- ကားလမ်း ဥပဒေ ဆိုတာ မရှိ။
- အထူး ဥပဒေ ရှိ။ ယင်း ဥပဒေသည် နွားအုပ်များ အတွက်သာ ဖြစ်သည်။
- လမ်း အားလုံး လက်ဝဲ ကပ် မောင်း ဖြစ်သည်။
- လက်ယာ ကပ်မောင်းသော လမ်းများမှလွဲ၍ဟု ဆိုလိုသည်။
- အချို့ လမ်း အလည်ခေါင် တည့်တည့်မှလည်း မောင်းနိုင်သည်။
- ထိုင်ခုံ ခါးပတ် ပတ်မည့်အစား ပို၍ အန္တရာယ် ကင်းစေနိုင်သော ပန်းကုံး၊ လက်ဖွဲ့ ၊ နတ်ရုပ် စသည် ကားခေါင်းခန်းတွင် ထားရှိနိုင်သည်။
- ထရပ်ကားကြီး မောင်းသူဖြစ်လျှင် "လာ မနမ်းနဲ့ " " ဟွန်းတီးပါ " စသော စာတမ်း တစ်ခုခု မြင်သာအောင် နောက်မှာ ရေးထားရမည်။
- ကားကြီးသူက ဗိုလ်ကျ စတမ်း ဖြစ်သည်။
- ရှေ့ကားကို ကျော်တက်မည်ဆိုလျှင် ဘယ်ဖက်မှ (သို့) ညာဖက်မှ (သို့) အောက်မှ (သို့) အပေါ်မှသာ ကျော်တက်ခွင့် ရှိသည်။
- ကားမောင်းနေစဉ် အခြားကိစ္စ များပါ လုပ်ဆောင်ရန် လိုအပ်သည်။ ဥပမာ ဒရိုင်ဘာ အသစ်များ အတွက် ကွမ်စားခြင်း၊ မိုဘိုင်းဖုန်း ပြောခြင်း၊စသည်တို့ဖြစ်ပြီး ဝါရင့် ဒရိုင်ဘာများ အတွက် အစား တစ်ခုခုစားခြင်း၊ ဒေသထွက် အရက်သေစာ တစ်မျိုးမျိး သောက်သုံးခြင်း၊ ကာရာအိုကေ လိုက်ဆိုခြင်း၊ဗွီဒီယို ကြည့်ခြင်း စသည်တို့ ဖြစ်သည်။
- မိမိ ချိုးမည့်ဖက်ကို မီးဆစ်ဂနယ်ပြခြင်းသည် မယဉ်ကျေး၊ နောက်ကားကို အံ့ဩစရာ တစ်ခုခု ဖြစ်စေရန် အချက်မပြဘဲ ချိုးသင့်သည်။
- ညပိုင်း ကားမောင်းမည်ဆိုလျှင်
(က)ကား ရှေ့မီးကို တစ်ဖက်က လာနေသော ကားသမား၏ မျက်နှာတည့်တည့် ထိုးထားရမည်၊
(ခ) ကား ရှေ့မီး လုံးဝ မဖွင့်ဘဲလည်း မောင်းနှင်နိုင်သည်။ ( စည်းကမ်း ၁၁ ကို လေးစားသော အားဖြင့်) - ရှေ့ကားကို ကျော်မတက်မီ နောက်ကား လာ မလာ စစ်ဆေးခြင်းသည် ယောက်ျားမဆန်သော အပြုအမူ ဖြစ်သည်။
- နှစ်လမ်းပြိုင် ကားလမ်းမပေါ် ကာအစီးရေ များနိုင်သမျှ များအောင် မောင်းပြခြင်းဖြင့် ဂုဏ်ယူပါ။
- ကားလမ်း ပိတ်ဆို့ခဲ့သော် မြေမာလမ်းပေါ်မှ မောင်းနှင်ပါ။
- ထို မြေမာလမ်းပါ ပိတ်ဆို့နေသော် ပလက်ဖောင်းပေါ်မှ မောင်းနှင်ပါ။
- အမှန်တကယ် မလိုအပ်ဘဲ လမ်းလျှောက်နေသူ၊ စကိတ်စီးနေသူတို့ကို ကားဖြင့် မကြိတ်မိအောင် ဆင်ခြင်ပါ။
- အရေး အကြီးဆုံး ဥပဒေသည် "လမ်းစည်းကမ်း" "မရှိခြင်း" ဖြစ်သည်ကို အမြဲ အမှတ်ရနေပါ။
- နွားကိုသာ ဝင် မတိုက်မိပါစေ နှင့်။
- အလွန်အမင်း အခက်တွေ့သော် "အကိုရေ၊ တစ်စီးစာ နော်" ဟု ကားပြူတင်းမှ လက်ထုတ်ပြပြီး ဆဲနေသည့်ကြားမှ ရအောင် ဝင် တိုးပြီး မောင်းနှင်ပါ။ံ့
Have a pleasant drive! :)
Post a Comment