လေးဆ

၁၉၄၅ နဲ့ ၁၉၉၂ နှစ် ကာလကြားမှာ ကမ္ဘာအနှံ့ စစ်ပ္ပဲပေါင်း ၁၆၃ ပ္ပဲ ရှိခဲ့ပြီး
လူပေါင်း ၂၃ သန်း အသက်ပေးခဲ့ရတယ်၊ ဝမ်နည်းစရာ ကောင်းတာက
သာမန်အရပ်သား သေဆုံးမှုက စစ်သားတ္ပေသေဆုံးမှူထက်
လေးဆ ပိုမြင့်နေပါသတဲ့။ ဒါတ္ပေနဲ့ ပတ်သက်လို့
ဗုဒ္ဓဘာသာက ဘာတ္ပေ ဝင်ဆ္ပေးန္ပေးနိုင်ပါ သလဲ။

Impact of Buddhism on social Conflicts by Walmoruwe Piyaratana ရဲ့ဆောင်ပါးက
တစ်ခုခု ပြောထားတယ်လို့ထင်မိပါတယ်။
Nanapabha ( The light of wisdom) ဆိုတဲ့ စာအုပ်ထဲမှာ ရှာဖတ်နိုင်ပါတယ်။











Copyright © 2011 ကမ်းလက်. All rights reserved.

ဧဝံမေသုတံ- အရူးကတစ်မူးသာ

တစ်ခါက အရူးတစ်ယောက်ဟာ ခရီးသွားတွေနားတတ်တဲ့ ဇရပ်ခါးပန်းမှာ ၃/၁ ဆိုတဲ့ ဂဏန်းလေးနှစ်လုံး မြေဖြူနဲ့ ရေးထားသတဲ့ကွယ်။ အဲဒီဇရပ်ထဲကို ဗိန္ဓောဆေးဆရာရယ်၊ ဓာတုဗေဒဆရာရယ်၊ အဘိဓမ္မာဆရာရယ် သုံးယောက်ရောက်လာပြီး နားခိုကြသတဲ့။

          အဲဒီအရူးရေးတဲ့ ၃/၁ ဆိုတဲ့ ဂဏန်းလေးကိုတွေ့ပြီး ပထမဆုံးဗိန္ဓောဆရာက “ တော်တော်ပညာရှိတဲ့လူပဲ၊ ဂဏန်းလေးနှစ်လုံးနဲ့ အားလုံးကို ခြုံငုံမိအောင် ပြောပြနိုင်တယ်။ ဓာတ်ကြီးလေးပါးထဲမှာ ပထဝီဓာတ်ဟာ အရေးအကြီးဆုံးနံပါတ်တစ်ပဲ။ ပြီးတော့ အာပေါရယ်၊ တေဇောရယ်၊ ဝါယောရယ် ဓာတ်သုံးပါးပေါ့ဗျာ။ ပထဝီ တစ်၊ အာပေါ တေဇော ဝါယောက သုံး” လို့ အဓိပ္ပါယ်ဖွင့်ဆိုတယ်။

          ဒီတော့ ဓာတုဗေဒဆရာက “ မဆိုင်လိုက်တာဗျာ။ ၃/၁ ဆိုတာ ရေဓာတ်ကို ပြောတာဗျ။ အိတ်(ချ) တူးဆိုတဲ့ ဟိုက်ဒရိုဂျင် နှစ်ဆရယ်၊ အို ဆိုတဲ့ အောက်ဆီဂျင်တစ်ဆရယ်၊ သုံးခုပေါင်းလိုက်ရင် ရေဆိုတဲ့(၁) ကို ရတယ်လို့ ဆိုလိုတာဗျ” လို့ အဓိပ္ပါယ်ဖွင့်ဆိုသတဲ့ကွယ်။

          နောက်ဆုံး အဘိဓမ္မာဆရာက-
          “ မဆီမဆိုင်တွေဗျာ။ ဒါက သစ္စာလေးပါးကို ခြုံပြီးပြောတာဗျ။ (၃) ဆိုတာက ဒုက္ခ၊ သမုဒယ၊ မဂ္ဂသစ္စာတို့ကို ဆိုလိုတာဖြစ်ပြီး တစ်က သီးသီးသန့်သန့်ဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကို ညွှန်းဆိုတာပါ” လို့ ရှင်းပြသတဲ့။

          သူတို့ ပညာရှင်တွေ ငြင်းခုံနေကြတုန်းမှာပဲ အဲဒီ ၃/၁ ရဲ့ ပိုင်ရှင်အရူးက ရောက်လာပြီး ခင်ဗျားတို့ ဘာတွေပြောနေကြတာလဲလို့ မေးသတဲ့။ ပညာရှင်ကြီးတွေကလည်း သူတို့ အယူအဆ တွေကို ရှင်းပြကြတာပေါ့။

          ဒီတော့ အရူးက “ ခင်ဗျားတို့အားလုံး အရူးတွေပါဗျာ။ ကျုပ်ဆိုလိုတာက (၃/၁) ဆိုတာ သစ်တုံးပါဗျာ။ လွယ်နေတာကို ခက်အောင်လုပ်ကြတယ်ဆိုပြီး စိတ်ပျက်ပျက်နဲ့ ထွက်သွားသတဲ့ကွယ်။



ဟုတ်တော့လည်း ဟုတ်သားပဲ။ သုံးတစ်ဆိုတာ သစ်တုံးပဲလေ။ ပညာလွန်တော့ ကွန့်သွားတာကိုး ကလေးတို့ရဲ့။

( ဆရာတစ်ယောက်ရဲ့ အရွှန်းကိုပြန်ဖောက်တာပါဗျာ။ ကြားဖူးသူတွေအတွက် တောင်းပန်ပါတယ်။)
          
ဦးကိုမောင်



















Copyright © 2011 ကမ်းလက်. All rights reserved.

မီးပွား

ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ
ဆံပင်ကေါက်သည်။ 

ဘုရား၊ တရား၊ သံဃာ
အမှုန့်ကြိတ်သည်။

အနန္တော အနန္ထ ငါးပါး ဦီးထိပ်ထားလျှက်
အသားငါးမျိုးစုံ ရပြီ။

ဒီမိုကရေစီ ဒီမိုကရေစီနဲ့
ကောက်ရိုးပုံဘေး
ဆေးလိပ်ထိုင်သောက်တာတော့ မမိုက်လှဘူး။ ။



ဇင်ဝေသော်









Copyright © 2012 ကမ်းလက်. All rights reserved.

ဂဏန်း


အရေအတွက်ကို ရေးသားသည့် သင်္ချာ သင်္ကေတ တို့ကို
ဘာသာစကား အချို့၌ လိုက်ကြည့်မိ၏။ တစ်ချို့ဘာသာ၌ရှိ၍ အများအားဖြင့်မရှိကြ။
ဥပမာ ပါဠိဘာသာ၌ တစ် ဟု အဓိပ္ပါယ်ရှိသော ဧက ရှိ၏။
ထို ဧက ကိုကိုယ်စားပြုသော ဂဏန်းသင်္ကေတ မရှိ။

မြန်မာ စာ၌ တစ် ရှိ၏၊ တစ်ကိုသင်္ကေတဖြင့် ၁ ဟုလည်း ရေးသားလို့ရ၏။
အင်္ဂလိပ်မှာရှိ၏၊ ရိုမင်မှာရှိ၏။ တရုတ်၊ ဂျပန် တို့၌ ရှိသည်ဟုဆိုကြ၏။
သို့သော် သတင်းစာ၊မဂ္ဂဇင်းတို့၍ ဂျပန်တရုတ် အက္ခရာတွေသာတွေ့ရပြီး ဂဏန်းကိုမူ မတွေ့မိ။

ထိုင်းတို့၌ရှိ၏။ သီဟိုဠ်၌မရှိဟု သိရ၏။ မည်သို့ဖြစ်စေ အမျိုးသားရေးလက္ခဏာများကို
ထိန်းသိမ်းသည့်အနေဖြင့် လူထုသုံး မီးရထား၊ဘတ်စ်ကား နံပါတ်များကို မိမိနိုင်ငံသုံး
ဂဏန်းသင်္ချာဖြင့်သာရေးသော် နိုင်ငံခြားသားများ တော်တော် ဒုက္ခရောက်ကြောင်း
ထိုင်းနိုင်ငံ ခဏရောက်စဉ်က ကြုံရဖူး၏။

တံခါးပွင့်လာသော နိုင်ငံအတွက် ဘတ်စ်ကားများ၌အင်္ဂလိပ်ဂဏန်းများပါရေးသော်
ဖောရိန်းနားတို့အတွက် ပို၍အဆင်ပြေမည်ထင်မိ၏။

















Copyright © 2011 ကမ်းလက်. All rights reserved.

အတ္တဆင်ခြေလျှောလမ်း


မစ္စတာဒေးဗစ်ကော်ပါဖီး
ငါစီးမဲ့ရထားကို ဖျောက်ပစ်တဲ့နေ့က
ငါ့ကိုမွေးခဲ့တယ်။
အဲဒီအလွမ်းတွေပေါ့
ကျောကုန်းမှာ ကြာပွတ်ရာတွေနဲ့တောင်
ကဗျာတစ်ပုဒ် ပြီးအောင် စပ်လိုက်ချင်သတဲ့။
မပြောလိုက်ချင်ဘူး
နေပါစေတော့ကွယ်။





လက်ဆောင်ရတဲ့ ပင်နယ်တီတိုင်းကို
(သူငယ်ချင်း မောင်သစ်ဝေ(မြင်းခြံ)ရဲ့ စကားအတိုင်း)
ငါ့ရင်ဘတ်ကြီး ရောင်ကိုင်းသည်အထိ
ခပ်ရိုင်းရိုင်း ရင်ခုန်ပစ်လိုက်မယ်။

ရေတွေ ဘယ်ကိုပဲစီးစီး
ငါ့ဝိုင်ခွက်ထဲမရောက်ရင် ပြီးတာပဲ။
ကဲ - ၀ိုင်ခွက်ကြီး ရေထဲမျောသွားပေါ့။



သင်္ကေတတွေနဲ့ မျက်လှည့်ပြ
ငါ့ကို ရယ်အောင် မလုပ်ကြနဲ့တော့
နှုတ်ခမ်းတို့ သံချေးတက်ခဲ့ပြီ။




ဒီလိုနဲ့ပဲ
အတ္တဆင်ခြေလျှောလမ်းတစ်လျှောက်မှာ
မြစ်တစ်စင်းရဲ့ ခြေထောက်တွေကို ငှားပြီး
(ကောင်မစုတ်လေးရေ)
ငါတော့ ရဲရဲကြီး ပျံနေဆဲပဲကွယ့်။




ဇင်ဝေသော်







Copyright © 2012 ကမ်းလက်. All rights reserved.