ပိတောက် ပွင့်သစ် မဂ္ဂဇင်း နှစ် ၂၀ ပြည့်ထဲက ပြုံးစရာ ကဗျာ နှစ်ပုဒ်ကို ဖတ်လိုက်မိလို့ ရှဲ လိုက်တာပါ။
ဝိုင်ချိုရဲ့ စိန်ပန်း တမာ နှင့် ကဗျာ ကျောပိုးအိတ် ဆောင်းပါး ထဲကပါ။
ပထမ ကဗျာက
"ဘွန္တော"
သတင်းစာစက္ကူပေါ်
သံပုရာရည် ညှစ်လိုက်တော့
မေမေ ပေးလိုက်တဲ့ မီးခြစ်လေးက ပြုံးပြတယ်။ ။
သံပုရာရည် ညှစ်လိုက်တော့
မေမေ ပေးလိုက်တဲ့ မီးခြစ်လေးက ပြုံးပြတယ်။ ။
မီးခြစ်က တကယ် ပြုံး မပြုံး မသိပေမယ့် စာဖတ်သူကတော့ တကယ် ပြုံးလိုက်ရပါတယ်။
အပြုံးကိုတော့ အမည်ပေးဖို့ ခပ် ခက်ခက်ပဲ။ ဒါကို မပြုံး လိုက်ရရင် ဆက်ဖတ်ကြည့်ပါ။
"တမာ နဲ့ စိန်ပန်း"
တမာ စိန်ပန်း ရောယှက်သန်း၍
စိန်ပန်း တမာ ရောယှက် ဖြာသော်
ဪ တမာ စိန်ပန်း ပါတကား။ ။
စိန်ပန်း တမာ ရောယှက် ဖြာသော်
ဪ တမာ စိန်ပန်း ပါတကား။ ။
မောင်စိန်ပန်း ( တမာမြေ )
Post a Comment