♡ ဘလိုင်း ချစ် ♡ | ||
ဘလိုင်း ချစ် | ။ ။ | ဗုဒ္ဓ ရေ။ ကျုပ်ကတော့ "Love is blind" ကို သဘောကျသဗျ၊ ဗုဒ္ဓက ဘယ်လိုထင်တုန်း။ |
ဗုဒ္ဓ | ။ ။ | မှန်တာပေါ့ဗျာ။ ဒါပေမယ့် Love တစ်ခုတည်း ခွဲပြောရင်တော့ တစ်မျိုးလေး ပဲ ဗျ။ ဗုဒ္ဓ ကတော့ Hatred ရော Ignorance ပါ ဘလိုင်း လို့ ထင်တယ် ဗျ။ ဒါကြောင့် "လောဘော အတ္ထံ န ဇာနာတိ၊ ဒေါသော အတ္ထံ န ဇာနာတိ၊ မောဟော အတ္ထံ န ဇာနာတိ" လို့ ဆိုခဲ့သဗျာ။ ခင်ဗျား စကားငှားပြောရရင် "Love is blind, Hatred is blind, Ignorance is blind" ပေါ့လေ။ |
♡ ရိုမက်တစ် ချစ် ♡ | ||
ရိုမက်တစ် ချစ် | ။ ။ | ကျုပ်ကတော့ "Love at first sight" ကိုပဲ ယုံကြည်တယ် ဗျာ။ |
ဗုဒ္ဓ | ။ ။ | မှန်တာပေါ့ဗျာ ။ ကျုပ် ပြောခဲ့သားပဲ "ပုဗ္ဗေဝ သန္နိဝါသေန" ဆိုတာလေ။ ရှေး ရေစက်ကြောင့် မြင် မြင်ချင်း ချစ်တတ် မုန်းတတ်ကြပါတယ်။ မမြင်ရပေမယ့် ဒါတွေ ရှိတယ်။ |
♡ ကက်ကူလေးတစ် (Calculative) ချစ် ♡ | ||
ဘလိုင်း ချစ် | ။ ။ | ကျုပ်ကတော့ "Love is nothing but responsibility." ပဲဗျို့။ စီးပွားရေး ဆန်တယ်ပဲ ဆိုဆို။ |
ဗုဒ္ဓ | ။ ။ | မဆန်ပါဘူး ဗျာ။ ဗုဒ္ဓ ကတော့ "ပစ္စုန္န ဟိတေနဝါ" လို့ ဆိုခဲ့သဗျာ။ ပစ္စုန် မှာလည်း တစ်ယောက် အကျိုး တစ်ယောက် သယ်ပိုးမှ ရှေး ရေစက် အချစ်က မြဲတာပါ။ ဒါကလည်း ဝတ္တရား ကျေမှုပဲ မဟုတ် လား။ |
ဘာသာရေးခေါင်းဆောင် ၁ | ။ ။ | ကျုပ်ရဲ့ အဓိက အဆုံးအမ ကလည်း လူ အချင်းချင်း မေတ္တာ ထားကြဖို့ပါ။ |
ဗုဒ္ဓ | ။ ။ | ကောင်းတယ်ဗျာ၊ ဒါပေသည့် အဟိတ် တိရိစ္ဆာန်တွေလည်း ကျုပ်တို့ မေတ္တာကို ခံယူထိုက်ပါတယ်။ ကျုပ်တို့ အချင်းချင်း မေတ္တာထားပြီး ငါးမျှား အတူတူ ပျော်ပျော်ကြီး ထွက်ကြမယ်ဆိုရင်တော့ တစ်မျိုးလေး ထင်တယ် ဗျို့။ |
ဘာသာရေးခေါင်းဆောင် ၂ | ။ ။ | ကျုပ်ကတော့ ထောက်ပံ့နိုင်မယ်ဆိုရင် မိန်းမ သုံး လေး ယောက် ယူခွင့် ပြုထား တယ်ဗျ။ |
ဗုဒ္ဓ | ။ ။ | ကောင်းတယ်ဗျာ၊ ကျုပ်လည်း "ပုတ္တဒါရဿ သင်္ဂဟော" ပြောခဲ့ပါတယ်။ ထောက်ပံ့ ဆိုရာမှ Emotional support Financial support လို့ ရှိရဲ့ မဟုတ်လား ။ ချမ်းသာတဲ့ လူမို့ ဇနီး သုံး လေးယောက်ကို Financial support အပြည့် အဝ ပေးနိုင်မယ် ဆိုရင်တောင် Emotional support ကိုအပြည့် အဝ ပေးနိုင်ဖိုတော့ စဉ်းစားစရာ ပဲ ထင်တယ် နော် ။ |
ဒါက ဗုဒ္ဓရဲ့ အယူအဆ သက်သက်ပါ။ စိတ်မရှိပါနဲ့ ဗျာ။ |
Home » All posts
ကမ္ဘာကျော် အင်တာဗျူး ၂
in
3D ဘာသာရေး,
သီဟနာဒ
- on 7/17/2012
- No comments
¿ ဘူလေး လဲ ¿
in
ဇင်ဝေသော်,
ရသ ဆင်ခြေဖုံး
- on 7/17/2012
- No comments
မေးမနေနဲ့၊ ဘူမှ မသိဘူး။
အဲဒါ မြောက် ကိုရီယား ခေါင်းဆောင် ကင်ဂျွန်အန် နဲ့ အတူ နိုင်ငံပိုင် မီဒီယာကနေ တီဗွီမှာ မိတ်ဆက်ပေး လိုက်တဲ့ ကောင်မလေး။
သူမ နာမည် ဘူလဲ၊ ဘူမှ မသိဘူး၊ သူမ နဲ့ သူ နဲ့ ဘာတော်လဲ၊ ဘူမှ မသိဘူး။ လူတွေ သိတာဆိုလို့ သူမကို တီဗွီထဲမှာ သုံးခါ မြင်ဖူးတယ်၊ ဒါပဲ။
တနင်္ဂနွေနေ့က ကင်ဂျွန်အန်မူကြိုကျောင်းကို သွားလည်ပတ်တဲ့ အကြောင်း ဖော်ပြတဲ့ အခါ သူမကို မြင်ရပြန်တာ တဲ့။
ခက်တာက ဘယ်တုန်းက သွားရောက် လည်ပတ်ခဲ့တယ်ဆိုတာ ပြောမထားတော့ ဘာမှ သိလို့ မရပြန်ဘူး။
ထိပ်တန်း အရာရှိကြီးတွေတောင် သူ့ အနား မကပ်ရဲဘဲ ကောင်မလေးက သူ့ဘေးမှာ တွေ့ရတော့ သူ့ ဇနီးများ ဖြစ်နေမလား လို့တွေးစရာတော့ ရှိတာပေါ့။
မြောက် ကိုရီယား ယဉ်ကျေးမှုအရ သူမအတွက် ထိုင်ရမယ့် နေရာ ချထားစီစဉ်မှုတွေကြည့်ရင် သူ့ ဇနီးဖြစ်ဖို့ များ သတဲ့။
သူမ မှလားဆိုတော့ မဟုတ်ဘူး။ မြောက် ကိုရီယား နိုင်ငံသားတွေဟာ သူတို့ နိုင်ငံ့ ခေါင်းဆောင်ရဲ့ အသက်ကိုတောင် တိတိကျကျ မသိကြရ ရှာဘူး။ လိတ် တွမ်တီး ဆိုတာလောက်ပဲ သိရတယ်။ အဲဒါ မြောက် ကိုရီယား မီဒီယာပဲ။
ကမ္ဗောဒီးယာမှာ ကျင်းပခဲ့တဲ့ အာစီယံ အစည်း အဝေး မှာ ကင်ဂျွန်အန် လက်ထပ်လိုက်ပြီလား ဆိုတဲ့ မေးခွန်း နိုင်ငံခြားရေး ဝန်ကြီးကိုမေးတော့ သူက ဖြေမသွားဘူးတဲ့။ သတင်းစာ ရှင်းလင်းပွဲကိုလည်း ပယ်ဖျက် သတဲ့။ ဒီမေးခွန်း ထပ်မေးမှာ ကြောက်လို့ နေမှာပေါ့။
တောင်ကိုရီယား မီဒီယာကတော့ နည်းနည်း ပိုသိ သလိုလိုပဲ၊ အဲဒါ ဆွစ်ဇာလန်မှာ ကျောင်းတက်စဉ် သူနဲ့ ရင်းနှီးဖူးတဲ့ အဆိုတော် ဟျွန်ဆောင်ဝူး ဖြစ်မယ်။ သူတို့ လက်ထပ်လိုက်တာ ဖြစ်မယ် တဲ့။
ဒါကို လက် မခံ နိုင်တဲ့သူတွေကတော့ မဟုတ်ဘူး၊ အဲဒီ ကောင်မလေးဟာ အသက် ၂၄ နှစ်ရှိ(ခန့်မှန်းခြေ) မြောက် ကိုရီယား ခေါင်းဆောင်ရဲ့ ညီမလေး ဖြစ်ရမယ် တဲ့။
ဘာမှ မဟုတ်ဘူး၊ မြောက်ကိုရီယား နဲ့ ခေါင်ချင်း ဝင်တိုက်မိရင် ကိုယ်ပဲ ကွဲမှာ ဆိုတာ စဉ်းစားမိလို့ပါ။
သူတို့က ပိုမာတယ်။ သတင်း မီဒီယာက အစ ဘာမှရှင်းရှင်း လင်းလင်း မရှိဘူး။
ဘူလဲ၊ ဘာလဲ၊ ဘောက် ရှိပြီလဲ၊ ဘိုလဲ၊ ဘူမှ မသိဘူး။ ပျော်စရာ ကြီး။

Copyright © 2012 ကမ်းလက်. All rights reserved.
အယ်ဒီဆင်ကို ဟောခဲ့သည့် အရှည်သုံးပါးတရားတော်
in
3D ဘာသာရေး,
သီဟနာဒ
- on 7/16/2012
- No comments
(ဓမ္မပဒ၊ ဗာလဝဂ်လာ ပထမဆုံး ဤ ဂါထာကိုကြည့်ကာ လတ်တလော ကြုံတွေ့နေရသော အဖြစ် အပျက်နှင့် တိုက်ဆိုင်နေသဖြင့် ဂါထာတစ်ပုဒ် ပုံစံတူ ကူးပြီး ဤ စာကို ရေးလိုက် မိပါသည်။ စစ်စစ်ပေါက်ပေါက် တွေးက ဘုရားရှင်နှင့် ဒေသနာ တော်ကို မလေးမစားလုပ်သည် ဟူသော အခြား အဓိပ္ပါယ် တစ်ခုလည်း ရှိကောင်း ရှိသွားနိုင်ပြန်ပါသည်။ ဤသို့ တွေးမိသူများ စိတ် မချမ်းမြေ့ဖွယ် တစ်စုံတစ်ရာ ဖြစ်ခဲ့သော် တောင်းပန်ပါ၏။ သီဟနာဒ။)
အိပ်မပျော်သူအတွက် ညတာသည်ရှည်၏။
ခရီးပန်းလာသူအတွက် တစ်ယူဇနာခရီးသည် ရှည်၏။
သူတော်ကောင်းတရားကို နားမလည်သော သူမိုက်အတွက် သံသရာသည်ရှည်၏။
“Long is the night to one who is wakeful;
Long is (the journey of) one yojana to the traveler who is tired;
Long is Samsara to the fool who is the ignorant of the true of Dhamma.”

"New Version"
“မီးပျက်၊ မီးမရှိသူများအတွက် ညတာသည်ရှည်၏။
သယံဇာတကို ရောင်းစားသူများအတွက် လျှပ်စစ်မီးရရှိရေး ခရီးသည်ရှည်၏။
မိမိတိုင်းပြည်၏လိုအပ်ချက်ကို မသိနားမလည်သော သူမိုက်တို့အတွက် နောင်တတရားသည်ရှည်၏။
“Long is the night to those who have no light;
Long is the journey of having light to those who sell their oil and gas;
Long is the regret to the fools who are ignorant of their country’s need!”

ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် နံနက်စောစော သမာပတ်မှထတော်မူပြီး မည်သူ့ကို ချေချွတ်ရအံ့နည်းဟု ကြည့်ရှုဆင်ခြင်တော်မူလတ်သော် စိတ်လက်မသာ ညှိုးမှိုင်ကာနေရှာသော သောမတ်(စ်) အယ်(လ်) ဘာ အယ်ဒီဆင်ကို မြင်တော်မူလေ၏။
ထို့ကြောင့် အလုပ်အကျွေးရဟန်းမပါ၊ တစ်ကိုယ်တည်းသာလျှင် ပရိက္ခရာတို့ကို ယူဆောင်တော်မူပြီး သောမတ်အယ်ဒီဆင်ရှိရာ နယူးဂျာဆီမြို့ရှိ မင်လိုပါ့ခ် (Menlo Park) အလုပ်ရုံဆီသို့ ကောင်းကင်ခရီးဖြင့် ကြွတော်မူလေ၏။ ထိုနေရာသို့ရောက်သော်လည်း အပွိုင့်မန့်ကြိုတင်လုပ်ထားခြင်း မရှိသဖြင့် သူ့အလုပ်ထဲသူအာရုံနစ်နေသော အက်ဒီဆင်က ဘုရားရှင်ကို မမြင်မိပေ။ ဘုရားရှင်က ချောင်းဟန့်သော်လည်း နားလေးသော အက်ဒီဆင်က မကြားရှိလေ၏။
ရောင်ခြည်တော်များ ဖြန့်လွှတ်ရန်ကိုမူ ကမ္ဘာကို အလင်းပေးခဲ့သော ဒကာကြီးအရှေ့၌ မပြုအပ်ဟု ဘုရားရှင်က ယူဆတော်မူလေ၏။ ထို့ကြောင့် ဘုရားရှင်သည် မိနစ် (၂၀) ခန့် မတ်တပ်ပင် သီတင်းသုံးတော်မူခဲ့ရ၏။ ထိုအခါ ဆေးပြင်းလိပ်တစ်လိပ်ကုန်ဆုံးပြီး နောက်တစ်လိပ် မီးညှိဖို့လုပ်စဉ် ဒကာတော် အယ်ဒီဆင်သည် ဘုရားရှင်ကို တွေ့မြင်သွားလေတော့၏။
ဘုရားရှင်ကို မြင်လျှင်မြင်ချင်း အယ်ဒီဆင်၏မျက်နှာပေါ်၌ အနည်းငယ် ကျေနပ်သည့်အသွင်များ ရောက်သွားပြီး-
“ဂေါတမ ဗုဒ္ဓ ထင်ပါရဲ့၊ ကြွရောက်တော်မူပါ။ အလုပ်ရုံဖြစ်နေတဲ့အတွက် ခမ်းခမ်းနားနား နေရာထိုင်ခင်းမပေးနိုင်တာ ခွင့်လွှတ်ပါ” ဟု ခပ်ကျယ်ကျယ်ဆိုလေ၏။ ဘုရားရှင်ထိုင်လျှင်ထိုင်ချင်း သူသိလိုသောမေးခွန်းကို မေးလေတော့၏။
“ဂေါတမ ဗုဒ္ဓရေ၊ ကျုပ်လျှပ်စစ်မီးတည်ထွင်ခဲ့တာ နှစ်ပေါင်း (၁၃၀) ရှိပေါ့။ ကျုပ်စိတ်ကူးထဲမှာတော့ သက္ကရာဇ် (၂၀၀၀) ဆိုရင် တစ်ကမ္ဘာလုံး လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေလိမ့်မယ်လို့ တွက်ဆထားခဲ့တာ။ မှားသဗျာ။ ကျုပ်တော်တော် စိတ်မကောင်းဖြစ်မိပါရဲ့ ဂေါတမဗုဒ္ဓရယ်။
သဗ္ဗညုတ ဉာဏ်ရှင် ဘုရားရှင်သည် အယ်ဒီဆင်၏ သောကအကြောင်းတရားကို သိမြင်တော်မူသော်လည်း သူ့ရင်မှာစိုက်နေသော သောကဆူးငြှောင့်ကို နှုတ်ရန်အလို့ငှာ-
“ဒကာကြီး အယ်ဒီဆင်၊ အဘယ့်ကြောင့်များ စိတ်လက်မသာရှိနေရပါသနည်း”
“အခု သက္ကရာဇ် ၂၀၁၂- ခု ရောက်နေတာတောင် အာရှတိုက် အရှေ့တောင်အရပ်က နာမည်နှစ်ခုနဲ့နိုင်ငံဟာ မီးမရသေးဘူးတဲ့ ဂေါတမဗုဒ္ဓရယ်။ ကျုပ်အဲဒီအတွက် စိတ်မကောင်းဖြစ်နေရတာပါ။ လောင်စာဆီမရှိလို့များလားလို့ တွေးမိပါရဲ့။ ဒါလည်း မဟုတ်ပြန်ဘူး။ သူတို့က လောင်စာဆီကို သူများကိုတောင် ပြန်ရောင်းစားနေကြသတဲ့။ ဗုဒ္ဓကတော့ လိမ်ပြောမှာ မဟုတ်ပါဘူး။ ကျုပ်ကြားထားတဲ့ သတင်းတွေက အမှန်တွေပဲလား။ မယုံနိုင်လွန်းလို့ပါ ဂေါတမ ဗုဒ္ဓရယ်”
“ဒကာကြီးကြားတဲ့ သတင်းတွေဟာ အမှန်တွေပါပဲ။ ဒကာကြီးတီထွင်ခဲ့တာ နှစ်ပေါင်း (၁၃၀) ကျော်ပေသည့် ထိုနိုင်ငံလေးခမျာမှာတော့ မီးပုံမှန်မရကြသေးပါ။ ထို့အတွက် သင့်ထံ ဗုဒ္ဓကြွရောက်လာခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကြီးကို လျှပ်စစ်မီးနဲ့လင်းစေဖို့ သင်အချိန်တွေ၊ ခွန်အားတွေ ဘယ်လောက်စိုက်ခဲ့ရသည်ကို ဗုဒ္ဓသိသည်။ ထို့အတူ ဗုဒ္ဓ၏ကိုယ်တွေ့ အဖြစ်အပျက်ကလေးကို ဒကာကြီးကို ပြောပြချင်သည်။
ဂေါတမ ဗုဒ္ဓကိုယ်တိုင်ပင် ကမ္ဘာကြီးကို သစ္စာအလင်းများဖြင့် လင်းစေအံ့ဟု နှလုံးပိုက်ပြီး ထိုအလင်းကို ရရှိစေဖို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ရီဆာ့ခ်ျ (Research) လုပ်ခဲ့ရသည်။ သို့သော် ထိုသစ္စာအလင်းသည်လည်း သက္ကရာဇ်နှစ်ထောင်ကျော်သည့်တိုင် ကမ္ဘာ့ဒေသအများစု၌ မရောက်ရှိ၊ မဖြန့်ကျက်သေးပေ။ ထို့ကြောင့် စိတ်ပျက်ရမည်ဆိုလျှင် ဂေါတမ ဗုဒ္ဓကိုယ်တိုင်လည်း စိတ်ပျက်ရပေတော့မည်။ ဒကာကြီးမှ မဟုတ်ပါ။
“ထို့ကြောင့် ဗုဒ္ဓ၏ Very First ဒေသနာတော်၌ ယံပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ ဟု မိန့်ခဲ့သည်။ အဓိပ္ပါယ်ကား - This is suffering when dreams do not come true.’ ဖြစ်ပေသည်” ဟု ရှည်လျားစွာ မိန့်တော်မူ၏။
ထိုအဖြစ်အပျက်ကို ကြားလိုက်ရသော အယ်ဒီဆင်သည် ဘုရားရှင်၏ သစ္စာလေးပါးရှာဖွေရေးကား မိမိထက် အဆများစွာရှည်ကြာ၊ အဆများစွာ ပိုမိုပင်ပန်းခဲ့ရကြောင်းကို သဘောပေါက်ပြီး စိတ်သက်သာရာ အတန်ငယ်ရရှိလေ၏။
အယ်ဒီဆင်၏စိတ်သည် ယခုအခါ တရားနာရန်အသင့်တော်ဆုံးဖြစ်ပြီဆိုသည်ကို သိမြင်တော်မူသော ဘုရားရှင်သည် ဓမ္မပဒ ဗာလဝဂ်လာ မူရင်းဂါထာတော်နှင့်အတူ ဂါထာတစ်ပုဒ်ပါဖြည့်စွက်၍ မိန့်မြွက်တော်မူသည်။
ဒကာကြီး
အိပ်မပျော်သူအတွက် ညတာသည်ရှည်၏။
ခရီးပန်းလာသူအတွက် တစ်ယူဇနာခရီးသည် ရှည်၏။
သူတော်ကောင်းတရားကို နားမလည်သော သူမိုက်အတွက် သံသရာသည်ရှည်၏။
ခရီးပန်းလာသူအတွက် တစ်ယူဇနာခရီးသည် ရှည်၏။
သူတော်ကောင်းတရားကို နားမလည်သော သူမိုက်အတွက် သံသရာသည်ရှည်၏။
ဒကာကြီး ပိုရှင်းလင်းစေရန်-
“Long is the night to one who is wakeful;
Long is (the journey of) one yojana to the traveler who is tired;
Long is Samsara to the fool who is the ignorant of the true of Dhamma.”
Long is (the journey of) one yojana to the traveler who is tired;
Long is Samsara to the fool who is the ignorant of the true of Dhamma.”
ပထမဂါထာတော်အပြီးတွင် အယ်ဒီဆင်သည် စိတ်ကျေနပ်မှုရရှိယုံသာမက အသိ ဉာဏ်များပင် လင်းလက်လာလေတော့သည်။ ထိုအခွင့်အရေးကို လက်လွတ်မခံသော ဘုရားရှင်သည် အယ်ဒီဆင်ကို တိုက်ရိုက်ရည်ညွှန်းပြီး ဂါထာအသစ်တစ်ပုဒ် ထပ်ဟောလေသည်။
“မီးပျက်၊ မီးမရှိသူများအတွက် ညတာသည်ရှည်၏။
သယံဇာတကို ရောင်းစားသူများအတွက် လျှပ်စစ်မီးရရှိရေး ခရီးသည်ရှည်၏။
မိမိတိုင်းပြည်၏လိုအပ်ချက်ကို မသိနားမလည်သော သူမိုက်တို့အတွက် နောင်တတရားသည်ရှည်၏။
“Long is the night to those who have no light;
Long is the journey of having light to those who sell their oil and gas;
Long is the regret to the fools who are ignorant of their country’s need!”
သယံဇာတကို ရောင်းစားသူများအတွက် လျှပ်စစ်မီးရရှိရေး ခရီးသည်ရှည်၏။
မိမိတိုင်းပြည်၏လိုအပ်ချက်ကို မသိနားမလည်သော သူမိုက်တို့အတွက် နောင်တတရားသည်ရှည်၏။
“Long is the night to those who have no light;
Long is the journey of having light to those who sell their oil and gas;
Long is the regret to the fools who are ignorant of their country’s need!”
ဒုတိယဂါထာ နယူးဗားရှင်း၏အဆုံး၌ အယ်ဒီဆင်သည် ကမ္ဘာ့အလင်းသာမက အဇ္ဈတ္တအလင်းပါ ရရှိသွားလေတော့သည်။
လေးသိန်းရှစ်သောင်းကုန်သော အမေရိကန်တို့လည်း ဗုဒ္ဓဘာသာအဖြစ် ခံယူကြလေကုန်၏။
လေးသိန်းရှစ်သောင်းကုန်သော အမေရိကန်တို့လည်း ဗုဒ္ဓဘာသာအဖြစ် ခံယူကြလေကုန်၏။
အမှာ- ပထမဂါထာ အင်္ဂလိပ်ဘာသာပြန်သည် ဒေါ်မြတင်၏ အင်္ဂလိပ်ဘာသာပြန်မှ ယူထားခြင်းဖြစ်သည်။
Copyright © 2012 ကမ်းလက်. All rights reserved.
☁ နေမင်းပြုံးမယ့် နေ့ ☼
in
ပိတုန်းတစ်ကောင်ထုဆစ်တဲ့...,
အလင်္ကာသံစဉ်များ
- on 7/16/2012
- No comments
သင့် မှာ ချစ်တတ်တဲ့ နှလုံးသားရှိရင်
နှလုံးသား တစ်ခုစီ
သူသေ ကိုယ်သေ လောင်းကြေးထပ်ဖို့
ပိတုန်း တစ်ကောင်က
"လက်ရှောင်၊ ပေါက်ကောင် ဖော်မယ်" တဲ့။
အဲဒါ
ကိုနေဝင်း၊ကိုခင်ဝမ်း တို့ရဲ့" နေမင်းပြုံးမယ့်နေ့" များ ဖြစ်ခဲ့ရင်
တိုက်ဆိုင်မှု များစွာထဲက
အသေးမွှားဆုံး တိုက်ဆိုင်မှု တစ်ခုထက်
အဓိပ္ပါယ် တစ်စုံတစ်ရာ မရှိပါ။

ကမ်းလက်
Copyright © 2012 ကမ်းလက်. All rights reserved.
☺ ကိုယ့် အထာနဲ့ကိုယ်ကတော့ ကိုယ်လည်း ဘလော့ဂါပဲ ☺
in
ကဗျာ,
ဇင်ဝေသော်
- on 7/15/2012
- No comments
မသိဘဲ ရမ်း မပြောနဲ့
အတင် အသ မတတ်လို့ကတော့
ကဗျာနတ်ကလည်း ကြီးမှကြီး ရယ်။
ကျောင်းပိတ်တဲ့ ရက်မှ
ကလေးတွေရဲ့ ဉာဏ်ရည်က
သိသိ သာသာ တက်လာကြ သတဲ့
ကျောင်းဆရာလုပ်ရတာ လွယ်မှတ်လို့။
အသား မရှောင်ဘူး ပြောလို့
"သစ်သား"တော့ ချက်မကျွေး နဲ့ ဗျာ
ဝါးရတာ တကယ် မချောင်ဘူး။
သစ်ပင် စိုက်တယ်
ပန်းပင် စိုက်တယ်
ထိပ်ပြောင်နေတဲ့ ခေါင်းတွေ မြင်တိုင်း
"ဆံပင်" တူး တူး ပြီး စိုက်ချင်စိတ်တွေ ပေါက်လာလို့
မနည်း ထိန်း ထိန်း ထားရတာ။
ယုံချင်မှသာ ယုံ
အသက် သုံးဆယ် ကျော်ကတည်းက
အဖြူရောင် တော်လှန်ရေး စစ်စစ် ပဲ
ဆံပင်ဖြူ တွေ့လို့ကတော့
ချက်ချင်း နှုတ်နှုတ်ပစ်တာ။
ကိုယ် သစ် တိုင်း မသစ်တဲ့ အထဲမှာ
ကိုယ့် မျက်နှာက စပြီး သစ္စာဖောက်တယ်
ဘယ်လောက်သစ်သစ် ဒီ မျက်နှာအဟောင်းနဲ့။
ငြိသလောက် လေး ရေးတယ်
သိသလောက် လေး ရေးတယ်
ရှင်းအောင် ရေးတယ်
မရှင်းအောင်လည်း ရေးတယ်
ပြောချင်ရာသာ ပြောကြ
(တင်ပေး ရိုက်ပေးသူ ရှိရင်)
ကိုယ့် အထာနဲ့ကိုယ်ကတော့ ကိုယ်လည်း ဘလော့ဂါပဲ။ ။