမှာ သမ္မတကတော်က လူထုကို လက်ပြနေချိန် သမ္မတကလက်ပြမနေဘူး တဲ့၊ ဒါနဲ့ သမ္မတကတော်က မျက်စောင်းလှမ်းချိတ်လိုက်လို့ သမ္မတပါ လက်ပြလိုက်ရ တယ် ဆိုတာလေးတွေ ပါဝင်ပါသတဲ့)။



သူ့လုပ်ရပ် သတင်းတွေကိုဖတ်ရတာလည်း ကောင်းပါတယ်။ ဒါနဲ့ဆက်စပ်ပြီး မြန်မာသမ္မတ ဘယ်လိုလဲ၊ ဘာလဲဆိုတဲ့မေးခွန်းကလည်း တွဲပါလာတယ်။
တချို့ကလည်း"အာဏာတည်ဆောက်ဆဲမို့ မဖြစ်နိုင်ဘူးလား" လို့ ဆိုပါတယ်။ ဖြစ်နိုင်ပါစေ၊ ဖြစ်ပါစေပေါ့။ တကယ်က တရုတ်ပြောင်းလဲမှု စတင်ခဲ့ တာက မစ္စတာ တိန်လက်ထက်ကတည်းကပါ။ ကြာပါပြီ။ ဒါပေမဲ့ နောက်ကလိုက် တဲ့မြန်မာဟာ အချိန်ဒီလောက်မကြာသင့်ပါဘူး။ အနောက်ဒီမိုကရေစီဖြစ်ဖို့ နှင်္စ်ရာချီပြီးကြာပေမဲ့ အာရှဒီမိုကရေစီဖြစ်ဖို့ ဆယ်စုနှစ် ပဲလိုပါတယ်။ ဘာလို့လဲဆိုရင် ရှေ့မှာ လမ်းကြောင်းရှိပြီးသားမို့ပါ။ ရှောင်သင့် တာရှောင်၊ ဆောင်သင့်တာဆောင် ခရီးသွားရတော့ တောတိုးရသူလောက် အချိန် မလိုတော့ခြင်းကြောင့်ပါ။

ဒါနဲ့ ကမ်းလက်စာမျက်နှာမှာ ဘပြောင် ဆိုတဲ့ဝေါဟာရမသုံးဖို့ မေတ္တာရပ်ခံ ပါ တယ်။ ဒါဟာ အက်သစ်အရ မှားပါတယ်။ ဦးသိန်းစိန် နဖူးပြောင်တာက ပြင်လို့ မရပါ။ မိတ်ကပ်တွေနဲ့ ဒေါ်စု မျက်နှာပြောင်တာက ပြင်လို့ရပါ တယ်။ ပြင် မရတာ ကို ပျက်ရယ်ပြုခြင်းကမှားပြီး ပြင်လို့ရတာကို ဝေဖန်ခြင်းက အက်သစ်အရ မှန်ပါ တယ်။ ဒါဟာ ကမ်းလက်ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်ပါ။ ဒီမူလေးအတိုင်း ခရီးဆက်ပါမယ်။

အမှာ။ ။ ဒါဒါက ဒေသသုံးစကားအရ ဦးလေးလို့အဓိပ္ပါယ်ရှိပြီး မာမာကတော့မေမေပါပဲ။

ဒါမျိုးလေးတွေ ဖတ်ချင်တယ်


"တို့ပြည်ကြီးကို ကာကွယ်မလေ" သီချင်းတွေအော်ဆိုမနေပေမဲ့ တရုတ်သမ္မတာ ရှီ လုပ်ချက်ကတော့ စမ္ပာနဂိုရ်က နွားမတွေပေါင်ကျိုးလေရော။
အကျင့်ပျက်လာဘ်စားမှုတွေကို တစ်ရစ်ချင်းကိုင်လာတာ တော်တော်ဟုတ်နေပြီ။ သူခိုးကြီးတွေ ကမ္ဘာပတ် မဖြုန်းရဲတော့ဘူး။
ဥရောပ၊ အမေရိက၊ စင်္ကာပူပါ ဝင်ငွေတွေ ကျလာတယ်။ ပြည်ပတက္ကသိုလ် သွား တက်နှုန်းတောင် ကျဆင်းလာသတဲ့။
မစ္စတာရှီက ဗိုက်ပူရွှဲ အကျင့်ပျက်တွေနဲ့မိသားစုတွေကို မျက်ခြေမပြတ်စောင့် ကြည့်နေလို့ အာလုံးလန့်နေကြရတယ်။
ဘယ်နိုင်ငံဝင်ငွေကျကျ တရုတ်ပြည်ရဲ့ထွက်ငွေကို ပိတ်ပြီးသားဖြစ်သွားတယ်။ ဒါက "တို့ပြည်ကြီးကို ကာကွယ်" တာမဟုတ်လား။
အမေရိကန် ဘလက် လစ် ကြေငြာရုံနဲ့မရဘူး။ သမ္မတကိုင်မှ ရမှာ။
တရုတ်က ကွန်မြူနစ်အမည်ခံပြီး ဒီမိုကရေစီဆီ တစစ ဦးတည်နေချိန်
မြန်မာက ဒီမိုကရေစီအမည်ခံပြီး ဘယ်သွားနေပါလိမ့်????

ဒါမျိုးသတင်းလေးတွေ လုပ်ပါအုံး ဦးရဲထွဋ်


အကျင့်ပျက်၊ လာဘ်စား ဗိုလ်ချုပ်ကြီးဟောင်း Xu Caihou ရဲ့အိမ်ကို ဝင်စစ်တော့ အမေရိကန်ဒေါ်လာ၊ ယူရို၊ တရုတ်ယွမ် ငွေစက္ကူတွေ တန်ချိန်ထက်ကျော်နေ သတဲ့။ ကျောက်မျက်၊ ကျောက်စိမ်း၊ ရတနာပစ္စည်းတွေနဲ့ ရှေးဟောင်းပစ္စည်းတွေ ကလည်း သိုလှောင်ခန်းထဲမှာ မနည်းမနောဆိုပဲ။ ဒါတွေသိမ်းဆည်းသယ်ဆောင်ဖို့ (စစ်)ထရပ်ကား ဆယ်စီးတောင်လိုဆိုပဲ။
လက်ရှိသမ္မတ ရှီက တကယ်ဆော်နေတာ။ အကောင်ကြီးတွေကို ကိုင်နေတာ။ တရုတ်ပြည်အတွက် ဝမ်းသာစရာကောင်းတယ်။



ခင်ဗျားရေးတဲ့ အဝေးပြေးလမ်းပေါ် ကားပျက်၊ ဝန်ကြီးက ဆင်းကူ သတင်း၊ ကိုယ်တွေ့ ဆောင်းပါးက ဖတ်ကောင်းပါတယ်။ဆိုရှယ်မီဒီယာဆိုရင် ဝမ်းသာစရာ သတင်းလေးပေါ့။ ဒါပေမဲ့ လူကြီးမင်း ပေ့ဂ်ျက အော်ဖစ်ရှယ် နည်းနည်းဖြစ်ဖြစ် ပိုဆန်နေသင့်တယ်။ ဘာပဲဆိုဆို လူကြီးမင်းဝေါပေါ်မှာ အထက်ပါ တရုတ်ပြည် သတင်းမျိုး မျှော်နေမိတာတော့ အမှန်ပဲ။

သမ္မတပါးစပ်ပေါက်လို့ဆိုရင်ရတဲ့ လူကြီးမင်းဆီက
"ဟိုင်း၊ ဟယ်လို၊ မင်္ဂလာမနက်ခင်းပါရှင်၊ မနေ့ညက ကားပျက်နေတာတွေ့လို့ မီးတို့ ဆင်းကူခဲ့ရသေးတယ်၊ သာဓုခေါ်ကြပါအုံး ညှော်" ဆိုတာထက်
"အကျင့်ပျက် ဗိုလ်ချုပ်ကြီးအိမ် ရှောင်တခင် ဝင်စစ်ဆေး၊ ခိုးယူထားသော ပြည်သူ့ ဘဏ္ဍာများ တွေ့ရှိ၊ နိုင်ငံတော်အစိုးရက တည်ဆဲဥပဒေနဲ့အညီ အရေးယူနိုင်ရန်..." စတာလေးတွေ ထွက်လာရင် ကောင်းမှာ။

အော်နာ ကစ်လင်းတဲ့ ကွယ်တို့


ဒုက္ခမခံနိုင်လို့ဇနီးက ယောက်ျားအိမ်ကထွက်ပြေး၊ ဘယ်ရောက် ဘာဖြစ်မှန်း မသိရ။
မိခင်က ပူဆွေး၊ ခမည်းခမက်က ထွက်ပြေးတဲ့ သမီးကြီးအစား သမီးငယ် ကိုပေးဖို့တောင်းဆို။
ငိုရင်း အမေက ငြင်းတော့ လူသုံးယောက်က အိမ်ထဲ ကျူးကျော်။ သမီးငယ်နောက်ကျောကို သေနပ်နဲ့ ပစ်။

အမေဖြစ်သူကအလ္လာအမည် တကြော်ကြော် အော်ခေါ်ရင်း ကယ်တင်ဖို့ တောင်း ခံ။
ပစ်သတ်သူတွေက အလ္လာအရှင်မြတ်အမိန့်တော်အရ ဆိုတော့ မခက်ပေဘူးလား။

ဆေးကြောင့်လေးနေရတာတွေကလည်း ဟိုမှာ ဒီမှာ ကပိုကရို။
ဒီခေတ်ကြီးထဲမှာ ကံအဆိုးဆုံးက ဘာသာတရားတွေ။
လူတွေက သူ့ကို ကိုယ်လိုသလို သုံးနေကြတယ်။

ဥရောပမှာတော့ အဟောအလုပ် မညီတာတွေကြောင့် ဘာသာမဲ့သူတွေများလာ။
အပြစ်ဆိုစရာ တကယ်မရှိဘူး။ ဘာတံဆိပ်မှမရှိလည်း လူကောင်းနေသရွေ့ ချီးကျူးတယ်။
ဘာသာမဲ့ရင် ရိုင်းသွားမှာစိုးကြသတဲ့။
ဘာသာနဲ့ရော ဘယ်လောက်များ ယဉ်ကျေးကြလို့လဲ။

ကဲ ဖြေကြည့်ရအောင်။

ထို့ကြောင့် အမေဟု ခေါ်သည်


ပုံစံအပျက်ဆုံးရက်စက်မှုတွေထဲမှာ အလှပဆုံး မေတ္တာတရား ရှိနေတတ်တယ်။
ကျနော်ပြောနေတာက မိခင်လောင်းမဒမ် Frances Sgn အကြောင်းပါ။
ပထမဆုံးကလေးရဲ့ကိုယ်ဝန်နဲ့ အဆင့်လေးရောက်နေတဲ့ကင်ဆာ တစ်ချိန်တည်း မညှာမတာ သူမဆီရောက်လာခဲ့တယ်။
အဆင့်လေးရောက်နေတဲ့ကင်ဆာအတွက် ကုထုံးက လေဆာရောင်ခြည်၊ ဒါဆို ကလေးကို ထိခိုက်တော့မယ်။
သူမ ကလေးကိုရွေးလိုက်ပါသတဲ့။ လူသားတိုင်းရဲ့ ဂုဏ်ပြုလက်ခုပ်သံကို သူမ ခံယူထိုက်တယ်။
ဝမ်းတွင်းက ကလေးရဲ့ နှလုံးခုန်သံဟာ အချိုမြဆုံး ဂီတသံစဉ် တဲ့။
လူတွေကလည်း လူတွေဆိုတဲ့အတိုင်း ထင်မြင်ချက်တွေ အမျိုးမျိုးပေးကြလေမပေါ့။
ဒါပေမဲ့ အချိဆုံးဂီတကို နားဆင်ရင်း
ရက်စက်တဲ့ ကင်ဆာပိုးကို အံတုရင်း
ဖြစ်ကတတ်ဆန်းပြောတတ်တဲ့ လူတွေရဲ့ အမြင်ကို နားပိတ်ရင်း
လောကကြီးထဲ ကလေးတစ်ယောက် သူမ မွေးပေးလိမ့်မယ်။



***************************************************************************
တလောလေးက ဘုရားရှင်ရဲ့ "မိခင်ကျေးဇူး နို့တစ်လုံးဖိုးတောင် မကြေ" ဆိုတဲ့ စကားဟာမှားတယ် ဆိုပြီး လူတတ်လုပ်ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် တက်လာ ပါတယ်။ အတော် စိတ်ပျက်ဖို့ကောင်ပါတယ်။
ဒီ ကြေမကြေကို ဘာတွေနဲ့ တိုင်းတာမှာလဲ။ စကားလုံးစကားလုံး ချင်းလား။ ဒီ စကားက မဂ္ဂင်ရှစ်ပါးလို အချက်အလက် "Facts" ကို အခြေခံထားတာလား၊ ခံစားမှု "Feeling" ကို အခြေခံထားတာလား။ ခံစားမှု Feeling ကိုအခြေခံရင် အချက်အလက် Facts နဲ့ ညှိမရတတ်ဘူး။
ကျနော်တို့လက်ခံထားတဲ့ အမှန်တရားက စကားတစ်ခွန်းဟာ ပြောသူအပေါ် မူတည်ပြီး အဓိပ္ပါယ် ကွဲလွဲသွားတယ်ဆိုတာပါ။

"ဂေါတမဗုဒ္ဓ ဘာတွေပဲလုပ်ပေးလုပ်ပေး(သူ ဘာကြီးပဲဖြစ်ဖြစ်) သူ့ မိခင်ရဲ့ နို့ တစ်လုံးဖိုးတောင် မကြေဘူး" ဆိုတာမျိုး ဒေဝဒတ်ဆီက ထွက်လာရင် အဲဒါ ဣသာ၊ မစ္ဆရယကြောင့်။

"ငါ ဘုရားရှင်ကိုယ်တိုင်ပင် (မိခင်ရဲ့ကျေးဇူးတွေကိုထောက်ဆရင်) မိခင်ရဲ့ နို့ တစ်လုံးဖိုး ကြေအောင်မဆပ်နိုင်ဘူး ချစ်သားတို့" ဘုရားရှင်က တကယ်မိန့်ခဲ့ ရင် ကျေးဇူးနဲ့ ဂါရဝကြောင့်။

ကြားလူက(အဋ္ဌကထာဆရာ) ဝင်ပြောတာဆိုရင် ဒါက အနုပညာကိစ္စ၊ သီဖွဲ့မှု ကိစ္စ။

မိခင်ရဲ့ကျေးဇူးတွေကိုထောက်ဆရင် ဘုရားရှင်ဆိုတဲ့ ဂုဏ်ပုဒ်တောင်ငယ်တယ်။ ဘယ်လောက်လှ၊ ဘယ်လောက် နှိမ်ချ၊ ဘယ်လောက် ဂါရဝကြီးတဲ့ စကားလဲ။ (ပါဠိတော်မလာဘူး၊ ဟုတ်ပါတယ်။ မလာရုံနဲ့ ဘာကြောင့် ဒီလောက်လှတဲ့ ကွန်းဆက်ကို သတ်ပစ်ချင်ရတာလဲ)
**************************************************************************
ဘယ်လိုပဲ ဆိုဆို ဒီလိုမိခင်တွေရှိနေသရွေ့ ဘယ်လိုမိခင်ဘွဲ့တွေမှလည်း အပိုမဆိုနိုင်ပါဘူး။
ကျနော်တို့ဘဝ ပရိုဂရမ်တွေထဲမှာ အမေတွေဟာ ဆော့ဖ်ဝဲ တာဝန်ကို ယူထားကြရပါတယ်။

ဒါက အကြမ်းဖက်မှုမဟုတ်သေးဘူး၊ လူပါးဝတာ


ဘယ်လ်ဂျီယမ်နိုင်ငံ၊ အက်သ်မြို့၊ စာသင်ကျောင်းတိုင်းရဲ့ဆိုင်(ကင်းတင်း)တိုင်းမှာ ဝက်သားမရောင်းဖို့ မွတ်စလင်ကျောင်းသားမိဘတွေက တောင်းဆိုတယ်၊ ဒါကို မြို့တော်ဝန်က ပယ်ချတယ်။
သူပြောတာက ရှင်းပါတယ်၊ ဘယ်လ်ဂျီယမ်နိုင်ငံထဲလာနေတယ်ဆိုရင် ဘယ်လ်ဂျီ ယမ်ယဉ်ကျေးမှုကို လက်ခံမွေးစားနိုင်ရမယ်။ ဘယ်လ်ဂျီယမ်တွေက သူတို့နောက် မလိုက်နိုင်ဘူး၊ သူတို့ကသာ ဘယ်လ်ဂျီယမ်တွေနောက် လိုက်ရမယ်။ ဒါကိုမကျေနပ်ရင် ရှာရီးယားဥပဒေကျင့်သုံးတဲ့ နိုင်ငံတွေထဲသွားနေကြ၊ ကမ္ဘာပေါ် မှာ အဲသလိုနိုင်ငံ ၇၅ နိုင်ငံရှိတယ်၊ လူဦးရေကတော့ ပြွတ်သိပ်လို့၊ အဲဒီကို သွားကြ။ အဲဒီမသွားဘဲ ဘယ်လ်ဂျီယမ်ထဲ လာနေကြတယ်ဆိုတာ ဘယ်လ်ဂျီယမ် က ပိုကောင်းနေလို့ တဲ့။

သူ့မေးခွန်းက"ခင်ဗျားတို့စွန့်ခွာလာတဲ့နိုင်ငံနဲ့ ဘယ်လ်ဂျီယမ်နိုင်ငံ ဘယ်နိုင်ငံက သာသလဲ" ကိုယ့်ကိုယ်ကို ပြန်မေးကြ တဲ့။
ဘယ်လ်ဂျီယမ်နိုင်ငံကသာတယ်ဆိုရင် သာရတဲ့အကြောင်းထဲမှာ ဝက်သားစား တာလည်း ပါတယ်တဲ့။ ရှင်းကရော။
ဒီပုံကတော့ ပြတ်သားတဲ့ Ath မြို့တော်ဝန် Marc Duvivier ရဲ့ ပုံပါ။

အမေရိကန် ကျန်းမာပါစေ


ကမ္ဘာမှာ မင်းမဲ့စရိုက်ထွန်းကားလာတိုင်း သေနတ်ထောင်ဖောက်ပြီး မိုက်တဲ့ကောင် ထွက်ခဲ့ အချိုးမျိုးနဲ့ ပွဲသိမ်းပေးနိုင်တာလည်း သူပဲရှိတယ်။
ရေတိုလေးကြည့်သူတွေအတွက်တော့ အမေရိကန်က အရှုပ်ထုပ်။ ဒါဆို အမေရိကန်ရဲ့ စစ်အင်အားမျိုး တရုတ် (သို့) အစ္စလာမ်ကို ပေးကြည့်လိုက်ပါ။ အရှုပ်ထုပ်အော်နေသူတွေ အော်ချိန်တောင်ရလိုက်မယ် မဟုတ်ဘူး။
၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ရာစု အဦးပိုင်းက စူပါပါဝါ ဥရောပတောင် ကိုလိုနီတွေ သိမ်းပိုက်ခဲ့သေးတာပဲ။ ဒီရှေ့ နည်းနည်းသွားကြည့်တော့ မွတ်စလင် အော့တမန် အင်ပါယာ။ ဘာမှပြောခွင့်မရှိဘူး၊ အညံ့ခံ၊ မွတ်စလင်လုပ်၊ ဒါမှမဟုတ် ခေါင်းဖြတ် ခံ၊ ဒါပဲ။ ပါဝါရှိသူက ပါဝါအလုပ်ပဲလုပ်ကြပါတယ်။ အမေရိကန်က ဒီသင်္ခန်းစာတွေ ကို ကျေညက်ခဲ့တော့ ပုံစံတစ်မျိုးပြောင်းခဲ့တယ်။





ကမ္ဘာ့အစိုးရတချို့နဲ့ အမေရိကန်တွေ မတည့်ဘူးဆိုတာ အမေရိကန်က လူ့အခွင့် အရေးနဲ့ဒီမိုကရေစီကို ပရိုမိုးရှင်းလုပ်နေလို့။ ဒီနှစ်ခုစလုံးက အကောင်းစားတွေ၊ လိုက်နာနိုင်ရင် ပြည်သူတွေအတွက်။ ဒါက အာဏာရှင်အတွက် လုံးဝ မကောင်း ဘူး။ ဒီတော့ ပြသနာဖြစ်ရော။ ဒီမိုကရေစီဖြစ်သွားရင် ဒီလိုပြသနာတွေ နည်းသွား မယ်လို့ ယုံကြည်တော့ (ဒီမိုကရေစီနိုင်ငံတွေအချင်းချင်းကြားမှာ အဲသလောက် ကြီးတဲ့ ပြသနာတွေ မရှိကြဘူး) ဒီမိုကရေစီကို ပရိုမိုးရှင်းလုပ်၊ လုပ်တော့ အစိုးရတချို့၊ အစွန်းရောက် လူအူအဖွဲ့တွေနဲ့ ပြသနာတွေ တက်ပြန်ရော။ အမေရိကန်ရဲ့ အကောင်းစားတွေကိုတော့ မဆံ့မပြဲ စား(ဘယ် တရုတ်၊ ဘယ် အစ္စလာမ်မှ အင်တာနက်၊ မိုက်ကရိုဆော့ဖ်၊ အိုင်ပက်မလုပ်နိုင်ဘူး) အမေရိကန် ကျွေးထားတာတွေနဲ့ အကြမ်းဖက်မှု ပြန်လုပ်။ သူတို့ကပဲ မိစ္ဆာဒိဋ္ဌိ လမ်းစဉ်လို့ ပြန်စွပ်စွဲကြသေးတယ်။

ဘာတွေမကောင်းကြောင်းပြောပြော ကမ္ဘာနဲ့ချီတဲ့ ပြသနာလည်းတက်ရော အော် ကျယ်အော်ကျယ်တွေ နှုတ်ပိတ်သွားတယ်။ တကယ်အနာခံပြီးရှင်းရမှာက အမေရိကန်တွေ။
တရုတ်က တက်သစ်စ ဆယ်ကျော်သက်။ မိုက်ရူးရဲ၊ ရပြီးရောပဲ၊ ဈေးကွက် နယ်ပယ်ချဲ့မယ်၊ ငွေရှာမယ်၊ ဘယ်နေရာ၊ ဘယ်သူ၊ ဘယ်ပတ်ဝန်းကျင် ဘယ်လိုထိခိုက်၊ ဘာမှ ဂရုမစိုက်ဘူး။ အမေရိကန်တွေရဲ့ ရင့်ကျက်မှုမျိုးရဖို့ အချိန်အတော်ယူရဦးမယ်။ အဲဒီအချိန်ရောက်ရင် မြန်မာပြည်က တရုတ်ပြည် နယ်လေးဖြစ်မသွားပါစေနဲ့လို့ ဆုတောင်းရမှာပဲ။

အစ္စလာမ်က တစ်မျိုး။ ဆက်ဒန်ကို ဝိုင်းပြီးရှုံ့ချတယ်၊ ထိုင်ကြည့်တယ်။ အမေရိကန်ဝင်တော့ အစပိုင်းကူညီတယ်၊ စစ်သားတွေလွှတ်ပေးတယ်။ ဘာသာရေးအစွန်းရောက်တွေက ခြိမ်းခြောက်တော့ အားလုံးပြန်နှုတ်၊ အမေရိကန်ဆီ သေနတ်ပြောင်း ပြန်လှည့်ကြတယ်။

ဟီရိုရှီးမားအနုမြူကိစ္စက ဒီနေ့အထိပြောကြရတုန်း။ အဲဒီ ဗုံးနှစ်လုံးနဲ့ ကမ္ဘာစစ်ကို လက်စမတုန်းနိုင်ရင် ဒီထက် ဆယ်ဆမက သေနိုင်တာကို တွက်ချက်ရဲသူ ကျတော့ လက်တစ်ဆုပ်စာလောက်ပဲရှိတယ်။

ကဲ ဒီနေ့ ကိစ္စ ဘယ်သူရှင်းမှာလဲ၊ တိုက်ရိုက်တာဝန်ရှိတာက မွတ်စလင်နိုင်ငံတွေ၊ လုပ်ကြပါတော့လား။
ငွေရှာဖို့ပဲသိတဲ့ တရုတ်က လက်ရှိကမ္ဘာ့အကြမ်းဖက်မှုကို ပယ်လယ်ပြင်က အရုပ် ဆိုးဆိုးကျွန်းပေါက်စ လုယူဖို့လောက်တောင် စိတ်မဝင်စားဘူး။
ဟာ ဒီကောင် အနောက်က စာတွေဖတ်ပြီး ကြောင်သွားပြီထင်ရင်တော့ အာရှက လီကွမ်းယုနဲ့အတူရောပြီး ကြောင်လိုက်တာပေါ့။

(လူတိုင်းကိုယ်စီမှာ ဖေ့စ်ဘုတ်တွေရှိနေလို့ ကိုယ့်အမြင်ကွဲလွဲမှုကို ကိုယ့်ပေ့ဂ်ျပေါ် မှာပဲ ရေးဖို့ မေတ္တာရပ်ခံပါတယ်။ မာလ်တီ မီဒီယာဆိုက်ဒ်ကြီးတွေမှာ မိမိရေးချင် ရာ ကွန်မင့်ရေးလို့ရပေမဲ့ (လွတ်လပ်စွာ ကွဲလွဲခွင့်) ပုဂ္ဂလိက ပေ့ဂ်ျတွေမှာ စောင့် စည်းရပါတယ်။ သူက ဒီဘိတ်လုပ်ထားတာမဟုတ်ပါဘူး၊ သူယုံကြည်ရာ တင်ပြ တာပါ။ ကြိုက်ရင်ကြိုက်၊ မကြိုက်ရင်နေပါပဲ။ ဒီနေ့ပညာရှင်အချို့သုံးသပ်တဲ့ ကွန်မင့်တချို့ဟာ ဆောင်းပါးရဲ့ အသားပေးမှုကို လမ်းချော်စေတယ်ဆိုတဲ့ အယူ ကို လက်ခံယုံကြည်ပါတယ်)

တရုတ်ခေါင်းဆောင်တွေကို လူထုက မမှတ်မိလို့ ဖဲချပ်ပေါ် ပုံတင်ပေးရသတဲ့။


တရုတ်ခေါင်းဆောင်တွေကို လူထုက မမှတ်မိလို့ ဖဲချပ်ပေါ် ပုံတင်ပေးရသတဲ့။
သရော်တာမဟုတ် အော်ဖစ်ရှယ်ပါ။ ထိရောက်မှု ရှိသလောက် ရှိဆိုပဲ။
ကဲ မြန်မာ့ခေါင်းဆောင်တွေဆိုရင် ဘယ်သူ့ကို ဘယ်နေရာထားကြမလဲ။
လူတွေက တုတ်တုတ်ခိုင်ခိုင်တွေပေမဲ့ စကားပြောလိုက်ရင် လေသံက ဂျိုကာလိုတွေချည်းပဲ။ ရယ်ရတယ်။

နွေရာသီ အပန်းဖြေခရီးတဲ့လား


ဒီနေ့ စထရိတ်တိုင်းမ်းပါ ဆောင်းပါပါ။
*အနောက် လူငယ်ဂျီဟတ်တွေက လက်ပ်တော့တွေ၊ အွန်လိုင်းတွေနဲ့ ငြီးငွေ့လာလို့ အီရတ်နဲ့ဆီးရီးယားဆီ နွေရာသီ အပန်းဖြေခရီး ထွက်လာတာတဲ့။ အောက်မှာ အချုပ်တင်ပြထားပါတယ်။

*ဗြိတိသျှလူသတ်သမားကို အနှေးနဲ့အမြန်သိလာမှာပဲ။
*အမေရိကန်ထောက်လှမ်းရေးအရ အနောက်နိုင်ငံပေါင်း ၅၀ က အကြမ်းဖက်သမားပေါင်း တစ်သောင်းနှစ်ထောင်ခန့်ပါဝင်။
*အနောက်ကိုရောက်လာတဲ့ မွတ်စလင်တွေက အာရပ်ကမ္ဘာကမဟုတ်။ တောင်အာဖရိက၊ အိန္ဒိယနဲ့တူရကီကဖြစ်။

*အခု လူငယ်တွေက အစ္စလာမ်လိုကျင့်တာလည်းမဟုတ်၊ အာရပ်လိုလည်းမတတ်။
*ဘာသာရေးခေါင်းဆောင်တွေစည်းရုံးမှူကြောင့်ထက် လက်သိပ်ထိုးဝေတဲ့ စာအုပ်တွေကြောင့်။
*အစ္စလာမ်ပညာရှင်တွေက ကမ္ဘာနဲ့အဝှမ်း မွတ်စလင်တွေကို နှိမ့်ချဆက်ဆံလို့ လူငယ်တွေ မခံချင်စိတ်ဖြစ်တာလို့ဆိုကြ။
*ဒါပေမဲ့ ဒီလူငယ်တွေဟာ အိမ်မှာလည်း မိဘစကားနားထောင်သူတွေ မဟုတ်ကြ။
*အနောက်ကျင့်သုံးတဲ့ ယဉ်ကျေးမှုပေါင်းစုံစနစ်ဟာ မွတ်စလင်တွေသာမက အခြားလူမျိုးတွေကိုလည်း အိုင်ဒင်တတီပြသနာ ရှိနေတာပဲ။

*အနောက်က အစ္စလာမ်ကို အကာအကွယ် မပေးလို့ လို့လည်း အစ္စလာမ်ပညာရှင်တွေကဆိုကြ။
*ဒါပေမဲ့ အမေရိကန် မကာကွယ်ရင် ဘော့စနီးယားနဲ့ကိုဆိုဘို နှစ်နိုင်ငံလုံး လူမျိုးတုံးသတ်ဖြတ်ခံလိုက်ရပြီး ဖြစ်နေမယ်။
*အီရတ်ကိစ္စမှာ အမေရိကန်နဲ့မဟာမိတ်တပ်ဖွဲ့ ဝင်လို့ အာရပ်ကမ္ဘာ မငြိမ်းချမ်းတာလို့ ဆိုကြပြန်။
ဆီရီးယားမှာ အမေရိကန်မဝင်ဘဲ အချင်းချင်းသတ်နေကြတာ တစ်သိန်းရှစ်သောင်းကျော်နေပြီ။
*အခု အမေရိကန် ကြားမဝင်လို့ အကြမ်းဖက်မှုတွေဆက်ဖြစ်တာလို့ ဆိုကြပြန်။
အနောက်အတွက် ခေါင်းခြောက်စရာ။




(အနောက်မှမဟုတ်ပါ။ တရုတ်ကြီးလည်း ခေါင်းခြောက်နေလို့ အကြမ်းဖက်သမား ရှစ်ယောက် ကွပ်မျက်လိုက်ရကြောင်း ဒီနေ့သတင်းစာမှာပဲ ဖတ်လိုက်ရပါတယ်။ လူတွေလား၊ ဘာသာရေးအဆုံးအမလား။ မွတ်လင်အစိုးရတွေရဲ့ တာဝန်မယူမှုကြောင့်လား။ မွတ်စလင်တွေဟာ ကမ္ဘာ့ ပြသနာ၊ ကမ္ဘာ့ ချဉ်ဖတ်ဖြစ်နေတာကတော့ အမှန်ပဲ။)

စာတတ်လာတဲ့ အနောက်နဲ့ ကမောက်ကမ မွတ်စလင်ကမ္ဘာ


ကစ်ဆင်းဂျားက သူ့ရာထူးမှာ သူရှိနေဆဲဆိုရင်၊ ဟန်တင်တန်က လုံခြုံရေး မဟာဗျူဟာမှာ ကြိုးကိုင်ဆဲဆိုရင် ဘယ်လိုလဲ။
"ဘုရှ်ရော ကလင်တန်ကပါ မွတ်စလင်အစွန်းရောက်တွေနဲ့သာ ပြသနာရှိပြီး မွတ်စလင်လူထုနဲ့ ပြသနာမရှိဘူးလို့ ကြွေးကြော်တတ်ကြတယ်။ ဒါပေမဲ့ ရှေးဟောင်းသမိုင်းနဲ့လက်ရှိအဖြစ်အပျက်တွေက သူတို့ကို ထောက်ခံ မနေဘူး" လို့ အမာစား ဟန်တင်တန်ကတော့ ခပ်ထန်ထန်သုံးသပ်ပြခဲ့တယ်။

ဒီနေ့တော့ အနောက်က စာတတ်လာသလိုပါပဲ။ သူတို့ အကျိုးစီးပွားထိလာမှာ ကို လေကြောင်းကနေ ကာကွယ်တာကလွဲရင် လူမိုက်ဝင်မလုပ်တော့ဘဲ မွတ်စလင်ချင်းသတ်ဖြတ်နေတာကို ခပ်အေးအေးပဲထိုင်ကြည့်နေကြတယ်။ လင်မယားကြား မဝင်နဲ့ဆိုသလို မွတ်စလင်ကြား မဝင်နဲ့ပါပဲ။

အင်ဒိုသမ္မတက စပြီး အကြမ်းဖက်မှုတွေဟာ အစ္စလာမ်ကို အရှက်ခွဲတယ်ဆိုပြီး ရှုံ့ချ၊လက်တုန့်ပြန်ဖို့ လှူံ့ဆော်လာတာကိုတွေ့ရတယ်။ ဒါဆို မွတ်စလင်ဦးရေ အများဆုံးရှိ၊ စစ်အင်အားလည်းရှိတဲ့ အင်ဒိုက မဟာမိတ်ဦးစီးဖွဲ့ပြီး တိုက်ပေါ့။ ဘယ် မွတ်စလင်နိုင်ငံက စစ်သားတွေလွှတ်ပေးမလဲ။ သိချင်တယ်။ သူ့မဟာမိတ် အော်ဇီက ပါလာမလား။ အမေရိကန်နဲ့ အနောက်ကတော့ အင်ဒိုရဲ့နောက် ဒုတိယဇာတ်လိုက်နေရာကနေ လိုက်ကနေကြမှ မဟုတ်ဘူး။
စိတ်ကူးနဲ့ မြင်ကြည့်။ အင်ဒိုကသာ ဦးဆောင်ပြီး စစ်ရေးအရပါဝင်ပြီဆိုရင်... အကြမ်းဖက်မှုတွေကို သဘောတော့မတူဘူး၊ (ဒါပေမဲ့) ငြိမ်နေတဲ့ အင်ဒို မွတ်စ လင်လူထုက လမ်းပေါ်တက်ဆန္ဒတွေပြကြလိမ့်မယ်။
"အကြမ်းဖက်မှုတွေကိုတော့ သဘောမတူဘူး၊ အချင်းချင်း ဒီလိုတိုက်ခိုက် တာတော့ မှားတယ်" လို့ ပြောကြလိမ့်မယ်။ ဟူစိန်တုန်းကလည်း ဒီအတိုင်းပဲ။
လက်တစ်ဆုပ်စာလူထုရဲ့ အကြမ်းဖက်မှု ဒီလောက်ခရီးပေါက်နေတာက မွတ်စလင်အစိုးရတွေကိုယ်တိုင်က လက်ပိုက်ကြည့်နေလို့ပါ။
ဒီတစ်ခါတော့ အမေရိကန်လည်း စာတတ်သွားပြီထင်ပါတယ်။

မွတ်စလင်တွေနဲ့ ပတ်သက်ရင်တော့ ရှေးရိုးစွဲဆိုပေမဲ့ ကစ်ဆင်းဂျား၊ ဟန်တင် တန်၊ လီကွမ်းယုတို့ပေါ်လစီက မှန်နေဆဲပါ။ အနောက်လစ်ဘရယ်တွေ ခံနေရ တယ်။ မွတ်စလင်ကမ္ဘာနဲ့ ပတ်သက်လို့ ဆယ်စုနှစ်များများ လစ်ဘရယ် ကြည့် ကြပေမဲ့ အလုပ်မဖြစ်ခဲ့ဘူး။ ပညာတတ်ရင် ယဉ်ကျေးသွားမှာပဲလို့ ယူဆကြပေမဲ့ မယဉ်ကျေးတဲ့အပြင် လူသတ်သမားကို ပညာသင်ပေးလိုက်သလို ဖြစ်သွားတယ်။ မယုံရင် ဖလွိုက်ရဲ့ ဝိဥာင်ကို မေးကြည့်ပေါ့။





ဗုဒ္ဓဘာသာဘုရားတွေပေါ်နဲ့ ခရစ်ယန်ချာ့ခ်ျကျောင်းတွေထဲက ထွက်လာတဲ့ အသံတွေဟာ နူးညံ့သိမ်မွေ့နေသလောက် ဗလီထဲက ထွက်လာတဲ့ အသံတွေ ကတော့ အာခေါင်ခြစ်အော်ရင်း သွေးတောင်းနေတယ်။ ဒါက ပညာသင်ပေးလို့ ရမယ်မဟုတ်ဘူး။ မွတ်စလင်ကမ္ဘာထဲကနေ အပြင်ထွက်မလာသေးသရွေ့ ကမ္မသကာ ထားလိုက်တာက ပိုအေးချမ်းသလိုလိုပါပဲ။
ကျနော်ကတော့ ကစ်ဆင်းဂျား၊ ဟန်တင်တန်၊ လီကွမ်းယုတို့ကို ထောက်ခံတယ်။

ဂျီဟတ် ?


ထိန်းသိမ်း(ဖမ်းချုပ်)ခြင်း ခံထားရတဲ့ ကျေးလက်သူ အီရတ်တွေ (တစ်ထောင်ကျော်)အတွက် ဂျီဟတ်ကို လက်ထပ်ရင် လက်ထပ်၊ လက်မထပ် ရင် ထောင်ဒဏ် တစ်သက်။
ထောင်ဒဏ် တစ်သက်ဆိုတာ အများအားဖြင့် တန်းစီပြီး ပစ်သတ်တာမျိုးကို ခေါ် တာပါ။
ဒါတွေဟာ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်သာဖြစ်တယ်။ မွတ်စလင် လူထုကြီးနဲ့မဆိုင်ဘူး။ ဒီလိုလား

ကဲ ဟုတ်ပြီ၊ ဒါဆို ဒီလုပ်ရပ်တွေအတွက် ဘယ်မွတ်စလင်အစိုးရက ရှေ့ဆောင် ပြီး ကန့်ကွက်၊ စုစည်း၊ တော်လှန်သလဲ။ (မွတ်စလင်ကမ္ဘာနဲ့ စာရင် လက်ရှိ ဂျီဟတ်က နည်းနည်းလေးပါ)
ဘယ်မွတ်စလင်နိုင်ငံလူထုက ဒီလုပ်ရပ်တွေကို ရှုံ့ချရင်း လမ်းပေါ်တက် ဆန္ဒပြနေကြသလဲ။
မွတ်စလင်မှန်ရင် အကြမ်းဖက်နေသူနဲ့ အကြမ်းဖက်သူကို ကြိတ်ပြီးထောက်ခံသူ ပဲရှိတယ်ဆိုတဲ့ ကမ္ဘာ့အမြင်ကို မွတ်စလင်တွေ ဘယ်လို ချေဖျက်ကြမလဲ။





Now and then


တချိန်က မစ္စတာ ဒေးဗစ် ကော်ပါဖီးလ်က ရထားကြီးတွေ ဖျောက်ပြတယ်။
ဒီနေ့ လူရမ်းကားတွေက လေယာဉ်တွေကို ဖျောက်ပြတယ်။
ဒေးဗစ် ကော်ပါဖီးလ် ဖျောက်တဲ့ရထားက ခဏနေ အရင်အတိုင်း ပြန်ပေါ် လာတယ်။
လူရမ်းကားတွေဖျောက်တဲ့ လေယာဉ်က ပြန်ပေါ်မလာဘူး(သို့) အရိုးပြာ၊ သတ္ထုပြာတွေ ပေါ်လာတယ်။
ဒေးဗစ် ကော်ပါဖီး တစ်ပွဲပြီးတော့ လူတွေက မတ်တပ်ရပ်ပြီး လက်ခုပ်တီးကြတယ်။
လူရမ်းကားတွေ တစ်ပွဲပြီးတော့ လူတွေက လူးလှိမ့်ငိုကြတယ်။

ဘာရမလဲ စင်္ကာပူရဲပဲ


စင်္ကာပူ နေရှင်နယ်ဒေးအကြိုမှာ စင်္ကာပူအလံပဲ လွှင့်ရမှာလေ
အစွန်းရောက် အူကြောင်ကြား အမျိုးသားရေးက မရောင်ရာဆီလူး
ဆင်းမ် ဒရိုက်ဗ် (Sims Drive) က အိမ်တချို့မှာ ပါလက်စတိုင်းအလံ လွှင့်ထားသတဲ့။
ဘာရမလဲ စင်္ကာပူရဲပဲ၊ မန္တလေးရဲမှ မဟုတ်တာ။
ချက်ချင်းအဖြုတ်ခိုင်း၊ ချက်ချင်း ထုချေလွှာ အတင်ခိုင်း။ လာစမ်း၊ ဒါက ဘာသဘောလဲ။
စင်္ကာပူရီယန်းတွေကတော့ မိစ္ဆာကောင် တံခါးပေါက်ဝတောင် ရောက်လာပါပေါ့ လား တဲ့။
(ဖရီး ဆိုတဲ့ စာတန်းနဲ့ ပါလက်စတိုင်း အလံ။ ပုံ ၂ စင်္ကာပူ နိုင်ငံတော်အလံ)


 (23-7-2014 , 11:49pm on Facebook)

*******************************

 ညက တင်ခဲ့တဲ့ နိုင်ငံတော်အလံပို့စ်နဲ့ ပတ်သက်လို့

၁။ စင်္ကာပူရီးယန်း တစ်ယောက်က "Walau ehhhhhhh.......now evil has come to our doorstep ;))" လို့ ရေးပြီးပို့ထားပါတယ်။

၂။ အတည်ပြုလို့ရ၊ မပြုလို့လည်းရတဲ့ သတင်းအရ အစိုးရက စလုံးတွေရဲ့စီပီ အက်ဖ်(ဗဟိုအစိုးရက ချုပ်ကိုင်ထားတဲ့ သန်းပေါင်းများစွာသော ပြည်သူ့ ငွေတွေ) ကို ထိမ်းထားရခြင်း အကြောင်းရင်းတွေထဲမှာ သူ့ နိုင်ငံသားတွေစုထားတဲ့ငွေတွေ အကြမ်းဖက်မှုတွေထဲ ရံပံငွေအနေနဲ့ ရောက်မသွားအောင် အစိုးရက ထိန်းထား တာဆိုတဲ့ အချက်လည်း ပါဝင်သတဲ့။

၃။ အခုဟာက မွတ်စလင်နဲ့ဆက်စပ်လို့ အလန်းတကြားဖြစ်ပေမဲ့ လန်ဒန် အိုလံပစ်ပွဲမှာလည်း အလံလွဲခဲ့ဖူးပါတယ်။ မြောက်ကိုရီးယား အားကစားသမားနဲ့ တွဲပြီး တောင်ကိုရီးယားအလံ လွှင့်တင်မှုပါ။ တာဝန်ခံ အရာရှိတွေရဲ့ အမှား။

ဝတ်လစ်စလစ် အရာရှိကြီးများ


တရုတ်လမ်းစဉ်နောက်ကို လိုက်မှာဆိုရင်လည်း ဒါမျိုးလေးတွေနောက် အရင် လိုက်ဖို့ ဦးသိန်းစိန်အစိုးရကို အကြံပြုချင်ပါတယ်။
တရုတ်ပြည်မှာ ရေပန်းစားနေတဲ့ စကားလုံးက Naked Officials တဲ့။ ဝတ်လစ်စလစ်လို့ ဘာသာပြန်လိုက်ပေမဲ့ အဝတ်အစားမပါတဲ့ အရာရှိကြီးတွေတော့ မဟုတ်ရှာကြပါဘူး။ ပါကြပါတယ်(အဝတ်အစား)။
မိသားစု၊ ဆွေမျိုးအရင်းအချာတွေ နိုင်ငံခြားကို သွားရောက် အခြေချနေထိုင်နေတဲ့ အရာရှိကြီးတွေကို ခေါ်ဆိုတာပါ။
တရုတ်နိုင်ငံထဲမှာ မတရားရှာထားတဲ့ ငွေတွေကို နိုင်ငံခြားရှိ မိသားစု၊ ဆွေမျိုး အရင်းအချာတွေဆီ လွှဲပြောင်းပေးအပ်တဲ့ အရာရှိကြီးတွေကို ရည်ညွှန်းပါသတဲ့။
တရုတ် လက်ရှိအစိုးရက ဆယ်ပြည်နယ်မှာရှိတဲ့ ဝတ်လစ်စလစ် အရာရှိတွေကို အထူးထောက်လှမ်းစစ်ဆေးရေးတွေလုပ်နေပါတယ်။
မှန်တယ်ဆိုစေဦးတော့ ဝတ်လစ်စလစ်ဆိုရင် မျက်ခြေမပြတ် စောင့်ကြည့် တာတော့ ခံရတော့မှာပါ။ တစ်စချင်းပြောင်လဲလာနေတဲ့ တရုတ်ပြည်ရဲ့ အကျင့်ပျက်အကောင်ကြီးတွေကို တဖြည်းဖြည်းဖြိုခွဲလာနေပုံတွေဟာ နိုင်ငံ အတွက် အားရှိစရာပါပဲ။

ဦးသိန်းစိန်အစိုးရအနေနဲ့ နောက်ကြောင်းကင်း ဘာညာတွေ ကွိကွိကွကွ အော် မနေဘဲ ဒါမျိုးတွေ ကောက်လုပ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ။
အနောက်နိုင်ငံကြီးတွေကိုအသာထား စင်္ကာပူမှာတင်ပဲ ဘန်ဂလိုနဲ့ အဆင်းရဲ ဆုံးနိုင်ငံဖြစ် သူဌေးကြီးတွေ နည်းမှာမဟုတ်ဘူး။
စင်္ကာပူမှရယ်လည်း မဟုတ်ပါဘူးလေ၊ ဖမ်းမယ်ဆို ဘယ်သူမှ ဘယ်ကိုမှ ထွက်မပြေးတဲ့ ဝတ်လစ်စလစ် အရာရှိတွေက ပြည်တွင်းထဲမှာကို အများကြီး။




အင်း ပြည်တွင်းထဲမှရယ်လည်း မဟုတ်ပါဘူးလေ၊ နေပြည်တော်မှာတင် ပဲ ထောင်မဆန့်လောက်ဘူး။
ဒီတော့ ဆက်ပြီးအကြံပြုချင်တာက နေပြည်တော်က အရာရှိ(အကြီးစားကြီးတွေ)အားလုံးကို အရင်ဖမ်း၊ စစ်ဆေး။ အပြစ်မရှိတာသေ ချာမှ ပြန်လွှတ်။ ပြန်လွှတ်စရာလူ မရှိလည်း ဘယ်တတ်နိုင်ပါ့။

ပြောမယ့်သာပြောရတာ ဖမ်းမယ်ဆို ဆင်ပေါ်က ယပ်တောင်နဲ့ ဘုရင် လင်မယားကို အရင်ဖမ်းရမှာ။

ယနေ့ ဂျီဟတ်မှတ်စု


ပြင်သစ် ပြည်ထဲရေးဝန်ကြီးက အကြမ်းဖက်မှုနဲ့ ဆက်စပ်နေသူတွေကို ခရီး ထွက်ခွင့် ပိတ်ပင်နိုင်ဖို့ ဥပဒေမူကြမ်း တင်ပြ။

ဆီးရီးယား အကြမ်းဖက်မှုမှာ ပြင်သစ်နိုင်ငံသား၊ လူငယ် ရှစ်ရာခန့်ပါဝင်။
ဒီအထဲက ၆၀၀ ခန့်ဟာ ဆီးရီးယားမှာရှိနေ (သို့) ဆီးရီးယားကို သွားရောက် ဖို့ ပြင်ဆင်နေ၊
တစ်ရာခန့်က ဆီးရီးယားမှ ပြင်သစ်သို့ ပြန်လာနေကြ။

အကြမ်းဖက်သမားဦးရေ နှစ်သောင်းသုံးထောင်အနက် ခွန်နှစ်ထောင်ခန့်ဟာ အမေရိကန်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား အကြမ်းဖက်စစ်သားတွေဖြစ်။

ဆီးရီးယားရှိ အကြမ်းဖက်သမားများအတွက် ထောက်ပံ့ရန် အမျိုးသမီး အတွင်း ခံဘောင်းဘီ(ကွန်ဒုံးထဲတွင်) ခိုးဝှက်ယူလာသည့် ယူရိုငွေ နှစ်သောင်း ကို အသက် ၂၇ နှစ်အရွယ်ရှိ Nawel Msaad ဆိုသည့် အမျိုးသမီးထံမှ အင်္ဂလန်၊ ဟီသရူးလေဆိပ်မှာ ဖမ်းဆီးမိ။
REUTERS, AGENCE FRANCE PRESS

ဘာသာသုံးမျိုးစလုံး အသုံးပြုမယ့် ဘာသာရေးအဆောက်အဦး


ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့မှာ ခရစ်ယန်၊ ဂျူး၊ အစ္စလာမ် ဘာသာသုံးမျိုးစလုံး အသုံးပြုမယ့် ဘာသာရေးအဆောက်အဦ ပန္နက်ချတယ်လို့ သိရပါတယ်။ သုံးဘာသာစလုံး တစ်ထပ်တည်းမှာ ဘာသာရေးဆုတောင်းပွဲတွေ အညီ အမျှ ပြုလုပ်သွားကြမယ်ပေါ့။
သူတို့ပြောတဲ့ ဘာသာပေါင်းစုံကိစ္စ စတင် အကောင်အထည်ပေါ်လာဟန် တူပါတယ်။ လေးစားစရာပါ။
ဒါပေမဲ့ မေးစရာမေးခွန်းနှစ်ခု ရှိနေပါတယ်။
၁။ မွတ်စလင်ကြီးစိုးတဲ့နိုင်ငံတွေမှာ ဒါမျိုး အကောင်အထည်ဖော်လို့ ရ၊ မရ။
၂။ ဂျာမဏီမှာရှိတဲ့ မွတ်စလင်တွေက တူရကီလူမျိုး၊ ပညာတတ်တွေများမယ်။ မူလတန်း၊ အလယ်တန်းပညာရေးသာရှိတဲ့ အစွန်းရောက်မွတ်စလင်တွေ မဟုတ် ဘူး။ ဒီတော့ ဂျာမဏီကလွဲတဲ့ အခြားနိုင်ငံတွေမှာ ဒီမူအတိုင်း ခရီးဆက်လို့ ရ၊ မရ။ မဆီမဆိုင် အတွေးပွားနေမိတယ်။ ရရင်တော့ ကောင်းသပေါ့။
(S.T. Today. France Agency Press. )

ဝမ်းနည်းဖွယ် အပ်ဒိတ်များ


စိတ်ဓာတ်လူစဉ်မမီတဲ့ လူ(သို့)အဖွဲ့ရဲ့ စက္ကန့်ပိုင်း လူစဉ်မမီ မှားယွင်းမှု။
အသက် ၃၀၀ ကျော် ပေးဆပ်ပြီးနောက်
အဖြေရှာယူနေရတဲ့လူစဉ်မှီ လူပေါင်းများစွာ၊ နာရီပေါင်းများစွာ။
၂၁ရာစုရဲ့ နည်းပညာစစ်တန်း။ ဟိုက်တက်(ခ်) လုံခြုံရေး၊ ဟိုက်တက်(ခ်)အကြမ်းဖက်ရေး။
နည်းပညာမှားယွင်းမှုက အန်လိုက်ကလီ တဲ့။
၂၅ ရက်နေ့က ပို့စ်ကို(ဆော့စ် ပလိစ်) ဆိုတဲ့ ကွန်မင့်တွေကို မဖြေနိုင်ပေမဲ့
ဒီနေ့တွေ့ရှိသမျှ(ဖွင့်ပြောသမျှ) အထိ ဒီအမှန်တရားကနေ မသွေဖယ်သေးဘူး။
ဘိုးအင်းလေယဉ်ကုမ္ပဏီရယ်၊ မလေးရှားအစိုးရရယ်၊ အကြမ်းဖက်အုပ်စုရယ်။

Do we need second Snowden??


Do we need second Snowden to get an answer as some suggested? It might not, I guess. Now there are more questions than answers, in fact. "Capital Flight" as they said?