တရုတ်သမိုင်းကို သိရင် မြန်မာ့သမိုင်းအရွေ့ကို ၉၀ ရာခိုင်နှုန်းသိတယ်


တရုတ်သမိုင်းကို သိရင် မြန်မာ့သမိုင်းအရွေ့ကို ၉၀ ရာခိုင်နှုန်းသိတယ်။
မဆဲဘူး၊ သာဓုမခေါ်ဘူး။ စောင့်ကြည့်မယ်။
ကျေးဇူးတင်ပါတယ် မင်းကိုနိုင်၊ ကိုကိုကြီး (မျိုးဆက်အားလုံး)
ခင်းဗျားတို့တစ်ခြမ်းပါ အူ သွားရင်
နိုဝင်ဘာဟာ လိုချင်စရာတောင် မကောင်းနိုင်တော့ဘူး။
ပွန်းတစ်ကောင်ရဲ့ သက်တမ်း လပိုင်း
သို့မဟုတ် နှစ်ပိုင်းပါ။

သေနတ်ကြောင့် မဟုတ်ဘူး၊ လူရမ်းကားစိတ်ကြောင့်


အမေရိကန်မှာ လူရမ်းကား သေနတ်သမားတွေရဲ့ မဆီမဆိုင် ဝင်ရောက် ပစ်ခတ်မှုတွေ မကြာမကြာ ကြုံနေရတော့ လက်နက်ပိုင်ဆိုင်မှုဥပဒေ တင်းကြပ်သင့်ကြောင်းတွေ ပြောကြတာပေါ့။ အာရှသားတချို့အတွက် အမေရိကန် ဥပဒေတချို့ကလည်း နည်းနည်းအူကြောင်ကြောင်နိုင် ချင် နိုင်မှာ။ အဲဒီတုန်းက အမေရိကန်ရဲအရာရှိ ပြောသွားတာက "သေနတ်ကြောင့် မဟုတ်ဘူး၊ လူရမ်းကားစိတ်ကြောင့်။ သေနတ်မရှိတဲ့ တရုတ်လူရမ်းကားက ကျောင်းထဲဝင်ပြ်ီး ကလေးတွေကို ဓါးနဲ့ ခုတ်တာ၊ လက်နက်ဥပဒေ တင်းကြပ်စရာ မလိုဘူး၊ လူကို ပညာပေးဖို့ပဲ လိုတယ်" တဲ့။ သူပြောတော့လည်း အဟုတ်။

ဟိုတနေ့က မြန်မာရဲအရာရှိ တစ်ယောက်ကလည်း ဗုံးထောင်သူကို လူသားဆန်မှုအတွက် ကျေးဇူးတင်ကြောင်းပြောလို့ ပြုံးရသေးတယ်။ ဒီပို့စ်ကို ရှယ်ထားတဲ့ တစ်ယောက်က ဂုဏ်ပြုပွဲလေး ဘာလေး လုပ်ပေးလိုက်ပါအုံး ရေးထားလို့ တဟားဟား ရယ်ဖြစ်သေးတယ်။

ဒီနေ့ သတင်းစာကတော့ စလုံး ရွေးကောက်ပွဲ သတင်း၊ ဥရောပက ဒုက္ခသည်ပြသနာနဲ့ မြန်မာပြည်၊ ရန်ကုန်က မြို့ပတ်ရထား စီမံကိန်းကို ဂျပန်က လုပ်မယ်ဆိုတဲ့ သတင်းလောက်ပါပဲ။
လုပ်ကြပါ။ ဂျပန်တို့၊ အမေရိကန်တို့ များများဝင်ပါစေ။ တရုတ်က ၂၁ ရာစုမှာ ဆယ်ကျော်သက်ပဲ ရှိသေးတာပါ။

မဲမပေးရရင်ကော ဘယ်လိုနေမလဲ


ရဟန်းတွေ မဲပေးသင့်၊ မပေးသင့် ပြောကြတော့ အဆိုတစ်ခုက ဒါဆို ရဟန်းတွေ သူ့ပါတီ၊ ကိုယ့်ပါတီဆိုပြီး ကွဲကုန်မှာပေါ့လို့ဆိုတယ်။ မဆိုးပါဘူး။
ဒါပေမဲ့ မဲမပေးရရင်ကော ဘယ်လိုနေမလဲ" ဆိုတဲ့ မေးခွန်းကိုတော့ ဒီအဆိုက မဖြေနိုင်ဘူး။
တကယ်တော့ လူက "I နဲ့ You" "We နဲ့ They"။ အရှေ့နဲ့ အနောက်၊ တစ်ခုမဟုတ်တစ်ခုနဲ့ အုပ်စုဖွဲ့နေတတ်တာမျိုးပါ။ ဒါကတော့ ကမ္ဘာကို နှစ်ခြမ်းခွဲကြည့်တဲ့ ပါရာဒိုင်းပေါ့။

အမေရိကန်နဲ့ တရုတ်တို့ကြားက အခြေခံ ကွဲလွဲမှုများ


(ကစ်ဆင်းဂျား၊ World Order)

အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်ပြည်ဟာ လက်ရှိကမ္ဘာ့အစီအမံထဲမှာ မရှိမဖြစ် မဏ္ဍိုင်ကြီးနှစ်ခု ဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးက သူတို့ အပြုအမူကို သူတို့သတ်မှတ်ချက်ပေတံနဲ့ တိုင်းတာ သတ်မှတ်ရင်း အပြည်ပြည်ဆိုင်ရာ စနစ်ကို လက်ခံသည်မဟုတ်၊ လက်မခံသည်လည်း မဟုတ် သဘောထား ရှိကြပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့တန်းတူ ပါဝင်ရမယ့် အခန်းကဏ္ဍမျိုးကို တရုတ် အနေနဲ့ ဘယ်တုန်းကမှ မရရှိခဲ့ဘူးသလို အမေရိကန်တွေအနေနဲ့လည်း ဒီလောက် နိုင်ငံပမာဏကြီးမား၊ စီးပွားရေးအင်အား တောင့်တင်းပြီး ဖွဲ့စည်းပုံ မတူတဲ့ နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ့် အတွေ့အကြုံမျိုး မရှိခဲ့ဖူးပါဘူး။

သူတို့နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ နိုင်ငံရေး နောက်ခံဘက်ကဒေါင်းကလည်း သိသိသာကြီး ကွဲပြားနေပါတယ်။ အမေရိကန်က ပေါ်လစီတစ်ခုကို ချဉ်း ကပ်ရာမှာ လက်တွေ့သဘောတရားဆန်ပြီး တရုတ်က သဘောတရားရေး ဆန်တယ်။ သူ့ကို ခြိမ်းခြောက်နိုင်တဲ့ အိမ်နီးချင်းအင်အားကြီးနိုင်ငံ အမေရိ ကန်မှာ ဘယ်တုန်းက မရှိခဲ့ဖူးဘူးပေမဲ့ တရုတ်ကတော့ ခြိမ်းခြောက်ခြင်း မခံရတဲ့ အချိန်ရယ်လို့ကို မရှိခဲ့ပါဘူး။ အမေရိကန်က ပြဿနာတိုင်းမှာ အဖြေ ရှိတယ်လို့ ခံယူပြီး တရုတ်က တော့ လက်ရှိပြဿနာရဲ့ အဖြေဟာ နောက်ပြဿနာအသစ်ကို အစပျိုးလိုက်ခြင်း သာဖြစ်တယ်လို့ ခံယူပါတယ်။ အမေရိကန်က လတ်တလော ကိစ္စရပ်တစ်ခုကို ချက်ချင်း တုန့်ပြန် အဖြေရှာတတ်ပေမဲ့ တရုတ်ကတော့ တစ်ဆင့်ခြင်း ပြောင်းလဲ အဖြေရှာယူတတ်ပါတယ်။ အမေရိကန်တွေက လုပ်ဆောင်စရာတွေထဲက တကယ် အလုပ်ဖြစ်နိုင်မယ့် အချက်တွေကို ဦးစားပေး လုပ်ဆောင်တတ်ပြီး တရုတ်ကတော့ ဒီသဘောတရားတွေနဲ့အညီလုပ်ရင် ဘယ်မှာ အဆုံးသတ် သွားလေမလဲဆိုတာကို ဝေဖန်သုံးသပ်တတ်ပါတယ်။ တရုတ်တွေရဲ့ တွေးတောစဉ်းစားပုံကို ကွန်မြူနစ်ဝါဒနဲ့ တရုတ်ရိုးရာ ယဉ်ကျေးမှုက ပုံသွင်း ပေးလိုက်တာဖြစ်ပြီး အဲဒီ အချက် နှစ်ချက်စလုံးကလည်း အမေရိကန်တွေနဲ့ အကျွမ်းတ၀င် မရှိပြန်ပါဘူး။

ကမ္ဘာ့နိုင်ငံရေးအစီအမံထဲမှာ တရုတ်နဲ့ အမေရိကန်တို့ဟာ အခုမှ နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံနေကြရ တာဖြစ်ပါတယ်။ တရုတ်ကလည်း သူတို့ပေါ်လစီ ဟာ သူများနဲ့မတူ၊ အများအားဖြင့် သူတို့ကိုယ်ပိုင်ဟန်ပေါ်မှာ အခြေခံတယ် လို့ ယုံကြည်ပြီး အမေရိကန်တွေကလည်း သူတို့ပေါ်လစီဟာ သူများနဲ့ မတူ၊ သူများထက် သာတယ်။ သူတို့တန်ဖိုးတွေကို ကမ္ဘာ့နိုင်ငံတိုင်းက ကျင့်သုံးလာအောင် ထောက်ပံ့ ကူညီပေးဖို့လည်း သူတို့မှာ တာဝန်ရှိနေ တယ်လို့ ယုံကြည်ထားကြ ပါတယ်။
မတူညီတဲ့ ယဉ်ကျေးမှု၊ မတူညီတဲ့ အမြင်တွေနဲ့ အင်အားကြီး လူ့အဖွဲ့ အစည်းကြီးနှစ်ခုဟာ သူတို့ပြည်တွင်းရေး သတ်မှတ်ချက်တွေနဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းထဲမှာ ထိပ်တိုက်တွေ့ဆုံနေကြပါပြီ။

သူတို့အချင်းချင်း ပြိုင်ဖက်တွေအနေနဲ့ ရှုမြင်ကြလေမလား။ မိတ်ဆွေတွေ အနေနဲ့ ဆက်ဆံလာကြ မလား။ ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးအစီအမံ ဘယ်လိုဖြစ်လာလေမလဲ ဆိုတဲ့အချက်ဟာ သူတို့ ဘယ်လိုတုန့်ပြန်လာမလဲ ဆိုတာအပေါ်မှာ မူတည်နေပါတော့တယ်။

မဘသနဲ့ ဆရာတော် ဦးတိလောကာဘိဝံသ အကြောင်း


အလွန်ရှည်လျားလှတဲ့ မဘသနဲ့ ဆရာတော် ဦးတိလောကာဘိဝံသ အကြောင်း သတင်းဆောင်းပါးကြီး ပါလာပါတယ်။

*မဘသဟာ အခုအခါ နိုင်ငံရေးထဲကို ပေါ်ပေါ်ထင်ထင် ဝင်လာတဲ့ ဘာသာရေးအဖွဲ့အစည်း ဖြစ်လာကြောင်း

*အစမှာ ပညာရှင်များ မပါဝင်ခဲ့ပေမဲ့ အခု ဥပဒေပညာရှင်တွေက ကူညီပံ့ပိုးလာနေကြောင်း

*ဆရာတော် ဦးတိလောကာဘိဝံသ သီတင်းသုံးရာကျောင်းကို နိုင်ငံခြား သံအရာရှိတွေ လာရောက်တတ်ကြောင်း

*အမေရိကန် သံအမတ်ကိုယ်တိုင် ဘာသာပေါင်းစုံ ညီညွတ်ရေးနဲ့ ဘာသာရေးဟာ နိုင်ငံရေးထဲ ဝင်မပါသင့်ကြောင်း ကိစ္စတွေနဲ့ပတ်သက်လို့ သွားရောက် ညှိနှိုင်းခဲ့ကြောင်း

*တစ်နိုင်ငံလုံးမှာ မဘသ ရုံးခွဲပေါင်း ၂၅၀ ရှိကြောင်း

* အဖွဲ့ချုပ်အနေနဲ့ မဘသကိုရော စစ်အာဏာရှင်အုပ်စုကိုပါ သူတင်ကိုယ်တင် ယှဉ်ပြိုင်ရဖွယ် ရှိနေကြောင်း ..........။