ကမ္ဘာကျော် အင်တာဗျူး ၂

♡ ဘလိုင်း ချစ် ♡
ဘလိုင်း ချစ်။     ။ဗုဒ္ဓ ရေ။ ကျုပ်ကတော့ "Love is blind" ကို သဘောကျသဗျ၊ ဗုဒ္ဓက ဘယ်လိုထင်တုန်း။
ဗုဒ္ဓ ။     ။မှန်တာပေါ့ဗျာ။ ဒါပေမယ့် Love တစ်ခုတည်း ခွဲပြောရင်တော့ တစ်မျိုးလေး ပဲ ဗျ။ ဗုဒ္ဓ ကတော့ Hatred ရော Ignorance ပါ ဘလိုင်း လို့ ထင်တယ် ဗျ။ ဒါကြောင့် "လောဘော အတ္ထံ န ဇာနာတိ၊ ဒေါသော အတ္ထံ န ဇာနာတိ၊ မောဟော အတ္ထံ န ဇာနာတိ" လို့ ဆိုခဲ့သဗျာ။ ခင်ဗျား စကားငှားပြောရရင် "Love is blind, Hatred is blind, Ignorance is blind" ပေါ့လေ။
♡ ရိုမက်တစ် ချစ် ♡
ရိုမက်တစ် ချစ်။     ။ကျုပ်ကတော့ "Love at first sight" ကိုပဲ ယုံကြည်တယ် ဗျာ။
ဗုဒ္ဓ ။     ။မှန်တာပေါ့ဗျာ ။ ကျုပ် ပြောခဲ့သားပဲ "ပုဗ္ဗေဝ သန္နိဝါသေန" ဆိုတာလေ။ ရှေး ရေစက်ကြောင့် မြင် မြင်ချင်း ချစ်တတ် မုန်းတတ်ကြပါတယ်။ မမြင်ရပေမယ့် ဒါတွေ ရှိတယ်။
♡ ကက်ကူလေးတစ် (Calculative) ချစ် ♡
ဘလိုင်း ချစ်။     ။ကျုပ်ကတော့ "Love is nothing but responsibility." ပဲဗျို့။ စီးပွားရေး ဆန်တယ်ပဲ ဆိုဆို။
ဗုဒ္ဓ ။     ။မဆန်ပါဘူး ဗျာ။ ဗုဒ္ဓ ကတော့ "ပစ္စုန္န ဟိတေနဝါ" လို့ ဆိုခဲ့သဗျာ။ ပစ္စုန် မှာလည်း တစ်ယောက် အကျိုး တစ်ယောက် သယ်ပိုးမှ ရှေး ရေစက် အချစ်က မြဲတာပါ။ ဒါကလည်း ဝတ္တရား ကျေမှုပဲ မဟုတ် လား။
ဘာသာရေးခေါင်းဆောင် ၁။     ။ကျုပ်ရဲ့ အဓိက အဆုံးအမ ကလည်း လူ အချင်းချင်း မေတ္တာ ထားကြဖို့ပါ။
ဗုဒ္ဓ ။     ။ကောင်းတယ်ဗျာ၊ ဒါပေသည့် အဟိတ် တိရိစ္ဆာန်တွေလည်း ကျုပ်တို့ မေတ္တာကို ခံယူထိုက်ပါတယ်။ ကျုပ်တို့ အချင်းချင်း မေတ္တာထားပြီး ငါးမျှား အတူတူ ပျော်ပျော်ကြီး ထွက်ကြမယ်ဆိုရင်တော့ တစ်မျိုးလေး ထင်တယ် ဗျို့။
ဘာသာရေးခေါင်းဆောင် ၂။     ။ကျုပ်ကတော့ ထောက်ပံ့နိုင်မယ်ဆိုရင် မိန်းမ သုံး လေး ယောက် ယူခွင့် ပြုထား တယ်ဗျ။
ဗုဒ္ဓ ။     ။ကောင်းတယ်ဗျာ၊ ကျုပ်လည်း "ပုတ္တဒါရဿ သင်္ဂဟော" ပြောခဲ့ပါတယ်။ ထောက်ပံ့ ဆိုရာမှ
Emotional support
Financial support လို့ ရှိရဲ့ မဟုတ်လား ။
ချမ်းသာတဲ့ လူမို့ ဇနီး သုံး လေးယောက်ကို Financial support အပြည့် အဝ ပေးနိုင်မယ် ဆိုရင်တောင် Emotional support ကိုအပြည့် အဝ ပေးနိုင်ဖိုတော့ စဉ်းစားစရာ ပဲ ထင်တယ် နော် ။
ဒါက ဗုဒ္ဓရဲ့ အယူအဆ သက်သက်ပါ။ စိတ်မရှိပါနဲ့ ဗျာ။


သီဟနာဒ







Copyright © 2012 ကမ်းလက်. All rights reserved.

Post a Comment